နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 29 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းသည် ရုရှားနိုင်ငံအတွင်း မိုင်ထောင်ချီဝေးသော လေတပ်အခြေစိုက်စခန်းများကို ရဲတင်းစွာ စစ်ဆင်တိုက်ခိုက်ခဲ့သည်။

ဇွန်လ (၂) ရက်။

ယူကရိန်းတပ်ဖွဲ့များသည် စစ်ပွဲအစကတည်းက အရဲတင်းဆုံးနှင့် ခေတ်မီဆန်းပြားသော တန်ပြန်ချေမှုန်းမှုတစ်ခုကို ရှေ့တန်းမှ မိုင်ထောင်ပေါင်းများစွာဝေးသော လေယာဉ်ကွင်းများတွင် ရပ်ထားသည့် ရုရှားတိုက်လေယာဉ် ဒါဇင်ပေါင်းများစွာကို ဖျက်ဆီးခဲ့ကြောင်း နိုင်ငံ၏ လုံခြုံရေးဝန်ဆောင်မှု သတင်းရင်းမြစ်တစ်ခုပြောကြားချက်အရ သိရသည်။

ပင့်ကူအိမ် (“Spiderweb”) ဟု အမည်ပေးထားသည့် အဆိုပါစစ်ဆင်ရေးတွင် ဒရုန်းများသည် ယူကရိန်းထက် ဂျပန်နှင့် ပိုမိုနီးစပ်သည့် ဘယ်လာယာ (Belaya) ဒေသအပါအဝင် ရုရှား၏ ဧရာမနေရာအနှံ့ပစ်မှတ်များကို ထိမှန်ခဲ့ကြောင်းသတင်းရင်းမြစ်အရသိရှိရသည်။

ရုရှားလေတပ်စခန်း လေးခုတွင်ရှိ လေယာဉ်အစီးရေ ၄၀ ကျော်သည် အစုလိုက်အပြုံလိုက် လောင်ကျွမ်းနေခဲ့ကြောင်း သတင်းရင်းမြစ်က ဆိုသည်။

ယူကရိန်းပြည်တွင်းထောက်လှမ်းရေးအေဂျင်စီ SBU က အဆိုပါတိုက်ခိုက်မှုကြောင့် ပျက်စီး ဆုံးရှုံးမှု ခန့်မှန်းခြေဒေါ်လာ ၇ ဘီလီယံခန့်ရှိခဲ့ပြီး ၎င်း၏အဓိကလေတပ်စခန်းများတွင် ရုရှား၏ မဟာဗျူဟာမြောက် ခရုဇ်ဒုံးကျည်တင်သင်္ဘောများ၏ ၃၄ ရာခိုင်နှုန်းကို ထိမှန်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ရုရှားနှင့် ယူကရိန်းကြား အစ္စတန်ဘူလ်တွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်မည့်အကြို ဒရုန်းတိုက်ခိုက်မှုသည် ဖြစ်ပေါ်လာခြင်းဖြစ်ပြီး ဆွေးနွေးပွဲသည် မရေရာမသေချာမှုများနှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ ဖိအားများကြောင့် တင်းမာနေခဲ့သည်။

ထရန့်အစိုးရအဖွဲ့ကို အဆိုပါ စစ်ဆင်ရေးနှင့်ပတ်သက်၍ ကြိုပြောထားခြင်း မရှိကြောင်း အုပ်ချုပ်ရေး အရာရှိတစ်ဦးက CNN သို့ ပြောကြားခဲ့သည်။

ယူကရိန်းသည် ရုရှား၏ ရန်စမရှိကျူးကျော်မှုနောက်ပိုင်း သုံးနှစ်ကျော်ကြာသည့်တိုင်အောင် ဖိအားများ ဆက်လက်ပေးနိုင်သည်ဟု ရုရှားထံ အသိပေးရန် ရည်ရွယ်သည့် တိုက်ခိုက်မှုများ လုပ်ဆောင်လာခြင်းဖြစ်သည်။ ရုရှားသမ္မတ ဗလာဒီမာပူတင်သည် စနေနေ့ညတွင်းချင်း စစ်ပွဲစတင်ကတည်းက ယူကရိန်းအပေါ် အကြီးမားဆုံးမောင်းသူမဲ့လေယာဉ်ဖြင့် ထိုးစစ်ဆင်ခြင်းအပါအဝင် မော်စကိုက ၎င်း၏တိုက်ခိုက်မှုများနှင့် ထိုးစစ်ဆင်မှုများကို အရှိန်မြှင့်နေခြင်းကြောင့် စစ်ပွဲကို အဆုံးသတ်လိုစိတ်မရှိကြောင်း ကိ့ဗ် မှ စွပ်စွဲခဲ့သည်။

အဆိုပါ စစ်ဆင်ရေးအတွက် တစ်နှစ်ခွဲကျော်ကြာ လုပ်ဆောင်ခဲ့ပြီး ရုရှားပိုင်နက်အတွင်းသို့ ဒရုန်းများ ခိုးသွင်းကာ ထရပ်ကားများပေါ်ရှိ သစ်သားအိမ်များအတွင်း ဝှက်ထားသော ဒရုန်းများ ပါဝင်ခဲ့ကြောင်း လုံခြုံရေးသတင်းရင်းမြစ်မှ ပြောကြားခဲ့သည်။ ထို့နောက် ခေါင်မိုးများကို အဝေးမှအဝေးထိန်းကိရိယာဖြင့်လှမ်းဖွင့်ကာ မောင်းသူမဲ့လေယာဉ်များကို ၎င်းတို့၏ တိုက်ခိုက်မှုကို စတင်ရန် ဖြန့်ကြက်ခဲ့ကြသည်။

ရုရှားနိုင်ငံ အရှေ့ပိုင်း Irkutsk ဒေသရှိ ဘယ်လာယာ (Belaya) လေတပ်စခန်း၏ အရှေ့တောင်ဘက် ခုနစ်ကီလိုမီတာအကွာတွင် နေရာချထားသော လူမှုမီဒီယာဗီဒီယိုတွင် နောက်ခံတွင် မီးခိုးများထွက်နေချိန်တွင် ထရပ်ကားပေါ်သို့ တင်ဆောင်ထားသော သစ်သားအကန့်တစ်ခုမှ ဒရုန်းတစ်စင်း ပျံသန်းနေသည်ကို မြင်တွေ့ရပြီး နောက်တွင် မီးခိုးလုံးများ ထွက်နေခဲ့သည်။ ရုပ်ပုံများတွင် ဒရုန်းများကို တိုက်ခိုက်မှုမစတင်မီ အမိုးများပါရှိသော သစ်သားသေတ္တာများအတွင်းတွင် တန်းစီထည့်ထားသည့် ဒရုန်းများကို ပြသထားပြီး အဖွင့်အပိတ်လုပ်နိုင်သည့်အမိုးများပါရှိသည်။

“စီမံကိန်း၊ အဖွဲ့အစည်းနဲ့ အသေးစိတ်အချက်အလတ်အားလုံးကို ပြီးပြည့်စုံအောင် ပြင်ဆင်ထားပါတယ်။ ဒါဟာ လုံးဝထူးခြားတဲ့ စစ်ရေးစီမံချက်အဖြစ် လုပ်ဆောင်ခဲ့ တာဖြစ်တယ်လို့ ယုံကြည်စိတ်ချစွာ ပြောနိုင်ပါတယ်” ဟု ယူကရိန်းသမ္မတ ဗလာဒီမာဇလန်းစကီး က X တွင် ရေးသားဖော်ပြခဲ့သည်။

ရုရှားကို အလစ်အငိုက်မိစေခဲ့သော ယူကရိန်းအတွက် စစ်ရေးနှင့် ဝါဒဖြန့်ချိရေး အောင်ပွဲအဖြစ် တိုက်ခိုက်မှုများကို လုပ်ဆောင်ရန် ဒရုန်း ၁၁၇ စင်းကို အသုံးပြုခဲ့ကြောင်း ဇလန်းစကီးက ပြောကြားခဲ့သည်။
“ရုရှားနယ်မြေရှိ ကျွန်ုပ်တို့၏ စစ်ဆင်ရေး၏ ‘ရုံး’ သည် ၎င်းတို့၏ဒေသတစ်ခုတွင်ရှိ FSB ရုံးချုပ်၏ဘေးတွင် တိုက်ရိုက်တည်ရှိသည်” ဟု ဇလန်းစကီးက X တွင် ပြောကြားခဲ့သည်။

TU-95 နှင့် Tu-22M3 ဗျူဟာမြောက် ဗုံးကြဲလေယာဉ်များနှင့် ရုရှား၏ ကျန်ရှိသော A-50 ထောက်လှမ်းရေးလေယာဉ်များ အပါအဝင် လေယာဉ် ၄၀ ကျော် ထိမှန်ခဲ့ကြောင်း လုံခြုံရေးသတင်းရင်းမြစ်အရ သိရသည်။

“ကျွန်ုပ်တို့သည် ရန်သူကို ကျွန်ုပ်တို့၏ မွေးရပ်မြေမှ မောင်းထုတ်ရန်အတွက် လုပ်နိုင်သမျှ အားလုံးကို လုပ်ဆောင်နေပါသည်။ ၎င်းတို့အား ပင်လယ်၊ လေထဲတွင်၊ ကုန်းပေါ်၌ ချေမှုန်းပါမည်။ လိုအပ်ပါက – မြေအောက်မှပင် ၎င်းတို့ထံ ရောက်ရှိသွားမည်” ဟု SBU မှ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယူကရိန်း၏ တိုက်ခိုက်မှုသည် ယခင်က မမြင်ဖူးသော ဆန်းပြားသည့် အဆင့်ကို ပြသခဲ့သည်ဟု အမေရိကန် အကြီးတန်း ကာကွယ်ရေး အရာရှိတစ်ဦးက CNN သို့ ပြောကြားခဲ့သည်။

အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိ့ဟက်ဆက်သည် တနင်္ဂနွေနေ့က Joint Base Andrews သို့ ခရီးထွက်စဉ် ပုံမှန်သတင်းများ ရရှိခဲ့သော်လည်း ၎င်း၏ ယူကရိန်း အရာရှိများနှင့် စကားမပြောရ သေးကြောင်း အရာရှိက ပြောကြားခဲ့သည်။

ပစ်မှတ်များသည် ယူကရိန်း- ရုရှားနယ်စပ်မှ ကီလိုမီတာ ၄,၅၀၀(မိုင် ၂,၈၀၀) ကွာဝေးသော အာကူဆပ် (Irkutsk) ရှိ ဘီလာယာ (Belaya) နှင့် ရုရှားနိုင်ငံအနောက်ပိုင်း ရာဇန်(Ryazan) ရှိ ဒရာဂီလီဗို (Dyagilevo) အခြေစိုက်စခန်းတို့ ပါဝင်ပြီး ယူကရိန်းမှ ၅၂၀ ကီလိုမီတာ (၃၂၀ မိုင်) ခန့်အကွာ ရုရှား၏ မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်တပ်ဖွဲ့အတွက် လေ့ကျင့်ရေး စင်တာတစ်ခု စသည်တို့ကိုပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ယူကရိန်းမှ ကီလိုမီတာ ၂,၀၀၀ (မိုင် ၁၂၀၀) ကျော်ကွာဝေးသော အာတိတ်စက်ဝိုင်းရှိ မာမန့်ခ် (Murmansk) အနီးရှိ အိုလန်ယာ (Olenya)အခြေစိုက်စခန်းနှင့် ယူကရိန်းမှ ကီလိုမီတာ ၈၀၀ (မိုင် ၅၀၀) ကျော်ကွာဝေးသော အိုင်ဗန်နိုဗို (Ivanovo) လေတပ်စခန်းကိုလည်း တိုက်ခိုက် ခဲ့ကြောင်း သတင်းရင်းမြစ်အရ သိရသည်။ အိုင်ဗန်နိုဗိုသည် ရုရှားစစ်ဘက် သယ်ယူပို့ဆောင်ရေး လေယာဉ်များအတွက် အခြေစိုက်စခန်းတစ်ခုဖြစ်သည်။

ယူကရိန်းနိုင်ငံသည် ဒေသငါးခုရှိ ရုရှားလေတပ်စခန်းများကို တနင်္ဂနွေနေ့တွင် ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြုပြောကြားခဲ့ပြီး ယင်း ဒရုန်းတိုက်ခိုက်မှုများကို အကြမ်းဖက်တိုက်ခိုက်မှုများဟု ခေါ်ဆိုခဲ့သည်။

Ivanovo၊ Ryazan နှင့် Amur ဒေသများတွင် တိုက်ခိုက်မှုများကို နှိမ်နင်းခဲ့ကြောင်း ဝန်ကြီးဌာနက ပြောကြားသော်လည်း Murmansk နှင့် Irkutsk ဒေသများတွင် တိုက်ခိုက်မှုများအပြီးတွင် “လေယာဉ်အပိုင်းအစများစွာ” မီးလောင်သွားကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့သည်။ မီးငြိမ်းသွားပြီဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

တိုက်ခိုက်မှု ကြောင့် ထိခိုက်သေဆုံးမှု မရှိခဲ့ကြောင်း ဝန်ကြီးဌာနကပြောကြားခဲ့ပြီး ဆက်လက်ပြီး “အကြမ်းဖက်တိုက်ခိုက်မှုတွင် ပါဝင်သူအချို့ကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း” ပြောကြားခဲ့သည်။

Irkutsk ဒေသအုပ်ချုပ်ရေးမှူး Igor Kobziev က ဘီလာယာအခြေစိုက်စခန်းအနီး ထရပ်ကားတစ်စီးမှ ဒရုန်းများကို လွှတ်တင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

Kobziev က Telegram တွင် ဒရုန်းအရေအတွက် အတိအကျကို မသတ်မှတ်ရသေးကြောင်း ပြောကြားခဲ့သည်။ အရေးပေါ်နှင့် လုံခြုံရေး ဝန်ဆောင်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။
SBU မောင်းသူမဲ့ဒရုန်းများသည် ယူကရိန်းမြို့များကို ညတိုင်း ဗုံးကြဲတိုက်ခိုက်သည့် လေယာဉ်များကို ပစ်မှတ်ထားနေကြောင်း လုံခြုံရေးသတင်းရင်းမြစ်က ပြောကြားခဲ့သည်။

သတင်းရင်းမြစ်မှ ပံ့ပိုးပေးထားသည့် ဗီဒီယိုတစ်ခုတွင် Belaya လေယာဉ်ကွင်း မီးလောင်နေပြီး SBU အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး Vasyl Malyuk က အခြေအနေအပေါ် မှတ်ချက်ပေးသည့် အသံကို ထုတ်ပြန်ထားသည်။ “အခု Belaya လေယာဉ်ကွင်းက ဘယ်လောက်တောင် လှပနေလဲ။ ရန်သူရဲ့ ဗျူဟာမြောက် လေယာဉ်တွေ” ဟု ၎င်းက မီးလောင်နေသည့်မြင်ကွင်းကို ညွှန်းဆိုခဲ့သည်။

CNN သည် အဆိုပါဗီဒီယို၏တည်နေရာကို အတည်ပြုနိုင်ခဲ့ပြီး အခြားနှစ်ဦးသည် ဘီလာယာလေတပ်စခန်းမှ မီးခိုးများတက်လာသည်ကို လူမှုမီဒီယာတွင် တင်ခဲ့သည်။ SBU မှ ပံ့ပိုးပေးသော အခြားဗီဒီယိုများကို ချက်ခြင်း လွတ်လပ်စွာသွားရောက် အတည်ပြုနိုင်ခြင်း မရှိသေးပါ။

ထရပ်ကားများဖြင့် ရုရှားနိုင်ငံအတွင်းသို့ ရွေ့လျားနိုင်သည့် သစ်သားအိမ်များအတွင်း ဒရုန်းများကို သယ်ဆောင်ခဲ့သော စစ်ဆင်ရေးသည် “ထောက်ပံ့ပို့ဆောင်ရေးအမြင်အရ အလွန်ရှုပ်ထွေးသည်” ဟု လုံခြုံရေးသတင်းရင်းမြစ်မှ ပြောကြားခဲ့သည်။

“ဒရုန်းတွေကို ထရပ်ကားတွေပေါ်မှာ တင်ထားပြီးဖြစ်တဲ့ အိမ်တွေရဲ့ ခေါင်မိုးအောက်မှာ ဝှက်ထားခဲ့ပါတယ်။ အဲဒီအချိန်မှာ ခေါင်မိုးတွေကို အဝေးထိန်းစနစ်နဲ့ ဖွင့်ပြီး ဒရုန်းတွေက ရုရှား ဗုံးကြဲလေယာဉ်တွေကိုသွား‌ရောက်တိုက်ခိုက် ထိမှန်စေခဲ့တယ်”

အနီးနား အဝေးပြေးလမ်းမကြီးပေါ်တွင် မော်တော်ယာဉ်များဖြတ်သန်းနေစဉ် ထရပ်ကားတစီးပေါ်မှ ဒရုန်းများ တက်လာသည်ကို တိုက်ခိုက်မှုတစ်ခုဟု ယူဆရသည့် ဗီဒီယိုတစ်ခုပေါ်လာသည်။ အခြားပုံမှာ မြေပြင်ပေါ်ရှိ ထရပ်ကား၏ ခေါင်မိုးကို ပြသထားသည်။

ပါဝင်ပတ်သက်သူများသည် ယူကရိန်းသို့ ပြန်ရောက်နေပြီဟု သတင်းရင်းမြစ်က ဆိုသည်။

ယူကရိန်း၏ စစ်ဆင်ရေးသည် စစ်ပွဲစတင်ကတည်းက မော်စကို၏ အကြီးမားဆုံး ဒရုန်းတိုက်ခိုက်မှုတွင် မောင်းသူမဲ့လေယာဉ် ၄၇၂ စင်း ပါဝင်သည့် ရုရှား၏ ညတွင်းချင်း တိုက်ခိုက်မှုကို စနေနေ့က ပြုလုပ်ခဲ့ပြီး၊ ယူကရိန်းတပ်ဖွဲ့ဝင်များအသုံးပြုသည့် လေ့ကျင့်ရေးနေရာတစ်ခုတွင် ရုရှားဒုံးကျည်ပစ်ခတ်မှုဖြစ်ပွားခဲ့ကာ ထိုနေ့တွင် လူ ၁၂ ဦးထက် မနည်း သေဆုံးပြီး ၆၀ ကျော် ဒဏ်ရာရရှိခဲ့သည်။ ယူကရိန်းနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ရုရှားနိုင်ငံ အနောက်ဘက်ခြမ်းမှာ တံတားနှစ်စင်း ပြိုကျပြီး မကြာခင်မှာပဲ ယူကရိန်းကဤ စစ်ဆင်ရေးကို တန်ပြန်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ရုရှားနှင့် ယူကရိန်းတို့သည် တနင်္လာနေ့တွင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြန်လည်ကျင်းပရန် စီစဉ်နေချိန်တွင် ယခုကဲ့သို့ ကွင်းဆက်ဖြစ်ရပ်များ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ အစ္စတန်ဘူလ်တွင် ကျင်းပမည့် ဆွေးနွေးပွဲသည် မသေချာမရေရာမှုများကြောင့် တင်းမာနေခဲ့သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ရုရှားသမ္မတ ဗလာဒီမာပူတင်၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဆန့်ကျင် ခုခံမှုအပေါ် စိတ်ပျက်မိကြောင်း ဖော်ပြခဲ့သည်။

ရုရှားသမ္မတပူတင်သည် ယခုလအစောပိုင်းက တူရကီတွင် တိုက်ရိုက်တွေ့ဆုံဆွေးနွေးရန် အဆိုပြုခဲ့ပြီး ဇလန်းစကီးက တွေ့ဆုံရန် သဘောတူခဲ့သော်လည်း ပူတင်က ပေါ်မလာခဲ့ပေ။ နောက်ဆုံးတွင် နှစ်နိုင်ငံ ညှိနှိုင်းရန် အဆင့်နိမ့် ကိုယ်စားလှယ်အဖွဲ့များကို စေလွှတ်ခဲ့သည်။

ယူကရိန်း ကိုယ်စားလှယ်အဖွဲ့မှ မူဘောင်တစ်ခုသည် အပြည့်အဝနှင့် ခြွင်းချက်မရှိ အပစ်အခတ်ရပ်စဲရေး၊ အကျဉ်းသားလဲလှယ်ရေး၊ ဓားစာခံများ လွှတ်ပေးရေးနှင့် ဖမ်းဆီးခေါ်ဆောင်သွားသော ကလေးများအား ပြန်ပေးရေးတို့ ပါဝင်သည့် ဆွေးနွေးပွဲများအတွက် အဓိကမူဘောင်ကို စာရင်းပြုစုထားသည်။

CNN သတင်း။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 11 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 22 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 26 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 21 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက
တရုတ် ထိုင်ဝမ် နိုင်ငံတကာသတင်း ဖိလစ်ပိုင်

ဆလာမီ ပါးပါးလှီးခြင်း(‘Salami slicing’) ဗျူဟာ ဖြင့် ပစိဖိတ်ဒေသအပေါ် ဩဇာလွှမ်းမိုးမှု တိုးချဲ့ရန် တရုတ်နိုင်ငံက မည်သို့ ကြိုးပမ်းနေသလဲ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 25 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၅ရက် သီတင်းပတ်အနည်းငယ်အတွင်း တရုတ်သင်္ဘောများသည် ၎င်းတို့၏ ကုန်းတွင်းပိုင်းနှင့် ယခင်ကထက် ပိုမိုဝေးကွာသောနေရာများတွင် “ဥပဒေစိုးမိုးရေး” လုပ်ငန်းများကို လုပ်ဆောင် ခဲ့ပြီး၊ အလွန်အမင်း ထိလွယ်ရှလွယ်ဖြစ်သော ပင်လယ်ကြမ်းပြင်ကို မြေပုံညွှန်း ရေးဆွဲခဲ့ကာ တရုတ်ကမ်းခြေမှ
နိုင်ငံတကာသတင်း အမေရိကန် အီရန်

ထရမ့်၏ အီရန်သဘောတူညီချက်အပေါ် သြဇာကြီးမားသည့် ရီပတ်ဘလစ်ကန်များထံမှ တော်ရုံတွေ့ရခဲသော ပြစ်တင်ဝေဖန်မှုများ ထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 26 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပါတီတွင်း ကန့်ကွက်မှုများ ထွက်ပေါ်လာခြင်း။ သမ္မတ ဒေါ်နယ်ထရမ့်၏ အီရန်နိုင်ငံနှင့် ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (နားလည်မှုစာချွန်လွှာ) အသေးစိတ် ထွက်ပေါ်လာပြီးနောက်၊ ဝါရင့်နှင့်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

လောင်စာဆီလည်းမရှိ၊ လက်နက်လည်းမရှိ- ယူကရိန်း၏ ဒရုန်းဗျူဟာအသစ်က ရုရှား၏ ထောက်ပံ့ရေးလမ်းကြောင်းများကို မည်သို့ အထိနာစေနေသနည်း

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 22 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ရုရှား-ယူကရိန်းစစ်ပွဲ – ယူကရိန်း၏ မျိုးဆက်သစ် အလတ်စားဒရုန်းများသည် တောင်ပိုင်း ရှေ့တန်းစစ်မျက်နှာသို့ ဦးတည်နေသည့် ရုရှားစစ်တပ်၏ ထောက်ပံ့ရေးလမ်းကြောင်းများကို ပြင်းပြင်းထန်ထန် အနှောင့်အယှက်ပေးလျက်ရှိပြီး တံတားများ၊