နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ အောက်တိုဘာလ 27 ရက်

မြန်မာ့နိုင်ငံရေး

မြန်မာ့နိုင်ငံရေး

လုပ်ကြံသတ်ဖြတ်ခံရပြီး ကျဆုံးသွားတဲ့ ဦးကိုနီနဲ့ ကိုနေဝင်းတို့ကို အောက်မေ့သတိရကြောင်း NUG ထုတ်ပြန်

ဇန်နဝါရီလ (၂၉)ရက်။

ဦးကိုနီနဲ့ ကိုနေဝင်းတို့ လုပ်ကြံသတ်ဖြတ်ခံရပြီး ကျဆုံးခဲ့ရတဲ့ (၇)နှစ်ပြည့်မြောက်နေ့မှာ အောက်မေ့သတိရကြောင်း NUG က ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။

ဒီကနေ့ ဇန်နဝါရီလ (၂၉)ရက်နေ့ဟာ ရန်ကုန်လေဆိပ်မှာ ဥပဒေပညာရှင်တစ်ဦးဖြစ်သူ ဦးကိုနီနဲ့ အငှားယာဉ်မောင်း ကိုနေဝင်းတို့ လုပ်ကြံသတ်ဖြတ်ခံရပြီး ကျဆုံးခဲ့ရတဲ့ (၇)နှစ်ပြည့်မြောက်တဲ့နေ့ဖြစ်ပါတယ်။

ဒီလိုလုပ်ကြံသတ်ဖြတ်ခဲ့သူတွေထဲက ကြံရာပါတစ်ဦး အခုအချိန်အထိ လွတ်မြောက်နေတာဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဖြစ်စဉ်မှာ လွန်စွာ ရုပ်ဆိုးအကျည်းတန်တဲ့ဖြစ်ရပ်လို့ ဆိုပါတယ်။

အဲ့ဒီဖြစ်စဉ်ဟာ စစ်အာဏာရှင်စနစ်အောက် ပြည်သူလူထုရဲ့ မလုံခြုံတာ၊ မငြိမ်းချမ်းတာနဲ့ တရားဥပဒေစိုးမိုးမှုမရှိတာတို့ကို ဖော်ညွှန်းနေတဲ့ ဖြစ်ရပ်တစ်ခုဖြစ်တယ်လို့လဲ ဖော်ပြထားပါတယ်။

အဲ့ဒီလိုဖြစ်ရပ်မျိုး ထပ်မဖြစ်စေဖို့ အကြမ်းဖက်စစ်တပ်နဲ့အတူ လက်နက်အားကိုး အနိုင်ကျင့်လိုတဲ့အကျင့်ဆိုးကို ဒီနွေဦးတော်လှန်ရေးမှာ အမြစ်ဖြတ်ပစ်နိုင်ဖို့ သတိချပ်အားထုတ်သင့်တယ်လို့ NUG က တိုက်တွန်းထားကြောင်း သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာ့နိုင်ငံရေး

လူထုတော်လှန်ရေးကြီး အောင်မြင်ပြီးမြောက်ဖို့ ဆက်လက်ကြိုးပမ်းသွားမယ်လို့ KNPP ပြော

  • 2024 ခုနှစ်၊ အောက်တိုဘာလ 26 ရက်
  • 2 Views
အောက်တိုဘာလ (၂၆)ရက်။ လူထုတော်လှန်ရေးကြီး အောင်မြင်ပြီးမြောက်စေဖို့ အတူတကွ ဆက်လက်ကြိုးပမ်းသွားမယ်လို့ KNPP ရဲ့ ဒီကနေ့မှာကျရောက်တဲ့ SNLD တည်ထောင်တာ (၃၆)နှစ်မြောက်အခမ်းအနားကို
မြန်မာ့နိုင်ငံရေး မြန်မာသတင်း

လားရှိုးမြို့ကို စစ်ကောင်စီက တရက်ထဲ ဗုံး (၅)လုံး ကြဲချတိုက်ခိုက်၊ အရပ်သားတစ်ဦးသေဆုံးပြီး စက်ရုံအချို့ ထိခိုက်ပျက်စီးခဲ့

  • 2024 ခုနှစ်၊ အောက်တိုဘာလ 26 ရက်
  • 3 Views
အောက်တိုဘာလ (၂၆)ရက်။ မနေ့က နေ့လယ်ပိုင်းအချိန် လားရှိုးမြို့ရှိ မယ်ဟန်ရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံး (၅)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ MNDAA
မြန်မာ့နိုင်ငံရေး

မြဝတီ-ဝေါလေကားလမ်းက စစ်ကောင်စီ ကာကင်းစခန်း (၃)ခုကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်နိုင်ခဲ့

  • 2024 ခုနှစ်၊ အောက်တိုဘာလ 20 ရက်
  • 13 Views
အောက်တိုဘာလ (၂၀)ရက်။ ဒီကနေ့ မြဝတီမြို့ ဘလယ်ဒိုကျေးရွာမှာရှိတဲ့ စစ်ကောင်စီရဲ့ ကာကင်းစခန်း (၃)ခုကို တော်လှန်ရေးပူးပေါင်းတပ်တွေက သိမ်းပိုက်ရှင်းလင်းခဲ့တယ်လို့ Cobra Column 2 Venom ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မြဝတီ-ဝေါ်လေ ကားလမ်း
မြန်မာ့နိုင်ငံရေး

စစ်မှုထမ်းအပတ်စဉ်(၆)အတွက် သင်တန်းသားတွေကို စစ်ကောင်စီခေါ်ယူနေ

  • 2024 ခုနှစ်၊ အောက်တိုဘာလ 19 ရက်
  • 14 Views
အောက်တိုဘာလ (၁၉)ရက်။ စစ်မှုထမ်းသင်တန်း အပတ်စဉ်(၆)အတွက် သင်တန်းသားတွေကို စစ်ကောင်စီက ခေါ်ယူနေတယ်လို့ ဒီကနေ့ထုတ် စစ်ကောင်စီအာဘော်သတင်းစာရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီဟာ စစ်မှုထမ်းအပတ်စဉ်(၆)အတွက် သင်တန်းသားခေါ်ယူနေကာ မနေ့က ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ နယ်မြေခံသင်တန်းကျောင်းကို သင်တန်းသားတွေ ရောက်ရှိလာခဲ့တယ်လို့
မြန်မာ့နိုင်ငံရေး

ငါးသိုင်းချောင်းနဲ့ ရခိုင် ထိစပ်ဒေသမှာ စစ်ကောင်စီက လုံခြုံရေးအင်အား တိုးချဲ့ချထား

  • 2024 ခုနှစ်၊ အောက်တိုဘာလ 19 ရက်
  • 21 Views
အောက်တိုဘာလ (၁၉)ရက်။ အာရက္ခတပ်တော်(AA)နဲ့ တိုက်ပွဲပြင်းထန်နေတဲ့အချိန် စစ်ကောင်စီက ဧရာဝတီတိုင်း ငါးသိုင်းချောင်းနဲ့ ရခိုင် ထိစပ်ဒေသမှာ လုံခြုံရေးအင်အား တိုးချဲ့ချထားတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “ ရခိုင်မှာ တိုက်ပွဲတွေကြောင့် စကစက ရခိုင်နဲ့ ငါးသိုင်းချောင်းကြားက
မြန်မာ့နိုင်ငံရေး

စစ်အုပ်စုပြုလုပ်မယ့် ရွေးကောက်ပွဲကို နိုင်ငံတကာအစိုးရ‌တွေအနေနဲ့ ကန့်ကွက်ဖို့ ကုလလူ့အခွင့်အရေးအထူးကိုယ်စားလှယ် တိုက်တွန်း

  • 2024 ခုနှစ်၊ အောက်တိုဘာလ 12 ရက်
  • 28 Views
အောက်တိုဘာလ (၁၂)ရက်။ စစ်အုပ်စုပြုလုပ်မယ့် ရွေးကောက်ပွဲကို နိုင်ငံတကာအစိုးရတွေအနေနဲ့ ကန့်ကွက်ဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် Mr. Tom Andrews က NUG ကိုယ်စားလှယ်တွေနဲ့ အောက်တိုဘာလ (၁၀)ရက်က ဩစတြေးလျနိုင်ငံမှာ တွေ့ဆုံချိန် တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။
မြန်မာ့နိုင်ငံရေး

ပြည်သူအပေါ် စာနာပြီး ငြိမ်းချမ်းရေးလမ်းကို လျှောက်လှမ်းဖို့ မေတ္တာရပ်ခံဖိတ်ခေါ်တာဆိုပြီး စစ်ကောင်စီပြော

  • 2024 ခုနှစ်၊ စက်တင်ဘာလ 29 ရက်
  • 44 Views
စက်တင်ဘာလ (၂၉)ရက်။ ပြည်သူအပေါ် စာနာထောက်ထားပြီး ငြိမ်းချမ်းရေးလမ်းကို လျှောက်လှမ်းဖို့ ‌မေတ္တာရပ်ခံဖိတ်ခေါ်တာလို့ နိုင်ငံရေးနည်းနဲ့ဖြေရှင်းဖို့ ကမ်းလှမ်းထားတဲ့အပေါ် စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ မနေ့က ပြောဆိုထားချက်အရ သိရပါတယ်။ “ ဒီနေ့ ဒေသတော်တော်များများမှာ ရေကြီးရေလျှံတဲ့ဒဏ်နဲ့ သဘာ၀ဘေးဒဏ် ခံခဲ့ရပါတယ်။
မြန်မာ့နိုင်ငံရေး အာရှ

မြန်မာ့တော်လှန်ရေးကို အိန္ဒိယက စိတ်ဝင်စားလာပြီလား။

  • 2024 ခုနှစ်၊ စက်တင်ဘာလ 25 ရက်
  • 48 Views
စက်တင်ဘာလ (၂၅) ရက်။ စက်တင်ဘာလ ၂၃ ရက်နေ့က ရိုက်တာသတင်းတွင် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် နိုဝင်ဘာလလယ်၌ ပြုလုပ်မည့် ဆွေးနွေးပွဲတစ်ရပ်ကို အာရက္ခတပ်တော် AA၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကချင်လွတ်မြောက်ရေးတပ်မတော် KIA ၊ ချင်းအမျိုးသားတပ်ဦး