နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 5 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ဘွဲ့တွေ၊ ဒီပလိုမာတွေ မရှိဘူးလား။ ပြဿနာမရှိပါဘူး! တပ်သားလူသစ်စုဆောင်းရေး ရည်မှန်းချက်များ ပြည့်မီရန် ရုန်းကန်နေရသည့်အတွက် အမေရိကန်ရေတပ်သည် တပ်သားသစ်များအတွက် လိုအပ်ချက်များကို ထပ်မံလျှော့ချလိုက်ပါသည်။

ဝါရှင်တန် (AP) –

အမေရိကန်ရေတပ်သည် အထက်တန်းကျောင်း သို့မဟုတ် GED ဘွဲ့မရသော လူတစ်ဦးချင်းစီကို စတင်စာရင်းသွင်းလက်ခံနေပြီဖြစ်ပြီး တပ်သားသစ်စုဆောင်းမှုအတွက် ရုန်းကန်နေရသည့် တစ်နှစ်ခန့်အတွင်း စွမ်းဆောင်ရည်နိမ့်ကျသော တပ်သားသစ်များ ရေတပ်သို့ဝင်ရောက်နိုင်မှုအတွက် တံခါးဖွင့်ပေးလိုက်သည့် ဒုတိယအကြိမ်မြောက်ဖြစ်သည်။ စစ်မှုထမ်းလိုသည့် ရည်မှန်းချက်ရှိသူများအတွက် ပန်းတိုင်ကို ဖြည့်ဆည်းပေးလိုက်ခြင်းဖြစ်သည်။ လက်နက်ကိုင် တပ်သားအဖြစ် အရည်အချင်းစစ် စာမေးပွဲတွင် ရမှတ်အလွန်နည်းသော လူသစ် အရေအတွက် ပိုများလာစေရန် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် လုပ်ဆောင်လိုက်ခြင်း ဖြစ်သည်။

စစ်တပ်၏ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် ကိုယ်ကျင့်တရားစံနှုန်းများ ပြည့်မီနိုင်သည့် လူငယ်အရေအတွက်ကို ဆွဲဆောင်ရန် ပိုမိုခက်ခဲလာသော်လည်း ၎င်းတို့အားလုံးသည် အခြားသော စစ်မှုထမ်းများက ရှောင်ရန် သို့မဟုတ် ကန့်သတ်ထားသည့် ရှားရှားပါးပါး ခြေလှမ်းများဖြစ်သည်။ အစီအစဉ်သစ်အရ၊ ပညာအရည်အချင်း အထောက်အထားမရှိဘဲ ရေတပ်သားသစ် စုဆောင်းသူများသည် အရည်အချင်းစစ် စာမေးပွဲတွင် ရမှတ် ၅၀ သို့မဟုတ် အထက်ရရှိသူများမှန်သမျှ ပါဝင်နိုင်မည်ဖြစ်သည်။ ၉၉ မှ ပေးထားမှုကနေ၅၀အထက်အမှတ်ရရှိသူများ ရေတပ်သားများအဖြစ် ပါဝင်အမှုထမ်းနိုင်မည် ဖြစ်သည်။ ပညာရေး အထောက်အထားမပါဘဲ တစ်ဦးချင်းစီကို လက်ခံပေးသည့် နောက်ဆုံးအကြိမ်မှာ ၂၀၀၀ ခုနှစ်ဖြစ်သည်။ “ရေတပ်ထဲဝင်ချင်တဲ့ ပညာရေးအရည်အချင်း အထောက်အထားမရှိသူတွေ တပ်သားစုဆောင်းရေးစခန်းတွေမှာ နှစ်စဉ် ထောင်နဲ့ချီတဲ့ လူတွေ ရောက်လာတယ်။ ငါတို့က သူတို့ကို လွှဲပေးရုံပါပဲ” ဟု ရေတပ်၏ အရာရှိချုပ် ရစ် ချီးစ်မင် (Rick Cheeseman) က AP သတင်းကို သောကြာနေ့ တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားခဲ့သည်။

ယမန်နှစ်က ၂,၄၀၀ ကျော်ကို ပယ်ချခဲ့ရပြီး ၎င်းတို့ အနက်မှ ၅၀၀ သည် စာရင်းဝင်နိုင်လောက်အောင် မြင့်မားသည့်အမှတ်ရရှိခဲ့ကြောင်း ၎င်းက ပြောသည်။ တိုးချဲ့မှုအသစ်ကို စတင်ရန် ၎င်း၏ လူသစ်စုဆောင်းသူများထံ အမိန့်စာ ပေးပို့ထားပြီးဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ ပြီးခဲ့သော ၇၂ နာရီအတွင်း ကျွန်ုပ်၏တပ်သားစုဆောင်းသူ အားလုံးသည် ၎င်းတို့အနက်မှ ၂,၄၄၂ ဦးကို ဖုန်းခေါ်ဆိုထားပြီး မည်သည့်အခြေအနေရရှိလာမည်ကို ကျွန်ုပ်တို့က မျှော်လင့်ပါသည်… ဤသီတင်းပတ်ကုန်တွင် စာမေးပွဲ ဖြေဆိုသူအချို့ကို ရရှိရန် ကြိုးစားပါမည်။” ကပ်ရောဂါဘေးတွင်၊ တပ်သားစုဆောင်မှုများသည် သိသာထင်ရှားသော စာရင်းသွင်းမှု ဆိုင်ရာ စိန်ခေါ်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ COVID-19 ကြောင့် စစ်တပ်က လူသစ်စုဆောင်းရေး စခန်းတွေကို ပိတ်ခိုင်းပြီး အလားအလာရှိတဲ့ ကိုယ်စားလှယ်လောင်းတွေ ကို သမိုင်းကြောင်းအရ ရရှိခဲ့တဲ့ အထက်တန်းကျောင်းတွေနဲ့ လူထုပွဲလမ်းသဘင်တွေ တော်တော်များများကို ပိတ်ထားခဲ့ ရပါတယ်။ သို့သော် ပွင့်လင်းမြင်သာလာသည်နှင့်အမျှ စစ်တပ်သည် တင်းကျပ်သော လူသူစုဆောင်းရေးဈေးကွက်တွင် ပိုမိုမြင့်မားသောလစာပေးသည့် စီးပွားရေးလုပ်ငန်းများနှင့် ယှဉ်ပြိုင် ရုန်းကန်နေခဲ့ရပြီး အထူးသဖြင့် ကုမ္ပဏီများကပေးသော ခံစားခွင့်များထက် စစ်တပ်ကပေးသော ကောလိပ်ရန်ပုံငွေကဲ့သို့သော လူကြိုက်များစေပြီးတပ်သို့ဝင်ရန်ရွေးချယ်မှုကိုရရှိခဲ့သည်။ စီးပွားရေးပြဿနာများသည် တိုင်းပြည်အတွင်း ပြင်းထန်သော နိုင်ငံရေးအရ ကွဲလွဲမှုများကြောင် လူငယ်များ က စစ်ပွဲသို့ သွားခြင်း ကြောင့် ဒဏ်ရာရခြင်း သို့မဟုတ်သေဆုံးနိုင်မှု စိုးရိမ်ကြောက်ရွံ့နေခဲ့ကြသည်။

စက်တင်ဘာလ ၃၀ရက်နေ့တွင် ကုန်ဆုံးသွားသည့် မနှစ်ဘဏ္ဍာရေးနှစ်က ရေတပ်၊ ကြည်းတပ် နှင့် လေတပ်တို့သည် တပ်သား စုဆောင်းမှု ရည်မှန်းချက်ကိုပြည်မှီခြင်းမရှိခဲ့သော်လည်း မရိန်းတပ်ဖွဲ့နှင့်သေးငယ်သော အာကာသတပ်ဖွဲ့တို့သည်သာ ၎င်းတို့ရည်မှန်းချက်အတိုင်း တပ်သားစုဆောင်း နိုင်ခဲ့သည်။ ကြည်းတပ်သည် လွန်ခဲ့သည့်နှစ်က ၎င်းတို့ရည်မှန်းချက်အင်အား ၆၀၀၀၀ ရာထားခဲ့သော်လည်း ၁၅၀၀၀လျော့၍ ၄၅၀၀၀သာ ရရှိခဲ့သည်။ အခြားဌာနများသည်လည်း လာရောက်လျှောက်ထားသူများ နှောင့်နှေးနေမှုကြောင့် ၎င်းတို့ရည်မှန်းချက်ကို ပြည့်မှီရန်ကြိုးစားနေကြရသည်။

ယမန်နှစ်က၊ ရေတပ်၏ စစ်မှုထမ်းအဖြစ်စာရင်းသွင်းလက်ခံမည့်သူမှာ ၃၇,၇၀၀ ဖြစ်သော်လည်း လာရောက်စာရင်းပေးသူ ၃၁,၈၃၄ သာ ရရှိခဲ့သည်။ ယခုနှစ်တွင် ရေတပ်၏ အရာရှိချုပ် ရစ် ချီးစ်မင် က ပိုမိုမြင့်မားသော ရည်မှန်းချက်ဖြစ်သည့် ၄၀,၆၀၀ ရာထား ချမှတ်ခဲ့သည်ဟု ဆိုသည်။ ၂၀၂၄ အတွက် ရေတပ်၏ စုစုပေါင်း အရွယ်အစားကို ၃၃၇,၈၀၀ သတ်မှတ်ထားသည်။ “ဒီအရေအတွက်ရှိတဲ့ ရေတပ်သားတွေကို ငါတို့လိုတယ်။ ဒီတော့ ဒါဟာ ငါတို့ရဲ့ရည်မှန်းထားတဲ့ပန်းတိုင်တစ်ခုပါပဲ။ ရေတပ်ထဲဝင်ဖို့ လူ ၄၀,၆၀၀ ကို ခေါ်ယူဖို့ စုဆောင်းသူတွေကို ပြောထားပါတယ်” ဟု ၎င်းက ဆိုသည်။ “ဒီလောက်အများကြီးရဖို့ ကျွန်တော်တို့ လုံးဝ မမျှော်လင့်ထားပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ ကြိုးစားလုပ်ဆောင်သွားမှာပါ” ဟုဆိုသည်။ အခြားသော လူစုဆောင်းမှုများသည် ရေတပ်ကဲ့သို့သော အကြီးအကျယ် အပြောင်းအလဲများကို လုပ်ဆောင်ရန်နှောင့်နှေးနေကြသည်။

ရေတပ်သည် အရည်အချင်းစစ်စာမေးပွဲတွင် အမှတ်၃၀ သို့မဟုတ် ထိုထက်နည်းသော ရမှတ် ရရှိသူများကို “ အမျိုးအစား၄” အဖြစ်သတ်မှတ်ပြီးလက်ခံမည်ဖြစ်သည့် တခုတည်းသောတပ်သားသစ်စုဆောင်း သည့်တပ်ဖြစ်သည်။။

ရေတပ်သည်ရမှတ်နည်း သည့် သတ်မှတ်အမျိုးအစား၄ ရှိသူများကို တိုးချဲ့ထားသည့် ဝန်ဆောင်မှု အလုပ်အကိုင်များ- ဥပမာအားဖြင့် ထမင်းချက် သို့မဟုတ် သင်္ဘော ပြုပြင်ထိန်းသိမ်းမှုနှင့် ပတ်သက်သည့် လုပ်ငန်းများကို ကြီးကြပ်ကွပ်ကဲရန် တာဝန်ထမ်းဆောင်ရသည့် ရေတပ်သားအလုပ် အများအပြားသည် ယေဘုယျ မြင့်မားသော စာမေးပွဲရမှတ်ရရန် မလိုအပ်ကြောင်း သူတို့အနေနှင့်အလုပ်အတွက် သတ်မှတ်ချက်များအတိုင်း ဆောင်ရွက်နေသမျှ လက်ခံမည်ဖြစ်သည်

ကြည်းတပ်သည် အမှတ်အနိမ့်ဆုံး ရရှိသည့် တပ်သားလျှောက်ထားသူများကို သူတို့၏အနာဂတ်စစ်သားများအတွက် ကြိုတင်သင်တန်းဟုခေါ်သော (Future Soldier Prep Course) တွင်သာ လက်ခံသွားမည် ဖြစ်သည်။ ၎င်းတို့အား ရက်သတ္တပတ်များအတွင်း သင်တန်း ပို့ချပေးပြီး တပ်သားအဖြစ် စာရင်းသွင်းနိုင်ရန် ၎င်းတို့၏ရမှတ်များကို တိုးမြင့်လာရန် အခွင့်အရေးပေးမည် ဖြစ်သည်။ ရေတပ်သည် ၎င်း၏ Future Sailor Prep Course ကို ဖြတ်ကျော်ရန် အမှတ်နည်းသော လူသစ်များကို ခွင့်ပြုသော်လည်း စာရင်းသွင်းဖို့ ရမှတ်တိုးရန် မလိုအပ်ပါ။ ထို့အပြင် ကြည်းတပ်နှင့် မရိန်းတပ်ဖွဲ့တို့ကို ဝင်ရောက်ရန်အတွက် အထက်တန်းကျောင်း ဒီပလိုမာ သို့မဟုတ် GED နှင့် ညီမျှသော အောင်ချက် လိုအပ်သည်။

လေတပ်အနေနှင့် အရည်အချင်းစစ် စာမေးပွဲတွင် ၆၅ မှတ်နှင့်အထက် ရပါက ဒီပလိုမာမလိုဘဲ တပ်သားသစ်များ ခေါ်ယူမည်ဟု လေတပ်က ဆိုသည်။ ထိုအမှတ် ရရှိသူများသည် အလွန်နည်းပါးပါသည်။ ယမန်နှစ်က လေတပ်သားသည် လျှောက်ထားသူ ၂၆,၉၀၀ နီးပါးအနက် ၁၁၀ တွင်သာ GED သို့မဟုတ် ပညာရေးဆိုင်ရာ အထောက်အထားရှိပြီး ကျန်လူများတွင် GED သို့မဟုတ် ပညာရေးဆိုင်ရာ အထောက်အထားများ မရှိကြချေ။ အခြားသောတပ်များတွင် တပ်သားသစ်စုဆောင်းသူများသည် စွမ်းဆောင်ရည်နိမ့်သော လူသစ်များကို လေ့ကျင့်ရေးစခန်းမှ ဖယ်ရှားခံရနိုင်ခြေက ပိုများနိုင်သည် သို့မဟုတ် အချိန်ကြာလာသည်နှင့်အမျှ စည်းကမ်းပိုင်းဆိုင်ရာ ပြဿနာများကို ပိုမိုဖြစ်လာနိုင်သည်ဟူသော စိုးရိမ်မှုများရှိနေခဲ့သည်။

Cheeseman က အကြီးမားဆုံးအန္တရာယ်မှာ မြင့်မားသောနှုန်းဖြင့် စခန်းသွင်းထားသော boot camp တွင် အောင်မြင်မှုမရဘဲ အထုတ်ခံရခြင်း ဖြစ်မည်ဟု ယုံကြည်ကြောင်း၊ သို့သော် ယမန်နှစ်တွင် ရမှတ်နည်းသော လူသစ်စုဆောင်းမှုအတွက် ယခုအချိန်အထိ ကွာခြားချက်မှာ သိသာထင်ရှားခြင်း မရှိဟု ဆိုသည်။ ယေဘုယျအားဖြင့်၊ ထိုစုဆောင်းမှု၏ ၁၁.၄% သည် boot camp တွင် မအောင်မြင်ခဲ့ဘဲ သတ်မှတ်အမှတ်များ ရရှိခဲ့သည့်သူများသည်လည်း boot camp တွင် ၆.၅%မှာ မအောင်မြင်ဖြစ်ခဲ့မှုကို နှိုင်းယှဉ်ပါက ကွာခြားမှုသိပ်မရှိခဲ့ပါ။ ရေတပ်ခေါင်းဆောင်များသည် အလားအလာရှိသော ရေတပ်သားများကို တိုးချဲ့ရန် ကြိုးပမ်းမှုတွင် အထက်တန်းကျောင်း အထောက်အထားမရှိသူများကို စစ်သားအဖြစ် စုဆောင်းဖွင့်လှစ်ရန် အချိန်အတော်ကြာ ဆွေးနွေးနေခဲ့သည်ဟု ၎င်းက ဆိုသည်။ “ ကျွန်တော်တို့ နောက်ဆုံးတော့ ဆုံးဖြတ်လိုက်ပါပြီ။ဆုံးဖြတ်တဲ့အတိုင်းသွားကြမယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

“ကျနော့်တို့ ဒီစွန့်စားမှုကို လက်ခံဖို့ အငြင်းအခုံလုပ်ပြီး ကျနော်တို့မှာ boot camp က လုပ်နိုင်စွမ်းရှိတယ်။ တပ်သားလိုအပ်ချက်ထိုင်ခုံတွေ မပြည့်သေးပါဘူး။ ဒါကြောင့် ကျွန်တော့်အနေနဲ့ စွန့်စားဖို့ ဆန္ဒရှိပါတယ်” ဟု သူက ဆိုသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

ဗင်နီဇွဲလားသမတကိုအမေရိကန်ဖမ်းဆီးမှုနှင့်ပတ်သက်သည့် ဆီနေတာ ဘားနီးဆန်းဒါးစ်၏ မိန့်ခွန်း

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 5 ရက်
  • 17 Views
၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၄ရက် ဒေါ်နယ်ထရန့်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ တရားဥပဒေစိုးမိုးရေးအပေါ် သူရဲ့ မလေးစားမှုကို နောက်တစ်ကြိမ် ထပ်မံပြသလိုက်ပြန်ပါပြီ။ ကျနော်တို့ ရှင်းရှင်းလင်းလင်း
နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

မာဒူရို အဖမ်းခံရပြီးနောက် ဗင်နီဇွဲလားနိုင်ငံကို ဦးဆောင်မည့် ဒယ်လ်စီ ရော်ဒရီဂက်ဇ် (Delcy Rodríguez) ဆိုသည်မှာ မည်သူနည်း။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 4 ရက်
  • 24 Views
CNN- ဇန်နဝါရီလ ၄ရက်၊ ၂၀၂၆ခုနှစ် ဗင်နီဇွဲလားနိုင်ငံအတွင်း အမေရိကန်စစ်ဆင်ရေးတစ်ခုအတွင်း သမ္မတ နီကိုးလပ်စ် မာဒူရို (Nicolás Maduro) အဖမ်းခံရပြီးနောက်၊
နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

ဗင်နီဇွဲလားသမတမာဒူရိုကိုအမေရိကန်တပ်ဖွဲ့များကဝင်ရောက်ဖမ်းဆီးခေါ်ဆောင်သွားမှု အပြည့်အစုံ နဲ့မြန်မာနိုင်ငံနဲ့နှိုင်းယှဥ်ကြည့်ခြင်း။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 4 ရက်
  • 33 Views
၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၄ရက် ဗင်နီဇွဲလားနိုင်ငံရဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေက တကယ့်ကို ထိတ်လန့်စရာ ကောင်းပြီး သမိုင်းဝင်ဖြစ်ရပ်တစ်ခု ဖြစ်နေပါတယ်။ အဓိကဖြစ်ရပ်ကတော့ ဗင်နီဇွဲလား သမ္မတ နီကိုးလပ်စ် မာဒူရို (Nicolás Maduro) ကို အမေရိကန်တပ်ဖွဲ့တွေက
နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

သမ္မတ ထရမ့်က ဗင်နီဇွဲလားတိုက်ခိုက်မှု “အောင်မြင်စွာ ပြီးဆုံးခဲ့သည်” ဟု ပြောကြား၊ သမ္မတ မာဒူရိုနှင့် ဇနီးဖြစ်သူအား ဖမ်းဆီးပြီး နိုင်ငံပြင်ပသို့ ခေါ်ဆောင်သွားခဲ့ဟုဆို

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 3 ရက်
  • 15 Views
ဇန်နဝါရီလ (၃) ရက်။ အမေရိကန်သမ္မတ ထရမ့်သည် မြန်မာစံတော်ချိန် (၃) ရက်နေ့၊ ညနေ ၃ နာရီကျော်တွင် ၎င်း၏ လူမှုကွန်ရက် (SNS) မှတစ်ဆင့် ဗင်နီဇွဲလားနိုင်ငံအား တိုက်ခိုက်မှုကို “အောင်မြင်စွာ ပြီးဆုံးခဲ့သည်” ဟု
တရုတ် နိုင်ငံတကာသတင်း အာရှ

တရုတ်၏ စက်ရုပ်အားကစား ရူးသွပ်မှုမှတစ်ဆင့် လူသားတူစက်ရုပ်များ အိမ်တွင်းသို့ ရောက်ရှိလာနိုင်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 3 ရက်
  • 21 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက် ပေကျင်းမြို့ဆင်ခြေဖုံးရှိ မိုးလုံလေလုံ ဘောလုံးကွင်းတစ်ခုတွင် လူငယ်လုပ်ငန်းရှင် Cheng Hao တစ်ယောက် ထိုင်နေသည်။ သို့သော် ဤကွင်းသည် လူသားများအတွက်မဟုတ်ဘဲ သူ၏ “
နိုင်ငံတကာသတင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးနိုင်ငံတွင် အမျိုးသမီးအခွင့်အရေးများ သိသိသာသာ ဆုတ်ယုတ်လာနေပြီး နေတန်ယာဟု၏ လက်ယာစွန်းအစိုးရကြောင့်ဖြစ်ကြောင်း တက်ကြွလှုပ်ရှားသူများ ပြစ်တင်ရှုတ်ချ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 3 ရက်
  • 22 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျန်နဝါရီလ ၂ရက် ဂျေရုဆလင်မြို့ ။ ၎င်းတို့ကိုယ်ကို “ အနီရောင်ဝတ်စုံဝတ် အမျိုးသမီးများ” (Women in Red) ဟု ခေါ်ဆိုကြသည်။ ဂါဇာစစ်ပွဲမတိုင်မီ တစ်နှစ်အလိုတွင် အစ္စရေးအစိုးရကို တိတ်ဆိတ်စွာ ဆန္ဒပြသည့်အနေဖြင့်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်ဆန္ဒပြသူများကို ကာကွယ်ရန် အမေရိကန်တွင် ‘အသင့်ပြင်ထားပြီးဖြစ်သည်’ ဟု ထရမ့်ပြောကြားသော်လည်း တပ်ဖြန့်မှုပမာဏ သိသိသာသာ ပြောင်းလဲခြင်းမရှိသေး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 3 ရက်
  • 23 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက် အီရန်အစိုးရက ဆန္ဒပြသူများကို ပစ်ခတ်သတ်ဖြတ်ပါက အမေရိကန်က အင်အားသုံး ကြားဝင်ဆောင်ရွက်မည်ဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က သောကြာနေ့ နံနက် အစောပိုင်းတွင် Truth Social မှတစ်ဆင့်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

ယူကရိန်း၏ ဒရုန်းတိုက်ခိုက်မှုသည် ပူတင်၏ နေအိမ်အား ပစ်မှတ်ထားခြင်းမဟုတ်ဟု CIA က သုံးသပ်ချက်က ကရင်မလင်၏ ပြောကြားချက်နှင့် ဆန့်ကျင်ဘက်ဖြစ်နေ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 1 ရက်
  • 32 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက် မကြာသေးမီက ရုရှားနိုင်ငံ မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော ဒရုန်းတိုက်ခိုက်မှုသည် ရုရှားသမ္မတ ဗလာဒီမာ ပူတင် အသုံးပြုသည့် နေအိမ်အား ပစ်မှတ်ထားခဲ့ခြင်း မဟုတ် ကြောင်း