နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ ဇူလိုင်လ 12 ရက်

မြန်မာသတင်း

မြန်မာသတင်း

လောင်းလုံးမြို့နယ်ထဲ စစ်ကောင်စီထုတ်ကုန်ပစ္စည်းတွေတွေ့ရင် အရေးယူမယ်လို့ မြို့နယ်-ပကဖ သတိပေး

ဇွန်လ (၃၀)ရက်။

လောင်းလုံးမြို့နယ်ထဲ Boycott လုပ်ထားတဲ့ စစ်ကောင်စီထုတ်ကုန်တွေတွေ့ရင် အရေးယူသွားမယ်လို့ မြို့နယ်-ပကဖပူးပေါင်းတပ်ဖွဲ့တွေက ဒီကနေ့မှာ သတိပေးထားချက်အရ သိရပါတယ်။

လောင်းလုံးမြို့နယ်ထဲ နယ်မြေလုံခြုံရေးလုပ်ငန်း ဆောင်ရွက်တာတွေကို မြို့နယ်ထဲရှိ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက အရှိန်မြှင့်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက အချိန်မရွေး စစ်ဆေးဆောင်ရွက်တာတွေ ပြုလုပ်သွားမှာဖြစ်တာကြောင့် ခရီးသွားပြည်သူတွေအနေနဲ့ ကြည်ဖြူစွာ စစ်ဆေးခံယူဖို့ မေတ္တာရပ်ခံထားပါတယ်။

ဒါကြောင့် လောင်းလုံးမြို့နယ်ထဲ လှုပ်ရှားသွားလာနေတဲ့ တော်လှန်ရေးတပ်ဖွဲ့၀င်တွေနဲ့ ခရီးသွားပြည်သူတွေအနေနဲ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေရဲ့ နယ်မြေလုံခြုံရေးဆောင်ရွက်တာတွေကို ပူးပေါင်းပါ၀င်ဖို့ ဖော်ပြထားပါတယ်။

တကယ်လို့ လိုအပ်ချက်အရ စစ်ဆေးဆောင်ရွက်တာတွေအပေါ် လိုက်နာဖို့ ပျက်ကွက်ရင် နောက်ဆက်တွဲကိစ္စရပ်တွေကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေအနေနဲ့ လုံး၀(လုံး၀)တာ၀န်ယူမှာမဟုတ်ဘူးလို့ အသိပေးထားပါတယ်။

အခုလိုအသိပေးတာကို လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)အပါအ၀င် Nway Oo Guerrilla Force၊ ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့နဲ့ ဖက်ဒရယ်ဓူဝံကြယ်တပ်ဖွဲ့တို့ပူးပေါင်းကာ လက်မှတ်ထိုးထုတ်ပြန်ထားတာလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရေဖြူမြို့အနီး စစ်ကောင်စီတပ်ဖွဲ့၀င်တွေလိုက်ပါလာတဲ့ ကားတစ်စီး ပစ်ခတ်ခံရ၊ တစ်ဦးသေဆုံးကာ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့

  • 2024 ခုနှစ်၊ ဇူလိုင်လ 12 ရက်
  • 0 Views
ဇူလိုင်လ (၁၂)ရက်။ မနေ့က နေ့လယ် (၃)နာရီခန့်မှာ ရေဖြူမြို့အနီး စစ်ကောင်စီတပ်ဖွဲ့၀င်တွေ လိုက်ပါလာတဲ့ ဟိုက်ဂျက်ကားတစ်စီးကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရေဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

(၆)ရက်မြောက်နေ့ ရန်ကုန်မှာ ၀မ်းရောဂါလူနာသစ် (၈၀)ကျော်ထပ်မံတွေ့ရှိခဲ့၊ ၀မ်းရောဂါဖြစ်ပွားသူ (၄၀၀)ကျော်လာခဲ့

  • 2024 ခုနှစ်၊ ဇူလိုင်လ 12 ရက်
  • 0 Views
ဇူလိုင်လ (၁၂)ရက်။ မနေ့က ရန်ကုန်တိုင်းထဲ ၀မ်းရောဂါဖြစ်ပွားတဲ့လူနာသစ် (၈၄)ဦးရှိခဲ့တယ်လို့ စစ်ကောင်စီကျန်းမာရေးရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီ၀မ်းရောဂါလူနာသစ် (၈၄)ဦးထဲမှာ
မြန်မာသတင်း

မတ္တရာမြို့က စစ်ကောင်စီရဲ့ မြောက်တံငါတပ်စခန်းကို သိမ်းပိုက်ရရှိခဲ့တယ်လို့ MDY-PDF ထုတ်ပြန်

  • 2024 ခုနှစ်၊ ဇူလိုင်လ 12 ရက်
  • 4 Views
ဇူလိုင်လ (၁၂)ရက်။ မတ္တရာမြို့နယ်ရှိ စစ်ကောင်စီရဲ့ မြောက်တံငါတပ်စခန်းကို အပြီးသတ်သိမ်းပိုက်ရရှိခဲ့တယ်လို့ MDY-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ သိမ်းပိုက်ရရှိခဲ့တဲ့ စစ်ကောင်စီရဲ့ မြောက်တံငါတပ်စခန်းကနေ လက်နက်ခဲအချို့ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။ မတ္တရာမြို့ Alpha ဘိလပ်မြေစက်ရုံက
မြန်မာသတင်း

ကချင်ပြည်နယ်ရှိ ရေဘေးသင့်စစ်ရှောင်ပြည်သူတွေအတွက် ငွေကျပ်သိန်း (၂၀၀)ကျော် ကူညီထောက်ပံ့ခဲ့တယ်လို့ NUG ထုတ်ပြန်

  • 2024 ခုနှစ်၊ ဇူလိုင်လ 12 ရက်
  • 4 Views
ဇူလိုင်လ (၁၂)ရက်။ ကချင်ပြည်နယ်ရှိ ရေဘေးသင့်စစ်ရှောင်ပြည်သူတွေအတွက် ငွေကျပ်(၂၀၅၀၀၀၀၀)ကို ကူညီထောက်ပံ့ပေးခဲ့တယ်လို့ NUG ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဇွန်လ (၃၀)ရက်နေ့ကစပြီး ဇူလိုင်လထဲ ရေကြီးရေလျှံတာဖြစ်ပွားတဲ့ ကချင်ပြည်နယ်ရှိ မြစ်ကြီးနား၊ ဆော့လော်၊ မချမ်းဘော၊ ဆွမ်ပရာဘွမ်နဲ့
မြန်မာသတင်း

ပုလဲနယ်မှာ တော်လှန်ရေးအင်အားစုတွေ ဘာကြောင့် မစည်းလုံးကြတာလဲ

  • 2024 ခုနှစ်၊ ဇူလိုင်လ 12 ရက်
  • 7 Views
+++++++++++++++++++++++++++++++++++++++++ ပုလဲနယ်မှာ တော်လှန်ရေးအင်အားစုတွေ ဘာကြောင့် မစည်းလုံးကြတာလဲ ဆိုတဲ့မေးခွန်းကို ပုလဲနယ်က တော်လှန်ရေးခေါင်းဆောင်ယောက်ဖြစ်တဲ့ သခင်ဒေါင်းညိုက သူ့အမြင်ကို ပြောကြားထားပြီး ပုလဲနယ်မှာ NUG ရဲ့ ပသုံးလုံး အုပ်ချုပ်ရေး၊ တရားစီရင်ရေး ယန္တရားတွေ ဘယ်လောက်အလုပ်ဖြစ်နေတယ်ဆိုတာကို ဖြေကြားထားတာကို
1027 Operations မြန်မာသတင်း

စစ်ကောင်စီ လက်အောက်ရှိ တန့်ယန်းမြို့ကို “ဝ” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) က ဝင်ရောက်နေရာယူထိန်းချုပ်

  • 2024 ခုနှစ်၊ ဇူလိုင်လ 11 ရက်
  • 7 Views
+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++ ဇူလိုင်လ (၁၁) ရက်။ စစ်ကောင်စီထိန်းချုပ်ထားတဲ့ ရှမ်းပြည်မြောက်ပိုင်းရှိ တန့်ယန်းမြို့ကို “ဝ” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) က ဒီနဲ့ ဇူလိုင်လ (၁၁) ရက်နေ့မှာ တပ်အင်အား အလုံးအရင်းနဲ့
မြန်မာသတင်း

YDF ရဲဘော် (၂) ဦးကို CNF/CNA က ဖမ်းဆီးထားမှုကြောင့် ချင်းဘက် တက်မည့် ကုန်တင်ကားများနှင့် ခရီးသည်တင်ကားများကို YDF ပိတ်ထား

  • 2024 ခုနှစ်၊ ဇူလိုင်လ 11 ရက်
  • 9 Views
ဇူလိုင် (၁၁) ရက်။ ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော် CNF/CNA က YDF ရဲဘော် (၂) ဦးကို အကြောင်းပြချက် မရှိဘဲ ဖမ်းဆီးခဲ့တာကြောင့် ချင်းဘက်တက်မယ့် ကုန်တင်ကားတွေကို ယောကာကွယ်ရေးတပ် – YDF က ခေတ္တပိတ်လိုက်တယ်လို့
မြန်မာသတင်း

ဘဏ်ဒါရိုက်တာတွေ ထိန်းသိမ်းစစ်ဆေးခံရတယ်ဆိုတာ သတင်းအမှားလို့ ရိုးမဘဏ်ငြင်း

  • 2024 ခုနှစ်၊ ဇူလိုင်လ 11 ရက်
  • 17 Views
ဇူလိုင်လ (၁၁)ရက်။ ဘဏ်ဒါရိုက်တာတွေ ငွေကြေးခဝါချတာတွေကြောင့် ထိန်းသိမ်းစစ်ဆေးခံနေရတာ သတင်းအမှားလို့ ရိုးမဘဏ်ဟာ မနေ့က ငြင်းဆိုထားတယ်လို့ သိရပါတယ်။ အခုလိုသတင်းထွက်နေတာဟာ သတင်းမှားဖြစ်ပြီး နိုင်ငံရဲ့ ငွေရေးကြေးရေးကဏ္ဍနဲ့ ငွေကြေးဈေးကွက် မတည်ငြိမ်အောင် ဆောင်ရွက်တာလို့ ဆိုပါတယ်။ ရိုးမဘဏ်အနေနဲ့ မဟုတ်မမှန်