နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 23 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

ရုရှားနှင့် စစ်ပြီးဆုံးဖို့ ‘အလွန် အလွန် ဝေးကွာတယ်’ လို့ ယူကရိန်းသမ္မတပြော

မတ်လ (၃) ရက်။

ယူကရိန်းနဲ့ ရုရှားအကြား စစ်ပွဲကို အဆုံးသတ်ဖို့ သဘောတူညီချက်ရဖို့ဟာ အလွန်ဝေးကွာနေသေးတယ်လို့ ယူကရိန်းသမ္မတ ဗလော်ဒီမီယာ ဇလန်းစကီးက ပြောကြားလိုက်ပါတယ်။ ယူကရိန်းရဲ့ အမေရိကန်နဲ့ ရေရှည်ပူးပေါင်းဆောင်ရွက်မှုတွေဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ မကြာသေးမီက ဆက်ဆံရေး ပျက်ပြားနေပေမဲ့ အမေရိကန်ရဲ့ ထောက်ခံမှု ဆက်လက် ရရှိနေနိုင်လောက်အောင် အားကောင်းနေတယ်လို့ ဆိုပါတယ်။

“(အမေရိကန်) နဲ့ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးဟာ ရံဖန်ရံခါ ဆက်ဆံရေးထက် ပိုနေတာကြောင့် ဆက်လက်ရှိနေမယ်လို့ ကျွန်တော် ထင်ပါတယ်” လို့ ဇလန်းစကီးက လွန်ခဲ့တဲ့ သုံးနှစ်ကြာစစ်ပွဲအတွက် ဝါရှင်တန်ရဲ့ ပံ့ပိုးကူညီမှုကို ရည်ညွှန်းပြီး တနင်္ဂနွေနေ့နှောင်းပိုင်းမှာ ပြောကြားခဲ့ပါတယ်။

“ယူကရိန်းမှာ အကူအညီတွေ ဆက်လက်စီးဆင်းနေဖို့ အမေရိကန်နဲ့ လုံလောက်တဲ့ ခိုင်မာတဲ့ ပူးပေါင်းဆောင်ရွက်မှု ရှိတယ်လို့ ကျွန်တော် ယုံကြည်ပါတယ်” လို့ လန်ဒန်မြို့ကနေ မထွက်ခွာမီ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သူက ပြောကြားခဲ့ပါတယ်။

ဇလန်းစကီးဟာ မကြာသေးမီက ဘဲဥပုံရုံးမှာ စကားအခြေအတင်ဖြစ်ရာမှာ သမ္မတထရမ့်နဲ့ ဒုသမ္မတဂျေဒီဗန့်စ်တို့က အမေရိကန်ရဲ့ အကူအညီအတွက် ကျေးဇူးတင်ကြောင်း ထပ်မံပြသသင့်တယ်လို့ ဇလန်းစကီးကို လူသိရှင်ကြား ထုတ်ဖော်ပြောဆိုပြီး စွပ်စွဲခဲ့ကြပါတယ်။ ယူကရိန်းရဲ့ အင်အားနည်းနေတဲ့ စစ်တပ်ဟာ ရုရှားတပ်တွေကို တားဆီးဖို့ အခက်တွေ့နေရတဲ့အချိန်မှာ ယူကရိန်းအတွက် အဖြစ်အပျက်တွေရဲ့ အလှည့်အပြောင်းဟာ ဇလန်းစကီးအတွက် မလိုလားတဲ့အရာ ဖြစ်ပါတယ်။

ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာက သူ့ရဲ့ ဥရောပလုပ်ဖော်ကိုင်ဖက်တွေကို လန်ဒန်မှာ စုဝေးဖို့ ကြိုးပမ်းခဲ့ရာ အဲ့ဒီစုဝေးပွဲကို ယူကရိန်းခေါင်းဆောင် တက်ရောက်ဖို့ လန်ဒန်ကို ရောက်ရှိနေစဉ် ထရမ့်ရဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်အပေါ် ယိမ်းယိုင်သွားမှုကြောင့် ယူကရိန်းနိုင်ငံရဲ့ နိုင်ငံရေး မသေချာမရေရာမှုတွေကြားက ဥရောပနိုင်ငံတွေရဲ့ ထောက်ခံအားပေးမှုကို ရရှိခဲ့ပါတယ်။

ရုရှားရဲ့စစ်ပွဲကို အဆုံးသတ်ဖို့ ဥရောပအစပြုမှုအသစ်ရဲ့ အကျဉ်းချုပ် အကြောင်းအရာတွေတွေနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ သတင်းထောက်တစ်ဦးကနေ မေးမြန်းရာမှာ ဇလန်းစကီးက “ကျွန်တော်တို့ ဒီနေ့ပထမခြေလှမ်းတွေအကြောင်း ပြောနေတာပါ၊ ဒါကြောင့် ဒီအကြောင်းအရာတွေ စာရွက်ပေါ်မရောက်ခင်အထိ အသေးစိတ်တွေကို မပြောလိုပါဘူး။” လို့ ပြန်ဖြေခဲ့ပါတယ်။

“စစ်ပွဲကို အဆုံးသတ်ဖို့ သဘောတူညီချက်ဟာ အလွန်ဝေးကွာနေသေးပြီး ဒီအဆင့်အားလုံးကို ဘယ်သူမှ မစတင်သေးပါဘူး။ အနာဂတ်မှာ ကျွန်တော်တို့ မျှော်မှန်းထားတဲ့ ငြိမ်းချမ်းရေးဟာ တရားမျှတပြီး ရိုးသားပြီး အရေးအကြီးဆုံးကတော့ ရေရှည်တည်တံ့ဖို့ လိုအပ်ပါတယ်” လို့ ဇလန်းစကီးက ပြောကြားခဲ့ပါတယ်။

ယူကရိန်းနဲ့ ရုရှစစ်ပွဲ အဆုံးသတ်ဖို့ ဝေးကွာနေသေးကြောင်း ဇလန်းစကီးက ပြောကြားခဲ့တာနဲ့ပတ်သက်ပြီး တနင်္လာနေ့နှောင်းပိုင်းမှာ ထရမ့်က ဇလန်းစကီးကို ပြစ်တင်ဝေဖန်ခဲ့ပါတယ်။

“ဒါက ဇလန်းစကီးရဲ့ အဆိုးဆုံး ထုတ်ပြန်ချက်ဖြစ်ပြီး၊ အမေရိကက ဒါကို ကြာကြာသည်းခံမှာ မဟုတ်ပါဘူး။” လို့ ထရမ့်က သူ့ရဲ့ Truth Social လူမှုကွန်ရက်မှာ ပို့စ်တစ်ခု တင်ခဲ့ပါတယ်။

“ကျွန်တော် ပြောနေတာပဲ၊ ဒီလူက အမေရိကန်ရဲ့ ကျောထောက်နောက်ခံ ရှိနေသရွေ့ ငြိမ်းချမ်းရေးကို မလိုချင်ပါဘူး။ ဥရောပမှာ ဇလန်းစကီးနဲ့ တွေ့ဆုံမှုမှာ အမေရိကန် မရှိရင် သူတို့ အလုပ်မလုပ်နိုင်ဘူးလို့ ပြတ်ပြတ်သားသား ပြောခဲ့တယ်။ ရုရှားကို အင်အားပြတဲ့အနေနဲ့ ထုတ်ပြောရမယ့် ကောင်းမွန်တဲ့ ကြေညာချက်မျိုးတော့ မဟုတ်ဘူး” လို့ ထရမ့်က သူ့ရဲ့ ပို့စ်မှာ ထည့်သွင်းပြောကြားခဲ့ပါ။ “သူတို့ ဘာတွေတွေးနေကြတာလဲ” လို့ ထပ်ပြီးမေးခွန်းထုတ်ထားပါတယ်။

အိမ်ဖြူတော်က ဇလန်းစကီးကိုစစ်ပွဲကို အဆုံးသတ်ဖို့ ဖြစ်နိုင်ချေရှိတဲ့ လိုက်လျောမှုတွေကို ပိုမိုပွင့်လင်းမြင်သာစွာချ ပြမှုမရှိဘဲပြီး ဖိအားပေးနေချိန်မှာ ဇလန်းစကီးက ပြီးခဲ့တဲ့ သောကြာနေ့အစည်းအဝေးမှာ ဝါရှင်တန်ဆီက လုံခြုံရေးအာမခံချက်ရရှိဖို့ကို တောင်းဆိုခဲ့ပါတယ်။

မကြာသေးမီက ရွေးကောက်ပွဲအပြီး ဂျာမနီ ခေါင်းဆောင်သစ်ဖြစ်လာမယ့် ဖရက်ဒရစ်ချ် မာ့ဇ်က ပြီးခဲ့တဲ့သောကြာနေ့က ဘဲဥပုံရုံးခန်း အခြေတင်ဖြစ်မှုဟာ သူ့အလိုလို ဖြစ်လာတာ မဟုတ်ဘူးလို့ တနင်္လာနေ့မှာ ပြောကြားခဲ့ပါတယ်။ သူက ဒီအခြေတင်ဖြစ်မှုကို အကြိမ်ကြိမ် ကြည့်ရှုခဲ့တယ်လို့ ပြောခဲ့ပါတယ်။

သတင်းရင်းမြစ်။ AP, Truth Social

May be an image of 1 person and text

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 82 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 91 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 89 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 90 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 88 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 88 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 103 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 94 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက