နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ အောက်တိုဘာလ 21 ရက်

မြန်မာသတင်း

မြန်မာသတင်း

ကိုယ်ကျိုးအတွက် အဖွဲ့အစည်းပိုင် လက်နက်ခဲယမ်းတွေ မရောင်းဖို့ မြိုင်ပကဖ သတိပေး

ဇန်နဝါရီလ (၅)ရက်။

ကိုယ်ကျိုးအတွက် အဖွဲ့အစည်းပိုင် လက်နက်နဲ့ ခဲယမ်းတွေ မရောင်းချဖို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)ရဲ့ မနေ့က သတိပေးထားချက်အရ သိရပါတယ်။

တော်လှန်ရေးကာလထဲ ရရှိပိုင်ဆိုင်ထားတဲ့ လက်နက်နဲ့ ခဲယမ်းမီးကျောက်တွေဟာ ပြည်သူတွေရဲ့ ချွေးနည်းစာကနေ ဖြစ်လာတာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် တော်လှန်ရေးနဲ့ ပြည်သူတွေရဲ့အကျိုးကို ရှေးရှုပြီး မိမိတို့ရဲ့ အခက်အခဲ၊ ပြဿနာတွေကြောင့် အဲ့ဒီလက်နက်ခဲယမ်းတွေကို ရောင်းချသုံးစွဲတာက တော်လှန်ရေးနဲ့ မလျော်ညီတဲ့ကိစ္စလို့ ဖော်ပြထားပါတယ်။

နောက်ပြီး ရှောင်လွဲမရတဲ့ အခက်အခဲနဲ့ ပြဿနာတွေရှိရင် လက်နက်ခဲယမ်းတွေကို မရောင်းဘဲ သက်ဆိုင်ရာ မြို့နယ်တာဝန်ခံနဲ့ နီးစပ်ရာ ဇုန်၊ တိုက်နယ်နဲ့ ကျေးရွာတာဝန်ခံတွေဆီ အကူအညီတောင်းဖို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် လက်နက်၊ လခဲယမ်းနဲ့ မီးကျောက်တွေ ရောင်းချသုံးစွဲတာကို တိုင်ကြားတာနဲ့ အလွဲသုံးစားလုပ်ရင် ထိထိရောက်ရောက် အပြစ်ပေးအရေးယူခံရမယ်လို့ သတိပေးထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

တန့်ဆည်နယ်ဘက်ကနေ တပ်ပြန်ခေါက်လာတဲ့ စစ်တပ်နဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်း တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 21 ရက်
  • 18 Views
အောက်တိုဘာလ (၂၁)ရက်။ မနေ့က နံနက် (၉)နာရီခွဲအချိန်မှာ တန့်ဆည်နယ်ဘက်ကနေ တပ်ပြန်ခေါက်လာတဲ့ စစ်တပ်နဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ ရေဦးမြို့နယ်ပကဖရဲ့
မြန်မာသတင်း

မင်းလှတိုက်ပွဲထဲ အင်အားမမျှတာကြောင့် PDF ဒုတပ်ခွဲမှူး အသေခံဗုံးခွဲပြီး ကျဆုံးခဲ့ရ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 21 ရက်
  • 15 Views
အောက်တိုဘာလ (၂၁)ရက်။ အောက်တိုဘာလ (၁၆)ရက်နေ့ နေ့လယ် (၃)နာရီခွဲအချိန်က မင်းလှမြို့ လက်ပံတံခါးရွာရှိ သရက်အုပ်လမ်းခွဲမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ စစ်တပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့
မြန်မာသတင်း

မိုင်းငေါ့မြို့ မြို့မဈေး လေကြောင်းဗုံးကြဲခံရကာ ဒေသခံသားအမိ(၂)ဦး သေဆုံးခဲ့ရ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 21 ရက်
  • 17 Views
အောက်တိုဘာလ (၂၁)ရက်။ မနေ့က ည (၈)နာရီကျော်အချိန် မိုင်းငေါ့မြို့ရှိ မြို့မဈေးကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ “ လေကြောင်းဗုံးကြဲတာက မြို့မဈေးတန်းကိုကျတာ။ ဈေးထဲမှာလဲ မီးလောင်သွားတာရှိတယ်။ အဲ့ဒီဈေးတန်းရပ်မှာနေတဲ့ သားအမိ(၂)ဦး
မြန်မာသတင်း

ဒီပဲယင်းနယ်ထဲ လေကြောင်းရန်ကြောင့် ပွဲလမ်းသဘင်တွေမှာ ဖျော်ဖြေရေးမလုပ်ဖို့ မြို့နယ်ပအဖ ထုတ်ပြန်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 21 ရက်
  • 44 Views
အောက်တိုဘာလ (၂၀)ရက်။ အခုလဆန်းပိုင်းကစပြီး ဒီပဲယင်းနယ်ထဲ စစ်တပ်ရဲ့ လေကြောင်းရန်ကြောင့် ပွဲလမ်းသဘင်တွေမှာ ဖျော်ဖြေရေးတွေ မထည့်ကြဖို့ မြို့နယ်ပအဖက ထုတ်ပြန်ကြေညာထားတယ်လို့ သိရပါတယ်။ အခုကာလထဲ စစ်တပ်ဟာ ပြည်သူတွေ စုဝေးတဲ့နေရာတွေကို ပစ်မှတ်ထားပြီး စက်တပ်လေထီးတွေ၊ ဂျက်ဖိုက်တာတွေနဲ့ လေကြောင်းတိုက်ခိုက်တာတွေကို
မြန်မာသတင်း

နိုင်ငံအနှံ့ လေကြောင်းနဲ့ နေ့တိုင်းဗုံးကြဲနေတဲ့ စစ်ခေါင်းဆောင်က ထိုက်သင့်သလောက် တည်ငြိမ်အေးချမ်းနေပြီဆိုပြီးပြော

  • 2025 ခုနှစ်၊ အောက်တိုဘာလ 20 ရက်
  • 59 Views
အောက်တိုဘာလ (၂၀)ရက်။ နိုင်ငံတဝန်း ထိုက်သင့်သလောက် တည်ငြိမ်အေးချမ်းနေပြီဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က ပုသိမ်တပ်နယ်ကို ရောက်ရှိချိန် ပြောဆိုခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အခုအခါ နိုင်ငံတဝန်း ထိုက်သင့်သလောက် တည်ငြိမ်အေးချမ်းနေပြီဖြစ်ပြီး တနိုင်ငံလုံး တည်ငြိမ်အေးချမ်းစေဖို့အတွက်
မြန်မာသတင်း

တရက်ထဲ TNLA ထိန်းချုပ်ထားတဲ့ မြို့ (၄)မြို့ကို စစ်တပ် လေကြောင်းဗုံးကြဲ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 20 ရက်
  • 45 Views
အောက်တိုဘာလ (၂၀)ရက်။ မနေ့က တရက်ထဲ TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်၊ နမ့်ဆန်၊ မန်တုံနဲ့ မိုင်းငေါ့မြို့ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်က နမ့်ဆန်မြို့ နမ္မဝေါရပ်ကွက်၊ မန်တုံမြို့ အောင်ချမ်းသာရပ်ကွက်နဲ့
မြန်မာသတင်း

လုံခြုံရေးကြောင့် သံတွဲနဲ့ ဂွမြို့အနီး ပင်လယ်ပြင်မှာ ညအချိန် ငါးဖမ်းတာတွေကို AA ပိတ်ပင်ထား

  • 2025 ခုနှစ်၊ အောက်တိုဘာလ 20 ရက်
  • 46 Views
အောက်တိုဘာလ (၂၀)ရက်။ မနေ့ကစပြီး လုံခြုံရေးကြောင့် သံတွဲနဲ့ ဂွမြို့အနီး ပင်လယ်ပြင်မှာ ညအချိန် ငါးဖမ်းတာတွေကို AA က အကန့်အသတ်မရှိ ပိတ်ပင်ထားတယ်လို့ သိရပါတယ်။ အာရက္ခပင်လယ်ကမ်းအနီးရှိ မြို့၊ ရွာတွေက ရေလုပ်ငန်းကို အဓိကအမှီပြုပြီး လုပ်ကိုင်နေရတဲ့
မြန်မာသတင်း

နာမည်ဆိုးနဲ့ကျော်ကြားတဲ့ မြဝတီ KK Park ထဲကို ဝင်ရောက်စီးနင်းခဲ့တယ်လို့ စစ်တပ်ထုတ်ပြန်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 20 ရက်
  • 29 Views
အောက်တိုဘာလ (၂၀)ရက်။ ထိုင်း-မြန်မာနယ်စပ်ရှိ BGF ထိန်းချုပ်နယ်မြေထဲက ကျားဖြန့်လုပ်တယ်လို့ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ မြဝတီ KK Park ထဲကို ဝင်ရောက်စီးနင်းခဲ့တယ်ဆိုပြီး စစ်တပ်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်က ဝင်ရောက်စီးနင်းတဲ့အချိန် KK Park