နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ ဒီဇင်ဘာလ 7 ရက်

မြန်မာ့နိုင်ငံရေး

မြန်မာ့နိုင်ငံရေး

မေလထဲ စစ်အုပ်စုရဲ့ လေကြောင်းကြောင့် ပြည်သူ (၅၂)ဦးအထိသေဆုံးခဲ့ရ

မေလ (၃၁)ရက်။

အခုမေလထဲ အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ (၅၂)ဦးအထိသေဆုံးခဲ့ရတယ်လို့ AAPP ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

နိုင်ငံတဝန်းမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် အမျိုသမီး (၂၂)ဦးနဲ့ အမျိုးသား (၃၀)ဦး သေဆုံးခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။

အဲ့ဒီထဲမှာ အသက် (၁၈)နှစ်အောက် ကလေးငယ် (၆)ဦးနဲ့ အသက်(၆၀)နှစ်နဲ့အထက် သေဆုံးသူ (၉)ဦးပါဝင်တယ်လို့ ဖော်ပြထားပါတယ်။

သေဆုံးသူ (၅၂)ဦးထဲ မကွေးတိုင်းမှာ အများဆုံးဒေသဖြစ်ပြီး သေဆုံးသူဦးရေဟာ (၂၂)ဦးအထိရှိခဲ့တယ်လို့ ရေးသားထားပါတယ်။

ဒါ့ပြင် စစ်အုပ်စုရဲ့ လက်နက်ကြီးပစ်ခတ်တာတွေဟာ ရခိုင်ပြည်နယ်မှာ အများဆုံးဖြစ်ခဲ့ပြီး (၁၃)ဦးအထိ သေဆုံးခဲ့ရတယ်လို့ ပြောဆိုထားပါတယ်။

(၃)နှစ်ကျော်ကာလထဲ အကြမ်းဖက်စစ်အုပ်စုနဲ့ သူ့ရဲ့လက်ပါးစေတွေကြောင့် နွေဦးတော်လှန်ရေးထဲ သေဆုံးခဲ့ရသူ (၅၁၆၁)ဦးရှိပြီလို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာ့နိုင်ငံရေး

အိန္ဒိယအစိုးရအနေနဲ့ တော်လှန်ရေးအင်အားစုတွေကို တရားဝင်မဟုတ်တဲ့နည်းနဲ့ တွေ့ဆုံတာက မှားယွင်းတဲ့ချဉ်းကပ်မှုလို့ အရပ်ဘက်အဖွဲ့အချို့ ထုတ်ပြန်

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 5 ရက်
  • 9 Views
ဒီဇင်ဘာ (၅)ရက်။ အိန္ဒိယအစိုးရအနေနဲ့ စစ်အုပ်စုကို တရားဝင်ဖိတ်ကြား တွေ့ဆုံပြီး တော်လှန်ရေးအင်အားစုတွေကို တရားဝင်မဟုတ်တဲ့ နည်းလမ်းနဲ့ တွေ့ဆုံတာက မှားယွင်းတဲ့ချဉ်းကပ်မှုလို့ အရပ်ဘက်အဖွဲ့အစည်းအချို့ရဲ့
မြန်မာ့နိုင်ငံရေး

ရေဦးနဲ့ တန့်ဆည်မှာ စစ်ကောင်စီတပ်က အိမ်ခြေ (၁၇၀)ကျော် မီးရှို့ဖျက်ဆီးခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 19 ရက်
  • 29 Views
နိုဝင်ဘာလ (၁၉)ရက်။ နိုဝင်ဘာလ (၁၇)ရက်နေ့က ရေဦးနဲ့ တန့်ဆည်မြို့ရှိ ကျေးရွာ (၉)ရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ People’s Defense
မြန်မာ့နိုင်ငံရေး မြန်မာသတင်း

ပုလဲမြို့ကို စစ်ဆင်ရေး (၂)ရက်အကြာမှာ လေကြောင်းပစ်ကူတွေကြားကနေ သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့၊ တိုက်ပွဲထဲ BNRA ရဲဘော် (၉)ဦးကျဆုံး

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 17 ရက်
  • 33 Views
နိုဝင်ဘာလ (၁၇)ရက်။ ပုလဲမြို့ကို စစ်ဆင်ရေးစတင်ခဲ့ပြီး (၂)ရက်အကြာမှာ ထွေအုပ်ရုံးနဲ့ ရဲစခန်းတို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး လေကြောင်းပစ်ကူတွေကြားကနေ ထိန်းချုပ်နိုင်ခဲ့တယ်လို့ BNRA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပုလဲမြို့ကို စစ်ကောင်စီရဲ့ နမခ၊ တံတားဦးလေတပ်၊ ရှမ်းတဲလေတပ်နဲ့
မြန်မာ့နိုင်ငံရေး

PDF တပ်ရင်းတွေအားလုံးအတွက် တစ်ကြိမ်ထောက်ပံ့ရင် ကန်ဒေါ်လာ တစ်သန်းကျော်ကုန်ကျတယ်လို့ NUG ပြော

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 13 ရက်
  • 32 Views
နိုဝင်ဘာလ (၁၃)ရက်။ PDF တပ်ရင်းအားလုံးအတွက် ထောက်ပံ့တာတစ်ကြိမ်ကို အမေရိကန်ဒေါ်လာ တစ်သန်းကျော်ကုန်ကျတယ်လို့ NUG ဝန်ကြီးချုပ်ရုံးရဲ့ ပြောခွင့်ရ ဦးနေဘုန်းလတ်ရဲ့ မနေ့က ပြောဆိုထားချက်အရ သိရပါတယ်။ “ တပ်ရင်းတွေရဲ့ ရိက္ခာဖိုးနဲ့ အထွေထွေအသုံးစရိတ်တွေကို ပို့တဲ့အခါမှာ လစဉ်ပို့ဆောင်တာမျိုးမဟုတ်ဘဲ
မြန်မာ့နိုင်ငံရေး

ထားဝယ်မှာ သန်းခေါင်စာရင်းကောက်နေတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရ၊ 

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 1 ရက်
  • 57 Views
စစ်ကောင်စီဘက်က (၈)ဦးထက်မနည်းသေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရရှိခဲ့ နိုဝင်ဘာလ (၁)ရက်။ ထားဝယ်ခရိုင်ထဲ သန်းခေါင်စာရင်းကောက်နေတဲ့ စစ်ကောင်စီတပ်သားတွေကို (၃)ကြိမ်ဆက်တိုက် ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ထားဝယ်မြို့နယ်ပကဖရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အောက်တိုဘာလ (၁၅)ရက်နေ့နဲ့ (၁၆)ရက်နေ့က သရက်ချောင်းမြို့နယ်၊ ရန်တောင်ရွာနဲ့
မြန်မာ့နိုင်ငံရေး

န္ဦေးတော်လှန်ရေး ကျန်းမာရေးသူရဲကောင်းတွေနဲ့ NUG ကျန်းမာရေးဝန်ကြီးဌာနကို The Edward Barsky Award ဆု အမေရိကန်ကျန်းမာရေးအဖွဲ့ ချီးမြှင့်

  • 2024 ခုနှစ်၊ အောက်တိုဘာလ 31 ရက်
  • 59 Views
အောက်တိုဘာလ (၃၁)ရက်။ အမေရိကန်ပြည်သူ့ကျန်းမာရေးအဖွဲ့ အခုနှစ် ညီလာခံက နွေဦးတော်လှန်ရေး ကျန်းမာရေး သူရဲကောင်းတွေနဲ့ NUG ကျန်းမာရေးဝန်ကြီးဌာနကို The Edward Barsky Award ဆု ချီးမြှင့်ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အမေရိကန်ပြည်သူ့ကျန်းမာရေးအဖွဲ့ရဲ့ ၂၀၂၄ခုနှစ်
မြန်မာ့နိုင်ငံရေး

လူထုတော်လှန်ရေးကြီး အောင်မြင်ပြီးမြောက်ဖို့ ဆက်လက်ကြိုးပမ်းသွားမယ်လို့ KNPP ပြော

  • 2024 ခုနှစ်၊ အောက်တိုဘာလ 26 ရက်
  • 46 Views
အောက်တိုဘာလ (၂၆)ရက်။ လူထုတော်လှန်ရေးကြီး အောင်မြင်ပြီးမြောက်စေဖို့ အတူတကွ ဆက်လက်ကြိုးပမ်းသွားမယ်လို့ KNPP ရဲ့ ဒီကနေ့မှာကျရောက်တဲ့ SNLD တည်ထောင်တာ (၃၆)နှစ်မြောက်အခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာမှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ KNPP အနေနဲ့ အားလုံးသော ရှမ်းတော်လှန်ရေးခေါင်းဆောင်တွေအပါအဝင်
မြန်မာ့နိုင်ငံရေး မြန်မာသတင်း

လားရှိုးမြို့ကို စစ်ကောင်စီက တရက်ထဲ ဗုံး (၅)လုံး ကြဲချတိုက်ခိုက်၊ အရပ်သားတစ်ဦးသေဆုံးပြီး စက်ရုံအချို့ ထိခိုက်ပျက်စီးခဲ့

  • 2024 ခုနှစ်၊ အောက်တိုဘာလ 26 ရက်
  • 45 Views
အောက်တိုဘာလ (၂၆)ရက်။ မနေ့က နေ့လယ်ပိုင်းအချိန် လားရှိုးမြို့ရှိ မယ်ဟန်ရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံး (၅)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ MNDAA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နေ့လယ် (၁)နာရီကျော်ကနေ (၁)နာရီခွဲဝန်းကျင်အထိ