နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 7 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းသမ္မတနဲ့ ဗြိတိန်ဝန်ကြီးချုပ်တို့ ဗြိတိန်မှာ တွေ့ဆုံ, ယူကရိန်းကို ဗြိတိန်က ဆက်လက်ထောက်ခံမယ်လို့ အတည်ပြု

မတ်လ (၂) ရက်။

ယူကရိန်းသမ္မတ ဗလာဒီမာဇလန်းစကီးဟာ ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာနဲ့ စနေနေ့မှာ တွေ့ဆုံခဲ့ပြီး ယူကရိန်းသမ္မတကို ‌ဒေါ်နယ်ထရန့်က ကျယ်လောင်စွာ ပြစ်တင်ဝေဖန်ခဲ့တဲ့ကိစ္စအပေါ်မှာ ဥရောပခေါင်းဆောင်တွေအကြား ဖုန်းခေါ်ပြောဆိုမှုတွေနဲ့ အလုပ်ရှုပ်နေကြပါတယ်။

အစည်းအဝေးမစမီ စတာမာက ဇလန်းစကီးကို “ ကျွန်တော်တို့ ခင်ဗျားနဲ့အတူ ရပ်တည်နေတယ်။ ယူကရိန်းပြည်သူတွေနဲ့အတူ ရပ်တည်နေတယ်။ ဘယ်လောက်ပဲကြာကြာ အတူတူရပ်တည်နေမယ်။ နောက်ပြီး ဒီကိုလာနေတုံး ယူနိုင်တက်ကင်းဒမ်က ပြည်သူတွေက လမ်းပေါ်မှာ ခင်‌ဗျားကို ကောင်းချီးပေးနေသံတွေ ခင်ဗျားကြားမှာပေါ့။ သူတို့က ခင်ဗျားကို ဘယ်လောက်ထောက်ခံသလဲဆိုတာ သူတို့ ယူကရိန်းကို ဘယ်လောက်ထောက်ခံသလဲဆိုတာကို ပြသနေတာပါ။ ကျွန်တော်တို့ ခင်ဗျားနဲ့ အတူရပ်တည်သွားမယ်ဆိုတာကို အဆုံးစွန်ဆုံးဖြတ်ထားပါတယ်။

“ ဒီစစ်ပွဲအစကတည်းက ကြီးမားတဲ့ ပံ့ပိုးကူညီမှုကို ပေးခဲ့တဲ့ ဗြိတိန်ပြည်သူတွေကို ကျေးဇူးအထူးတင်ချင်ပါတယ်” လို့ ဇလန်းစကီးက စတာမာကို ပြန်လည်ပြောကြားခဲ့ပါတယ်။

“ ကျွန်တော်တို့မှာ ဒီလိုလုပ်ဖော်ကိုင်ဖက်တွေနဲ့ ဒီလို မိတ်ဆွေသူငယ်ချင်းတွေရှိလို့ တကယ်ကို ဝမ်းသာ မိပါတယ်” လို့ ယူကရိန်းသမ္မတက ပြောကြားခဲ့ပြီး တနင်္ဂနွေနေ့မှာ ဗြိတိန်ဘုရင်ချားစ်နဲ့ တွေ့ဆုံဖို့ ဖိတ်ကြားချက်ကို လက်ခံခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

ဇလန်းစကီးဟာ တွေ့ဆုံမှုပြီးဆုံးတဲ့နောက် စနေနေ့ညနေခင်းမှာ ဒေါင်းနင်းအိမ်နံပါတ် ၁၀ ကနေ စတာမာနဲ့အတူ ထွက်လာတာကို တွေ့မြင်ခဲ့ရပါတယ်။ အဲ့ဒီနောက် ဇလန်းစကီးက ကားထဲကို ၀င်သွားစဉ် စတာမာက အတွင်းထဲကို ပြန်ဝင်သွားပါတယ်။ မီဒီယာကိုတော့ စကားပြောဆိုခဲ့တာ မရှိခဲ့ပါဘူး။

ရုရှားနဲ့ ယူကရိန်းအတွက် ငြိမ်းချမ်းရေး အစီအစဉ်တွေ ဆွေးနွေးဖို့ အရေးပေါ် ထိပ်သီးအစည်းအဝေးမှာ ဥရောပခေါင်းဆောင်တွေ တနင်္ဂနွေနေ့မှာ တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။

ဗြိတိန်ဝန်ကြီးချုပ် စတားမာနဲ့ ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်တို့ဟာ လွန်ခဲ့တဲ့ ၃ နှစ်က ရုရှားတို့ကျူးကျော်ခဲ့တဲ့ ယူကရိန်းကို ဆက်လက်ထောက်ခံအားပေးဖို့ ထရန့်ကို စည်းရုံးသိမ်းသွင်းဖို့ ကြိုးပမ်းမှုကို ဦးဆောင်ခဲ့ကြပါတယ်။ မီဒီယာတွေရှေ့မှာ ဘဲဥပုံရုံးခန်းအတွင်း စကားအခြေတင် ဖြစ်ခဲ့တာကြောင့်အမေရိကန်ရဲ့ ထောက်ပံ့မှုတွေ ဆက်လက်ရှိနေဦးမှာလား။ အမေရိကန်ပြည်ထောင်စုဟာ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ သိသိသာသာ ထိတွေ့ဆက်ဆံမှု ပြုလုပ်မယ်ဆိုပါက မေးခွန်းထုတ်စရာ ဖြစ်လာမှာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ နှစ် ၈၀ ကျော်က တည်ထောင်ခဲ့တဲ့ အတ္တလန္တိတ်ဖြတ်ကျော် မဟာမိတ်အဖွဲ့နေတိုးမှာ ကွဲလွဲမှုတွေဟာ လူအများအမြင်မှာ ပေါက်ကြားလာတဲ့အတွက် ဥရောပနိုင်ငံအများစုဟာ ယူကရိန်းကို ထောက်ခံကြပြီး ဝါရှင်တန်နဲ့ ခွဲထွက်ခဲ့ကြပါတယ်။

“လွတ်လပ်တဲ့ကမ္ဘာမှာ ခေါင်းဆောင်အသစ် လိုအပ်နေတယ်ဆိုတာ ဒီနေ့မှာ ရှင်းလင်းလာပါတယ်။ ဥရောပသားတွေက ဒီစိန်ခေါ်မှုကို ကိုင်တွယ်ဖို့က ကျွန်တော်တို့ အပေါ်မှာ မူတည်ပါတယ်” လို့ ဥရောပသမဂ္ဂ နိုင်ငံခြားရေးဝန်ကြီး ကာဂျာကောလ်လပ်စ် (Kaja Kallas) က ပြောကြားခဲ့ပါတယ်။

သောကြာနေ့က တွေ့ဆုံမှုဟာ ယူကရိန်းရဲ့ အရေးပါတဲ့ သတ္တုတွင်းထွက်တွေဆိုင်ရာ သဘောတူညီချက်တစ်ရပ်ကို စတင်ဆွေးနွေးဖို့ ရည်ရွယ်ထားပေမဲ့ ထရန့် နဲ့ ဒုသမ္မတ ဂျေဒီဗန့်စ်တို့က ဇလန်းစကီးကို ဝေဖန်ပြောဆိုကာ ကျေးဇူးမတင်တတ်ကြောင်း အပစ်တင်ပြောကြားခဲ့ကြပါတယ်။

ဥရောပခေါင်းဆောင်တွေကတော့ အလျင်အမြန်ပဲ ယူကရိန်းခေါင်းဆောင်ကို ထောက်ခံခဲ့ကြပါတယ်။

ဇလန်းစကီးရဲ့ “ ဂုဏ်သိက္ခာရှိမှုနဲ့ ယူကရိန်းပြည်သူတွေရဲ့ ရဲစွမ်းသတ္တိကို ဂုဏ်ပြုပါတယ်” လို့ ဥရောပကော်မရှင်ဥက္ကဋ္ဌ အာစူလာဗွန်ဒါလီယန် (Ursula von der Leyen) က X မှာ ရေးသားခဲ့ပါတယ်။ “ အားတင်းထားပါ၊ ရဲရင့်ပါ၊ မကြောက်ပါနဲ့။ ချစ်လှစွာသောသမ္မတ ဇလန်းစကီး ရှင်တစ်ယောက်တည်း ဘယ်တော့မှ မဟုတ်ပါဘူး။ တရားမျှတပြီး ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးအတွက် ရှင်နဲ့ ကျွန်မတို့ ဆက်ပြီးလက်တွဲသွားမယ်” လို့ အားပေး‌ရေးသားခဲ့ပါတယ်။

“ဒီကြောက်စရာကောင်းတဲ့စစ်ပွဲမှာ ရန်လိုကျူးကျော်သူနဲ့ သားကောင်တွေကို ဘယ်တော့မှ မရောယှက်ရဘူး” လို့ ဂျာမနီရဲ့ ခေါင်းဆောင်သစ် ဖြစ်လာမယ့် ဖရက်ဒရစ်ချ် မာ့ဇ် (Friedrich Merz ) ကလည်း ထုတ်ဖော်ပြောဆိုထားပါတယ်။

မက်ခရွန်က “ ယူကရိန်းနိုင်ငံသားတွေဟာ သူတို့ရဲ့ဂုဏ်သိက္ခာ၊ သူတို့ရဲ့လွတ်လပ်မှု၊ သူတို့ရဲ့ကလေးတွေအတွက်နဲ့ ဥရောပလုံခြုံရေးအတွက် တိုက်ပွဲဝင်နေတာကို လေးစားဖို့ မရှိမဖြစ် လိုအပ်တယ်” လို့ ပြောပါတယ်။

တင်းမာခဲ့တဲ့ ဘဲဥပုံရုံးခန်းအစည်းအဝေးအပြီးမှာ ယူကရိန်းသမ္မတအား နုတ်ထွက်ဖို့ တောင်းဆိုခဲ့တဲ့ တောင်ကာလိုလိုင်းနား ရီပတ်ပလီကင် အထက်လွှတ်တော်အမတ် လင်ဆေးဂရေဟမ် (Lindsey Graham) က ဇလန်းစကီးကို ထောက်ခံတဲ့အတွက် ဥရောပခေါင်းဆောင်တွေကို အပြစ်တင်ရှုတ်ချခဲ့ပါတယ်။

“ ဥရောပတိုက်သားတွေက ဇလန်းစကီးကို စု‌ပြုံပြီး ထောက်ခံနေကြတယ်။ ဒါကတော့ ဥရောပသားတွေကို ပေးချင်တဲ့ မက်ဆေ့ချ်ပါ။ မင်းရဲ့တိုက်ကြီးကို မင်းတို့ဘာသာ ခုခံကာကွယ်ရမယ့်အချိန် ရောက်ပြီ” လို့ စနေနေ့က Breitbart ရေဒီယိုနဲ့ အင်တာဗျူးမှာ ဂရေဟမ်က ပြောခဲ့ပါတယ်။ “စစ်ပွဲ ရပ်တန့်ဖို့ ခင်ဗျားတို့ရဲ့ စစ်တပ်ကို ထုတ်သုံးဖို့ အချိန်တန်ပြီ ဖြစ်တယ်။ ပူတင်အပေါ် တင်းတင်းမာမာ ရိုင်းစိုင်းတဲ့ စကားလုံးတွေကို အသုံးချချင်ရင် မင်းတို့ကြွက်သားတွေကို ထုတ်သုံးဖို့ ပြင်ဆင်ကြပေါ့” လို့ ဆိုခဲ့ပါတယ်။

အိမ်ဖြူတော်က ရေးဆွဲထားတဲ့ သတ္တုတွင်းထွက် သဘောတူညီချက်စာချုပ်နဲ့အတူ စစ်ပွဲကို အဆုံးသတ်ဖို့အတွက် ဘယ်သဘောတူညီချက်မဆို လုံခြုံရေးအာမခံချက် ပါဝင်ရမှာ ဖြစ်ကြောင်း ဇလန်းစကီးက အခိုင်အမာ ပြောဆိုခဲ့ပါတယ်။ ဒီအာမခံချက်တွေဟာ အရင် သဘောတူညီချက်တွေကို ချိုးဖောက်ခဲ့တဲ့ မှတ်တမ်းရှိတဲ့ ပူတင်ကို ယူကရိန်းနဲ့ ပြင်ပနေရာတွေမှာ ဆက်လက်တိုက်ခိုက်တာကနေ ထိန်းထားနိုင်မယ့် တစ်ခုတည်းသောအရာဖြစ်တယ်” လို့ သူကပြောပါတယ်။

သောကြာနေ့က ထရန့်က ဇလန်းစကီးကို “ ရိုသေလေးစားမှုမရှိခြင်း” နဲ့ “ တတိယကမ္ဘာစစ်နဲ့ လောင်းကစားလုပ်နေတယ်” လို့ စွပ်စွဲပြောကြားခဲ့ပါတယ်။

အစည်းအဝေးပြီးဆုံးပြီးနောက် ထရန့်က “ ဇလန်းစကီးဟာ ဘဲဥပုံရုံးခန်းမှာ ရိုသေလေးစားထိုက်တဲ့ အမေရိကန်ပြည်ထောင်စုကို မထီမဲ့မြင် ပြုခဲ့တယ်” လို့ ထရန့်က တွေ့ဆုံမှုအပြီးမှာ သူ့ရဲ့ Truth Social ဝဘ်ဆိုဒ်မှာ ရေးသားခဲ့ပါတယ်။ “ငြိမ်းချမ်းရေးအတွက် အဆင်သင့်ဖြစ်တဲ့အခါ သူပြန်လာနိုင်တယ်” လို့လည်း ဆိုထားပါတယ်။

အငြင်းပွားဖွယ် ဘဲဥပုံရုံး အစည်းအဝေးအပြီး တစ်ရက်အကြာမှာ အိမ်ဖြူတော် အရာရှိတစ်ဦးက ထရန့် အစိုးရနဲ့ ယူကရိန်းကြား တိုက်ရိုက်ညှိနှိုင်းဆွေးနွေးမှုတွေကို ဆိုင်းငံ့ထားဆဲဖြစ်တယ်လို့ NBC News ကကို ပြောကြားခဲ့ပါတယ်။

ဇလန်းစကီးနဲ့ ပြန်လည်ဆက်ဆံဖို့ ထရန့် အုပ်ချုပ်ရေးပိုင်းက လိုအပ်တာတွေကို ရှင်းလင်းပြတ်သားစွာပေးထားမှု မရှိပေမဲ့ သောကြာနေ့ညမှာ အိမ်ဖြူတော်ကနေ မထွက်ခွာမီ မေးမြန်းတဲ့အခါ ထရန့်က ဇလန်းစကီးဟာ “ ငြိမ်းချမ်းရေး လိုချင်ပါတယ်” လို့ ပြောဆိုရန်လိုပြီး ပူတင်နဲ့ပတ်သက်ပြီး “ အပျက်သဘောဆောင်တဲ့မှတ်ချက်တွေ” ကို ရှောင်ကြဉ်ဖို့ အကြံပြုခဲ့ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

ကမ္ဘောဒီးယား ထိုင်း နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

သြစတြေးလျ၊ တရုတ်နှင့် ဘရာဇီးလ် ရဲစခန်းအတုများ- သိမ်းဆည်းရမိသည့် ကျားဖြန့် (scam) အဆောက်အအုံအတွင်းသို့ BBC ရောက်ရှိခဲ့ခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 38 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် Royal Hill ကာစီနိုနောက်ဘက်ရှိ ခြောက်ထပ်တိုက်၏ မီးမထွန်းထားသောစင်္ကြန်လမ်းများ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြားဆိုင်ရာ ထရမ့်၏ နောက်ဆုံးသတိပေးချက် နီးကပ်လာသော်လည်း အီရန်ဘက်မှ လိုက်လျောမည့် အရိပ်အယောင် မရှိသလောက်ဖြစ်နေ

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 28 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် အီရန်အပေါ် အမေရိကန်-အစ္စရေး ပူးပေါင်းစစ်ဆင်နွှဲနေသည့် ငါးပတ်တာကာလအတွင်း သမ္မတ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့အား အီရန်၏ တိုက်ခိုက်မှုအပြီး နောက်ထပ် ရုပ်အလောင်းနှစ်ခု ထပ်မံတွေ့ရှိ၊ စုစုပေါင်း သေဆုံးသူ လေးဦးအထိ ရှိလာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 27 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် မနေ့က အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့ရှိ လူနေအိမ်ရာ အဆောက်အအုံတစ်ခုကို အီရန်က တိုက်ခိုက်ခဲ့ရာတွင် သေဆုံးခဲ့သူ လေးဦး၏ ရုပ်အလောင်းများကို ယခုအခါ ရှာဖွေတွေ့ရှိပြီဖြစ်ကြောင်း အစ္စရေး
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရန့်က ဟော်မုဇ် ရေလက်ကြားနှင့် ပတ်သက်၍ တီဟီရန်ကို ခြိမ်းခြောက်နေစဉ် အီရန်၊ လက်ဘနွန်နှင့် အစ္စရေးတို့တွင် သေဆုံးမှုများရှိကြောင်း သတင်းထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 25 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၆ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က Truth Social တွင် ရိုင်းစိုင်းသော စကားလုံးများသုံး၍ “အဲဒီ ရေလက်ကြားကို အခုချက်ချင်း ပြန်ဖွင့်လိုက်စမ်း၊ မင်းတို့အရူးတွေ၊ မဟုတ်ရင် ငရဲကျသလို ခံစားရလိမ့်မယ်”
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြား ပြန်ဖွင့်ရန် ထရန့်က နောက်ဆုံးအချိန် ရာဇသံပေးလိုက်သော်လည်း အီရန်က ယာယီအပစ်အခတ်ရပ်စဲရေးကို ငြင်းပယ်လိုက်သည်။

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 23 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် အလွန်အရေးပါသော ကုန်သွယ်ရေးရေလမ်းကြောင်းနှင့် ပတ်သက်၍ ထရန့်နှင့် အီရန်တို့သည် အပြန်အလှန် ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် အီရန်အဆင့်မြင့် အရာရှိ နှစ်ဦးကို သုတ်သင်နိုင်ခဲ့ကြောင်း
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြားနှင့် ပတ်သက်၍ ထရန့်၏ မဆုံးဖြတ်နိုင်ဖြစ်‌နေမှုသည် သူ သူခွင့်ပြုတာထက် ပိုမိုအရေးကြီးနေခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 21 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် “အမေရိကန်ပြည်ထောင်စုဟာ ဟော်မုဇ် ရေလက်ကြားကနေ ရေနံတင်သွင်းတာမျိုး လုံးဝမရှိသလောက်ပါပဲ၊ နောင်မှာလည်း တင်သွင်းမှာမဟုတ်ဘူး။ ကျွန်တော်တို့ အဲဒါကို မလိုအပ်ဘူး။ အရင်ကလည်း မလိုအပ်ခဲ့ဘူး၊ အခုလည်း
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

CNN သတင်းအဖွဲ့ကို အစ္စရေးစစ်သားများက ကိုယ်ထိလက်ရောက် စော်ကားဖမ်းဆီးခဲ့သည့် အနောက်ဘက်ကမ်းခြေ ကျေးရွာအနီးတွင် အစ္စရေးအခြေချနေထိုင်သူများ တရားမဝင် စခန်းသစ်တစ်ခုကို ထပ်မံတည်ဆောက်

  • 2026 ခုနှစ်၊ ဧပြီလ 5 ရက်
  • 23 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် အစ္စရေးအခြေချနေထိုင်သူ အများအပြားသည် ဗုဒ္ဓဟူးနေ့တွင် တာယာဆေးရ်ကျေးရွာသို့ ပြန်လည်ရောက်ရှိလာပြီး ရွာအစွန်၌ တရားမဝင်စခန်းသစ်တစ်ခုကို တည်ဆောက်ခဲ့ကြသည်။ ၎င်းသည် စခန်းတည်ထောင်မှုနှင့် ပတ်သက်၍ CNN ၏
တရုတ် နိုင်ငံတကာသတင်း

‘စနစ်ပိုင်းဆိုင်ရာ ချို့ယွင်းမှု’ ကြောင့် တရုတ်နိုင်ငံအလယ်ပိုင်းတွင် အလိုအလျှောက် မောင်းနှင့်သောတက္ကစီ ( robotaxi) များ ရပ်တန့်သွားကြောင်း ရဲတပ်ဖွဲ့ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 5 ရက်
  • 21 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၅ ရက် ပေကျင်း (ရိုက်တာ) — တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့တွင် Baidu ကုမ္ပဏီ၏ Apollo Go မှ မောင်းနှင်သည့် ရိုဘိုတက္ကစီ (လူမပါဘဲ