နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 18 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းရှိ တိုက်ခန်းတစ်ခန်းကို ရုရှားက တိုက်ခိုက်မှုကြောင့် ၁၄ ဦး သေဆုံးခဲ့ပြီး ကိယက်ဗ်နှင့် မော်စကိုတို့သည် ဘော်ဒါဆောင်ကျောင်း တိုက်ခိုက်မှုအတွက် တဖက်နှင့်တဖက် အပြစ်တင်

ဖေဖော်ဝါရီလ (၂) ရက်

ယူကရိန်းနိုင်ငံအလယ်ပိုင်းရှိ လူနေအဆောက်အအုံတစ်ခုအား ရုရှား၏ တိုက်ခိုက်မှုတစ်ခုအတွင်း ကလေးနှစ်ဦးအပါအဝင် လူ ၁၄ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း၊ ယခုသီတင်းပတ်ကုန်တွင် နိုင်ငံတစ်ဝှမ်း တိုက်ခိုက်မှုများစွာထဲမှ တစ်ခုဖြစ်သည်ဟု ယူကရိန်းအရေးပေါ်ဌာနက ပြောကြားခဲ့သည်။

ယူကရိန်းသမ္မတ ဗလာဒီမာဇလန်းစကီးက ရုရှားသည် ပေါလ်တာဗာ (Poltava) ရှိ အဆောက်အအုံအား စနေနေ့ နံနက်အစောပိုင်းတွင် ပစ်မှတ်ထားပြီး တိုက်ခိုက်မှုမှာ နောက်ထပ်ကျူးလွန်သည့် အကြမ်းဖက် ရာဇ၀တ်မှုဖြစ်သည်ဟု ခေါ်ဆိုခဲ့သည်။

အပစ်အခတ်ရပ်စဲရေး အအမြန်ဆုံးရရှိရန် ကတိပြုထားသည့် ဒေါ်နယ်ထရမ့် ယခုအခါ အိမ်ဖြူတော်တွင် ရောက်ရှိလာခဲ့သော်လည်း ယူကရိန်းတွင် တိုက်ပွဲများ ရပ်တန့်သွားခြင်း မရှိသေးပါ။

သာလွန်သော ရုရှား၏ လူအင်အားနှင့် အရင်းအမြစ်များကို ရင်ဆိုင်နေရသည့် ယူကရိန်းစစ်တပ်သည် အရှေ့ဘက် ရှေ့တန်းစစ်မျက်နှာတွင် ရုရှားထိုးစစ်ကို ဆက်လက်တွန်းလှန်နေပါသည်။

ပေါလ်တာဗာ (Poltava) တွင် တိုက်ခိုက်ခံရသူများထဲတွင် အိုလီနာ ရာဗော်စကာ (Olena Yavorska) ၊ သူမ၏ခင်ပွန်း ဒီမီထရို (Dmytro) နှင့် ၎င်းတို့၏ ၉ နှစ်အရွယ်သမီး ဆိုဖီယာ(Sofia) တို့ပါဝင်ကြောင်း Facebook တွင် ကြေညာချက်တင်ခဲ့သည့် အိုလီနာ၏ လုပ်ဖော်ကိုင်ဖက်များ၏ ပြောကြားချက်အရ သိရသည်။

“ ရုရှားသည် ကျွန်ုပ်တို့၏ လုပ်ဖော်ကိုင်ဖက်နှင့် သူမ၏ မိသားစုကို သတ်ခဲ့သည်” ဟု အိုလီနာ အလုပ်လုပ်သည့် ယူကရိန်း ထောက်ပံ့ပို့ဆောင်ရေးကုမ္ပဏီ နိုဗာ ပေါ့ရှတာ (Nova Poshta) ၏ ပူးတွဲပိုင်ရှင် ဗလိုဒီမာ ပိုပါရှက်နစ် (Volodymyr Popereshniuk) က တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။ “ အိုလီနာသည် ဇီဝဗေဒပညာရပ်ကို ဆရာဖြစ် သင်ကြားခဲ့သော်လည်း ၂၀၁၅ ခုနှစ်တွင် သူမသည် နိုဗာ ပေါ့ရှတာ (Nova Poshta) ကုမ္ပဏီသို့ ဝင်ရောက်ခဲ့သည်။ ရာဗော်စကား (Yavorska) မိသားစုသည် ပျက်စီးသွားသော အဆောက်အဦ၏ ဒုတိယထပ်တွင် နေထိုင်ပါသည်။”

နိုင်ငံ၏အမျိုးသားရဲဌာနမှ အရေးပေါ်ဝန်ဆောင်မှုများနှင့် စိတ်ပညာရှင်တို့က လူ ၂၀၀ နီးပါးကို အကူအညီပေးနေကြောင်း နိုင်ငံပိုင် အရေးပေါ်ဝန်ဆောင်မှုဌာနက တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။ ကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေကြောင်း ၎င်းက ဆက်လက်ပြောသည်။

တစ်ချိန်တည်းတွင်ပင် ပြီးခဲ့သည့် နွေရာသီက ယူကရိန်းက တုန်လှုပ်အံ့သြသင့်ဖွယ်ရာ ရုရှားနိုင်ငံတွင်းရှိ Kursk ဒေသကို ထိုးဖောက်ဝင်‌ရောက်မှုစတင်ပြီးနောက် ဘော်ဒါဆောင်ဟောင်းတစ်ခုအား စနေနေ့က အသေခံ ဗုံးခွဲတိုက်ခိုက်ခဲ့ခြင်းအတွက် ယူကရိန်းနှင့် ရုရှားတို့သည် တဦးနှင့်တဦး အပြစ်တင်ခဲ့ကြသည်။

ဆွဒ်ဟာ (Sudzha) မြို့ရှိ စာသင်ကျောင်းကို ရုရှားလေတပ်၏ ပဲ့ထိန်းလေကြောင်းဗုံးနှင့် ပစ်ခတ်ခဲ့သည့်အတွက် ဒေသခံလေးဦးထက်မနည်း သေဆုံးပြီး အဆောက်အအုံထဲတွင် နေထိုင်သူများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးရန် ပြင်ဆင်နေသည်ဟု ယူကရိန်းစစ်တပ်က ပြောပါသည်။ နောက်ထပ် လူ ၈၄ ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး လေးဦးသည် ဒဏ်ရာပြင်းထန်သည်ဟု သိရသည်။ ဤတိုက်ခိုက်မှုကို စစ်ရာဇ၀တ်မှုဟု ယူကရိန်းစစ်တပ်က ခေါ်ဆိုခဲ့သည်။

တစ်ချိန်တည်းမှာပင် ရုရှားစစ်တပ်က ယူကရိန်းက ဘော်ဒါဆောင်ကို တိုက်ခိုက်ခြင်းအတွက် အပြစ်တင်ခဲ့ပြီး ၎င်းကို စစ်ရာဇ၀တ်မှုဟုလည်း ခေါ်တွင်ခဲ့သည်။

“[ယူကရိန်း] ဆန်မီ (Sumy) ဒေသမှ ရန်သူ့ဒုံးကျည်များ ပစ်လွှတ်မှုကို ရုရှားလေကြောင်းရန် ကာကွယ်ရေးစနစ်များက တွေ့ရှိခဲ့ကြောင်း ရုရှားစစ်တပ်က တနင်္ဂနွေနေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ထုတ်ပြန်ချက်တွင် ယူကရိန်းသည် ရန်စလှုံဆော်မှုကို အသုံးချပြီး Kursk ဒေသ၏ သီးခြားနယ်မြေတစ်ခု၌ “ကမ္ဘာပေါ်ရှိ လူထုအမြင်ကို အာရုံပြောင်းစေရန် လှုံ့ဆော်မှု” အဖြစ် အသုံးပြုနေသည်ဟု ရုရှားက ယူကရိန်းကို စွပ်စွဲထားသည်။

ယူကရိန်းနှင့် ရုရှားတို့၏ ပြောဆိုမှုများကို CNN မှ သီးခြားအတည်ပြုနိုင်ခြင်း မရှိပါ။

ရုရှားနိုင်ငံမှ တိုက်ခိုက်မှုအသစ်များ ပြုလုပ်နေချိန်တွင် ယူကရိန်း၏ လေကြောင်းရန် ကာကွယ်ရေးတပ်များသည် ဒရုန်းအများအပြားကို ညတွင်းချင်း ပစ်ချနိုင်ခဲ့ကြောင်း ယူကရိန်းနိုင်ငံ၏ လေတပ်က တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။

မြို့တော် ကိယက်ဗ်အပါအဝင် နိုင်ငံတစ်ဝှမ်းရှိ ဒေသများသို့ ပစ်လွှတ်ခဲ့သည့် ဒရုန်း ၅၅ စင်းအနက်မှ ၄၀ ကို ယူကရိန်း လေတပ်က ပစ်ချခဲ့ကြောင်း၊ သို့သော် ခါကိဗ့် (Kharkiv) နှင့် ဆန်မီ (Sumy) ဒေသများသည် ရန်သူများ၏ တိုက်ခိုက်မှုကြောင့် ထိခိုက်ခဲ့ကြောင်း ထပ်လောင်း ပြောကြားခဲ့သည်။

ယူကရိန်း စွမ်းအင်အခြေခံအဆောက်အဦများကို ဖေဖော်ဝါရီ ၁ ရက်ညတွင် ဒေသအများ အပြားတွင် ပစ်မှတ်ထားတိုက်ခိုက်ခံခဲ့ရကြောင်း ယူကရိန်းလေတပ်မှ ပြောကြားခဲ့သည်။

သတင်းရင်းမြစ်။ CNN

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းအပေါ် ရုရှား၏ အဆမတန် အင်အား သာလွန်နေမှု စတင်ယိုင်နဲ့လာနေ

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 27 Views
ပျမ်းမျှ နှစ်စဉ်လုပ်ခလစာ၏ လေးဆကျော်နှင့် ညီမျှသော အမေရိကန်ဒေါ်လာ ၈၀,၀၀၀ ခန့်ရှိသည့် အပိုဆုကြေး (Bonus) ကို ရရှိလျှင် သင်
နိုင်ငံတကာသတင်း အမေရိကန်

ကနေဒီစင်တာ အဆောက်အအုံမှ ထရမ့်၏အမည်ကို အားလုံးဖယ်ရှားပြီးဖြစ်ကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 28 Views
ရေးသားသူ – Devan Cole ၊ Betsy Klein ၊ Kaanita Iyer CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၁၄ရက် ဝါရှင်တန် ဒီစီ။ ကနေဒီစင်တာ အဆောက်အအုံမှ ဒေါ်နယ်ထရမ့်၏ အမည်ကို
နိုင်ငံတကာသတင်း အမေရိကန် အိန္ဒိယ

အီရန်နှင့် ထရမ့်၏ စစ်ပွဲအတွင်း အိန္ဒိယသင်္ဘောသားများ ဘေးထွက်ဆိုးကျိုးအဖြစ် အသက်ဆုံးရှုံးရမှုအပေါ် အိန္ဒိယတွင် ဒေါသမျက်မာန်ပွားလျက်ရှိ

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 25 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ (၁၃)ရက် အမေရိကန်၏ တိုက်ခိုက်မှုကြောင့် ကူးသန်းရောင်းဝယ်ရေး ရေနံတင်သင်္ဘောတစ်စင်း ပေါ်တွင် အိန္ဒိယသင်္ဘောသား သုံးဦး သေဆုံးခဲ့ရမှုသည် အိန္ဒိယပြည်သူများအကြား ဒေါသတကြီး မကျေနပ်မှုများကို ဖြစ်ပေါ်စေခဲ့ပြီး၊ နယူးဒေလီနှင့် ဝါရှင်တန်တို့အကြား ဖြေရှင်းနေရပြီးသားဖြစ်သော ဆက်ဆံရေးကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းက စိန့်ပီတာစဘတ် (St. Petersburg) ကို ပစ်မှတ်ထားတိုက်ခိုက်၊ ရုရှားက “ မကြုံစဖူး” တိုက်ခိုက်မှုဟု ဆို

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 18 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ (၁၃)ရက် ယူကရိန်းသည် စနေနေ့တွင် စိန့်ပီတာစဘတ်မြို့ အနီးတစ်ဝိုက်ရှိ ရုရှားရေနံသန့်စင် စက်ရုံများနှင့် စစ်ဘက်ဆိုင်ရာ အဆောက်အအုံများကို ဒရုန်းများဖြင့် အကြီးအကျယ် တိုက်ခိုက်ခဲ့ရာ၊ ရုရှားတာဝန်ရှိသူတစ်ဦးက ယင်းကို “ မကြုံစဖူး” တိုက်ခိုက်မှုအဖြစ်
နိုင်ငံတကာသတင်း အမေရိကန်

အင်တာဗျူးအသစ်တစ်ခုတွင် မယ်လင်ဒါ ဖရန့်ချ် ဂိတ်စ် က စက်ဆုပ်ရွံရှာဖွယ်ကောင်းသော အက်ပ်စတိန်း အကြောင်း ပြန်ပြောင်းပြောဆိုရင်း “ ရင်ထဲကလာတဲ့ တုံ့ပြန်မှုမျိုး” ဖြစ်ပေါ်ခဲ့ရကြောင်း ဆို

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 27 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ (၁၃)ရက် မိုက်ခရိုဆော့ဖ် (Microsoft) ပူးတွဲတည်ထောင်သူ ဘီလ်ဂိတ်စ် (Bill Gates) ၏ ဂျက်ဖရီ အက်ပ်စတိန်း (Jeffrey Epstein) နှင့် ယခင်က ပတ်သက်ခဲ့မှုများအပေါ် ဘီလ်ဂိတ်စ်နှင့် မယ်လင်ဒါ
နိုင်ငံတကာသတင်း အမေရိကန်

ကနေဒီစင်တာ (Kennedy Center) မှ ထရမ့်အမည်အား ဖယ်ရှားရန် တရားသူကြီး သတ်မှတ်ထားသော အချိန်ကို ကျော်လွန်သွားသဖြင့် အချိန်ပိုပေးရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 28 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ (၁၃)ရက် ဖက်ဒရယ်တရားသူကြီးတစ်ဦး၏ အမိန့်အရ ကနေဒီစင်တာ အဆောက်အအုံမှ သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ အမည်ကို ဖယ်ရှားရန် သတ်မှတ်ထားသော နောက်ဆုံး အချိန်ကို ကျော်လွန်သွားခဲ့ပြီးနောက်၊ သမိုင်းဝင်
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အိုကလာဟိုးမားပြည်နယ်၊ ကူးရှင်း (Cushing)ဒေသ ရှိ ရေနံသိုလှောင်ကန်များ အောက်ခြေထိလုနီးပါးလျော့ကျနေပြီ။ ရေနံစျေးကွက်သည် အရေးကြုံရမည့် အလှည့်အပြောင်းအချက်ဆီသို့ ဦးတည်နေ

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 21 Views
အိုကလာဟိုးမားပြည်နယ်၊ ကူးရှင်းမြို့သည် မိမိကိုယ်ကိုယ် “ ကမ္ဘာ့ပိုက်လိုင်းများ ဆုံစည်းရာ လမ်းဆုံ” အဖြစ် တင်စားခေါ်ဝေါ်လေ့ရှိသည်။ ထိုဆောင်ပုဒ်ကို မိန်းလမ်း (Main Street) နှင့် တောင်ဘက်စတိုင်လ်စ်လမ်း (South Stiles Road) ထောင့်ရှိ ပိုက်လုံးကြီးများဖြင့်