နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 7 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းသည် ရုရှားနိုင်ငံအတွင်း မိုင်ထောင်ချီဝေးသော လေတပ်အခြေစိုက်စခန်းများကို ရဲတင်းစွာ စစ်ဆင်တိုက်ခိုက်ခဲ့သည်။

ဇွန်လ (၂) ရက်။

ယူကရိန်းတပ်ဖွဲ့များသည် စစ်ပွဲအစကတည်းက အရဲတင်းဆုံးနှင့် ခေတ်မီဆန်းပြားသော တန်ပြန်ချေမှုန်းမှုတစ်ခုကို ရှေ့တန်းမှ မိုင်ထောင်ပေါင်းများစွာဝေးသော လေယာဉ်ကွင်းများတွင် ရပ်ထားသည့် ရုရှားတိုက်လေယာဉ် ဒါဇင်ပေါင်းများစွာကို ဖျက်ဆီးခဲ့ကြောင်း နိုင်ငံ၏ လုံခြုံရေးဝန်ဆောင်မှု သတင်းရင်းမြစ်တစ်ခုပြောကြားချက်အရ သိရသည်။

ပင့်ကူအိမ် (“ Spiderweb” ) ဟု အမည်ပေးထားသည့် အဆိုပါစစ်ဆင်ရေးတွင် ဒရုန်းများသည် ယူကရိန်းထက် ဂျပန်နှင့် ပိုမိုနီးစပ်သည့် ဘယ်လာယာ (Belaya) ဒေသအပါအဝင် ရုရှား၏ ဧရာမနေရာအနှံ့ပစ်မှတ်များကို ထိမှန်ခဲ့ကြောင်းသတင်းရင်းမြစ်အရသိရှိရသည်။

ရုရှားလေတပ်စခန်း လေးခုတွင်ရှိ လေယာဉ်အစီးရေ ၄၀ ကျော်သည် အစုလိုက်အပြုံလိုက် လောင်ကျွမ်းနေခဲ့ကြောင်း သတင်းရင်းမြစ်က ဆိုသည်။

ယူကရိန်းပြည်တွင်းထောက်လှမ်းရေးအေဂျင်စီ SBU က အဆိုပါတိုက်ခိုက်မှုကြောင့် ပျက်စီး ဆုံးရှုံးမှု ခန့်မှန်းခြေဒေါ်လာ ၇ ဘီလီယံခန့်ရှိခဲ့ပြီး ၎င်း၏အဓိကလေတပ်စခန်းများတွင် ရုရှား၏ မဟာဗျူဟာမြောက် ခရုဇ်ဒုံးကျည်တင်သင်္ဘောများ၏ ၃၄ ရာခိုင်နှုန်းကို ထိမှန်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ရုရှားနှင့် ယူကရိန်းကြား အစ္စတန်ဘူလ်တွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်မည့်အကြို ဒရုန်းတိုက်ခိုက်မှုသည် ဖြစ်ပေါ်လာခြင်းဖြစ်ပြီး ဆွေးနွေးပွဲသည် မရေရာမသေချာမှုများနှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ ဖိအားများကြောင့် တင်းမာနေခဲ့သည်။

ထရန့်အစိုးရအဖွဲ့ကို အဆိုပါ စစ်ဆင်ရေးနှင့်ပတ်သက်၍ ကြိုပြောထားခြင်း မရှိကြောင်း အုပ်ချုပ်ရေး အရာရှိတစ်ဦးက CNN သို့ ပြောကြားခဲ့သည်။

ယူကရိန်းသည် ရုရှား၏ ရန်စမရှိကျူးကျော်မှုနောက်ပိုင်း သုံးနှစ်ကျော်ကြာသည့်တိုင်အောင် ဖိအားများ ဆက်လက်ပေးနိုင်သည်ဟု ရုရှားထံ အသိပေးရန် ရည်ရွယ်သည့် တိုက်ခိုက်မှုများ လုပ်ဆောင်လာခြင်းဖြစ်သည်။ ရုရှားသမ္မတ ဗလာဒီမာပူတင်သည် စနေနေ့ညတွင်းချင်း စစ်ပွဲစတင်ကတည်းက ယူကရိန်းအပေါ် အကြီးမားဆုံးမောင်းသူမဲ့လေယာဉ်ဖြင့် ထိုးစစ်ဆင်ခြင်းအပါအဝင် မော်စကိုက ၎င်း၏တိုက်ခိုက်မှုများနှင့် ထိုးစစ်ဆင်မှုများကို အရှိန်မြှင့်နေခြင်းကြောင့် စစ်ပွဲကို အဆုံးသတ်လိုစိတ်မရှိကြောင်း ကိ့ဗ် မှ စွပ်စွဲခဲ့သည်။

အဆိုပါ စစ်ဆင်ရေးအတွက် တစ်နှစ်ခွဲကျော်ကြာ လုပ်ဆောင်ခဲ့ပြီး ရုရှားပိုင်နက်အတွင်းသို့ ဒရုန်းများ ခိုးသွင်းကာ ထရပ်ကားများပေါ်ရှိ သစ်သားအိမ်များအတွင်း ဝှက်ထားသော ဒရုန်းများ ပါဝင်ခဲ့ကြောင်း လုံခြုံရေးသတင်းရင်းမြစ်မှ ပြောကြားခဲ့သည်။ ထို့နောက် ခေါင်မိုးများကို အဝေးမှအဝေးထိန်းကိရိယာဖြင့်လှမ်းဖွင့်ကာ မောင်းသူမဲ့လေယာဉ်များကို ၎င်းတို့၏ တိုက်ခိုက်မှုကို စတင်ရန် ဖြန့်ကြက်ခဲ့ကြသည်။

ရုရှားနိုင်ငံ အရှေ့ပိုင်း Irkutsk ဒေသရှိ ဘယ်လာယာ (Belaya) လေတပ်စခန်း၏ အရှေ့တောင်ဘက် ခုနစ်ကီလိုမီတာအကွာတွင် နေရာချထားသော လူမှုမီဒီယာဗီဒီယိုတွင် နောက်ခံတွင် မီးခိုးများထွက်နေချိန်တွင် ထရပ်ကားပေါ်သို့ တင်ဆောင်ထားသော သစ်သားအကန့်တစ်ခုမှ ဒရုန်းတစ်စင်း ပျံသန်းနေသည်ကို မြင်တွေ့ရပြီး နောက်တွင် မီးခိုးလုံးများ ထွက်နေခဲ့သည်။ ရုပ်ပုံများတွင် ဒရုန်းများကို တိုက်ခိုက်မှုမစတင်မီ အမိုးများပါရှိသော သစ်သားသေတ္တာများအတွင်းတွင် တန်းစီထည့်ထားသည့် ဒရုန်းများကို ပြသထားပြီး အဖွင့်အပိတ်လုပ်နိုင်သည့်အမိုးများပါရှိသည်။

“ စီမံကိန်း၊ အဖွဲ့အစည်းနဲ့ အသေးစိတ်အချက်အလတ်အားလုံးကို ပြီးပြည့်စုံအောင် ပြင်ဆင်ထားပါတယ်။ ဒါဟာ လုံးဝထူးခြားတဲ့ စစ်ရေးစီမံချက်အဖြစ် လုပ်ဆောင်ခဲ့ တာဖြစ်တယ်လို့ ယုံကြည်စိတ်ချစွာ ပြောနိုင်ပါတယ်” ဟု ယူကရိန်းသမ္မတ ဗလာဒီမာဇလန်းစကီး က X တွင် ရေးသားဖော်ပြခဲ့သည်။

ရုရှားကို အလစ်အငိုက်မိစေခဲ့သော ယူကရိန်းအတွက် စစ်ရေးနှင့် ဝါဒဖြန့်ချိရေး အောင်ပွဲအဖြစ် တိုက်ခိုက်မှုများကို လုပ်ဆောင်ရန် ဒရုန်း ၁၁၇ စင်းကို အသုံးပြုခဲ့ကြောင်း ဇလန်းစကီးက ပြောကြားခဲ့သည်။
“ ရုရှားနယ်မြေရှိ ကျွန်ုပ်တို့၏ စစ်ဆင်ရေး၏ ‘ရုံး’ သည် ၎င်းတို့၏ဒေသတစ်ခုတွင်ရှိ FSB ရုံးချုပ်၏ဘေးတွင် တိုက်ရိုက်တည်ရှိသည်” ဟု ဇလန်းစကီးက X တွင် ပြောကြားခဲ့သည်။

TU-95 နှင့် Tu-22M3 ဗျူဟာမြောက် ဗုံးကြဲလေယာဉ်များနှင့် ရုရှား၏ ကျန်ရှိသော A-50 ထောက်လှမ်းရေးလေယာဉ်များ အပါအဝင် လေယာဉ် ၄၀ ကျော် ထိမှန်ခဲ့ကြောင်း လုံခြုံရေးသတင်းရင်းမြစ်အရ သိရသည်။

“ ကျွန်ုပ်တို့သည် ရန်သူကို ကျွန်ုပ်တို့၏ မွေးရပ်မြေမှ မောင်းထုတ်ရန်အတွက် လုပ်နိုင်သမျှ အားလုံးကို လုပ်ဆောင်နေပါသည်။ ၎င်းတို့အား ပင်လယ်၊ လေထဲတွင်၊ ကုန်းပေါ်၌ ချေမှုန်းပါမည်။ လိုအပ်ပါက – မြေအောက်မှပင် ၎င်းတို့ထံ ရောက်ရှိသွားမည်” ဟု SBU မှ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယူကရိန်း၏ တိုက်ခိုက်မှုသည် ယခင်က မမြင်ဖူးသော ဆန်းပြားသည့် အဆင့်ကို ပြသခဲ့သည်ဟု အမေရိကန် အကြီးတန်း ကာကွယ်ရေး အရာရှိတစ်ဦးက CNN သို့ ပြောကြားခဲ့သည်။

အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိ့ဟက်ဆက်သည် တနင်္ဂနွေနေ့က Joint Base Andrews သို့ ခရီးထွက်စဉ် ပုံမှန်သတင်းများ ရရှိခဲ့သော်လည်း ၎င်း၏ ယူကရိန်း အရာရှိများနှင့် စကားမပြောရ သေးကြောင်း အရာရှိက ပြောကြားခဲ့သည်။

ပစ်မှတ်များသည် ယူကရိန်း- ရုရှားနယ်စပ်မှ ကီလိုမီတာ ၄,၅၀၀(မိုင် ၂,၈၀၀) ကွာဝေးသော အာကူဆပ် (Irkutsk) ရှိ ဘီလာယာ (Belaya) နှင့် ရုရှားနိုင်ငံအနောက်ပိုင်း ရာဇန်(Ryazan) ရှိ ဒရာဂီလီဗို (Dyagilevo) အခြေစိုက်စခန်းတို့ ပါဝင်ပြီး ယူကရိန်းမှ ၅၂၀ ကီလိုမီတာ (၃၂၀ မိုင်) ခန့်အကွာ ရုရှား၏ မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်တပ်ဖွဲ့အတွက် လေ့ကျင့်ရေး စင်တာတစ်ခု စသည်တို့ကိုပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ယူကရိန်းမှ ကီလိုမီတာ ၂,၀၀၀ (မိုင် ၁၂၀၀) ကျော်ကွာဝေးသော အာတိတ်စက်ဝိုင်းရှိ မာမန့်ခ် (Murmansk) အနီးရှိ အိုလန်ယာ (Olenya)အခြေစိုက်စခန်းနှင့် ယူကရိန်းမှ ကီလိုမီတာ ၈၀၀ (မိုင် ၅၀၀) ကျော်ကွာဝေးသော အိုင်ဗန်နိုဗို (Ivanovo) လေတပ်စခန်းကိုလည်း တိုက်ခိုက် ခဲ့ကြောင်း သတင်းရင်းမြစ်အရ သိရသည်။ အိုင်ဗန်နိုဗိုသည် ရုရှားစစ်ဘက် သယ်ယူပို့ဆောင်ရေး လေယာဉ်များအတွက် အခြေစိုက်စခန်းတစ်ခုဖြစ်သည်။

ယူကရိန်းနိုင်ငံသည် ဒေသငါးခုရှိ ရုရှားလေတပ်စခန်းများကို တနင်္ဂနွေနေ့တွင် ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြုပြောကြားခဲ့ပြီး ယင်း ဒရုန်းတိုက်ခိုက်မှုများကို အကြမ်းဖက်တိုက်ခိုက်မှုများဟု ခေါ်ဆိုခဲ့သည်။

Ivanovo၊ Ryazan နှင့် Amur ဒေသများတွင် တိုက်ခိုက်မှုများကို နှိမ်နင်းခဲ့ကြောင်း ဝန်ကြီးဌာနက ပြောကြားသော်လည်း Murmansk နှင့် Irkutsk ဒေသများတွင် တိုက်ခိုက်မှုများအပြီးတွင် “လေယာဉ်အပိုင်းအစများစွာ” မီးလောင်သွားကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့သည်။ မီးငြိမ်းသွားပြီဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

တိုက်ခိုက်မှု ကြောင့် ထိခိုက်သေဆုံးမှု မရှိခဲ့ကြောင်း ဝန်ကြီးဌာနကပြောကြားခဲ့ပြီး ဆက်လက်ပြီး “အကြမ်းဖက်တိုက်ခိုက်မှုတွင် ပါဝင်သူအချို့ကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း” ပြောကြားခဲ့သည်။

Irkutsk ဒေသအုပ်ချုပ်ရေးမှူး Igor Kobziev က ဘီလာယာအခြေစိုက်စခန်းအနီး ထရပ်ကားတစ်စီးမှ ဒရုန်းများကို လွှတ်တင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

Kobziev က Telegram တွင် ဒရုန်းအရေအတွက် အတိအကျကို မသတ်မှတ်ရသေးကြောင်း ပြောကြားခဲ့သည်။ အရေးပေါ်နှင့် လုံခြုံရေး ဝန်ဆောင်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။
SBU မောင်းသူမဲ့ဒရုန်းများသည် ယူကရိန်းမြို့များကို ညတိုင်း ဗုံးကြဲတိုက်ခိုက်သည့် လေယာဉ်များကို ပစ်မှတ်ထားနေကြောင်း လုံခြုံရေးသတင်းရင်းမြစ်က ပြောကြားခဲ့သည်။

သတင်းရင်းမြစ်မှ ပံ့ပိုးပေးထားသည့် ဗီဒီယိုတစ်ခုတွင် Belaya လေယာဉ်ကွင်း မီးလောင်နေပြီး SBU အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး Vasyl Malyuk က အခြေအနေအပေါ် မှတ်ချက်ပေးသည့် အသံကို ထုတ်ပြန်ထားသည်။ “ အခု Belaya လေယာဉ်ကွင်းက ဘယ်လောက်တောင် လှပနေလဲ။ ရန်သူရဲ့ ဗျူဟာမြောက် လေယာဉ်တွေ” ဟု ၎င်းက မီးလောင်နေသည့်မြင်ကွင်းကို ညွှန်းဆိုခဲ့သည်။

CNN သည် အဆိုပါဗီဒီယို၏တည်နေရာကို အတည်ပြုနိုင်ခဲ့ပြီး အခြားနှစ်ဦးသည် ဘီလာယာလေတပ်စခန်းမှ မီးခိုးများတက်လာသည်ကို လူမှုမီဒီယာတွင် တင်ခဲ့သည်။ SBU မှ ပံ့ပိုးပေးသော အခြားဗီဒီယိုများကို ချက်ခြင်း လွတ်လပ်စွာသွားရောက် အတည်ပြုနိုင်ခြင်း မရှိသေးပါ။

ထရပ်ကားများဖြင့် ရုရှားနိုင်ငံအတွင်းသို့ ရွေ့လျားနိုင်သည့် သစ်သားအိမ်များအတွင်း ဒရုန်းများကို သယ်ဆောင်ခဲ့သော စစ်ဆင်ရေးသည် “ထောက်ပံ့ပို့ဆောင်ရေးအမြင်အရ အလွန်ရှုပ်ထွေးသည်” ဟု လုံခြုံရေးသတင်းရင်းမြစ်မှ ပြောကြားခဲ့သည်။

“ ဒရုန်းတွေကို ထရပ်ကားတွေပေါ်မှာ တင်ထားပြီးဖြစ်တဲ့ အိမ်တွေရဲ့ ခေါင်မိုးအောက်မှာ ဝှက်ထားခဲ့ပါတယ်။ အဲဒီအချိန်မှာ ခေါင်မိုးတွေကို အဝေးထိန်းစနစ်နဲ့ ဖွင့်ပြီး ဒရုန်းတွေက ရုရှား ဗုံးကြဲလေယာဉ်တွေကိုသွား‌ရောက်တိုက်ခိုက် ထိမှန်စေခဲ့တယ်”

အနီးနား အဝေးပြေးလမ်းမကြီးပေါ်တွင် မော်တော်ယာဉ်များဖြတ်သန်းနေစဉ် ထရပ်ကားတစီးပေါ်မှ ဒရုန်းများ တက်လာသည်ကို တိုက်ခိုက်မှုတစ်ခုဟု ယူဆရသည့် ဗီဒီယိုတစ်ခုပေါ်လာသည်။ အခြားပုံမှာ မြေပြင်ပေါ်ရှိ ထရပ်ကား၏ ခေါင်မိုးကို ပြသထားသည်။

ပါဝင်ပတ်သက်သူများသည် ယူကရိန်းသို့ ပြန်ရောက်နေပြီဟု သတင်းရင်းမြစ်က ဆိုသည်။

ယူကရိန်း၏ စစ်ဆင်ရေးသည် စစ်ပွဲစတင်ကတည်းက မော်စကို၏ အကြီးမားဆုံး ဒရုန်းတိုက်ခိုက်မှုတွင် မောင်းသူမဲ့လေယာဉ် ၄၇၂ စင်း ပါဝင်သည့် ရုရှား၏ ညတွင်းချင်း တိုက်ခိုက်မှုကို စနေနေ့က ပြုလုပ်ခဲ့ပြီး၊ ယူကရိန်းတပ်ဖွဲ့ဝင်များအသုံးပြုသည့် လေ့ကျင့်ရေးနေရာတစ်ခုတွင် ရုရှားဒုံးကျည်ပစ်ခတ်မှုဖြစ်ပွားခဲ့ကာ ထိုနေ့တွင် လူ ၁၂ ဦးထက် မနည်း သေဆုံးပြီး ၆၀ ကျော် ဒဏ်ရာရရှိခဲ့သည်။ ယူကရိန်းနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ရုရှားနိုင်ငံ အနောက်ဘက်ခြမ်းမှာ တံတားနှစ်စင်း ပြိုကျပြီး မကြာခင်မှာပဲ ယူကရိန်းကဤ စစ်ဆင်ရေးကို တန်ပြန်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ရုရှားနှင့် ယူကရိန်းတို့သည် တနင်္လာနေ့တွင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြန်လည်ကျင်းပရန် စီစဉ်နေချိန်တွင် ယခုကဲ့သို့ ကွင်းဆက်ဖြစ်ရပ်များ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ အစ္စတန်ဘူလ်တွင် ကျင်းပမည့် ဆွေးနွေးပွဲသည် မသေချာမရေရာမှုများကြောင့် တင်းမာနေခဲ့သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ရုရှားသမ္မတ ဗလာဒီမာပူတင်၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဆန့်ကျင် ခုခံမှုအပေါ် စိတ်ပျက်မိကြောင်း ဖော်ပြခဲ့သည်။

ရုရှားသမ္မတပူတင်သည် ယခုလအစောပိုင်းက တူရကီတွင် တိုက်ရိုက်တွေ့ဆုံဆွေးနွေးရန် အဆိုပြုခဲ့ပြီး ဇလန်းစကီးက တွေ့ဆုံရန် သဘောတူခဲ့သော်လည်း ပူတင်က ပေါ်မလာခဲ့ပေ။ နောက်ဆုံးတွင် နှစ်နိုင်ငံ ညှိနှိုင်းရန် အဆင့်နိမ့် ကိုယ်စားလှယ်အဖွဲ့များကို စေလွှတ်ခဲ့သည်။

ယူကရိန်း ကိုယ်စားလှယ်အဖွဲ့မှ မူဘောင်တစ်ခုသည် အပြည့်အဝနှင့် ခြွင်းချက်မရှိ အပစ်အခတ်ရပ်စဲရေး၊ အကျဉ်းသားလဲလှယ်ရေး၊ ဓားစာခံများ လွှတ်ပေးရေးနှင့် ဖမ်းဆီးခေါ်ဆောင်သွားသော ကလေးများအား ပြန်ပေးရေးတို့ ပါဝင်သည့် ဆွေးနွေးပွဲများအတွက် အဓိကမူဘောင်ကို စာရင်းပြုစုထားသည်။

CNN သတင်း။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်ဘက်က ‘ခြွင်းချက်မရှိ လက်နက်ချခြင်း’ မပြုမချင်း မည်သည့်သဘောတူညီချက်မျှ ပြုလုပ်မည်မဟုတ်ဟု ထရမ့်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 7 ရက်
  • 20 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၆ ရက် အီရန်နိုင်ငံသည် ဒီမိုကရေစီနိုင်ငံ ဖြစ်လာမလားဆိုသည်မှာ ၎င်းအတွက် အရေးမကြီးဘဲ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အရှေ့အလယ်ပိုင်းတစ်လွှားတွင် “စိုးရိမ်ဖွယ်” လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများ ဖြစ်ပေါ်နေဟု UNHCR ဆို

  • 2026 ခုနှစ်၊ မတ်လ 7 ရက်
  • 22 Views
အမေရိကန်-အစ္စရေး တိုက်ခိုက်မှုများအပေါ် အီရန်၏ ကျယ်ပြန့်သော လက်တုံ့ပြန်မှုများကြောင့် ဒေသတွင်း၌ အကြီးအကျယ် ထိခိုက်မှုများ ဖြစ်ပေါ်နေပြီး၊ အရှေ့အလယ်ပိုင်းဒေသသည် ပျက်စီးယိုယွင်းသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အီရန်

ဘေရွတ်ကို ဗုံးကြဲတိုက်ခိုက်ပြီးနောက် အစ္စရေးက တဟီရန်မြို့ပေါ်သို့ ပြင်းထန်သော လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်

  • 2026 ခုနှစ်၊ မတ်လ 6 ရက်
  • 21 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၆ ရက် အီရန်နိုင်ငံအတွင်း တိုက်ခိုက်မှုများ အစ္စရေးက တဟီရန်မြို့တွင် “ အကြီးစား တိုက်ခိုက်မှု လှိုင်း” စတင်လိုက်ပြီဟု ပြောကြားပြီးနောက် မြို့တော်၏ ကောင်းကင်ယံတွင် ပေါက်ကွဲမှု
နိုင်ငံတကာသတင်း အမေရိကန်

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်တွင်းလုံခြုံရေးဝန်ကြီး နုံးမ်၏ အငြင်းပွားဖွယ်ရာ သက်တမ်း ကုန်ဆုံးပြီးနောက် ထရမ့်က သူမကို ရာထူးမှ ဖယ်ရှား

  • 2026 ခုနှစ်၊ မတ်လ 6 ရက်
  • 23 Views
BBC – ၂၀၂၆ ခုနှစ်၊ မတ်လ ၆ ရက် သမ္မတ ဒေါ်နယ်ထရမ့်၏ အနီးကပ်အကြံပေးများအားလုံးသည် အချိန်တန်လျှင် ရေးသားမထားသော စည်းမျဉ်းတစ်ခုကို သိရှိလာကြရစမြဲဖြစ်သည် – ၎င်းမှာ “ မည်သူမျှ အထက်လူကြီး (သမ္မတ)
နိုင်ငံတကာသတင်း အစ္စရေး အရှေ့အလယ်ပိုင်း အီရန်

အစ္စရေးက အီရန်နှင့်ဖြစ်ပွားနေသော စစ်ပွဲ၏ ‘နောက်တစ်ဆင့်’ သို့ ကူးပြောင်းတော့မည်ဟု ဆို

  • 2026 ခုနှစ်၊ မတ်လ 6 ရက်
  • 36 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၅ ရက် အမေရိကန်ပြည်ထောင်စုတွင် သမ္မတ၏ အီရန်စစ်ပွဲ ဆင်နွှဲမှုကို ကန့်သတ်ထိန်းချုပ်မည့် လုပ်ငန်းစဉ်မှာ အောက်လွှတ်တော်တွင် အတည်ပြုရန် ပျက်ပြားသွားခဲ့သည်။ တစ်ဆက်တည်းမှာပင် ထရမ့်က အီရန်၏ နောက်ထပ်ခေါင်းဆောင်သစ်ကို
နိုင်ငံတကာသတင်း ပါလက်စတိုင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေး အဆုံးသတ်ရန် စောင့်ဆိုင်းနေသည့် စစ်ပွဲကို ဟစ်ဇဘိုလာက ပြန်လည်စတင်လိုက်ပြီ

  • 2026 ခုနှစ်၊ မတ်လ 5 ရက်
  • 35 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၅ ရက် တနင်္လာနေ့ နံနက်အာရုဏ်မတက်မီ အချိန်တွင် ဟစ်ဇဘိုလာအဖွဲ့သည် အစ္စရေးမြောက်ပိုင်းရှိ စစ်အခြေစိုက်စခန်းတစ်ခုသို့ “ဒုံးကျည်များနှင့် ဒရုန်းအုပ်စုများ” ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အီရန်အပေါ် ဆင်နွှဲနေသည့် အမေရိကန်-အစ္စရေး
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန် အထက်လွှတ်တော်က အီရန်အရေး စစ်အာဏာသုံးစွဲမှု ကန့်သတ်ချက်ကို ပယ်ချ

  • 2026 ခုနှစ်၊ မတ်လ 5 ရက်
  • 35 Views
၂၀၂၆ ခုနှစ် မတ်လ ၅ ရက် ၂၀၂၆ ခုနှစ် မတ်လ ၄ ရက် (ဗုဒ္ဓဟူးနေ့) က အမေရိကန် အထက်လွှတ်တော်မှာ သမ္မတ ဒေါ်နယ်ထရမ့်အနေနဲ့ အီရန်အပေါ် စစ်ရေးအရ အရေးယူဆောင်ရွက်ရာမှာ ကွန်ဂရက်
တရုတ် နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

နှစ်လအတွင်း တရုတ်နှင့် ရင်းနှီးသည့် ခေါင်းဆောင်နှစ်ဦးကို အမေရိကန်က ရှင်းထုတ်လိုက်ပြီ ဖြစ်သော်လည်း အဘယ်ကြောင့် ပေကျင်းက ဘာမှမလုပ်ဘဲ ငြိမ်နေသနည်း။

  • 2026 ခုနှစ်၊ မတ်လ 4 ရက်
  • 43 Views
 CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၄ ရက် ဟောင်ကောင်/ပေကျင်း။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ပေကျင်း၏ အရင်းနှီးဆုံး မဟာမိတ်နှစ်ဦးဖြစ်သည့် ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရို နှင့် အီရန်အမြင့်ဆုံး ခေါင်းဆောင် အလီခါမေနီ