နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ နိုဝင်ဘာလ 29 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရန်ကုန်မြို့က MyTel ရုံး အဝေးထိန်းမိုင်းနဲ့ ပစ်ခတ်တိုက်ခိုက်ခံရ

ဖေဖော်ဝါရီလ (၂၉)ရက်။

ဖေဖော်ဝါရီလ (၂၈)ရက်နေ့ ညနေ(၆)နာရီခန့်က ရန်ကုန်တိုင်း၊ ဒဂုံမြို့နယ်ရှိ MyTel ရုံးကို အဝေးထိန်းမိုင်းနဲ့ ထိထိရောက်ရောက်တိုက်ခိုက်နိုင်ခဲ့တယ်လို့ Yangon Army ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒဂုံမြို့နယ်ရှိ အကြမ်းဖက်မင်းအောင်လှိုင်ရဲ့သားပိုင်ဆိုင်တဲ့ အောင်မြင့်မိုရ်မင်းကုမ္ပဏီ(Mytel)ကို အနောက်ပိုင်းခရိုင်ပကဖအဖွဲ့နဲ့ Yangon Army တို့ပူးပေါင်းပြီး ပြင်းအားမြင့်အဝေးထိန်းမိုင်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီလိုအဝေးထိန်းမိုင်းနဲ့ တိုက်ခိုက်ခံရတာကြောင့် MyTel ရုံးက စစ်ကောင်စီရဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ထိခိုက်သွားတယ်လို့ ဖော်ပြထားပါတယ်။

“ မနေ့က ညနေ (၆)နာရီလောက်မှာ ဒဂုံမြို့နယ် ရွှေတိဂုံဘုရားလမ်းနဲ့ ပတျာလမ်းအနီးမှာ ပေါက်တဲ့အသံကြားရတယ်။ ထိခိုက်တာတော့ သေချာမသိဘူး” လို့ မြေပြင်သတင်းက ဆိုထားပါတယ်။

ပြည်သူကို ဖိနှိပ်အနိုင်ကျင့်နေတဲ့ မင်းအောင်လှိုင်နဲ့ ဆက်စပ်နေသူတွေအပါအဝင် စစ်မှုမထမ်းမနေရဥပဒေကို အားပေးနေတဲ့သူအားလုံးကို ထိထိရောက်ရောက် တိုက်ခိုက်သွားမယ်လို့ ထပ်မံအသိပေးထားပါတယ်။

နောက်ထပ်ပစ်မှတ်တွေကိုလဲ မဟာမိတ်တွေပူးပေါင်းပြီး ဆက်တိုက် တိုက်ခိုက်ချေမှုန်းသွားမှာဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ စစ်ကောင်စီနဲ့ပတ်သက်တဲ့ နေရာတွေနဲ့ ဝေးဝေးနေထိုင်ကြဖို့ မေတ္တာရပ်ခံထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

နပခလက်အောက်ရှိ တစ်မိုင်ကုန်းစခန်းက ဆုတ်ခွာလာတဲ့ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရ၊

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 28 ရက်
  • 3 Views
စစ်ကောင်စီဘက်က (၂)ဦးသေဆုံးပြီး (၁၄)ဦး ဖမ်းမိခဲ့တယ်လို့ SAF ထုတ်ပြန် နိုဝင်ဘာလ (၂၈)ရက်။ နိုဝင်ဘာလ (၂၃)ရက်နေ့က အမ်းမြို့အခြေစိုက် နပခဌာနချုပ်လက်အောက်ရှိ
မြန်မာသတင်း

ညောင်ဦးမြို့ ငါးသရောက်ရွာရှိ စစ်ကောင်စီရုံးတွေ မီးရှို့ဖျက်ဆီးခံရ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 28 ရက်
  • 4 Views
နိုဝင်ဘာလ (၂၈)ရက်။ နိုဝင်ဘာလ (၂၅)ရက်နေ့က ညောင်ဦးမြို့နယ်၊ ငါးသရောက်ရွာက စစ်ကောင်စီရဲ့ ဌာနဆိုင်ရာရုံးအချို့ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ တောင်သာပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

လွိုင်ကော်မှာ စစ်ကောင်စီတပ်ရင်းနဲ့ တိုက်ပွဲထဲ စစ်သုံ့ပန်းနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ KNDF ထုတ်ပြန်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 28 ရက်
  • 18 Views
နိုဝင်ဘာလ (၂၈)ရက်။ နိုဝင်ဘာလ (၂၆)ရက်နေ့က လွိုင်ကော်မြို့အစပ် တစ်နေရာမှာ စစ်ကောင်စီရဲ့ ခလရ(၈၀)တပ်ရင်းနဲ့ ကရင်နီတပ်ပေါင်းစုတို့အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ KNDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ခလရ(၈၀)တပ်ရင်းဟာ စစ်ကောင်စီရဲ့ တပ်မ(၆၆)လက်အောက်ခံဖြစ်ပြီး စစ်သုံ့ပန်း
မြန်မာသတင်း

မတ္တရာနဲ့ သပိတ်ကျင်းကို အပြည့်အဝ ထိန်းချုပ်ထားဆဲလို့ MDY-PDF ထုတ်ပြန်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 28 ရက်
  • 11 Views
နိုဝင်ဘာလ (၂၈)ရက်။ မန္တလေးတိုင်း မတ္တရာနဲ့ သပိတ်ကျင်းမြို့တို့ကို အပြည့်အဝ ထိန်းချုပ်ထားဆဲဖြစ်တယ်လို့ MDY-PDF ရဲ့ မနေ့က အသိပေးထုတ်ပြန်ထားချက်အရ သိရပါတယ်။ အကြမ်းဖက်စစ်ကောင်စီက လက်လွှတ်ဆုံးရှုံးခဲ့တဲ့ တပ်စခန်းတွေနဲ့ နယ်မြေတွေကို ပြန်လည်ရရှိဖို့ ကြိုးစားနေပေမယ့် အပြည့်အဝ ထိန်းချုပ်ထားဆဲဖြစ်တယ်လို့
မြန်မာသတင်း

ICC ရဲ့ ပြောကြားတာတွေကို အသိအမှတ်မပြုဘူးလို့ စစ်ကောင်စီပြော

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 28 ရက်
  • 7 Views
နိုဝင်ဘာလ (၂၈)ရက်။ နိုင်ငံတကာ ရာဇဝတ်တရားရုံး(ICC)ရဲ့ ပြောကြားချက်တွေကို အသိအမှတ်မပြုဘူးလို့ စစ်ကောင်စီဘက်က တုံ့ပြန်ပြောဆိုခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မြန်မာနိုင်ငံဟာ ICC ရဲ့ အဖွဲ့ဝင်နိုင်ငံမဟုတ်သလို ICC ရဲ့ ပြောကြားချက်တွေအပေါ် ဘယ်တုန်းကမှ
မြန်မာသတင်း

တရားမဝင် ဝင်လာတဲ့ နိုင်ငံခြားသားတွေကို ပြည်နှင်လွှဲပြောင်းဖို့ စစ်ကောင်စီက နိုင်ငံခြားသံရုံးတွေနဲ့ တွေ့ဆုံ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 28 ရက်
  • 10 Views
နိုဝင်ဘာလ (၂၈)ရက်။ တရားမဝင် ဝင်ရောက်လာတဲ့ နိုင်ငံခြားသားတွေကို အရေးယူပြီး ပြည်နှင်လွှဲပြောင်းဖို့ စစ်ကောင်စီက နိုင်ငံခြားသံရုံးက တာဝန်ရှိသူတွေနဲ့ မနေ့က နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ တွေ့ဆုံပွဲထဲ စစ်ကောင်စီပြည်ထဲရေးဒုဝန်ကြီး ဗိုလ်ချုပ်တိုးရီက မြန်မာနိုင်ငံထဲ တရားမဝင် ဝင်ရောက်လာပြီး
မြန်မာသတင်း

ဘတ်ဂျက်ငွေသုံးစွဲနိုင်ဖို့ အခွန်အခတွေရရှိဖို့လိုတယ်လို့ စစ်ခေါင်းဆောင်ပြော

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 28 ရက်
  • 7 Views
နိုဝင်ဘာလ (၂၈)ရက်။ ဘတ်ဂျက်သုံးစွဲရာမှာ ငွေရှိမှသာ သုံးစွဲနိုင်မှာဖြစ်တာကြောင့် အခွန်အခတွေ ပြည့်ပြည့်ဝဝရရှိဖို့လိုတယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့ကပြုလုပ်တဲ့ ဘဏ္ဍာရေးအစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေရှိမှသာ အခွန်အခတွေ ရရှိမှာဖြစ်တဲ့အတွက် တိုင်းနဲ့ပြည်နယ်အလိုက် စိုက်ပျိုးမွေးမြူရေးကို အခြေခံတဲ့ ကုန်ထုတ်လုပ်ငန်းတွေ
မြန်မာသတင်း

စစ်အုပ်စုခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်တဲ့ လျှောက်ထားလွှာကို အမြန်ဆုံးလက်ခံဖို့ NUG တောင်းဆို

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 27 ရက်
  • 58 Views
နိုဝင်ဘာလ (၂၇)ရက်။ စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်တဲ့ လျှောက်ထားလွှာကို အမြန်ဆုံးလက်ခံပြီး ဆောင်ရွက်ဖို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ “ ICC တရားသူကြီးတွေအနေနဲ့ အကြမ်းဖက်စစ်အုပ်စု ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ဖို့ လျှောက်ထားလွှာကို