နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 20 ရက်

မြန်မာသတင်း

မြန်မာသတင်း

ပေါင်းတည်မြို့မှာ စစ်ကောင်စီနဲ့ပေါင်းပြီး ပေါ်တာဆွဲတဲ့ အုပ်ချုပ်ရေးမှူး ပစ်ခတ်ရှင်းလင်းခံရ

စက်တင်ဘာလ (၂၈)ရက်။

စက်တင်ဘာလ (၂၆)ရက် ညနေ (၆)နာရီခွဲအချိန်က ပေါင်းတည်မြို့နယ်ရှိ ရွာသစ်ကြီးအုပ်စု အုပ်ချုပ်ရေးမှူး တင်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PPDF) ၃၆၀၁ တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ရွာသစ်ကြီးအုပ်စုရှိ မြွေကြီးတွင်းရွာနေ အုပ်စုအုပ်ချုပ်ရေးမှူး တင်ဦးကို ပြည်ခရိုင် PDF (၃၆၀၁) တပ်ခွဲ (၅)နဲ့ ပြည်ခရိုင် PDF (၃၆၀၂) တပ်ခွဲ (၄)တို့က သူ့ရဲ့နေအိမ်ကို သွားရောက်ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။

တင်ဦးဟာ အကြမ်းဖက်စစ်ကောင်စီအလိုကျ စစ်မှုထမ်းစုဆောင်းတာမှာ အားတက်သရော လုပ်ဆောင်ပေးတာ၊ စစ်ကောင်စီတပ်ဖွဲ့၀င်တွေနဲ့ပေါင်းပြီး ဆိုင်ကယ်ဖမ်း ပေါ်တာဆွဲတာမှာ လိုက်ပါဆောင်ရွက်တာတို့ကို လုပ်ဆောင်နေတာလို့ ဖော်ပြထားပါတယ်။

နောက်ပြီး ကျေးရွာအုပ်စုထဲ မီတာခနဲ့ တောင်သူချေးငွေတွေကို အုပ်စုထွေအုပ်စာရေးမနဲ့ပေါင်းပြီး အတင်းအဓမ္မ ကောက်ခံပေးတာနဲ့ မြေနိမ့်ရာ လှံစိုက်ဆိုသလို ဆင်းရဲနွမ်းပါးသူတွေကို စစ်မှုထမ်းရာမှာ မဲပေါက်တယ်ဆိုပြီး စစ်မှုထမ်းခိုင်းတာတို့ကြောင့် အခုလို အပြစ်ပေးအရေးယူတာလို့ ရေးသားထားပါတယ်။

ပစ်ခတ်ရှင်းလင်းခံရတဲ့ အုပ်စုအုပ်ချုပ်ရေးမှူး တင်ဦးဟာ နေရာမှာပဲ ပွဲချင်းပြီး သေဆုံးသွားခဲ့ကာ ပထမအုပ်ချုပ်ရေးမှူးဖြစ်တဲ့ ဉာဏ်ဝင်းကို ရှင်းလင်းပြီးနောက် စစ်ကောင်စီအလိုကျ လုပ်ဆောင်ပေးနေတဲ့ တင်ဦးကို ထပ်မံရှင်းလင်းတာလို့ ပြောဆိုထားပါတယ်။

စစ်ကောင်စီနဲ့ပေါင်းပြီး စစ်ကောင်စီအလိုကျ လုပ်ဆောင်ပေးနေတဲ့ ကျန်တဲ့ မြို့ပေါ် (၁၂)ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေနဲ့ စစ်ကောင်စီအလိုကျ လုပ်ကိုင်ပေးနေတဲ့ ၀န်ထမ်းတွေကို ပြတ်ပြတ်သားသား အရေးယူသွားမယ်လို့ သတိပေးထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

PDF (၅၀၀)ကျော် အလင်းဝင်လာတယ်ဆိုပြီး စစ်တပ်လော်ဘီတွေ ဝါဒဖြန့်

  • 2026 ခုနှစ်၊ မတ်လ 19 ရက်
  • 13 Views
မတ်လ (၁၉)ရက်။ PDF အဖွဲဝင် (၅၀၆)ဦး အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ထံ အလင်းဝင်လာကြတယ်ဆိုပြီး စစ်တပ်လော်ဘီချန်နယ်တွေက ဒီကနေ့မှာ ဝါဒဖြန့်ထုတ်ပြန်ထားကြတယ်လို သိရပါတယ်။ အလင်းဝင်လာတဲ့
မြန်မာသတင်း

သမ္မတနဲ့ ဒုသမ္မတတွေ ရွေးမယ့် စစ်တပ်ရဲ့ ပြည်ထောင်စုလွှတ်တော် မတ်လ (၂၀)ရက်မှာ ကျင်းပမယ်

  • 2026 ခုနှစ်၊ မတ်လ 19 ရက်
  • 13 Views
မတ်လ (၁၉)ရက်။ စစ်တပ်ရဲ့ တိတယအကြိမ် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကို မတ်လ (၂၀)ရက်နေ့ နံနက် (၁၀)နာရီမှာ ကျင်းပသွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။
မြန်မာသတင်း

နေပြည်တော်မှာ ထိုင်းစစ်ဦးစီးချုပ်နဲ့ မင်းအောင်လှိုင် တွေ့ဆုံ

  • 2026 ခုနှစ်၊ မတ်လ 19 ရက်
  • 18 Views
မတ်လ (၁၉)ရက်။ မနေ့က နေပြည်တော်မှာ ထိုင်းစစ်ဦးစီးချုပ် General UKris Boontanondha နဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိင်တို တွေ့ဆုံခဲ့တယ်လို သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ တွေ့ဆုံပွဲမှာ မင်းအောင်လှိင်က တရားမျှတပြီး သိက္ခာရှိတဲ့ ရွေးကောက်ပွဲကို အောင်မြင်စွာ
မြန်မာသတင်း

တပ်ပိုင်ပစ္စည်းတွေကို အလွဲသုံးစားလုပ်တဲ့ ရဲဘော်တွေကို ထိရောက်စွာ အရေးယူမယ်လို GZA ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 19 ရက်
  • 19 Views
မတ်လ (၁၈)ရက်။ တပ်ပိုင်ပစ္စည်းတွေကို အလွဲသုံးစားပြုလုပ်တဲ့ ရဲဘော်တွေကို ထိရောက်စွာ အရေးယူသွားမယ်လို Generation Z Army ရဲ့ ဒီကနေ့မှာ အသိပေးကြေညာထားတယ်လို သိရပါတယ်။ GZA ရဲ့ ရဲဘော် (၈)ဦးဟာ တပ်ပိုင် လက်နက်ခဲယမ်း၊
မြန်မာသတင်း

ကျွန်းလှမြို့မှာ ရွှေဖောင်တွေ လေကြောင်းတိုက်ခိုက်ခံရပြီး ပြည်သူ (၇)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 19 ရက်
  • 15 Views
မတ်လ (၁၉)ရက်။ မတ်လ (၁၅)ရက်နေ့ နေ့လယ် (၃)နာရီကျော်အချိန်က ကျွန်းလှမြို့ သဖန်းဆိပ်ဆည်ရေပြင်ထဲရှိ ရွှေဖော်တွေကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ထံက သိရပါတယ်။ “ ဟုမ္မလင်းလေတပ်ကနေ ဂျက်ဖိုက်တာ (၂)စီးနဲ့ သဖန်းဆိပ်ဆည်ရေပြင်ထဲက ရွှေဖောင်တွေကို (၃)ကြိမ်တိုက်ခိုက်ခဲ့တာ။
မြန်မာသတင်း

စစ်ကော်မရှင်ရဲ့ စစ်မှုထမ်းသင်တန်းဆင်းအင်အား (၁)သိန်းနီးပါးအထိရှိလာ

  • 2026 ခုနှစ်၊ မတ်လ 18 ရက်
  • 30 Views
မတ်လ (၁၈)ရက်။ စစ်ကော်မရှင်ရဲ့ ပြည်သူ့စစ်မှုထမ်း သင်တန်းဆင်းအင်အား (၉၄၉၆၀)ဦးအထိ ရှိလာပြီလို မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ(MDSI)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အခုအခါ စစ်ကော်မရှင်တပ် စုဆောင်းလေ့ကျင့်နေတဲ့ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၀)အထိကို သင်တန်းဆင်းတပ်သား (၁)သိန်းနီးပါးရှိလာတာလို
မြန်မာသတင်း

MNDAA နဲ့ TNLA တော်လှန်ရေးအကျိုး မထိခိုက်စေဘဲ ညှိနှိင်းဖြေရှင်းဖို NUG ယာယီသမ္မတ တိုက်တွန်း

  • 2026 ခုနှစ်၊ မတ်လ 18 ရက်
  • 24 Views
မတ်လ (၁၈)ရက်။ MNDAA နဲ့ TNLA တိုရဲ့ တွေ့ဆုံဆွေးနွေးတာနဲ့ပတ်သက်ပြီး NUG ယာယီသမ္မတ ဒူဝါလရှီးလက မနေ့က မေတ္တာရပ်ခံ တိုက်တွန်းချက်တစောင် ထုတ်ပြန်ခဲ့တယ်လို သိရပါတယ်။ အဲ့ဒီစာထဲ MNDAA နဲ့ TNLA ခေါင်းဆောင်တွေအနေနဲ့
မြန်မာသတင်း

ပြည်ထောင်စုလွှတ်တော်မှာ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်/ကျဉ်းတွေ လွတ်မြောက်ဖို့ဆိုတဲ့အချက် ထည့်သွင်းတောင်းဆိုဖို့ NLD တိုက်တွန်း

  • 2026 ခုနှစ်၊ မတ်လ 18 ရက်
  • 28 Views
မတ်လ (၁၈)ရက်။ CRPH ကျင်းပနေတဲ့ နဝမအကြိမ် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကို NLD ပါတီရဲ့ ဗဟိုအလုပ်ကော်မတီက သဝဏ်လွှာပေးပိုခဲ့တယ်လို မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီသဝဏ်လွှာထဲ ‌နွေဦးတော်လှန်ရေး (၅)နှစ်ကျော်ကာလရောက်ပေမယ့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွေကို (၉)ကြိမ်အထိ အဆက်မပြတ် ကျင်းပနိုင်တဲ့အပေါ်