နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 7 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ဘွဲ့တွေ၊ ဒီပလိုမာတွေ မရှိဘူးလား။ ပြဿနာမရှိပါဘူး! တပ်သားလူသစ်စုဆောင်းရေး ရည်မှန်းချက်များ ပြည့်မီရန် ရုန်းကန်နေရသည့်အတွက် အမေရိကန်ရေတပ်သည် တပ်သားသစ်များအတွက် လိုအပ်ချက်များကို ထပ်မံလျှော့ချလိုက်ပါသည်။

ဝါရှင်တန် (AP) –

အမေရိကန်ရေတပ်သည် အထက်တန်းကျောင်း သို့မဟုတ် GED ဘွဲ့မရသော လူတစ်ဦးချင်းစီကို စတင်စာရင်းသွင်းလက်ခံနေပြီဖြစ်ပြီး တပ်သားသစ်စုဆောင်းမှုအတွက် ရုန်းကန်နေရသည့် တစ်နှစ်ခန့်အတွင်း စွမ်းဆောင်ရည်နိမ့်ကျသော တပ်သားသစ်များ ရေတပ်သို့ဝင်ရောက်နိုင်မှုအတွက် တံခါးဖွင့်ပေးလိုက်သည့် ဒုတိယအကြိမ်မြောက်ဖြစ်သည်။ စစ်မှုထမ်းလိုသည့် ရည်မှန်းချက်ရှိသူများအတွက် ပန်းတိုင်ကို ဖြည့်ဆည်းပေးလိုက်ခြင်းဖြစ်သည်။ လက်နက်ကိုင် တပ်သားအဖြစ် အရည်အချင်းစစ် စာမေးပွဲတွင် ရမှတ်အလွန်နည်းသော လူသစ် အရေအတွက် ပိုများလာစေရန် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် လုပ်ဆောင်လိုက်ခြင်း ဖြစ်သည်။

စစ်တပ်၏ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် ကိုယ်ကျင့်တရားစံနှုန်းများ ပြည့်မီနိုင်သည့် လူငယ်အရေအတွက်ကို ဆွဲဆောင်ရန် ပိုမိုခက်ခဲလာသော်လည်း ၎င်းတို့အားလုံးသည် အခြားသော စစ်မှုထမ်းများက ရှောင်ရန် သို့မဟုတ် ကန့်သတ်ထားသည့် ရှားရှားပါးပါး ခြေလှမ်းများဖြစ်သည်။ အစီအစဉ်သစ်အရ၊ ပညာအရည်အချင်း အထောက်အထားမရှိဘဲ ရေတပ်သားသစ် စုဆောင်းသူများသည် အရည်အချင်းစစ် စာမေးပွဲတွင် ရမှတ် ၅၀ သို့မဟုတ် အထက်ရရှိသူများမှန်သမျှ ပါဝင်နိုင်မည်ဖြစ်သည်။ ၉၉ မှ ပေးထားမှုကနေ၅၀အထက်အမှတ်ရရှိသူများ ရေတပ်သားများအဖြစ် ပါဝင်အမှုထမ်းနိုင်မည် ဖြစ်သည်။ ပညာရေး အထောက်အထားမပါဘဲ တစ်ဦးချင်းစီကို လက်ခံပေးသည့် နောက်ဆုံးအကြိမ်မှာ ၂၀၀၀ ခုနှစ်ဖြစ်သည်။ “ရေတပ်ထဲဝင်ချင်တဲ့ ပညာရေးအရည်အချင်း အထောက်အထားမရှိသူတွေ တပ်သားစုဆောင်းရေးစခန်းတွေမှာ နှစ်စဉ် ထောင်နဲ့ချီတဲ့ လူတွေ ရောက်လာတယ်။ ငါတို့က သူတို့ကို လွှဲပေးရုံပါပဲ” ဟု ရေတပ်၏ အရာရှိချုပ် ရစ် ချီးစ်မင် (Rick Cheeseman) က AP သတင်းကို သောကြာနေ့ တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားခဲ့သည်။

ယမန်နှစ်က ၂,၄၀၀ ကျော်ကို ပယ်ချခဲ့ရပြီး ၎င်းတို့ အနက်မှ ၅၀၀ သည် စာရင်းဝင်နိုင်လောက်အောင် မြင့်မားသည့်အမှတ်ရရှိခဲ့ကြောင်း ၎င်းက ပြောသည်။ တိုးချဲ့မှုအသစ်ကို စတင်ရန် ၎င်း၏ လူသစ်စုဆောင်းသူများထံ အမိန့်စာ ပေးပို့ထားပြီးဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ ပြီးခဲ့သော ၇၂ နာရီအတွင်း ကျွန်ုပ်၏တပ်သားစုဆောင်းသူ အားလုံးသည် ၎င်းတို့အနက်မှ ၂,၄၄၂ ဦးကို ဖုန်းခေါ်ဆိုထားပြီး မည်သည့်အခြေအနေရရှိလာမည်ကို ကျွန်ုပ်တို့က မျှော်လင့်ပါသည်… ဤသီတင်းပတ်ကုန်တွင် စာမေးပွဲ ဖြေဆိုသူအချို့ကို ရရှိရန် ကြိုးစားပါမည်။” ကပ်ရောဂါဘေးတွင်၊ တပ်သားစုဆောင်မှုများသည် သိသာထင်ရှားသော စာရင်းသွင်းမှု ဆိုင်ရာ စိန်ခေါ်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ COVID-19 ကြောင့် စစ်တပ်က လူသစ်စုဆောင်းရေး စခန်းတွေကို ပိတ်ခိုင်းပြီး အလားအလာရှိတဲ့ ကိုယ်စားလှယ်လောင်းတွေ ကို သမိုင်းကြောင်းအရ ရရှိခဲ့တဲ့ အထက်တန်းကျောင်းတွေနဲ့ လူထုပွဲလမ်းသဘင်တွေ တော်တော်များများကို ပိတ်ထားခဲ့ ရပါတယ်။ သို့သော် ပွင့်လင်းမြင်သာလာသည်နှင့်အမျှ စစ်တပ်သည် တင်းကျပ်သော လူသူစုဆောင်းရေးဈေးကွက်တွင် ပိုမိုမြင့်မားသောလစာပေးသည့် စီးပွားရေးလုပ်ငန်းများနှင့် ယှဉ်ပြိုင် ရုန်းကန်နေခဲ့ရပြီး အထူးသဖြင့် ကုမ္ပဏီများကပေးသော ခံစားခွင့်များထက် စစ်တပ်ကပေးသော ကောလိပ်ရန်ပုံငွေကဲ့သို့သော လူကြိုက်များစေပြီးတပ်သို့ဝင်ရန်ရွေးချယ်မှုကိုရရှိခဲ့သည်။ စီးပွားရေးပြဿနာများသည် တိုင်းပြည်အတွင်း ပြင်းထန်သော နိုင်ငံရေးအရ ကွဲလွဲမှုများကြောင် လူငယ်များ က စစ်ပွဲသို့ သွားခြင်း ကြောင့် ဒဏ်ရာရခြင်း သို့မဟုတ်သေဆုံးနိုင်မှု စိုးရိမ်ကြောက်ရွံ့နေခဲ့ကြသည်။

စက်တင်ဘာလ ၃၀ရက်နေ့တွင် ကုန်ဆုံးသွားသည့် မနှစ်ဘဏ္ဍာရေးနှစ်က ရေတပ်၊ ကြည်းတပ် နှင့် လေတပ်တို့သည် တပ်သား စုဆောင်းမှု ရည်မှန်းချက်ကိုပြည်မှီခြင်းမရှိခဲ့သော်လည်း မရိန်းတပ်ဖွဲ့နှင့်သေးငယ်သော အာကာသတပ်ဖွဲ့တို့သည်သာ ၎င်းတို့ရည်မှန်းချက်အတိုင်း တပ်သားစုဆောင်း နိုင်ခဲ့သည်။ ကြည်းတပ်သည် လွန်ခဲ့သည့်နှစ်က ၎င်းတို့ရည်မှန်းချက်အင်အား ၆၀၀၀၀ ရာထားခဲ့သော်လည်း ၁၅၀၀၀လျော့၍ ၄၅၀၀၀သာ ရရှိခဲ့သည်။ အခြားဌာနများသည်လည်း လာရောက်လျှောက်ထားသူများ နှောင့်နှေးနေမှုကြောင့် ၎င်းတို့ရည်မှန်းချက်ကို ပြည့်မှီရန်ကြိုးစားနေကြရသည်။

ယမန်နှစ်က၊ ရေတပ်၏ စစ်မှုထမ်းအဖြစ်စာရင်းသွင်းလက်ခံမည့်သူမှာ ၃၇,၇၀၀ ဖြစ်သော်လည်း လာရောက်စာရင်းပေးသူ ၃၁,၈၃၄ သာ ရရှိခဲ့သည်။ ယခုနှစ်တွင် ရေတပ်၏ အရာရှိချုပ် ရစ် ချီးစ်မင် က ပိုမိုမြင့်မားသော ရည်မှန်းချက်ဖြစ်သည့် ၄၀,၆၀၀ ရာထား ချမှတ်ခဲ့သည်ဟု ဆိုသည်။ ၂၀၂၄ အတွက် ရေတပ်၏ စုစုပေါင်း အရွယ်အစားကို ၃၃၇,၈၀၀ သတ်မှတ်ထားသည်။ “ဒီအရေအတွက်ရှိတဲ့ ရေတပ်သားတွေကို ငါတို့လိုတယ်။ ဒီတော့ ဒါဟာ ငါတို့ရဲ့ရည်မှန်းထားတဲ့ပန်းတိုင်တစ်ခုပါပဲ။ ရေတပ်ထဲဝင်ဖို့ လူ ၄၀,၆၀၀ ကို ခေါ်ယူဖို့ စုဆောင်းသူတွေကို ပြောထားပါတယ်” ဟု ၎င်းက ဆိုသည်။ “ဒီလောက်အများကြီးရဖို့ ကျွန်တော်တို့ လုံးဝ မမျှော်လင့်ထားပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ ကြိုးစားလုပ်ဆောင်သွားမှာပါ”ဟုဆိုသည်။ အခြားသော လူစုဆောင်းမှုများသည် ရေတပ်ကဲ့သို့သော အကြီးအကျယ် အပြောင်းအလဲများကို လုပ်ဆောင်ရန်နှောင့်နှေးနေကြသည်။

ရေတပ်သည် အရည်အချင်းစစ်စာမေးပွဲတွင် အမှတ်၃၀ သို့မဟုတ် ထိုထက်နည်းသော ရမှတ် ရရှိသူများကို “အမျိုးအစား၄” အဖြစ်သတ်မှတ်ပြီးလက်ခံမည်ဖြစ်သည့် တခုတည်းသောတပ်သားသစ်စုဆောင်း သည့်တပ်ဖြစ်သည်။။

ရေတပ်သည်ရမှတ်နည်း သည့် သတ်မှတ်အမျိုးအစား၄ ရှိသူများကို တိုးချဲ့ထားသည့် ဝန်ဆောင်မှု အလုပ်အကိုင်များ- ဥပမာအားဖြင့် ထမင်းချက် သို့မဟုတ် သင်္ဘော ပြုပြင်ထိန်းသိမ်းမှုနှင့် ပတ်သက်သည့် လုပ်ငန်းများကို ကြီးကြပ်ကွပ်ကဲရန် တာဝန်ထမ်းဆောင်ရသည့် ရေတပ်သားအလုပ် အများအပြားသည် ယေဘုယျ မြင့်မားသော စာမေးပွဲရမှတ်ရရန် မလိုအပ်ကြောင်း သူတို့အနေနှင့်အလုပ်အတွက် သတ်မှတ်ချက်များအတိုင်း ဆောင်ရွက်နေသမျှ လက်ခံမည်ဖြစ်သည်

ကြည်းတပ်သည် အမှတ်အနိမ့်ဆုံး ရရှိသည့် တပ်သားလျှောက်ထားသူများကို သူတို့၏အနာဂတ်စစ်သားများအတွက် ကြိုတင်သင်တန်းဟုခေါ်သော (Future Soldier Prep Course) တွင်သာ လက်ခံသွားမည် ဖြစ်သည်။ ၎င်းတို့အား ရက်သတ္တပတ်များအတွင်း သင်တန်း ပို့ချပေးပြီး တပ်သားအဖြစ် စာရင်းသွင်းနိုင်ရန် ၎င်းတို့၏ရမှတ်များကို တိုးမြင့်လာရန် အခွင့်အရေးပေးမည် ဖြစ်သည်။ ရေတပ်သည် ၎င်း၏ Future Sailor Prep Course ကို ဖြတ်ကျော်ရန် အမှတ်နည်းသော လူသစ်များကို ခွင့်ပြုသော်လည်း စာရင်းသွင်းဖို့ ရမှတ်တိုးရန် မလိုအပ်ပါ။ ထို့အပြင် ကြည်းတပ်နှင့် မရိန်းတပ်ဖွဲ့တို့ကို ဝင်ရောက်ရန်အတွက် အထက်တန်းကျောင်း ဒီပလိုမာ သို့မဟုတ် GED နှင့် ညီမျှသော အောင်ချက် လိုအပ်သည်။

လေတပ်အနေနှင့် အရည်အချင်းစစ် စာမေးပွဲတွင် ၆၅ မှတ်နှင့်အထက် ရပါက ဒီပလိုမာမလိုဘဲ တပ်သားသစ်များ ခေါ်ယူမည်ဟု လေတပ်က ဆိုသည်။ ထိုအမှတ် ရရှိသူများသည် အလွန်နည်းပါးပါသည်။ ယမန်နှစ်က လေတပ်သားသည် လျှောက်ထားသူ ၂၆,၉၀၀ နီးပါးအနက် ၁၁၀ တွင်သာ GED သို့မဟုတ် ပညာရေးဆိုင်ရာ အထောက်အထားရှိပြီး ကျန်လူများတွင် GED သို့မဟုတ် ပညာရေးဆိုင်ရာ အထောက်အထားများ မရှိကြချေ။ အခြားသောတပ်များတွင် တပ်သားသစ်စုဆောင်းသူများသည် စွမ်းဆောင်ရည်နိမ့်သော လူသစ်များကို လေ့ကျင့်ရေးစခန်းမှ ဖယ်ရှားခံရနိုင်ခြေက ပိုများနိုင်သည် သို့မဟုတ် အချိန်ကြာလာသည်နှင့်အမျှ စည်းကမ်းပိုင်းဆိုင်ရာ ပြဿနာများကို ပိုမိုဖြစ်လာနိုင်သည်ဟူသော စိုးရိမ်မှုများရှိနေခဲ့သည်။

Cheeseman က အကြီးမားဆုံးအန္တရာယ်မှာ မြင့်မားသောနှုန်းဖြင့် စခန်းသွင်းထားသော boot camp တွင် အောင်မြင်မှုမရဘဲ အထုတ်ခံရခြင်း ဖြစ်မည်ဟု ယုံကြည်ကြောင်း၊ သို့သော် ယမန်နှစ်တွင် ရမှတ်နည်းသော လူသစ်စုဆောင်းမှုအတွက် ယခုအချိန်အထိ ကွာခြားချက်မှာ သိသာထင်ရှားခြင်း မရှိဟု ဆိုသည်။ ယေဘုယျအားဖြင့်၊ ထိုစုဆောင်းမှု၏ ၁၁.၄% သည် boot camp တွင် မအောင်မြင်ခဲ့ဘဲ သတ်မှတ်အမှတ်များ ရရှိခဲ့သည့်သူများသည်လည်း boot camp တွင် ၆.၅%မှာ မအောင်မြင်ဖြစ်ခဲ့မှုကို နှိုင်းယှဉ်ပါက ကွာခြားမှုသိပ်မရှိခဲ့ပါ။ ရေတပ်ခေါင်းဆောင်များသည် အလားအလာရှိသော ရေတပ်သားများကို တိုးချဲ့ရန် ကြိုးပမ်းမှုတွင် အထက်တန်းကျောင်း အထောက်အထားမရှိသူများကို စစ်သားအဖြစ် စုဆောင်းဖွင့်လှစ်ရန် အချိန်အတော်ကြာ ဆွေးနွေးနေခဲ့သည်ဟု ၎င်းက ဆိုသည်။ “ကျွန်တော်တို့ နောက်ဆုံးတော့ ဆုံးဖြတ်လိုက်ပါပြီ။ဆုံးဖြတ်တဲ့အတိုင်းသွားကြမယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

“ကျနော့်တို့ ဒီစွန့်စားမှုကို လက်ခံဖို့ အငြင်းအခုံလုပ်ပြီး ကျနော်တို့မှာ boot camp က လုပ်နိုင်စွမ်းရှိတယ်။ တပ်သားလိုအပ်ချက်ထိုင်ခုံတွေ မပြည့်သေးပါဘူး။ ဒါကြောင့် ကျွန်တော့်အနေနဲ့ စွန့်စားဖို့ ဆန္ဒရှိပါတယ်” ဟု သူက ဆိုသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 46 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 49 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 51 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 51 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 45 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 49 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 62 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 57 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက