နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်

၁၁၁၃ ရခိုင်စစ်ပွဲ

၁၁၁၃ ရခိုင်စစ်ပွဲ

ဂွမြို့ကို AA က သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့

ဒီဇင်ဘာလ (၂၉)ရက်။

မနေ့က ညနေပိုင်းအချိန်မှာ ဂွမြို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်တယ်လို့ ကနဦးစစ်ရေးသတင်းတွေအရ သိရပါတယ်။

ဂွမြို့မှာ စစ်ကောင်စီရဲ့ နောက်ဆုံးကျန်ရှိတဲ့ ခမရ(၅၆၂)တပ်စခန်းကို AA က သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ဂွမြို့ကို ထိန်းချုပ်နိုင်ခဲ့တာလို့ ဆိုပါတယ်။

ဂွမြို့ကို ဒီဇင်ဘာလ ဒုတိယပတ်ကစတင်ပြီး AA က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ခမရ(၅၆၂)စခန်းသိမ်းတိုက်ပွဲထဲ စစ်ကောင်စီဘက်က (၆၀)ကျော်ကို အရှင်ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

ဂွမြို့ကို သိမ်းပိုက်နိုင်ခဲ့တာနဲ့ပတ်သက်ပြီး AA ဘက်က တရားဝင်ထုတ်ပြန်တာမျိုး မရှိသေးဘဲ စစ်ကောင်စီဘက်က မနေ့က တနေကုန် လေကြောင်းကနေ တိုက်ခိုက်နေတာပါ။

ဂွမြို့ကို AA အနေနဲ့ သိမ်းပိုက်ရရှိပါက ရခိုင်ပြည်နယ်မှာ (၁၇)မြို့နယ်ရှိတဲ့အထဲ မြို့နယ်ပေါင်း (၁၄)မြို့နယ်ကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

ဒေသခံအများစု နေရပ်စွန့်ခွာနေတဲ့ ချောင်းသာမှာ ဟိုတယ်နဲ့ တည်းခိုခန်းတွေ ပြန်ဖွင့်ဖို့ စစ်ကောင်စီ ခြိမ်းခြောက်ဖိအားပေး

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 16 Views
ဇန်နဝါရီလ (၂၂)ရက်။ ချောင်းသာမြို့မှာ ဟိုတယ်နဲ့ တည်းခိုခန်းတွေကို ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်ဖို့ စစ်ကောင်စီလက်အောက်ခံအဖွဲ့တွေက အဓမ္မဖိအားပေးနေတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

ဧရာဝတီအပါအဝင် ရခိုင်နဲ့ ထိစပ်နေတဲ့ နယ်မြေတွေမှာ တိုက်ပွဲပြင်းထန်နေတယ်လို့ AA ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 21 ရက်
  • 16 Views
ဇန်နဝါရီလ (၂၁)ရက်။ ဧရာဝတီအပါအဝင် ရခိုင်နဲ့ ထိစပ်နေတဲ့ နယ်နိမိတ်တွေမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ AA ရဲ့ ဒီကနေ့မှာ
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

တိုက်ပွဲကြောင့် ရွှေသောင်ယံမြို့နယ်ခွဲက ပြည်သူတွေ တစ်မြို့လုံးနီးပါး တိမ်းရှောင်နေကြ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 21 ရက်
  • 18 Views
ဇန်နဝါရီလ (၂၀)ရက်။ တိုက်ပွဲတွေကြောင့် ပုသိမ်မြို့နယ်ရှိ ရွှေသောင်ယံမြို့နယ်ခွဲက ပြည်သူ‌တွေ တစ်မြို့လုံးနီးပါး စစ်ဘေးတိမ်းရှောင်နေကြပြီလို့ ဒေသခံတွေရဲ့ ဒီကနေ့မှာ ပြောဆိုထားချက်တွေအရ သိရပါတယ်။ “ အခုက တစ်မြို့လုံးနီးပါး ပြောင်းနေကြပြီ၊ ပစ္စည်းတွေသယ်ဖို့ကို ကားတွေငှားတာ မလိုက်ကြလို့ အခင်တွေ့နေတယ်။
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

ရွှေသောင်ယံရှိ ကျေးရွာတွေကို စစ်ကောင်စီက လက်နက်ကြီးတွေ ရမ်းသန်းပစ်ခတ်တာကြောင့် ဒေသခံတွေ တိမ်းရှောင်နေရ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်
  • 22 Views
ဇန်နဝါရီလ (၁၈)ရက်။ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့နယ်ခွဲရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်က ညအချိန်မတော် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေကြောင့် ဒေသခံပြည်သူတွေ တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ “ စကစတပ်က ရွှေသောင်ယံမြို့နယ်ခွဲတကြောက ကျေးရွာတွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ညအချိန်မတော်
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

စစ်တွေမြို့ရှိ ကုလားတန်ဆိပ်ကမ်းစီမံကိန်းကို အိန္ဒိယသံအမတ် သွားရောက်ခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 17 ရက်
  • 19 Views
ဇန်နဝါရီ (၁၇)ရက်။ မနေ့က စစ်တွေမြို့ရှိ ကုလားတန်ဆိပ်ကမ်းစီမံကိန်းကို မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ် Abhay Thakur သွားရောက်ခဲ့တယ်လို့ ရန်ကုန်အခြေစိုက် အိန္ဒိယသံရုံးရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အိန္ဒိယသံအမတ်ဟာ ကုလားတန်ဆိပ်ကမ်းစီမံကိန်းမှာ ‌ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေကို ပြန်လည်သုံးသပ်ဖို့အနေနဲ့
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

စစ်ကောင်စီဗုံးကြဲခဲ့တဲ့ ကျောက်နီမော်ရွာက ပြည်သူတွေကို AA ထောက်ပံ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 17 ရက်
  • 16 Views
ဇန်နဝါရီလ (၁၆)ရက်။ စစ်ကောင်စီလေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ရမ်းဗြဲမြို့ ကျောက်နီမော်ရွာက ပြည်သူတွေဟာ မီးလောင်ဆုံးရှုံးတာတွေကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ AA ရဲ့ ဒီကနေ့မှာ ပြောဆိုထားချက်အရ သိရပါတယ်။ လေကြောင်းဗုံးကြဲခံရပြီး နေအိမ်နဲ့ ပစ္စည်းဥစ္စာတွေ မီးလောင်ဆုံးရှုံးကာ အခက်အခဲဖြစ်နေတဲ့
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

AA နဲ့ PDF ပူးပေါင်းအဖွဲ့ ဧရာဝတီတိုင်း ရွှေသောင်ယံအထိရောက်လာလို့ စစ်ကောင်စီ အင်အားထပ်ဖြည့်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 12 ရက်
  • 49 Views
ဇန်နဝါရီလ (၁၂) ရက်။ ရက္ခိုင့်တပ်တော် (AA) နဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့က ဇန်နဝါရီ ၁၁ ရက်နေ့မှာ ရွှေသောင်ယံမြို့အထိ ထိုးစစ်ဆင်ရောက်ရှိလာပြီလို့သိရပြီး ထိတွေ့တိုက်ပွဲတွေမှာလည်း နှစ်ဖက်အကျအဆုံး ရှိတယ်လို့လည်း မြေပြင်သတင်းရင်းမြစ်တွေဆီက သိရပါတယ်။ AA နဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

ကျောက်တော်မြို့ပေါ်ရှိ လူနေရပ်ကွက်နဲ့ ဈေးထဲကို စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 11 ရက်
  • 42 Views
ဇန်နဝါရီလ (၁၁)ရက်။ ဒီကနေ့ နံနက် (၉)နာရီကျော်အချိန်က ရခိုင်ပြည်နယ် ကျောက်တော်မြို့ပေါ်ရှိ လူနေရပ်ကွက်နဲ့ ဈေးထဲကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ AA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ကျောက်တော်မြို့ပေါ်က လူနေထူထပ်တဲ့နေရာတွေဖြစ်တဲ့ ရပ်ကွက်နဲ့