နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 23 ရက်

ဆောင်းပါးများ

ဆောင်းပါးများ နိုင်ငံတကာသတင်း အမေရိကန်

“ သမ္မတထရမ့် ကျရှုံးလိမ့်မယ်”

ဆိုဗီယက်ယူနီယံ ပြိုကွဲတော့မှာကို ကြိုတင်ဟောကိန်းထုတ်ခဲ့တဲ့သူ ပြင်သစ်ပညာရှင် အီမယ်နျူရယ်တော့(ဒ) ဘယ်လို သုံးသပ်သွားပါသလဲ။

ထရမ့်ဟာ အမေရိကန်သမ္မတအဖြစ် ပြန်လည်အရွေးခံရပါတယ်။ သမ္မတရွေးကောက်ပွဲမှာ လွှမ်းမိုးအောင်ပွဲခံမှုရဲ့ နောက်ကွယ်မှာ ဘာတွေရှိသလဲ။ အနာဂတ်မှာ ထရမ့်အစိုးရအနေနဲ့ ဘာတွေဖြစ်လာမလဲ။ ဖေဖော်ဝါရီ ၁၇ ရက်၊ ၂၀၂၅ ခုနှစ်ထုတ် AERA မဂ္ဂဇင်းက ပြုလုပ်ခဲ့တဲ့ အီမယ်နျူရယ်တော့(ဒ) (Emmanuel Todd) နဲ့ သီးသန့်အင်တာဗျူးကို ဂျပန်သာသာမှ ပြန်ဆိုထားပါတယ်။

ပြင်သစ်လူမျိုး အီမယ်နျူရယ်တော့(ဒ) ကို ၁၉၅၁ ခုနှစ်၊ မေလ ၁၆ ရက်နေ့တွင် ဖွားမြင်ခဲ့ပါတယ်။ ပြင်သစ်သမိုင်းပညာရှင်၊ မနုဿဗေဒပညာရှင်၊ လူဦးရေစာရင်းပညာရှင်၊ လူမှုရေးပညာရှင်နဲ့ ပါရီရှိ National Institute of Demographic Studies (INED) က နိုင်ငံရေးသိပ္ပံပညာရှင်ဖြစ်ပါတယ်။ သူက ဆိုဗီယက်ယူနီယံ ပြိုကွဲတော့မှာကို ကြိုတင်ဟောကိန်းထုတ်ခဲ့တဲ့သူ ဖြစ်ပါတယ်။

“ သမ္မတထရမ့် ကျရှုံးလိမ့်မယ်”

ထရမ့်ဟာ ရွေးကောက်ပွဲမှာ မဲအများစုနဲ့ အနိုင်ရပြီး သမ္မတဖြစ်လာပါတယ်။

ထရမ့်ဟာ သမ္မတအဖြစ်နှစ်ကြိမ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပြီး ၂၀၁၇ ခုနှစ် ဇန်နဝါရီလမှာ တစ်ကြိမ်နဲ့ အခု တစ်ကြိမ်ပေါ့။ ပထမအချက်အနေနဲ့ ဒီရွေးကောက်ပွဲနှစ်ခုကြားက ဘာတွေ အပြောင်းအလဲတွေ ဖြစ်ခဲ့လဲ ဆိုတာ သုံးသပ်ချင်ပါတယ်။

၂၀၁၇ ခုနှစ်မှာ ထရမ့်ဟာ ရွေးကောက်ပွဲကို ပွတ်ကာသီကာ အနိုင်ရရှိခဲ့ပါတယ်။ လူအများစုက သူ့ကို သမ္မတဖြစ်လာမယ်လို့ မထင်ခဲ့ကြပါဘူး။ ထရမ့်ကိုယ်တိုင် မပြင်ဆင်ထားတာကြောင့် အမေရိကန်စနစ်ကို မထိန်းချုပ်နိုင်ခဲ့တာဟာ သဘာဝကျပြီး တစ်နည်းအားဖြင့် “ အားနည်းတဲ့သမ္မတ” အဖြစ် ရွေးချယ်ခံရတာ သဘာဝကျပါတယ်။ အဲ့ဒီအချိန်မှာ အမေရိကန်ရဲ့ ဗိုလ်ကျမှုကို ဘယ်သူကမှ ဂရုမစိုက်ကြဘဲ လူအနည်းငယ်က အဲ့ဒါကို မေးခွန်းထုတ်ကြသည်။ ဒါပေမဲ့ အခုတစ်ကြိမ်က ဆန့်ကျင်ဘက်ဖြစ်ပါတယ်။ သူက ရွေးကောက်ပွဲ ကိုယ်စားလှယ် မဲအရေအတွက်သာမက လူထုပေးတဲ့ မဲအရေအတွက်မှာပါ အနိုင်ရရှိခဲ့တာကြောင့် အရင်တခါလို ပွတ်ကာသီကာ မဟုတ်ဘဲ သေသေချာချာ အရွေးခံရတာဖြစ်ပါတယ်။
 
ထရမ့်ဟာရဲ့ ရွေးကောက်ပွဲရလဒ်တွေကို ခွဲခြမ်းစိတ်ဖြာကြည့်တဲ့အခါမှာတော့ ထရမ့်ဟာ အနိုင်ရသွားတာ မဟုတ်ဘဲ ကာမလာဟဲရစ်စ် ရှုံးသွားတာကို သတိထားမိပါတယ်။ ကာမလာဟဲရစ်စ်ရဲ့ မဲဆွယ်စည်းရုံးမှုမှာ အမှားများစွာ ပြုလုပ်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ဆန်းစစ်ချက်ကတော့ ဒီမိုကရက်တစ်ပါတီက တင်ပြတဲ့ အကြောင်းအရာတွေဟာ ဒီနေ့ အမေရိကန်တွေ ရင်ဆိုင်နေရတဲ့ ပြဿနာတွေနဲ့ လုံးဝသက်ဆိုင်တာ မရှိပါဘူး။ အမေရိကန်တွေဟာ အစားအသောက်နဲ့ အိမ်ငှားရမ်းခတွေ မြင့်တက်လာတာစတဲ့ ပြဿနာအမျိုးမျိုးနဲ့ ရုန်းကန်နေရတဲ့ သာမန်အမေရိကန်တွေကို မဲဆွယ်ရာမှာ ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်နေတာကြောင့် သာမန်အမေရိကန်ရဲ့ ခံစားချက်နဲ့ ထပ်တူမကျခဲ့ပါဘူး။

ဒါကြောင့် ပြဿနာက ထရမ့်ကို အကြီးအကျယ် အားပေးတာမျိုး မဟုတ်ဘဲ ဒီမိုကရက်တစ်ပါတီကို စိတ်ပျက်နေတယ်လို့ ကျွန်တော် ထင်ပါတယ်။ ထရမ့်က အပြတ်အသတ် အောင်ပွဲခံခဲ့တာ မှန်ပါတယ်။ ဒါပေမယ့် အမေရိကရဲ့ ဉာဏ်ရည်ဉာဏ်သွေး ပြန်လည်နိုးကြားလာမျိုးကိုတော့ မခံစားရပါဘူး။

သမ္မတထရမ့်က သူ့ရဲ့ အဖွင့်မိန့်ခွန်းမှာ “ ရွှေခေတ်စတင်နေပြီ” လို့ ပြောကြားခဲ့သော်လည်း အဲ့ဒီလို ဖြစ်လာမယ်ဆိုတာ မှန်ကန်ကြောင်း သက်သေပြနိုင်မလား။

သမ္မတထရမ့် ကျရှုံးလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ဒါကို မပြောမီ ကျွန်တော်ရဲ့ သုံးသပ်ချက်ဟာ ပုံမှန်အယူဝါဒပေါ်တွင် အခြေခံထားတာ မဟုတ်တာကို နားလည်နိုင်စေဖို့ ကျိုးကြောင်းဆီလျော်စွာ တွေ့ရှိခဲ့တဲ့ အချက်အချို့ကို ထောက်ပြလိုပါတယ်။

ပထမဦးစွာ ထရမ့်က အမေရိကန်ကျန်းမာရေးစောင့်ရှောက်မှုစနစ်မှာ အခက်အခဲရှိနေတယ်လို့ ထောက်ပြခဲ့ပါတယ်။ တစ်နည်းဆိုရရင် ထရမ့်က အမေရိကန် ရင်ဆိုင်နေရသော တကယ့်ပြဿနာတွေကို သတိပြုမိပါတယ်။

လူ့လောကမှာ ကျားနဲ့ မ နှစ်မျိုးသာ ရှိတယ်လို့ ထရမ့်က ဆိုပါတယ်။ မနုဿဗေဒပညာရှင်တစ်ယောက်အနေနဲ့ အမျိုးသားနဲ့ အမျိုးသမီးအပေါ် ကျွန်တော့်ရဲ့ အတွေးအမြင်တွေကို မျှဝေချင်ပါတယ်။ မနုဿဗေဒပညာရှင်ကြီး Margaret Mead က သူမရဲ့ “ Male and Female” စာအုပ်မှာ အမျိုးသားနဲ့ အမျိုးသမီးတို့ဟာ လူ့အဖွဲ့အစည်းကို ဖွဲ့စည်းတည်ဆောက်ဖို့အတွက် မရှိမဖြစ်လိုအပ်တယ်လို့ ဆိုထားပါတယ်။ ကျွန်တော်က လစ်ဘရယ်အမြင်ရှိတဲ့ ပြင်သစ်လက်ဝဲဝါဒီတစ်ဦးဖြစ်တာကြောင့် ကျွန်တော့မှာ လိင်တူချစ်တာကို ဆန့်ကျင်တဲ့ စိတ်ဓာတ် မရှိပါဘူး။ မေးခွန်းက မနုဿဗေဒရှုထောင့်ကနေ ကျား၊မ ရေးရာကို ဘယ်လို တွေးခေါ်မလဲ။ လူသားမှာ ကျား ၊မ ဆိုပြီး နှစ်မျိုးသာ ရှိတယ်ဆိုတာက “ သာမန်အသိ” လို့ ဆိုနိုင်ပါတယ်။

ထရမ့်က “ ကာကွယ်ရေးဝါဒ” အကြောင်းကိုလည်း ပြောခဲ့ဖူးပေမယ့် အမေရိကန်စက်မှုလုပ်ငန်းဟာ ဂလိုဘယ်လိုက်ဇေးရှင်းကြောင့် လုံးလုံးလျားလျား ပျက်စီးသွားတဲ့အတွက် အလုပ်သမားလူတန်းစားကို ကာကွယ်ပေးတဲ့ ကာကွယ်ရေးဝါဒဟာ သာမာန်သဘောလို့ ထင်ပါတယ်။

ဒါ့အပြင် စစ်ပွဲမှာ ပါဝင်ပတ်သက်မှုကို ရပ်တန့်ဖို့နဲ့ ငြိမ်းချမ်းရေးကို ရှာဖွေခြင်းတာဟာလည်း “ သာမန်အသိတရား” အဆိုပြုချက်လို့ ဆိုနိုင်ပါတယ်။ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ကိစ္စတွေမှာလည်း ဒီလိုပဲ ထင်ပါတယ်။ သေချာပါတယ်၊ သူရဲ့ ပြောဆိုပုံဟာ လူသားမဆန်ပေမဲ့ သူ့ရဲ့ တွေးခေါ်ပုံက ဘယ်ကလာတယ်ဆိုတာ စဉ်းစားကြည့်ရင် နယ်စပ်ထိန်းချုပ်ရေးနဲ့ ပတ်သက်ပြီးတော့ ပြောရရင်လည်း သာမန်အသိကနေ လာတယ်လို့ ထင်ပါတယ်။ ထရမ့်ရဲ့ မူဝါဒတွေနဲ့ ပတ်သက်ပြီး ပြောရရင် သာမန်အသိတရားကလာတဲ့ မူဝါဒ တော်တော်များများရှိပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ သူ ကျရှုံးလိမ့်မယ်လို့ ထင်ပါတယ်။

■ ထရမ့်အစိုးရရဲ့ အနာဂတ်

ကျရှုံးမှုအတွက် အခြေခံအချက်အလက်တွေက ဘာလဲ။

ပထမအချက်က စီးပွားရေးပြဿနာပါ။ ဂျာမန်စီးပွားရေးပညာရှင် Friedrich List က အကာအကွယ်ပေးရေးဝါဒအတွက် အရေးကြီးဆုံးအရာက ကျွမ်းကျင်လုပ်သားတွေ ရှိနေဖို့ လိုတယ်လို့ ဆိုပါတယ်။ ဒါပါမဲ့လည်း လက်ရှိမှာ အမေရိကနိုင်ငံမှာ ကျွမ်းကျင်လုပ်သားတွေ ရှားပါးနေပါတယ်။ ထရမ့်ရဲ့ အကာအကွယ်ပေးရေးမူဝါဒတွေ ရှေ့ဆက်နေရင်တောင် ထိရောက်စွာ လုပ်ဆောင်နိုင်မှာ မဟုတ်ဘူးလို့ မြင်ပါတယ်။

ဥပမာအားဖြင့်ပြောရရင် အမေရိကန်နဲ့ ရုရှားတို့ရဲ့ စက်မှုတည်ဆောက်ပုံတွေကို ကြည့်ရင် သူတို့ရဲ့ သဘာဝအရင်းအမြစ်တွေမှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပါဝင်ပါတယ်။ ဒါပေမဲ့ အမေရိကန်ပြည်ထောင်စုမှာ ရုရှားလူဦးရေရဲ့ နှစ်ဆကျော်ရှိပေမဲ့ ရုရှားထက် အင်ဂျင်နီယာတွေ နည်းတာကို တွေ့ရပါတယ်။ နှစ်နိုင်ငံကြား ကွာခြားချက်မှာ လုပ်သမား အင်အားစု ဖြစ်ပါတယ် ကျွမ်းကျင်လုပ်သားတွေ ရှိနေလား မရှိဘူးလားကို ပြောလိုတာပါ။ အမေရိကန်အင်ပါယာမှာ Anglo-Saxon နိုင်ငံတွေ၊ ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်ဝမ်နဲ့ အခြားနိုင်ငံတွေ ပါဝင်ပေမဲ့ အီလက်ထရွန်းနစ်နဲ့ စက်ကိရိယာတွေ အပါအဝင် ခေတ်မီစက်မှုလုပ်ငန်းတွေမှာ ထုတ်လုပ်မှုကို ဖြန့်ကျက်ကြည့်ရှုလိုက်ရင် ပတ်ဝန်းကျင်ဒေသတွေမှာ ရှင်သန်ကြီးထွားနေချိန် အမေရိကန်ပြည်ထောင်စုမှာတော့ အခေါင်းပေါက်ဖြစ်နေတာကို တွေ့ရှိရပါတယ်။ အမေရိကရဲ့ အသွေးအသားတွေဟာ အမေရိကန်ရဲ့ ကိုယ်ခန္ဓာမှာ စုမနေဘဲ ပြန့်ကျဲသွားနေသလို ပုံစံမျိုးပေါ့။

အစ္စရေးကိုလည်း အမေရိကန်အင်ပါယာရဲ့ အစိတ်အပိုင်းတစ်ခုလို့ ယူဆနိုင်ပြီး အမေရိကန်ဟာ အစ္စရေးရဲ့ နည်းပညာအချို့အပေါ် လုံးလုံးလျားလျား မှီခိုနေရပါတယ်။ ဒီတော့ ဗဟိုအားနည်းမှု ပြဿနာရှိတယ်။ ဒါကြောင့် ကျွမ်းကျင်လုပ်သားမရှိတဲ့ အားနည်းတဲ့ အမေရိကန်ကို အကာအကွယ်ပေးရေးဟာ အလွန်ခက်ခဲမှာဖြစ်ပါတယ်။ နိုင်ငံခြားကုမ္ပဏီတွေနဲ့ ပြိုင်ဆိုင်မှု ပြဿနာတွေကြောင့် အမေရိကန်က သူ့ရဲ့အင်အား ဆုံးရှုံးသွားတယ်လို့ ထရမ့်က ယုံကြည်နေပေမဲ့ အမှန်တကယ် ပြဿနာက ပြည်တွင်းပြိုင်ဆိုင်မှုပဲ ဖြစ်ပါတယ်။

ဒုတိယပြဿနာမှာ ဒေါ်လာလွှမ်းမိုးမှု ဖြစ်ပါတယ်။ ထရမ့်က တရုတ်နဲ့ ရုရှားအပါအဝင် ထွန်းသစ်စနိုင်ငံကြီးများ အုပ်စုဖြစ်တဲ့ BRICS ကို ခြိမ်းခြောက်ပြီး အဖွဲ့ဝင်နိုင်ငံတွေကို ဒေါ်လာကနေ နှုတ်ထွက်မယ်ဆိုရင် 100% အခွန်စည်းကြပ်မယ်လို့ ခြိမ်းခြောက်နေပေမဲ့ အမေရိကန်ပြည်ထောင်စုအတွင်း စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတား ဖြစ်စေတဲ့ ဒေါ်လာလွှမ်းမိုးမှုက အဓိကအချက် ဖြစ်ပါတယ်။

ဆိုလိုတာက အဆင့်မြင့် ပညာတတ်တွေ အများအပြား ရှိပေမယ့် သူတို့ကလည်း အဲ့ဒီဒေါ်လာတွေနဲ့ နီးစပ်တဲ့ အလုပ်အကိုင်တွေမှာပဲ အလုပ်လုပ်ကြပါတယ်။ အင်ဂျင်နီယာဆိုတာထက် ဘဏ္ဍာရေးလို ကဏ္ဍတွေက အလုပ်အကိုင်တွေဆီ ဦးတည်တဲ့လမ်းကြောင်းက အမေရိကန်ရဲ့ အင်ဂျင်နီယာ ပြတ်လပ်မှုကို ဘယ်တော့မှ မဖြေရှင်းနိုင်ဘဲ ပိုဆိုးသွားစေပြီး အမေရိကန်ရဲ့ မအောင်မြင်မှုကို ဆက်လက်တည်မြဲစေပါတယ်။ တကယ်တမ်းကတော့ ထရမ့်က ဘာမှမသိပါဘူး။ “ Common Sense (သာမန်အသိတရား)” တစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

တရားရုံးချုပ်က ထရန့် နှင့် ရီပတ်ပလီကင်ပါတီ (GOP) အဖွဲ့ဝင်များအတွက် ကွယ်ဝှက် ထားသော လက်ဆောင်တစ်ခု ပေးအပ်လိုက်ခြင်း

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 22 ရက်
  • 16 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက် တရားရုံးချုပ်သည် သောကြာနေ့တွင် သမ္မတ ဒေါ်နယ်ထရန့် ၏
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အီရန်

အရေးကြီးသော ဆွေးနွေးပွဲများမတိုင်မီ အီရန်အပေါ် အမေရိကန်က စစ်ရေးဖိအားများ တိုးမြှင့်နေ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 17 ရက်
  • 41 Views
CNN- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၁၇ရက် လာမည့်အင်္ဂါနေ့တွင် ဂျီနီဗာမြို့၌ အီရန်နှင့်ပြုလုပ်မည့် ဆွေးနွေးပွဲများမတိုင်မီ အမေရိကန် စစ်တပ်သည် အရှေ့အလယ်ပိုင်းဒေသတွင် လေကြောင်းနှင့် ရေတပ်အင်အားကို သိသိသာသာ ဆက်လက်တိုးမြှင့်လျက်ရှိသည်။ တီဟီရန်အစိုးရကို ခြိမ်းခြောက်ရန်နှင့် အကယ်၍ ၎င်းတို့၏ နျူကလီးယားအစီအစဉ်နှင့်
ဂျာမဏီ နိုင်ငံတကာသတင်း ပြင်သစ် ဗြိတိန် အမေရိကန် ဥရောပ

 ရုရှားကို ဟန့်တားရန် လက်နက်အသုံးစရိတ်နှင့် ပတ်သက်၍ ပြည်သူများက ခက်ခဲသော ရွေးချယ်မှုများ’ ပြုလုပ်ရန် လိုအပ်ကြောင်း ဥရောပ ထိပ်တန်းစစ်ဗိုလ်ချုပ်နှစ်ဦး သတိပေး

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 46 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက် အမေရိကန်၏ အဓိကမဟာမိတ် နှစ်နိုင်ငံမှ ကာကွယ်ရေးဦးစီးချုပ်များသည် အနောက်ဘက် သို့ ပိုမိုဦးတည်လာနေသော ရုရှားနှင့် ဖြစ်ပွားလာနိုင်သည့် စစ်ပွဲကို ဟန့်တားနိုင်ရန်အတွက် ကာကွယ်ရေးအသုံးစရိတ် အမြောက်အမြား
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အနောက်ဘက်ကမ်းခြေ ဒေသအများအပြားကို နိုင်ငံပိုင်မြေအဖြစ် သတ်မှတ်ရန် အစ္စရေး၏ လုပ်ဆောင်ချက်မှာ ‘အင်အားသုံး သိမ်းပိုက်ခြင်း’ ဖြစ်သည်ဟု ပြစ်တင်ရှုတ်ချခံရ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 41 Views
CNN- ၂၀၂၆ခုနှစ်၊ဖေဖော်ဝါရီလ ၁၆ရက် တဲလ်အဗစ် — သိမ်းပိုက်ထားသော အနောက်ဘက်ကမ်းခြေ (West Bank) ရှိ နယ်မြေများကို နိုင်ငံပိုင်မြေအဖြစ် မှတ်ပုံတင်ရန် အစ္စရေးအစိုးရက ရှေ့ဆက်လုပ်ဆောင်နေပြီး ယင်းလုပ်ရပ် ကို ပါလက်စတိုင်းတို့က “အင်အားသုံး နယ်မြေသိမ်းပိုက်ခြင်း
ဂျာမဏီ နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ရူဘီယိုနှင့် ဥရောပခေါင်းဆောင်များ အချက်တခုတွင် သဘောတူညီကြသည်- ထိုအချက်မှာ ယခင်ကမ္ဘာ့အာဏာစဉ်ဟောင်းသည် ‘မတည်ရှိတော့ပါ’ဟူ၍ဖြစ်သည်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 46 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက် မြူးနစ်၊ ဂျာမနီ — သောကြာနေ့က ကျင်းပသော အားပြိုင်မှုများပြင်းထန်သည့် မြူးနစ်လုံခြုံရေးညီလာခံတွင် ဥရောပခေါင်းဆောင်များသည် အမေရိကန်ဦးဆောင်သော နိုင်ငံတကာအစီအစဉ် ဇာတ်သိမ်းသွားပြီဆိုသည့်အချက်ကို အလေးပေးဆွေးနွေးခဲ့ကြသည် –
တရုတ် နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ရူဘီယိုက ဆက်ဆံရေးများ ပြန်လည်ကုစားရန် ကြိုးပမ်းနေချိန်တွင် တရုတ်က ဥရောပကို သိမ်းသွင်းရန် မျှော်လင့်နေ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 59 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက် ပေကျင်း — မြူးနစ်လုံခြုံရေးညီလာခံတွင် အမေရိကန်နှင့် ဥရောပသည် “အတူတကွ ရှိနေရမည့်သူများ” ဖြစ်ကြောင်း ထိပ်တန်းသံတမန် မာကိုရူဘီယိုက ရင်ကြားစေ့ရေး မိန့်ခွန်းပြောကြားပြီး မိနစ်ပိုင်းအကြာမှာပင်၊
နိုင်ငံတကာသတင်း ရုရှား

ရုရှားအတိုက်အခံခေါင်းဆောင် အလက်ဇီ နာဗာလ်နိကို ဖားအဆိပ်မြှား (Dart Frog Toxin) သုံး၍ သတ်ဖြတ်ခဲ့ကြောင်း ဗြိတိန်ပြောကြား

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 14 ရက်
  • 46 Views
BBC – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက် ရုရှားအတိုက်အခံခေါင်းဆောင် အလက်ဇီ နာဗာလ်နီ (Alexei Navalny) သည် ဖားမှ ထုတ်ယူဖော်စပ်ထားသော အဆိပ်ကို အသုံးပြု၍မြှားဆိပ်ဖြင့် သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနက