နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 8 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲများကြားတွင် အစ္စရေး၏ ဂါဇာကမ်းမြောင်စစ်ပွဲ တိုက်ခိုက်မှုကြောင့်လူ ၃၄ ဦး သေဆုံးခဲ့သည်။

၂၀၂၄ခုနှစ်၊ ဧပြီလ၃၀ရက်
အစ္စရေး၏ လေကြောင်းနှင့် ဒရုန်းများဖြင့် တိုက်ခိုက်မှုကြောင့် နူဆီရတ် ဒုက္ခသည်စခန်းတွင် လူ ၃ ဦးနှင့် ဂါဇာစီးတီးရှိ လူ ၂ ဦး သေဆုံးခဲ့ပြီး တနင်္လာနေ့တွင် ဂါဇာတွင် သေဆုံးသူ ၃၄ ဦးထက်မနည်း ရှိခဲ့ကြောင်း ဝါဖာ(Wafa) သတင်းဌာနက ဖော်ပြသည်။
“ပါလက်စတိုင်းများအပေါ် တိုက်ခိုက်မှုများကို ရပ်တန့်ခြင်းသည် ရက်ရောသောလိုက်လျောမှုမဟုတ်” ဟု ဟားမတ်စ်အကြီးတန်းအရာရှိ အိုစမာဟမ်ဒမ် (Osama Hamdan)ဆိုသည်။ ဂါဇာတွင် ထာဝရအပစ်အခတ်ရပ်စဲရေးတောင်းဆိုမှုများအပေါ် ပါလက်စတိုင်းတို့အား တိုက်ခိုက်မှုကို ရက်ပေါင်း ၄၀ ဆိုင်းငံ့ထားရန် အစ္စရေး၏ကမ်းလှမ်းချက်ကို လက်ခံရန် အမေရိကန်နှင့် ဗြိတိန်တို့က ပါလက်စတိုင်းတို့ကို တိုက်တွန်းထားမှုကို သူကတုံ့ပြန်ခဲ့ခြင်းဖြစ်သည်။

အပစ်အခတ်ရပ်စဲရေးကို သဘောတူပါက ဝန်ကြီးချုပ် ဘင်ဂျမင်နေတင်ယာဟု ၏ အစိုးရမှ နုတ်ထွက်စေမည်ဟု သဘောထားတင်းမာသော အစ္စရေးဝန်ကြီးများက ပြောကြားနေစဉ် အမေရိကန် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) သည် အစ္စရေးအပေါ် တရားစီရင်ပိုင်ခွင့်မရှိဟု ပြောကြားခဲ့သည်။

ကိုလံဘီယာတက္ကသိုလ်မှ ပါလက်စတိုင်းလိုလားသည့် ဆန္ဒပြစခန်းများကို နယူးယောက်ရဲတပ်ဖွဲ့က ဖယ်ရှားခဲ့ပြီးနောက်ပိုင်း ဧပြီ ၁၈ ရက်တွင် ဆန္ဒပြသူ ၁၀၀ ကျော်ကို ဖမ်းဆီးခဲ့ပါသည်။ အမေရိကန်တစ်ဝှမ်းတွင် ဖမ်းဆီးခံရသည့် ကျောင်းသားဦးရေသည် ၉၀၀ ကျော်သွားပြီဟု အေပီသတင်းတွင် ဖော်ပြခဲ့သည်။

ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးက အောက်တိုဘာ ၇ ရက်ကစလို့ တိုက်ခိုက်မှုမှာ အနည်းဆုံး ပါလက်စတိုင်း ၃၄,၄၈၈ ဦး သေဆုံးပြီး ၇၇,၆၄၃ ဦး ဒဏ်ရာရခဲ့ပါတယ်။ ဟားမတ်စ်ရဲ့ အောက်တိုဘာ ၇ တိုက်ခိုက်မှုကြောင့် အစ္စရေးမှာ ပြန်လည်ပြင်ဆင်ထားတဲ့ သေဆုံးသူအရေအတွက်ဟာ ၁,၁၃၉ ဦးအထိ ရှိလာခဲ့ပြီး ဒါဇင်နဲ့ချီတဲ့သူတွေ ဂါဇာမှာ ဖမ်းဆီးထားခံနေရဆဲ ဖြစ်သည်။

ဂါဇာကမ်းမြှောင်အလယ်ပိုင်းရှိ နျူဆီရတ် (Nuseirat) တွင် အစ္စရေး၏ ဗုံးကြဲတိုက်ခိုက်မှုအပြီး အမျိုးသမီးနှင့် ကလေးများရဲ့ ခံစားချက်မြင်ကွင်း (ဓါတ်ပုံ)

(အယ်ဂျာဇီယာသတင်း)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရမ့်၏ အပစ်အခတ်ရပ်စဲရေး ကြေညာချက်အပြီး ရေနံဈေးနှုန်းများ ကျဆင်းကာ စတော့ရှယ်ယာများ ပြန်လည်ဦးမော့လာ

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 7 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ(၈)ရက် သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နှင့် နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိကြောင်း ကြေညာခဲ့ပြီးနောက် ကမ္ဘာ့ရေနံဈေးနှုန်းများ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်နှင့်အီရန်၂ပတ်အပစ်ရပ်သဘောတူညီမှုရရှိ

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 13 Views
အီရန်နှင့်အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သည် ထရမ့်အတွက် ယာယီအောင်ပွဲဖြစ်သော်လည်း ပေးဆပ်မှုများ ရှိနေသည် BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၈
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အဖွဲ့အစည်းပေါင်းစုံနှင့် ပါတီနှစ်ရပ်လုံးမှ စုပေါင်းအင်အားစုတစ်ခုက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် ၂၅ အရ ထရမ့်ကို ရာထူးမှဖယ်ရှားရန် ရုတ်တရက် တောင်းဆိုလာကြခြင်း။

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 15 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၈ရက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် ၂၅ (25th Amendment) နှင့်ပတ်သက်သည့် ပြောဆိုမှု များ ပြန်လည်ထွက်ပေါ်လာပြန်သည်။ မကြာသေးမီနှစ်များအတွင်း ဖွဲ့စည်းပုံ အခြေခံဥပဒေ တွင် ပြဋ္ဌာန်းထားသည့် သမ္မတကို ရာထူးမှဖယ်ရှားသည့်
ကမ္ဘောဒီးယား ထိုင်း နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

သြစတြေးလျ၊ တရုတ်နှင့် ဘရာဇီးလ် ရဲစခန်းအတုများ- သိမ်းဆည်းရမိသည့် ကျားဖြန့် (scam) အဆောက်အအုံအတွင်းသို့ BBC ရောက်ရှိခဲ့ခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 43 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် Royal Hill ကာစီနိုနောက်ဘက်ရှိ ခြောက်ထပ်တိုက်၏ မီးမထွန်းထားသောစင်္ကြန်လမ်းများ အတိုင်း လျှောက်သွားရာတွင် တံခါးတစ်ခုစီသည် မတူညီသော ကမ္ဘာတစ်ခုစီသို့ ဖွင့်လှစ် ပြသပေးထားသကဲ့သို့ ရှိနေသည်။
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြားဆိုင်ရာ ထရမ့်၏ နောက်ဆုံးသတိပေးချက် နီးကပ်လာသော်လည်း အီရန်ဘက်မှ လိုက်လျောမည့် အရိပ်အယောင် မရှိသလောက်ဖြစ်နေ

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 33 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် အီရန်အပေါ် အမေရိကန်-အစ္စရေး ပူးပေါင်းစစ်ဆင်နွှဲနေသည့် ငါးပတ်တာကာလအတွင်း သမ္မတ ဒေါ်နယ်ထရမ့်သည် နောက်ဆုံးသတ်မှတ်ရက်များ ချမှတ်ခြင်း၊ တောင်းဆိုမှုများ ပြုလုပ်ခြင်းနှင့် ခြိမ်းခြောက်မှုများ ထုတ်ပြန်ခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့အား အီရန်၏ တိုက်ခိုက်မှုအပြီး နောက်ထပ် ရုပ်အလောင်းနှစ်ခု ထပ်မံတွေ့ရှိ၊ စုစုပေါင်း သေဆုံးသူ လေးဦးအထိ ရှိလာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 30 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် မနေ့က အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့ရှိ လူနေအိမ်ရာ အဆောက်အအုံတစ်ခုကို အီရန်က တိုက်ခိုက်ခဲ့ရာတွင် သေဆုံးခဲ့သူ လေးဦး၏ ရုပ်အလောင်းများကို ယခုအခါ ရှာဖွေတွေ့ရှိပြီဖြစ်ကြောင်း အစ္စရေး
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရန့်က ဟော်မုဇ် ရေလက်ကြားနှင့် ပတ်သက်၍ တီဟီရန်ကို ခြိမ်းခြောက်နေစဉ် အီရန်၊ လက်ဘနွန်နှင့် အစ္စရေးတို့တွင် သေဆုံးမှုများရှိကြောင်း သတင်းထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 30 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၆ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က Truth Social တွင် ရိုင်းစိုင်းသော စကားလုံးများသုံး၍ “အဲဒီ ရေလက်ကြားကို အခုချက်ချင်း ပြန်ဖွင့်လိုက်စမ်း၊ မင်းတို့အရူးတွေ၊ မဟုတ်ရင် ငရဲကျသလို ခံစားရလိမ့်မယ်”
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြား ပြန်ဖွင့်ရန် ထရန့်က နောက်ဆုံးအချိန် ရာဇသံပေးလိုက်သော်လည်း အီရန်က ယာယီအပစ်အခတ်ရပ်စဲရေးကို ငြင်းပယ်လိုက်သည်။

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 26 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် အလွန်အရေးပါသော ကုန်သွယ်ရေးရေလမ်းကြောင်းနှင့် ပတ်သက်၍ ထရန့်နှင့် အီရန်တို့သည် အပြန်အလှန် ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် အီရန်အဆင့်မြင့် အရာရှိ နှစ်ဦးကို သုတ်သင်နိုင်ခဲ့ကြောင်း