နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 21 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဆိပ်ဖြူမြို့ရှိ ကပစ(၂၂)အနီးဝန်းကျင်တွေကို စစ်ကောင်စီစစ်ကြောင်းထိုးပြီး မီးရှို့တာနဲ့ လက်နက်ကြီးပစ်ခတ်တာတွေကြောင့် ပြည်သူ (၅)ဦးသေဆုံးခဲ့

ဖေဖော်ဝါရီလ (၅)ရက်။

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်ရှိ ကပစ(၂၂)အနီးဝန်းကျင်က ကျေးရွာတွေကို လုံခြုံရေးအတွက်ဆိုပြီး စစ်ကောင်စီက စစ်ကြောင်းထိုးကာ လက်နက်ကြီးပစ်ခတ်တာတွေနဲ့ မီးရှို့ဖျက်ဆီးတာတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

“ ဆိပ်ဖြူမြို့မှာ ကပစ(၂၁)နဲ့ (၂၂)ဆိုပြီး နှစ်ခုရှိတာ။ ပြီးခဲ့တဲ့လက ကပစ(၂၁)ကို ကာကွယ်ရေးတပ်တွေ တိုက်ခိုက်လို့ ထိခိုက်ပျက်စီးတာတွေနဲ့ သေဆုံးတာတွေရှိခဲ့တယ်။ အဲ့ဒါကြောင့် (၂၂) အတိုက်မခံရအောင် အနီးဝန်းကျင်က ကျေးရွာတွေကို စီမံချက်နဲ့ စစ်ကြောင်းထိုးနေတာ” လို့ ဆိုပါတယ်။

ကပစ(၂၂)ကနေထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၂၂)ရက်နေ့ကစပြီး ဖက်ကမ်းနားရွာ၊ ကင်မွန်းထောင့်ရွာ၊ ညောင်ဂွေးဝရွာ၊ အလယ်စုရွာ၊ စိုင်းခေါင်းရွာ၊ တပ်မရွာ၊ ဝဲမရွာနဲ့ နုံးပုံရွာတို့ကို ဝင်ရာက်ပြီး နေအိမ်တွေ မီးရှို့ဖျက်ဆီးတာနဲ့ ညအိပ်တပ်စွဲတာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီဟာ ဖက်ကမ်းနားရွာကို ဒရုန်းနဲ့ ဗုံးသီးကြဲချတာအပါအဝင် စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးတာတွေကြောင့် နေအိမ်တွေ ပျက်စီးခဲ့ရသလို ကင်မွန်းတောင့်ရွာကို လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ပြည်သူ (၅)ဦး သေဆုံးခဲ့ရပါတယ်။

“ ကင်မွန်းတောင့်ကို ညနေ(၆)နာရီလောက်က လက်နက်ကြီးကျတာ။ ဝုန်းကနဲ အသံအကျယ်ကြီးပဲ။ အဲ့ဒီနောက်မှာ မိသားစုလိုက် အဘွားရယ်၊ မြေးရယ် အဖေနဲ့ အမေရယ် ပွဲချင်းပြီး သေဆုံးသွားတာ။ တချို့က ဆေးကုဖို့သွားရင်း လမ်းမှာဆုံးသွားတာ” လို့ ဆိုပါတယ်။

ဇန်နဝါရီလ (၂၆)ရက်နေ့ ညနေ (၆)နာရီအချိန်က ကင်မွန်းထောင့်ရွာနဲ့ ရွာသစ်ပိုင်းကို လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကြောင့် ကလေးငယ်တစ်ဦးအပါအဝင် မိသားစုလိုက် သေဆုံးတာတွေရှိခဲ့တယ်လို့ သိရပါတယ်။

အခုလဆန်းပိုင်းမှာလဲ စိုင်းခေါင်းရွာကို မီးရှို့ဖျက်ဆီးတာကြောင့် လူနေအိမ် (၂၄)လုံးအပါအဝင် ယာယီစာသင်ဆောင် (၂)ဆောင်နဲ့ ဆိုင်ကယ် (၅)စီးတို့ ပျက်စီးခဲ့ပြီး မနေ့ညပိုင်းက ထန်းစွန်နဲ့ မြောက်တောရွာဘက် အင်အားထပ်ဖြည့်တာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ စစ်ကြောင်းထိုးတာတွေကြောင့် ကင်မွန်းတောင့်၊ သဖန်းတောင့်၊ အင်းဂံ၊ ကိုးရွာ၊ ညောင်ဂွေးဝ၊ တောင်ဖြူ၊ ရှားတော၊ အုန်းမှင်၊ ကျောက်ကြီး၊ ကျားကွဲ၊ ကျားဘေ၊ ဘဲကျ၊ အနောက်ကမ်းဖြူ၊ ဆားလောက်၊ သံပုရာပင်၊ တက်မ၊ ဝဲမ၊ နုံးပုံ၊ အလယ်စု၊ ထန်းစွန်နဲ့ မြောက်တောရွာတို့က ပြည်သူထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

အခုအခါမှာလဲ ကပစ(၂၂)က စစ်ကောင်စီတပ်ဟာ ထပ်မံစစ်ကြောင်းထိုးဖို့ရှိနေတဲ့အတွက် ကျန်ကျေးရွာတွေအနေနဲ့ စစ်ရေးသတင်းကို အဆက်အပြတ် လေ့လာဖို့ အသိပေးတာတွေ ရှိနေပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရန်ကုန်တိုင်းစစ်ဌာနနယ်မြေရှိ တိုက်ပွဲတွေထဲ စစ်ကောင်စီတပ်ဖွဲဝင် (၁၃၀)နီးပါး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 20 ရက်
  • 11 Views
ဇွန်လ (၂၀)ရက်။ အခုနှစ် ဖေဖော်ဝါရီလ (၁)ရက်ကနေ မေလကုန်အထိ ရန်ကုန်တိုင်းစစ်ဌာန်မြေထဲ တိုက်ပွဲပေါင်း (၅)ကြိမ်ဖြစ်ပွားခဲ့တယ်လို ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ရေစကြိုမှာ တပ်ပြန် စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး (၇)ဦး ပြင်းထန်ဒဏ်ရာရခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 20 ရက်
  • 22 Views
ဇွန်လ (၂၀)ရက်။ ဇွန်လ (၁၈)ရက်နေ့ နံနက်အစောပိုင်းက ရေစကြိုမှာ တပ်ပြန်လာတဲ့ စစ်တပ်စစ်ကြောင်းကို စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို ရေစကြိုမြိုနယ်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

အကြမ်းဖက်စစ်တပ်နဲ့ လက်ပါးစေတွေက ကရင်နီတော်လှန်ရေးကို ချိနဲ့သွားဖို့ လုပ်ဆောင်နေ

  • 2026 ခုနှစ်၊ ဇွန်လ 20 ရက်
  • 23 Views
ဇွန်လ (၂၀)ရက်။ အကြမ်းဖက်စစ်တပ်ဟာ ကရင်နီအမျိုးသား ခုခံတော်လှန်ရေးကို ချိနဲ့သွားစေဖို့ လုပ်ဆောင်နေတယ်လို့ ဒီကနေ့ (၁၅၁)နှစ်မြောက် ကရင်နီအမျိုးသားနေ့မှာ KNPP ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်ရဲ့ မတရားဖိနှိပ်တာနဲ့ စစ်ဆင်ရေးတွေကြောင့် ကရင်နီပြည်သူတွေဟာ ရပ်ရွာနဲ့ အိုးအိမ်တွေကို
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်နဲ့ တော်လှန်ရေးကို သပ်လျှိုခွဲထုတ်ဖို့ စစ်အုပ်စု ကြိုးပမ်းနေ

  • 2026 ခုနှစ်၊ ဇွန်လ 20 ရက်
  • 18 Views
ဇွန်လ (၂၀)ရက်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တေယ်လှန်ရေးကြီးကို သပ်လျှိုခွဲထုတ်ဖို့ စစ်အုပ်စု နည်းလမ်းပေါင်းစုံ ကြိုးပမ်းနေတယ်လို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မနေ့က ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ အခုအချိန်မှာ စစ်အုပ်စုက လူထုခေါင်းဆောင်ရဲ့ ကျန်းမာရေးနဲ့ လက်တွေ့
မြန်မာသတင်း

ရဲဘော်/ရဲမေ (၉)ဦးကို တပ်ပြေးတွေအနေနဲ့ မုံရွာခရိုင်အမှတ်(၃)တပ်ရင်း ကြေညာ

  • 2026 ခုနှစ်၊ ဇွန်လ 20 ရက်
  • 19 Views
ဇွန်လ (၂၀)ရက်။ ရဲဘော်/ရဲမေ (၉)ဦးကို ‌တပ်ပြေးတွေအနေနဲ့ မုံရွာခရိုင်အမှတ်(၃)တပ်ရင်းက ဒီကနေ့မှာ အသိပေးထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ သူတို့ဟာ တပ်ရင်းမှာ တာဝန်ထန်းဆောင်နေချိန် တရားဝင်နှုတ်ထွက်ခွင့် တင်ပြလာတာမရှိဘဲ သူတို့သဘောဆန္ဒနဲ့ တပ်ပြေးသွားတာလို့ ဆိုပါတယ်။ တပ်ပြေးအနေနဲ့ ကြေညာခံရသူတွေဟာ နေလင်းအောင်၊
မြန်မာသတင်း

လုံခြုံရေးတင်းကြပ်ထားတဲ့ ရန်ကုန်မှာ နှင်းဆီလှုပ်ရှားမှုပြုလုပ်

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 21 Views
ဇွန်လ (၁၉)ရက်။ ဒီကနေ့ နံနက်ပိုင်းက ရန်ကုန်မှာ နှင်းဆီလှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ ရန်ကုန်တော်လှန်ညီနောင်(၄)ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့အနေနဲ့ နှင်းဆီလှုပ်ရှားမှုကို ရန်ကုန်တော်လှန်ညီနောင်(၄)ဖွဲ့က လုံခြုံရေးတင်းကြပ်နေတဲ့ကြားက ဆောင်ရွက်ခဲ့တာလို့ ဆိုပါတယ်။ ဒီလှုပ်ရှားမှုဟာ ပြည်သူအားလုံးရဲ့
မြန်မာသတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် စိုးရိမ်ရတဲ့အခြေအနေနဲ့ ရင်ဆိုင်နေရ

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 26 Views
ဇွန်လ (၁၉)ရက်။ ဒီကနေ့မှာ အသက်(၈၁)နှစ်မြောက် မွေးနေ့ရှင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မတရားဖမ်းဆီးချုပ်နှောင်ခံထားရတာ (၅)နှစ်ကျော်ရှိပြီလို့ CRPH နဲ့ NUG ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်အာဏာရှင်အဆက်ဆက်က မတရားဖမ်းဆီးချုပ်နှောင်တာ၊ နေအိမ်အကျယ်ချုပ်ထားတာနဲ့ အသက်အန္တရာယ်ကိုပါ
မြန်မာသတင်း

နှင်းဆီလှုပ်ရှားမှု လုံခြုံရေး သတိပြုကြဖို အသိပေးနှိးဆော်ထား

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 22 Views
ဇွန်လ (၁၈)ရက်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့အနေနဲ့ ပြည်လုံးကျွတ် နှင်းဆီလှုပ်ရှားမှု ပြုလုပ်မယ့်အပေါ် လုံခြုံရေးသတိပြုဖို အင်အားစုတွေက အသိပေးထားတယ်လို သိရပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ နှင်းဆီပန်းတွေ ရောင်းချတာ၊ ပန်ဆင်တာနဲ့ ကိုင်ဆောင်တာတိုကို ပြင်းပြင်းထန်ထန် ဖျက်ဆီးအရေးယူဖို ပြင်ဆင်နေတယ်လို