နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 13 ရက်

မြန်မာ့နိုင်ငံရေး

မြန်မာ့နိုင်ငံရေး

န္ဦေးတော်လှန်ရေး ကျန်းမာရေးသူရဲကောင်းတွေနဲ့ NUG ကျန်းမာရေးဝန်ကြီးဌာနကို The Edward Barsky Award ဆု အမေရိကန်ကျန်းမာရေးအဖွဲ့ ချီးမြှင့်

အောက်တိုဘာလ (၃၁)ရက်။

အမေရိကန်ပြည်သူ့ကျန်းမာရေးအဖွဲ့ အခုနှစ် ညီလာခံက နွေဦးတော်လှန်ရေး ကျန်းမာရေး သူရဲကောင်းတွေနဲ့ NUG ကျန်းမာရေးဝန်ကြီးဌာနကို The Edward Barsky Award ဆု ချီးမြှင့်ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အမေရိကန်ပြည်သူ့ကျန်းမာရေးအဖွဲ့ရဲ့ ၂၀၂၄ခုနှစ် ညီလာခံကို အမေရိကန်နိုင်ငံ၊ Minnesota ပြည်နယ်၊ Minneapolis မြို့မှာ ကျင်းပခဲ့ပြီး ဆုကို NUG ကျန်းမာရေးဝန်ကြီး ပါမောက္ခ ဒေါက်တာဇော်ဝေစိုးက လက်ခံရယူခဲ့တယ်လို့ ဆိုပါတယ်။

ဒီဆုဟာ အကြမ်းဖက်စစ်ကောင်စီရဲ့ လက်ချက်နဲ့ ထိခိုက်ကျဆုံးတာ၊ ဖမ်းဆီးနှိပ်စက်ခံရတာနဲ့ ရှေ့တန်းစစ်မြေပြင်နဲ့ ဒေသအသီးသီးမှာ သက်စွန့်ကြိုးပမ်းနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ရည်ညွှန်းဂုဏ်ပြုတယ်လို့ ဝန်ကြီးက ပြောဆိုခဲ့ပါတယ်။

အခုလို ကျန်းမာရေးအခွင့်အရေးနဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ အခြေအနေတွေကို ကမ္ဘာကြီးအနေနဲ့ နှုတ်ဆိတ်မနေသင့်ဘဲ ပစ်မှတ်ထား တိုက်ခိုက်နေတာကို ကာကွယ်ပေးဖို့ အသံတွေကို မြှင့်တင်ရမယ်လို့ တိုက်တွန်းထားပါတယ်။

မြန်မာမှာသာမက ပဋိကပက္ခဖြစ်ပွားတဲ့ ဒေသတွေရှိ ကျန်းမာရေးလုပ်သားတွေကို အကာအကွယ်ပေးဖို့နဲ့ ကျန်းမာရေးကဏ္ဍကို လက်နက်သဖွယ် အသုံးပြုတာကို တားဆီးပေးဖို့ တောင်းဆိုခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်တာက လက်နက်မဟုတ်ဘူးလို့ ဝန်ကြီးက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

The Edward Barsky Award ဆုဟာ ကျန်းမာရေး၊ လူမှုတရားမျှတမှုနဲ့ လူ့အခွင့်အရေးတို့မှာ ထူးခြားထက်မြက်စွာ ပံ့ပိုးကူညီတာတွေ ပြုလုပ်ခဲ့တဲ့ အဖွဲ့အစည်း သို့မဟုတ် လူပုဂ္ဂိုလ်တွေကို ဂုဏ်ပြုတဲ့ ထင်ရှားတဲ့ဆုဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် CDM မှာပါဝင်တဲ့ ကျန်းမာရေးဝန်ထမ်းတွေဟာ စစ်ကောင်စီရဲ့ အသက်အန္တရာယ် ခြိမ်းခြောက်တာတွေ၊ စိန်ခေါ်တာတွေကြားက NUG ကျန်းမာရေးဝန်ကြီးဌာနနဲ့ လက်တွဲကာ ပြည်သူတွေအတွက် ကျန်းမာရေးစောင့်ရှောက်တာတွေကို ရဲဝံ့စွာ ပေးအပ်နေတဲ့အတွင် ဆုချီးမြှင့်ခံရတာလို့ ဆိုပါတယ်။

နောက်ပြီး နွေဦးတော်လှန်ရေး ကျန်းမာရေးသူရဲကောင်းတွေနဲ့ NUG ကျန်းမာရေးဝန်ကြီးဌာနရဲ့ လုပ်ဆောင်ချက်တွေဟာ ခံနိုင်ရည်နဲ့ ရဲစွမ်းသတ္တိကို မီးမောင်းထိုးပြနေသလို မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ တရားမျှတမှုအတွက် ဆက်လက်တိုက်ပွဲဝင်နေသူတွေအတွက် မျှော်လင့်ချက်တစ်ခုဖြစ်တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း မြန်မာ့နိုင်ငံရေး အရှေ့တောင်အာရှ

အာဆီယံနိုင်ငံအချို့က ခွဲခြားဆက်ဆံတယ်ဆိုပြီး စစ်ကော်မရှင်နိုင်ငံခြားရေးပြော

  • 2026 ခုနှစ်၊ မေလ 11 ရက်
  • 17 Views
မေလ (၁၁)ရက်။ ပြီးခဲ့တဲ့ (၅)နှစ်ထဲ အာဆီယံနိုင်ငံအချို့ရဲ့ သဘောထားနဲ့ မြန်မာနိုင်ငံအပေါ် ခွဲခြားဆက်ဆံတာတွေ ပြုလုပ်ခဲ့တယ်ဆိုပြီး စစ်ကော်မရှင်နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ခဲ့တယ်လို့
တရုတ် မြန်မာ့နိုင်ငံရေး

မြန်မာနိုင်ငံထဲ ပဋိပက္ခတွေ မြင့်တက်လာမှာ မလိုလားဘူးလို့ တရုတ်အထူးကိုယ်စားလှယ်ပြော

  • 2025 ခုနှစ်၊ အောက်တိုဘာလ 16 ရက်
  • 236 Views
အောက်တိုဘာလ (၁၆)ရက်။ မြန်မာနိုင်ငံထဲ ပဋိပက္ခတွေ မြင့်တက်လာမှာ မလိုလားဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ် Mr. Deng Xijiun က
မြန်မာ့နိုင်ငံရေး

အကြောင်းအမျိုးမျိုးကြောင့် MOD အောက်ကနေ ထွက်သွားကြတဲ့ တပ်ရင်းအချို့ရှိတယ်လို့ NUG ဝန်ခံ

  • 2025 ခုနှစ်၊ မတ်လ 4 ရက်
  • 433 Views
မတ်လ (၄)ရက်။ အကြောင်းအမျိုးမျိုးကြောင့် MOD ရဲ့ CoC အောက်ကနေ နှုတ်ထွက်သွားကြတဲ့ တပ်ရင်းအချို့ရှိတယ်လို့ NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်က ဒီကနေ့မှာပြုလုပ်တဲ့ Press Briefing အစီအစဉ်မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “
မြန်မာ့နိုင်ငံရေး

စစ်အာဏာသိမ်းတာကို ဘယ်လိုကာကွယ်မလဲ ?

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 19 ရက်
  • 517 Views
စစ်အာဏာသိမ်းတာကို ဘယ်လိုကာကွယ်မလဲ။ ဦးထွန်းအောင်ကျော်နဲ့ ဦးကြီးမြင့်တို့ရဲ့ ဆွေး‌နွေးမှု ဒုတိယပိုင်းကို တင်ဆက်လိုက်ပါတယ်။ ဒီဆွေး‌နွေးမှုမှာ စစ်အာဏာသိမ်းတာကနေ ဘယ်လိုကာကွယ်သင့်သလဲဆိုတာကို သူတို့နှစ်ဦးရဲ့အမြင်တွေကို တင်ပြကြသလို ဒုတိယမေးခွန်းဖြစ်တဲ့ ဒီမိုကရေစီစနစ် ခိုင်မာအောင်ဘာတွေလိုအပ်မလဲဆိုတာကို သူတို့ရှုထောင့်တွေကနေ တဆက်တည်း ဆွေး‌နွေး ထားကြပါတယ်။ ခေတ်မျက်လုံးအယ်ဒီတာအဖွဲ့
မြန်မာ့နိုင်ငံရေး

(၄)နှစ်တာထဲ အကြမ်းဖက်စစ်အုပ်စုကြောင့် ကလေးငယ် (၇၀၀)နီးပါးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်
  • 426 Views
ဇန်နဝါရီလ (၁၈)ရက်။ အာဏာသိမ်း (၄)နှစ်တာကာလထဲ အကြမ်းဖက်စစ်အုပ်ကြောင့် နိုင်ငံတဝန်းရှိ အသက် (၁၈)နှစ်အောက် ကလေးငယ် (၆၉၃)ဦး သေဆုံးခဲ့တယ်လို့ AAPP ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီကာလထဲ အသက် (၁၈)နှစ်အောက် ကလေးငယ်သေဆုံးခဲ့တာမှာ
မြန်မာ့နိုင်ငံရေး မြန်မာသတင်း

အောင်ပန်းမြို့ရဲစခန်းက‌ အချုပ်ဖောက်ထွက်ပြေးသူတွေကို ဖမ်းမိတယ်လို့ စစ်ကောင်စီပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 17 ရက်
  • 495 Views
ဇန်နဝါရီလ (၁၇)ရက်။ ‌အောင်ပန်းမြို့ရဲစခန်းကနေ အချုပ်ခန်းဖောက် ထွက်ပြေးသွားသူတွေအားလုံးကို ပြန်လည်ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီချန်နယ်တွေရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အောင်ပန်းရဲစခန်းရဲ့ အချုပ်ခန်းကနေ ထွက်ပြေးသွားသူတွေထဲက (၂)ဦးကို ဖြစ်တဲ့နေ့မှာပဲ ဖမ်းမိခဲ့တာ။ နောက်ပြီးတော့ (၁၄)ရက်မှာ (၂)ဦးနဲ့
မြန်မာ့နိုင်ငံရေး

(၁)လတာထိုးစစ်အပြီး မံစီမြို့သိမ်းအောင်ပွဲ ABSDF ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်
  • 674 Views
ဇန်နဝါရီလ (၉)ရက်။ တော်လှန်ရေးတပ်တွေရဲ့ (၁)လတာ ထိုးစစ်အပြီး မံစီမြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တဲ့ အောင်ပွဲအနေနဲ့ ABSDF က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ မံစီမြို့အခြေစိုက် စစ်ကောင်စီရဲ့ တပ်ရင်းတွေဖြစ်တဲ့ ခမရ(၆၀၁)၊ ခမရ(၃၁၉)နဲ့ အမတ(၃၅၂)တို့ကို သိမ်းပိုက်နိုင်ခဲ့တာလို့
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာ့နိုင်ငံရေး

ရခိုင်ရှိ တရုတ်စီမံကိန်း (၁၀)ခုကို AA ထိန်းချုပ်ထား

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 28 ရက်
  • 834 Views
ဒီဇင်ဘာလ (၂၈)ရက်။ ရခိုင်ပြည်နယ်ရှိ တရုတ်စီမံကိန်း (၁၀)ခုကို အာရက္ခတပ်တော်(AA)က ထိန်းချုပ်ထားတယ်လို့ ISP-MYANMAR ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အခု ဒီဇင်ဘာလ (၂၄)ရက်နေ့အထိ ရရှိထားတဲ့ အချက်အလက်တွေအရ ရခိုင်ပြည်နယ်ရှိ တရုတ်စီမံကိန်း (၁၁)ခုထဲက