နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 22 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းသမ္မတနဲ့ ဗြိတိန်ဝန်ကြီးချုပ်တို့ ဗြိတိန်မှာ တွေ့ဆုံ, ယူကရိန်းကို ဗြိတိန်က ဆက်လက်ထောက်ခံမယ်လို့ အတည်ပြု

မတ်လ (၂) ရက်။

ယူကရိန်းသမ္မတ ဗလာဒီမာဇလန်းစကီးဟာ ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာနဲ့ စနေနေ့မှာ တွေ့ဆုံခဲ့ပြီး ယူကရိန်းသမ္မတကို ‌ဒေါ်နယ်ထရန့်က ကျယ်လောင်စွာ ပြစ်တင်ဝေဖန်ခဲ့တဲ့ကိစ္စအပေါ်မှာ ဥရောပခေါင်းဆောင်တွေအကြား ဖုန်းခေါ်ပြောဆိုမှုတွေနဲ့ အလုပ်ရှုပ်နေကြပါတယ်။

အစည်းအဝေးမစမီ စတာမာက ဇလန်းစကီးကို “ကျွန်တော်တို့ ခင်ဗျားနဲ့အတူ ရပ်တည်နေတယ်။ ယူကရိန်းပြည်သူတွေနဲ့အတူ ရပ်တည်နေတယ်။ ဘယ်လောက်ပဲကြာကြာ အတူတူရပ်တည်နေမယ်။ နောက်ပြီး ဒီကိုလာနေတုံး ယူနိုင်တက်ကင်းဒမ်က ပြည်သူတွေက လမ်းပေါ်မှာ ခင်‌ဗျားကို ကောင်းချီးပေးနေသံတွေ ခင်ဗျားကြားမှာပေါ့။ သူတို့က ခင်ဗျားကို ဘယ်လောက်ထောက်ခံသလဲဆိုတာ သူတို့ ယူကရိန်းကို ဘယ်လောက်ထောက်ခံသလဲဆိုတာကို ပြသနေတာပါ။ ကျွန်တော်တို့ ခင်ဗျားနဲ့ အတူရပ်တည်သွားမယ်ဆိုတာကို အဆုံးစွန်ဆုံးဖြတ်ထားပါတယ်။

“ဒီစစ်ပွဲအစကတည်းက ကြီးမားတဲ့ ပံ့ပိုးကူညီမှုကို ပေးခဲ့တဲ့ ဗြိတိန်ပြည်သူတွေကို ကျေးဇူးအထူးတင်ချင်ပါတယ်” လို့ ဇလန်းစကီးက စတာမာကို ပြန်လည်ပြောကြားခဲ့ပါတယ်။

“ကျွန်တော်တို့မှာ ဒီလိုလုပ်ဖော်ကိုင်ဖက်တွေနဲ့ ဒီလို မိတ်ဆွေသူငယ်ချင်းတွေရှိလို့ တကယ်ကို ဝမ်းသာ မိပါတယ်” လို့ ယူကရိန်းသမ္မတက ပြောကြားခဲ့ပြီး တနင်္ဂနွေနေ့မှာ ဗြိတိန်ဘုရင်ချားစ်နဲ့ တွေ့ဆုံဖို့ ဖိတ်ကြားချက်ကို လက်ခံခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

ဇလန်းစကီးဟာ တွေ့ဆုံမှုပြီးဆုံးတဲ့နောက် စနေနေ့ညနေခင်းမှာ ဒေါင်းနင်းအိမ်နံပါတ် ၁၀ ကနေ စတာမာနဲ့အတူ ထွက်လာတာကို တွေ့မြင်ခဲ့ရပါတယ်။ အဲ့ဒီနောက် ဇလန်းစကီးက ကားထဲကို ၀င်သွားစဉ် စတာမာက အတွင်းထဲကို ပြန်ဝင်သွားပါတယ်။ မီဒီယာကိုတော့ စကားပြောဆိုခဲ့တာ မရှိခဲ့ပါဘူး။

ရုရှားနဲ့ ယူကရိန်းအတွက် ငြိမ်းချမ်းရေး အစီအစဉ်တွေ ဆွေးနွေးဖို့ အရေးပေါ် ထိပ်သီးအစည်းအဝေးမှာ ဥရောပခေါင်းဆောင်တွေ တနင်္ဂနွေနေ့မှာ တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။

ဗြိတိန်ဝန်ကြီးချုပ် စတားမာနဲ့ ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်တို့ဟာ လွန်ခဲ့တဲ့ ၃ နှစ်က ရုရှားတို့ကျူးကျော်ခဲ့တဲ့ ယူကရိန်းကို ဆက်လက်ထောက်ခံအားပေးဖို့ ထရန့်ကို စည်းရုံးသိမ်းသွင်းဖို့ ကြိုးပမ်းမှုကို ဦးဆောင်ခဲ့ကြပါတယ်။ မီဒီယာတွေရှေ့မှာ ဘဲဥပုံရုံးခန်းအတွင်း စကားအခြေတင် ဖြစ်ခဲ့တာကြောင့်အမေရိကန်ရဲ့ ထောက်ပံ့မှုတွေ ဆက်လက်ရှိနေဦးမှာလား။ အမေရိကန်ပြည်ထောင်စုဟာ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ သိသိသာသာ ထိတွေ့ဆက်ဆံမှု ပြုလုပ်မယ်ဆိုပါက မေးခွန်းထုတ်စရာ ဖြစ်လာမှာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ နှစ် ၈၀ ကျော်က တည်ထောင်ခဲ့တဲ့ အတ္တလန္တိတ်ဖြတ်ကျော် မဟာမိတ်အဖွဲ့နေတိုးမှာ ကွဲလွဲမှုတွေဟာ လူအများအမြင်မှာ ပေါက်ကြားလာတဲ့အတွက် ဥရောပနိုင်ငံအများစုဟာ ယူကရိန်းကို ထောက်ခံကြပြီး ဝါရှင်တန်နဲ့ ခွဲထွက်ခဲ့ကြပါတယ်။

“လွတ်လပ်တဲ့ကမ္ဘာမှာ ခေါင်းဆောင်အသစ် လိုအပ်နေတယ်ဆိုတာ ဒီနေ့မှာ ရှင်းလင်းလာပါတယ်။ ဥရောပသားတွေက ဒီစိန်ခေါ်မှုကို ကိုင်တွယ်ဖို့က ကျွန်တော်တို့ အပေါ်မှာ မူတည်ပါတယ်” လို့ ဥရောပသမဂ္ဂ နိုင်ငံခြားရေးဝန်ကြီး ကာဂျာကောလ်လပ်စ် (Kaja Kallas) က ပြောကြားခဲ့ပါတယ်။

သောကြာနေ့က တွေ့ဆုံမှုဟာ ယူကရိန်းရဲ့ အရေးပါတဲ့ သတ္တုတွင်းထွက်တွေဆိုင်ရာ သဘောတူညီချက်တစ်ရပ်ကို စတင်ဆွေးနွေးဖို့ ရည်ရွယ်ထားပေမဲ့ ထရန့် နဲ့ ဒုသမ္မတ ဂျေဒီဗန့်စ်တို့က ဇလန်းစကီးကို ဝေဖန်ပြောဆိုကာ ကျေးဇူးမတင်တတ်ကြောင်း အပစ်တင်ပြောကြားခဲ့ကြပါတယ်။

ဥရောပခေါင်းဆောင်တွေကတော့ အလျင်အမြန်ပဲ ယူကရိန်းခေါင်းဆောင်ကို ထောက်ခံခဲ့ကြပါတယ်။

ဇလန်းစကီးရဲ့ “ဂုဏ်သိက္ခာရှိမှုနဲ့ ယူကရိန်းပြည်သူတွေရဲ့ ရဲစွမ်းသတ္တိကို ဂုဏ်ပြုပါတယ်” လို့ ဥရောပကော်မရှင်ဥက္ကဋ္ဌ အာစူလာဗွန်ဒါလီယန် (Ursula von der Leyen) က X မှာ ရေးသားခဲ့ပါတယ်။ “အားတင်းထားပါ၊ ရဲရင့်ပါ၊ မကြောက်ပါနဲ့။ ချစ်လှစွာသောသမ္မတ ဇလန်းစကီး ရှင်တစ်ယောက်တည်း ဘယ်တော့မှ မဟုတ်ပါဘူး။ တရားမျှတပြီး ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးအတွက် ရှင်နဲ့ ကျွန်မတို့ ဆက်ပြီးလက်တွဲသွားမယ်” လို့ အားပေး‌ရေးသားခဲ့ပါတယ်။

“ဒီကြောက်စရာကောင်းတဲ့စစ်ပွဲမှာ ရန်လိုကျူးကျော်သူနဲ့ သားကောင်တွေကို ဘယ်တော့မှ မရောယှက်ရဘူး” လို့ ဂျာမနီရဲ့ ခေါင်းဆောင်သစ် ဖြစ်လာမယ့် ဖရက်ဒရစ်ချ် မာ့ဇ် (Friedrich Merz ) ကလည်း ထုတ်ဖော်ပြောဆိုထားပါတယ်။

မက်ခရွန်က “ယူကရိန်းနိုင်ငံသားတွေဟာ သူတို့ရဲ့ဂုဏ်သိက္ခာ၊ သူတို့ရဲ့လွတ်လပ်မှု၊ သူတို့ရဲ့ကလေးတွေအတွက်နဲ့ ဥရောပလုံခြုံရေးအတွက် တိုက်ပွဲဝင်နေတာကို လေးစားဖို့ မရှိမဖြစ် လိုအပ်တယ်” လို့ ပြောပါတယ်။

တင်းမာခဲ့တဲ့ ဘဲဥပုံရုံးခန်းအစည်းအဝေးအပြီးမှာ ယူကရိန်းသမ္မတအား နုတ်ထွက်ဖို့ တောင်းဆိုခဲ့တဲ့ တောင်ကာလိုလိုင်းနား ရီပတ်ပလီကင် အထက်လွှတ်တော်အမတ် လင်ဆေးဂရေဟမ် (Lindsey Graham) က ဇလန်းစကီးကို ထောက်ခံတဲ့အတွက် ဥရောပခေါင်းဆောင်တွေကို အပြစ်တင်ရှုတ်ချခဲ့ပါတယ်။

“ဥရောပတိုက်သားတွေက ဇလန်းစကီးကို စု‌ပြုံပြီး ထောက်ခံနေကြတယ်။ ဒါကတော့ ဥရောပသားတွေကို ပေးချင်တဲ့ မက်ဆေ့ချ်ပါ။ မင်းရဲ့တိုက်ကြီးကို မင်းတို့ဘာသာ ခုခံကာကွယ်ရမယ့်အချိန် ရောက်ပြီ” လို့ စနေနေ့က Breitbart ရေဒီယိုနဲ့ အင်တာဗျူးမှာ ဂရေဟမ်က ပြောခဲ့ပါတယ်။ “စစ်ပွဲ ရပ်တန့်ဖို့ ခင်ဗျားတို့ရဲ့ စစ်တပ်ကို ထုတ်သုံးဖို့ အချိန်တန်ပြီ ဖြစ်တယ်။ ပူတင်အပေါ် တင်းတင်းမာမာ ရိုင်းစိုင်းတဲ့ စကားလုံးတွေကို အသုံးချချင်ရင် မင်းတို့ကြွက်သားတွေကို ထုတ်သုံးဖို့ ပြင်ဆင်ကြပေါ့” လို့ ဆိုခဲ့ပါတယ်။

အိမ်ဖြူတော်က ရေးဆွဲထားတဲ့ သတ္တုတွင်းထွက် သဘောတူညီချက်စာချုပ်နဲ့အတူ စစ်ပွဲကို အဆုံးသတ်ဖို့အတွက် ဘယ်သဘောတူညီချက်မဆို လုံခြုံရေးအာမခံချက် ပါဝင်ရမှာ ဖြစ်ကြောင်း ဇလန်းစကီးက အခိုင်အမာ ပြောဆိုခဲ့ပါတယ်။ ဒီအာမခံချက်တွေဟာ အရင် သဘောတူညီချက်တွေကို ချိုးဖောက်ခဲ့တဲ့ မှတ်တမ်းရှိတဲ့ ပူတင်ကို ယူကရိန်းနဲ့ ပြင်ပနေရာတွေမှာ ဆက်လက်တိုက်ခိုက်တာကနေ ထိန်းထားနိုင်မယ့် တစ်ခုတည်းသောအရာဖြစ်တယ်” လို့ သူကပြောပါတယ်။

သောကြာနေ့က ထရန့်က ဇလန်းစကီးကို “ရိုသေလေးစားမှုမရှိခြင်း” နဲ့ “တတိယကမ္ဘာစစ်နဲ့ လောင်းကစားလုပ်နေတယ်” လို့ စွပ်စွဲပြောကြားခဲ့ပါတယ်။

အစည်းအဝေးပြီးဆုံးပြီးနောက် ထရန့်က “ဇလန်းစကီးဟာ ဘဲဥပုံရုံးခန်းမှာ ရိုသေလေးစားထိုက်တဲ့ အမေရိကန်ပြည်ထောင်စုကို မထီမဲ့မြင် ပြုခဲ့တယ်” လို့ ထရန့်က တွေ့ဆုံမှုအပြီးမှာ သူ့ရဲ့ Truth Social ဝဘ်ဆိုဒ်မှာ ရေးသားခဲ့ပါတယ်။ “ငြိမ်းချမ်းရေးအတွက် အဆင်သင့်ဖြစ်တဲ့အခါ သူပြန်လာနိုင်တယ်” လို့လည်း ဆိုထားပါတယ်။

အငြင်းပွားဖွယ် ဘဲဥပုံရုံး အစည်းအဝေးအပြီး တစ်ရက်အကြာမှာ အိမ်ဖြူတော် အရာရှိတစ်ဦးက ထရန့် အစိုးရနဲ့ ယူကရိန်းကြား တိုက်ရိုက်ညှိနှိုင်းဆွေးနွေးမှုတွေကို ဆိုင်းငံ့ထားဆဲဖြစ်တယ်လို့ NBC News ကကို ပြောကြားခဲ့ပါတယ်။

ဇလန်းစကီးနဲ့ ပြန်လည်ဆက်ဆံဖို့ ထရန့် အုပ်ချုပ်ရေးပိုင်းက လိုအပ်တာတွေကို ရှင်းလင်းပြတ်သားစွာပေးထားမှု မရှိပေမဲ့ သောကြာနေ့ညမှာ အိမ်ဖြူတော်ကနေ မထွက်ခွာမီ မေးမြန်းတဲ့အခါ ထရန့်က ဇလန်းစကီးဟာ “ငြိမ်းချမ်းရေး လိုချင်ပါတယ်” လို့ ပြောဆိုရန်လိုပြီး ပူတင်နဲ့ပတ်သက်ပြီး “အပျက်သဘောဆောင်တဲ့မှတ်ချက်တွေ” ကို ရှောင်ကြဉ်ဖို့ အကြံပြုခဲ့ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 82 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 91 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 89 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 90 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 88 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 86 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 103 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 94 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက