နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 7 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

ရုရှားနှင့် စစ်ပြီးဆုံးဖို့ ‘အလွန် အလွန် ဝေးကွာတယ်’ လို့ ယူကရိန်းသမ္မတပြော

မတ်လ (၃) ရက်။

ယူကရိန်းနဲ့ ရုရှားအကြား စစ်ပွဲကို အဆုံးသတ်ဖို့ သဘောတူညီချက်ရဖို့ဟာ အလွန်ဝေးကွာနေသေးတယ်လို့ ယူကရိန်းသမ္မတ ဗလော်ဒီမီယာ ဇလန်းစကီးက ပြောကြားလိုက်ပါတယ်။ ယူကရိန်းရဲ့ အမေရိကန်နဲ့ ရေရှည်ပူးပေါင်းဆောင်ရွက်မှုတွေဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ မကြာသေးမီက ဆက်ဆံရေး ပျက်ပြားနေပေမဲ့ အမေရိကန်ရဲ့ ထောက်ခံမှု ဆက်လက် ရရှိနေနိုင်လောက်အောင် အားကောင်းနေတယ်လို့ ဆိုပါတယ်။

“ (အမေရိကန်) နဲ့ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးဟာ ရံဖန်ရံခါ ဆက်ဆံရေးထက် ပိုနေတာကြောင့် ဆက်လက်ရှိနေမယ်လို့ ကျွန်တော် ထင်ပါတယ်” လို့ ဇလန်းစကီးက လွန်ခဲ့တဲ့ သုံးနှစ်ကြာစစ်ပွဲအတွက် ဝါရှင်တန်ရဲ့ ပံ့ပိုးကူညီမှုကို ရည်ညွှန်းပြီး တနင်္ဂနွေနေ့နှောင်းပိုင်းမှာ ပြောကြားခဲ့ပါတယ်။

“ ယူကရိန်းမှာ အကူအညီတွေ ဆက်လက်စီးဆင်းနေဖို့ အမေရိကန်နဲ့ လုံလောက်တဲ့ ခိုင်မာတဲ့ ပူးပေါင်းဆောင်ရွက်မှု ရှိတယ်လို့ ကျွန်တော် ယုံကြည်ပါတယ်” လို့ လန်ဒန်မြို့ကနေ မထွက်ခွာမီ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သူက ပြောကြားခဲ့ပါတယ်။

ဇလန်းစကီးဟာ မကြာသေးမီက ဘဲဥပုံရုံးမှာ စကားအခြေအတင်ဖြစ်ရာမှာ သမ္မတထရမ့်နဲ့ ဒုသမ္မတဂျေဒီဗန့်စ်တို့က အမေရိကန်ရဲ့ အကူအညီအတွက် ကျေးဇူးတင်ကြောင်း ထပ်မံပြသသင့်တယ်လို့ ဇလန်းစကီးကို လူသိရှင်ကြား ထုတ်ဖော်ပြောဆိုပြီး စွပ်စွဲခဲ့ကြပါတယ်။ ယူကရိန်းရဲ့ အင်အားနည်းနေတဲ့ စစ်တပ်ဟာ ရုရှားတပ်တွေကို တားဆီးဖို့ အခက်တွေ့နေရတဲ့အချိန်မှာ ယူကရိန်းအတွက် အဖြစ်အပျက်တွေရဲ့ အလှည့်အပြောင်းဟာ ဇလန်းစကီးအတွက် မလိုလားတဲ့အရာ ဖြစ်ပါတယ်။

ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာက သူ့ရဲ့ ဥရောပလုပ်ဖော်ကိုင်ဖက်တွေကို လန်ဒန်မှာ စုဝေးဖို့ ကြိုးပမ်းခဲ့ရာ အဲ့ဒီစုဝေးပွဲကို ယူကရိန်းခေါင်းဆောင် တက်ရောက်ဖို့ လန်ဒန်ကို ရောက်ရှိနေစဉ် ထရမ့်ရဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်အပေါ် ယိမ်းယိုင်သွားမှုကြောင့် ယူကရိန်းနိုင်ငံရဲ့ နိုင်ငံရေး မသေချာမရေရာမှုတွေကြားက ဥရောပနိုင်ငံတွေရဲ့ ထောက်ခံအားပေးမှုကို ရရှိခဲ့ပါတယ်။

ရုရှားရဲ့စစ်ပွဲကို အဆုံးသတ်ဖို့ ဥရောပအစပြုမှုအသစ်ရဲ့ အကျဉ်းချုပ် အကြောင်းအရာတွေတွေနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ သတင်းထောက်တစ်ဦးကနေ မေးမြန်းရာမှာ ဇလန်းစကီးက “ ကျွန်တော်တို့ ဒီနေ့ပထမခြေလှမ်းတွေအကြောင်း ပြောနေတာပါ၊ ဒါကြောင့် ဒီအကြောင်းအရာတွေ စာရွက်ပေါ်မရောက်ခင်အထိ အသေးစိတ်တွေကို မပြောလိုပါဘူး။” လို့ ပြန်ဖြေခဲ့ပါတယ်။

“စစ်ပွဲကို အဆုံးသတ်ဖို့ သဘောတူညီချက်ဟာ အလွန်ဝေးကွာနေသေးပြီး ဒီအဆင့်အားလုံးကို ဘယ်သူမှ မစတင်သေးပါဘူး။ အနာဂတ်မှာ ကျွန်တော်တို့ မျှော်မှန်းထားတဲ့ ငြိမ်းချမ်းရေးဟာ တရားမျှတပြီး ရိုးသားပြီး အရေးအကြီးဆုံးကတော့ ရေရှည်တည်တံ့ဖို့ လိုအပ်ပါတယ်” လို့ ဇလန်းစကီးက ပြောကြားခဲ့ပါတယ်။

ယူကရိန်းနဲ့ ရုရှစစ်ပွဲ အဆုံးသတ်ဖို့ ဝေးကွာနေသေးကြောင်း ဇလန်းစကီးက ပြောကြားခဲ့တာနဲ့ပတ်သက်ပြီး တနင်္လာနေ့နှောင်းပိုင်းမှာ ထရမ့်က ဇလန်းစကီးကို ပြစ်တင်ဝေဖန်ခဲ့ပါတယ်။

“ ဒါက ဇလန်းစကီးရဲ့ အဆိုးဆုံး ထုတ်ပြန်ချက်ဖြစ်ပြီး၊ အမေရိကက ဒါကို ကြာကြာသည်းခံမှာ မဟုတ်ပါဘူး။” လို့ ထရမ့်က သူ့ရဲ့ Truth Social လူမှုကွန်ရက်မှာ ပို့စ်တစ်ခု တင်ခဲ့ပါတယ်။

“ ကျွန်တော် ပြောနေတာပဲ၊ ဒီလူက အမေရိကန်ရဲ့ ကျောထောက်နောက်ခံ ရှိနေသရွေ့ ငြိမ်းချမ်းရေးကို မလိုချင်ပါဘူး။ ဥရောပမှာ ဇလန်းစကီးနဲ့ တွေ့ဆုံမှုမှာ အမေရိကန် မရှိရင် သူတို့ အလုပ်မလုပ်နိုင်ဘူးလို့ ပြတ်ပြတ်သားသား ပြောခဲ့တယ်။ ရုရှားကို အင်အားပြတဲ့အနေနဲ့ ထုတ်ပြောရမယ့် ကောင်းမွန်တဲ့ ကြေညာချက်မျိုးတော့ မဟုတ်ဘူး” လို့ ထရမ့်က သူ့ရဲ့ ပို့စ်မှာ ထည့်သွင်းပြောကြားခဲ့ပါ။ “ သူတို့ ဘာတွေတွေးနေကြတာလဲ” လို့ ထပ်ပြီးမေးခွန်းထုတ်ထားပါတယ်။

အိမ်ဖြူတော်က ဇလန်းစကီးကိုစစ်ပွဲကို အဆုံးသတ်ဖို့ ဖြစ်နိုင်ချေရှိတဲ့ လိုက်လျောမှုတွေကို ပိုမိုပွင့်လင်းမြင်သာစွာချ ပြမှုမရှိဘဲပြီး ဖိအားပေးနေချိန်မှာ ဇလန်းစကီးက ပြီးခဲ့တဲ့ သောကြာနေ့အစည်းအဝေးမှာ ဝါရှင်တန်ဆီက လုံခြုံရေးအာမခံချက်ရရှိဖို့ကို တောင်းဆိုခဲ့ပါတယ်။

မကြာသေးမီက ရွေးကောက်ပွဲအပြီး ဂျာမနီ ခေါင်းဆောင်သစ်ဖြစ်လာမယ့် ဖရက်ဒရစ်ချ် မာ့ဇ်က ပြီးခဲ့တဲ့သောကြာနေ့က ဘဲဥပုံရုံးခန်း အခြေတင်ဖြစ်မှုဟာ သူ့အလိုလို ဖြစ်လာတာ မဟုတ်ဘူးလို့ တနင်္လာနေ့မှာ ပြောကြားခဲ့ပါတယ်။ သူက ဒီအခြေတင်ဖြစ်မှုကို အကြိမ်ကြိမ် ကြည့်ရှုခဲ့တယ်လို့ ပြောခဲ့ပါတယ်။

သတင်းရင်းမြစ်။ AP, Truth Social

May be an image of 1 person and text

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

ကမ္ဘောဒီးယား ထိုင်း နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

သြစတြေးလျ၊ တရုတ်နှင့် ဘရာဇီးလ် ရဲစခန်းအတုများ- သိမ်းဆည်းရမိသည့် ကျားဖြန့် (scam) အဆောက်အအုံအတွင်းသို့ BBC ရောက်ရှိခဲ့ခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 38 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် Royal Hill ကာစီနိုနောက်ဘက်ရှိ ခြောက်ထပ်တိုက်၏ မီးမထွန်းထားသောစင်္ကြန်လမ်းများ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြားဆိုင်ရာ ထရမ့်၏ နောက်ဆုံးသတိပေးချက် နီးကပ်လာသော်လည်း အီရန်ဘက်မှ လိုက်လျောမည့် အရိပ်အယောင် မရှိသလောက်ဖြစ်နေ

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 28 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် အီရန်အပေါ် အမေရိကန်-အစ္စရေး ပူးပေါင်းစစ်ဆင်နွှဲနေသည့် ငါးပတ်တာကာလအတွင်း သမ္မတ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့အား အီရန်၏ တိုက်ခိုက်မှုအပြီး နောက်ထပ် ရုပ်အလောင်းနှစ်ခု ထပ်မံတွေ့ရှိ၊ စုစုပေါင်း သေဆုံးသူ လေးဦးအထိ ရှိလာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 27 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် မနေ့က အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့ရှိ လူနေအိမ်ရာ အဆောက်အအုံတစ်ခုကို အီရန်က တိုက်ခိုက်ခဲ့ရာတွင် သေဆုံးခဲ့သူ လေးဦး၏ ရုပ်အလောင်းများကို ယခုအခါ ရှာဖွေတွေ့ရှိပြီဖြစ်ကြောင်း အစ္စရေး
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရန့်က ဟော်မုဇ် ရေလက်ကြားနှင့် ပတ်သက်၍ တီဟီရန်ကို ခြိမ်းခြောက်နေစဉ် အီရန်၊ လက်ဘနွန်နှင့် အစ္စရေးတို့တွင် သေဆုံးမှုများရှိကြောင်း သတင်းထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 25 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၆ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က Truth Social တွင် ရိုင်းစိုင်းသော စကားလုံးများသုံး၍ “အဲဒီ ရေလက်ကြားကို အခုချက်ချင်း ပြန်ဖွင့်လိုက်စမ်း၊ မင်းတို့အရူးတွေ၊ မဟုတ်ရင် ငရဲကျသလို ခံစားရလိမ့်မယ်”
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြား ပြန်ဖွင့်ရန် ထရန့်က နောက်ဆုံးအချိန် ရာဇသံပေးလိုက်သော်လည်း အီရန်က ယာယီအပစ်အခတ်ရပ်စဲရေးကို ငြင်းပယ်လိုက်သည်။

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 23 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် အလွန်အရေးပါသော ကုန်သွယ်ရေးရေလမ်းကြောင်းနှင့် ပတ်သက်၍ ထရန့်နှင့် အီရန်တို့သည် အပြန်အလှန် ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် အီရန်အဆင့်မြင့် အရာရှိ နှစ်ဦးကို သုတ်သင်နိုင်ခဲ့ကြောင်း
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြားနှင့် ပတ်သက်၍ ထရန့်၏ မဆုံးဖြတ်နိုင်ဖြစ်‌နေမှုသည် သူ သူခွင့်ပြုတာထက် ပိုမိုအရေးကြီးနေခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 21 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် “အမေရိကန်ပြည်ထောင်စုဟာ ဟော်မုဇ် ရေလက်ကြားကနေ ရေနံတင်သွင်းတာမျိုး လုံးဝမရှိသလောက်ပါပဲ၊ နောင်မှာလည်း တင်သွင်းမှာမဟုတ်ဘူး။ ကျွန်တော်တို့ အဲဒါကို မလိုအပ်ဘူး။ အရင်ကလည်း မလိုအပ်ခဲ့ဘူး၊ အခုလည်း
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

CNN သတင်းအဖွဲ့ကို အစ္စရေးစစ်သားများက ကိုယ်ထိလက်ရောက် စော်ကားဖမ်းဆီးခဲ့သည့် အနောက်ဘက်ကမ်းခြေ ကျေးရွာအနီးတွင် အစ္စရေးအခြေချနေထိုင်သူများ တရားမဝင် စခန်းသစ်တစ်ခုကို ထပ်မံတည်ဆောက်

  • 2026 ခုနှစ်၊ ဧပြီလ 5 ရက်
  • 23 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် အစ္စရေးအခြေချနေထိုင်သူ အများအပြားသည် ဗုဒ္ဓဟူးနေ့တွင် တာယာဆေးရ်ကျေးရွာသို့ ပြန်လည်ရောက်ရှိလာပြီး ရွာအစွန်၌ တရားမဝင်စခန်းသစ်တစ်ခုကို တည်ဆောက်ခဲ့ကြသည်။ ၎င်းသည် စခန်းတည်ထောင်မှုနှင့် ပတ်သက်၍ CNN ၏
တရုတ် နိုင်ငံတကာသတင်း

‘စနစ်ပိုင်းဆိုင်ရာ ချို့ယွင်းမှု’ ကြောင့် တရုတ်နိုင်ငံအလယ်ပိုင်းတွင် အလိုအလျှောက် မောင်းနှင့်သောတက္ကစီ ( robotaxi) များ ရပ်တန့်သွားကြောင်း ရဲတပ်ဖွဲ့ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 5 ရက်
  • 21 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၅ ရက် ပေကျင်း (ရိုက်တာ) — တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့တွင် Baidu ကုမ္ပဏီ၏ Apollo Go မှ မောင်းနှင်သည့် ရိုဘိုတက္ကစီ (လူမပါဘဲ