နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 7 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဗြိတိန် ရုရှား ဥရောပ

ရုရှားနှင့် တရုတ်နိုင်ငံတို့မှ ခြိမ်းခြောက်မှုများကို တုံ့ပြန်ရန် ဗြိတိန်၏ ကာကွယ်ရေး အစီအစဉ်သစ်ကို “ပြန်လည်တိုက်ခိုက်ရန်အဆင်သင့်” ဆီသို့ ရွှေ့သွားမည်ဟုဆို

ဇွန်လ (၄) ရက်။

ရုရှားနှင့် တရုတ်ကဲ့သို့သော နျူကလီးယားအင်အားကြီးများ၏ ခြိမ်းခြောက်မှုအသစ်များကို ရင်ဆိုင်ရချိန်တွင် ဗြိတိန်အစိုးရသည် ၎င်း၏စစ်တပ်တွင် ပေါင်ဘီလီယံပေါင်းများစွာ ရင်းနှီးမြှုပ်နှံရန် စီစဉ်ထားသည်။ ၎င်းအစီအစဉ်ကိုကာကွယ်ရေးဝန်ကြီး ဂျွန်ဟီလီ (John Healy) က လွှတ်တော်မှာ ဇွန်လ ၂ ရက်နေ့က ကြေညာခဲ့ပါတယ်။

အစိုးရသည် နှစ်ရှည်လများ စောင့်မျှော်နေသော မဟာဗျူဟာကာကွယ်ရေးပြန်လည်သုံးသပ်ခြင်း (SDR) တွင်ပါရှိသော အကြံပြုချက် ၆၂ ချက်လုံးကိုလက်ခံမည်ဟုကြေငြာခဲ့သည်။ အကြံပြုချက်များတွင် နျူကလီးယားရေငုပ်သင်္ဘောအသစ် ၁၂ စင်းတည်ဆောက်ခြင်း၊ ခဲယမ်းစက်ရုံခြောက်ခုတည်ဆောက်ခြင်းနှင့် ဉာဏ်ရည်တု (AI) ကဲ့သို့သော နောက်ဆုံးပေါ်နည်းပညာများကို အသုံးပြုခြင်းတို့ ပါဝင်သည်။

ကာကွယ်ရေးဝန်ကြီး ဂျွန်ဟီလီက ဗြိတိန်စစ်တပ်သည် “ ခြိမ်းခြောက်မှုအသစ်များ၏ခေတ်” ကို တုံ့ပြန်ရန်အတွက် ၎င်း၏ “ တိုက်ခိုက်ရေးစွမ်းအားကို ဆယ်ဆတိုးရန် လိုအပ်ကြောင်း” ပြောကြားခဲ့သည်။

ထိုအတောအတွင်း အတိုက်အခံ ကွန်ဆာဗေးတစ်ရဲ့ကက်ဘိနက် ကာကွယ်ရေးဝန်ကြီး ဂျိမ်းကတ်တလစ်ချ် (James Cartlidge) က အဆိုပါအစီအစဉ်ကို “ မျှော်လင့်ချက်မှဝေးကွာပြီး ငွေကြေးမလုံလောက်” ဟု ဝေဖန်ခဲ့ပြီး ၎င်းကို လုံးဝစိတ်ပျက်စရာကောင်းသည်ဟု ပြောဆိုခဲ့သည်။

SDR ကို ယခင် အလုပ်သမားအစိုးရများတွင် ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော လော့(ဒ) ရောဘတ်စင် (Lord Robertson) မှ ဦးဆောင်ခဲ့သည်။ လက်နက် သိုလှောင်မှု နည်းပါးခြင်း၊ ဝန်ထမ်းများ ရှာဖွေရ ခက်ခဲခြင်းနှင့် စိတ်ဓာတ် အားနည်းခြင်းတို့ကို ကိုးကား၍ ရုရှားနှင့် တရုတ်တို့ကဲ့သို့ ပြိုင်ဘက်များကို တိုက်ခိုက်ရန် ဗြိတိန်စစ်တပ်သည် လောလောဆယ်တွင် တပ်ဆင်မှုပိုင်း အားနည်းနေသည်ဟု ဆိုသည်။

ဓာတ်ပုံ။

တောအုပ်ထဲတွင် အသင့်အနေအထား ပြင်ဆင်ထားသည့် ဗြိတိသျှစစ်သားကို တွေ့ရစဉ်။/ဗြိတိန်ကာကွယ်ရေး ဝန်ကြီးဌာန၏ ဓာတ်ပုံ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်ဘက်က ‘ခြွင်းချက်မရှိ လက်နက်ချခြင်း’ မပြုမချင်း မည်သည့်သဘောတူညီချက်မျှ ပြုလုပ်မည်မဟုတ်ဟု ထရမ့်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 7 ရက်
  • 20 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၆ ရက် အီရန်နိုင်ငံသည် ဒီမိုကရေစီနိုင်ငံ ဖြစ်လာမလားဆိုသည်မှာ ၎င်းအတွက် အရေးမကြီးဘဲ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အရှေ့အလယ်ပိုင်းတစ်လွှားတွင် “စိုးရိမ်ဖွယ်” လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများ ဖြစ်ပေါ်နေဟု UNHCR ဆို

  • 2026 ခုနှစ်၊ မတ်လ 7 ရက်
  • 22 Views
အမေရိကန်-အစ္စရေး တိုက်ခိုက်မှုများအပေါ် အီရန်၏ ကျယ်ပြန့်သော လက်တုံ့ပြန်မှုများကြောင့် ဒေသတွင်း၌ အကြီးအကျယ် ထိခိုက်မှုများ ဖြစ်ပေါ်နေပြီး၊ အရှေ့အလယ်ပိုင်းဒေသသည် ပျက်စီးယိုယွင်းသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အီရန်

ဘေရွတ်ကို ဗုံးကြဲတိုက်ခိုက်ပြီးနောက် အစ္စရေးက တဟီရန်မြို့ပေါ်သို့ ပြင်းထန်သော လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်

  • 2026 ခုနှစ်၊ မတ်လ 6 ရက်
  • 21 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၆ ရက် အီရန်နိုင်ငံအတွင်း တိုက်ခိုက်မှုများ အစ္စရေးက တဟီရန်မြို့တွင် “ အကြီးစား တိုက်ခိုက်မှု လှိုင်း” စတင်လိုက်ပြီဟု ပြောကြားပြီးနောက် မြို့တော်၏ ကောင်းကင်ယံတွင် ပေါက်ကွဲမှု
နိုင်ငံတကာသတင်း အမေရိကန်

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်တွင်းလုံခြုံရေးဝန်ကြီး နုံးမ်၏ အငြင်းပွားဖွယ်ရာ သက်တမ်း ကုန်ဆုံးပြီးနောက် ထရမ့်က သူမကို ရာထူးမှ ဖယ်ရှား

  • 2026 ခုနှစ်၊ မတ်လ 6 ရက်
  • 23 Views
BBC – ၂၀၂၆ ခုနှစ်၊ မတ်လ ၆ ရက် သမ္မတ ဒေါ်နယ်ထရမ့်၏ အနီးကပ်အကြံပေးများအားလုံးသည် အချိန်တန်လျှင် ရေးသားမထားသော စည်းမျဉ်းတစ်ခုကို သိရှိလာကြရစမြဲဖြစ်သည် – ၎င်းမှာ “ မည်သူမျှ အထက်လူကြီး (သမ္မတ)
နိုင်ငံတကာသတင်း အစ္စရေး အရှေ့အလယ်ပိုင်း အီရန်

အစ္စရေးက အီရန်နှင့်ဖြစ်ပွားနေသော စစ်ပွဲ၏ ‘နောက်တစ်ဆင့်’ သို့ ကူးပြောင်းတော့မည်ဟု ဆို

  • 2026 ခုနှစ်၊ မတ်လ 6 ရက်
  • 36 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၅ ရက် အမေရိကန်ပြည်ထောင်စုတွင် သမ္မတ၏ အီရန်စစ်ပွဲ ဆင်နွှဲမှုကို ကန့်သတ်ထိန်းချုပ်မည့် လုပ်ငန်းစဉ်မှာ အောက်လွှတ်တော်တွင် အတည်ပြုရန် ပျက်ပြားသွားခဲ့သည်။ တစ်ဆက်တည်းမှာပင် ထရမ့်က အီရန်၏ နောက်ထပ်ခေါင်းဆောင်သစ်ကို
နိုင်ငံတကာသတင်း ပါလက်စတိုင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေး အဆုံးသတ်ရန် စောင့်ဆိုင်းနေသည့် စစ်ပွဲကို ဟစ်ဇဘိုလာက ပြန်လည်စတင်လိုက်ပြီ

  • 2026 ခုနှစ်၊ မတ်လ 5 ရက်
  • 35 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၅ ရက် တနင်္လာနေ့ နံနက်အာရုဏ်မတက်မီ အချိန်တွင် ဟစ်ဇဘိုလာအဖွဲ့သည် အစ္စရေးမြောက်ပိုင်းရှိ စစ်အခြေစိုက်စခန်းတစ်ခုသို့ “ဒုံးကျည်များနှင့် ဒရုန်းအုပ်စုများ” ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အီရန်အပေါ် ဆင်နွှဲနေသည့် အမေရိကန်-အစ္စရေး
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန် အထက်လွှတ်တော်က အီရန်အရေး စစ်အာဏာသုံးစွဲမှု ကန့်သတ်ချက်ကို ပယ်ချ

  • 2026 ခုနှစ်၊ မတ်လ 5 ရက်
  • 35 Views
၂၀၂၆ ခုနှစ် မတ်လ ၅ ရက် ၂၀၂၆ ခုနှစ် မတ်လ ၄ ရက် (ဗုဒ္ဓဟူးနေ့) က အမေရိကန် အထက်လွှတ်တော်မှာ သမ္မတ ဒေါ်နယ်ထရမ့်အနေနဲ့ အီရန်အပေါ် စစ်ရေးအရ အရေးယူဆောင်ရွက်ရာမှာ ကွန်ဂရက်
တရုတ် နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

နှစ်လအတွင်း တရုတ်နှင့် ရင်းနှီးသည့် ခေါင်းဆောင်နှစ်ဦးကို အမေရိကန်က ရှင်းထုတ်လိုက်ပြီ ဖြစ်သော်လည်း အဘယ်ကြောင့် ပေကျင်းက ဘာမှမလုပ်ဘဲ ငြိမ်နေသနည်း။

  • 2026 ခုနှစ်၊ မတ်လ 4 ရက်
  • 43 Views
 CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၄ ရက် ဟောင်ကောင်/ပေကျင်း။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ပေကျင်း၏ အရင်းနှီးဆုံး မဟာမိတ်နှစ်ဦးဖြစ်သည့် ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရို နှင့် အီရန်အမြင့်ဆုံး ခေါင်းဆောင် အလီခါမေနီ