နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 31 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အမေရိကန်

ကုလဆုံးဖြတ်ချက် ဂါဇာ အမြဲတမ်း အပစ်အခတ်ရပ်စဲရေးမူကြမ်းကို အမေရိကန်က ဗီတိုအာဏာဖြင့် ပယ်ချ

ဇွန်လ (၅) ရက်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်မူကြမ်းတွင် အစ္စရေးနှင့် ဟားမတ်စ်တို့အကြား ချက်ချင်းလက်ငင်း၊ ခြွင်းချက်မရှိ အမြဲတမ်း အပစ်အခတ်ရပ်စဲရေး တောင်းဆိုခဲ့ပြီး ထိုမူကြမ်းကို ဇွန် ၄ ရက် ဗုဒ္ဓဟူးနေ့တွင် အမေရိကန်က ဗီတိုအာဏာဖြင့် ပယ်ချလိုက်သည်။

လူပေါင်း ၂ သန်းကျော်နေထိုင်သည့် ဂါဇာကမ်းမြှောင်တွင် လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကျပ်အတည်းဖြစ်မှု မူကြမ်းကို လုံခြုံရေးကောင်စီရှိ နိုင်ငံ ၁၅ နိုင်ငံက မဲပေးဆုံးဖြတ်ခဲ့ပြီး ထိုနေရာတွင် ၁၁ ပတ်ကြာ အစ္စရေးမှ ပိတ်ဆို့ထားမှုကြောင့်လူပေါင်း ၂ သန်းကျော်တို့ အငတ်ဘေးကြုံတွေ့ နေရပြီး လွန်ခဲ့သည့်လက ပိတ်ဆို့ထားမှုကို အစ္စရေးက ရုပ်သိမ်းခဲ့ပြီးနောက်ပိုင်း စားနပ်ရိက္ခာ နည်းနည်းချင်းသာရရှိခဲ့သည်။

“အမေရိကန်အနေနဲ့ ရှင်းရှင်းလင်းလင်းပြောရရင် ဟားမတ်စ်ကို ရှုတ်ချဖို့ ပျက်ကွက်ပြီး ဟားမတ်စ်တွေကို လက်နက်ဖြုတ်သိမ်းပြီး ဂါဇာကနေ ထွက်ခွာဖို့ မတောင်းဆိုဘူးဆိုရင် ကျွန်မတို့အနေနဲ့ ဘယ်အကြောင်းအရာကိုမှ ထောက်ခံမှာ မဟုတ်ဘူး” ဟု ကုလသမဂ္ဂဆိုင်ရာ ယာယီအမေရိကန်သံအမတ် ဒေါ်ရော်သီ ရှီယာ (Dorothy Shea) က ကောင်စီအား မဲမခွဲမီတွင် ‌ပြောကြားခဲ့ပြီး အမေရိကန်ဦးဆောင်သော အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ကြိုးပမ်းမှုများကို ပျက်ပြားစေသည်ဟု ပြောဆိုခဲ့သည်။

ဝါရှင်တန်သည် အစ္စရေး၏ အကြီးမားဆုံး မဟာမိတ်ဖြစ်ပြီး လက်နက်ထောက်ပံ့သူလည်း ဖြစ်သည်။

မတ်လတွင် နှစ်လကြာ အပစ်အခတ်ရပ်စဲရေး အဆုံးသတ်ပြီးနောက် အစ္စရေးက ဂါဇာတွင် ထိုးစစ်ဆင်လာချိန်တွင် လုံခြုံရေးကောင်စီ၏ မဲခွဲဆုံးဖြတ်မှု ထွက်ပေါ်လာခြင်းဖြစ်သည်။ ဂါဇာကျန်းမာရေး အာဏာပိုင်များက အစ္စရေး၏ တိုက်ခိုက်မှုအတွင်း ဗုဒ္ဓဟူးနေ့တွင် လူ ၄၅ ဦး သေဆုံးခဲ့ကြောင်းပြောကြားခဲ့ပြီး တိုက်ပွဲတွင် စစ်သားတစ်ဦး သေဆုံးခဲ့ကြောင်း အစ္စရေးက ပြောကြားခဲ့သည်။

ဂါဇာကမ်းမြောင်ဒေသတွင် ၎င်းတို့၏ စစ်ရေးစစ်ဆင်ရေးများ တိုးချဲ့ရန် အစ္စရေးအစိုးရ၏ ဆုံးဖြတ်ချက်များနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို တင်းကြပ်စွာ ထိန်းချုပ်ထားခြင်းသည် “ တရားမျှတမှုမရှိ၊ အချိုးအစားညီမျှမှုမရှိ၊ အပြုသဘောမဆန်ဘဲ ဆန့်ကျင်ဘက်ဖြစ်သည်” ဟု ဗြိတိန်၏ ကုလသမဂ္ဂ သံအမတ်ကြီး ဘာဘရာဝုဒ်ဝါဒ် (Barbara Woodward) က ဝေဖန်ခဲ့သည်။

ခြွင်းချက်မရှိ ဒါမှမဟုတ် အမြဲတမ်း အပစ်အခတ်ရပ်စဲရေး တောင်းဆိုတာကို အစ္စရေးက ပယ်ချလိုက်ပြီး ဂါဇာကမ်းမြောင်ဒေသမှာ ဟားမတ်စ်တွေ နေလို့မရဘူးဟု ဆိုသည်။ အစ္စရေးနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ သံအမတ်ကြီး ဒယ်နီ ဒါနွန် (Danny Danon) က အဆိုပါမူကြမ်းအား ထောက်ခံမဲပေးခဲ့ကြသည့် ကောင်စီအဖွဲ့ဝင်များအား “ မင်းတို့ ချွေးသိပ်ပြီး အလျော့ပေးတာပဲ၊ မင်းတို့ရွေးချယ်တဲ့လမ်းက ငြိမ်းချမ်းရေးသွားမှာ မဟုတ်ဘူး ပိုပြီးထိပ်လန့်ကြောက်စရာကောင်းဖို့ပဲ” ဟုဆိုသည်။

ဟားမတ်စ်သည် အမေရိကန်က ဗီတိုအာဏာသုံးမှုရှုတ်ချလိုက်ပြီး အစ္စရေးနိုင်ငံအပေါ် “ အမေရိကန်အစိုးရ၏ မျက်ကန်းဘက်လိုက်မှု” ကို ပြသခဲ့သည်ဟု ဆိုခဲ့သည်။ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်မူကြမ်းတွင် ဟားမတ်စ်နှင့် အခြားသူများက ဖမ်းဆီး ထားသည့် ဓားစာခံအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးရန်လည်း တောင်းဆိုထားသည်။

ဟားမတ်စ်တို့က အောက်တိုဘာ ၇ ရက်က တိုက်ခိုက်မှုတစ်ခုတွင် အစ္စရေးတွင် လူပေါင်း ၁၂၀၀ သေဆုံးပြီး ဓားစာခံ ၂၅၀ ခန့်ကို ကမ်းမြှောင်အတွင်းသို့ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ဂါဇာတွင် စစ်ပွဲသည် ၂၀၂၃ ခုနှစ်မှ စတင်ဖြစ်ပွားခဲ့ကြောင်း အစ္စရေး စာရင်းဇယားများအရ သိရသည်။ အသတ်ခံရသူ သို့မဟုတ် ဖမ်းမိသူအများစုမှာ အရပ်သားများဖြစ်သည်။

အစ္စရေးက ပါလက်စတိုင်း ၅၄,၀၀၀ ကျော် သေဆုံးခဲ့ရတဲ့ စစ်ရေးလှုပ်ရှားမှုကို တုံ့ပြန်ခဲ့ တယ်လို့ ဂါဇာ ကျန်းမာရေး အာဏာပိုင်တွေက ပြောပါတယ်။ အရပ်သားများသည် တိုက်ခိုက်မှုများ၏ ပြင်းထန်မှုကို ခံခဲ့ကြရပြီး နောက်ထပ် ထောင်ပေါင်းများစွာသော ရုပ်အလောင်းများ အပျက်အစီးပုံများအောက်တွင်သေဆုံးခဲ့ရသည်ဟု ၎င်းတို့က ဆိုသည်။

ကမ္ဘာ့ဖိအားအောက်တွင် အစ္စရေးက ကန့်သတ်ထားသော ကုလသမဂ္ဂဦးဆောင်သော ပို့ဆောင်မှုများကို မေ ၁၉ ရက်တွင် ပြန်လည်စတင်ခွင့်ပြုခဲ့သည်။ တစ်ပတ်အကြာတွင် အမေရိကန်နှင့် အစ္စရေးတို့ ကျောထောက် နောက်ခံပြုထားသော ဂါဇာလူသားချင်း စာနာထောက်ထားမှု ဖောင်ဒေးရှင်းမှ အငြင်းပွားဖွယ်အကူအညီများ ဖြန့်ဖြူးရေးစနစ်ကို စတင်ခဲ့သည်။

ဟားမတ်စ်သည် ထောက်ပံ့ရေးပစ္စည်းများကို ခိုးယူသည်ဟု အစ္စရေးက ကာလရှည်ကြာ စွပ်စွဲထားပြီး ယင်းအဖွဲ့က ငြင်းဆိုထားသည်။ အစ္စရေးနှင့် အမေရိကန်တို့သည် ဂါဇာကမ်းမြောင်သို့ အကူအညီများ ဖြန့်ဖြူး ပို့ဆောင်ရန်အတွက် ပုဂ္ဂလိက အမေရိကန် လုံခြုံရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးကုမ္ပဏီများကို အသုံးပြုနေသည့် GHF မှတစ်ဆင့် လုပ်ဆောင်ရန် ကုလသမဂ္ဂအား တိုက်တွန်းထားသည်။

“ ဂါဇာကမ်းမြောင်ရှိ ပါလက်စတိုင်းအရပ်သားများအား ဆာလောင်မွတ်သိပ်နေတာကို ဘယ်သူမ မမြင်ချင်ကြပါ” ဟု အမေရိကန်သံအမတ် ရှီရာ (Shea) က လုံခြုံရေးကောင်စီသို့ ပြောကြားခဲ့ပြီးထပ်လောင်း၍ ထိုဆုံးဖြတ်ချက်မူကြမ်းသည် “ ယခင်အကူအညီပေးဝေမှုနည်းလမ်း၏ ဆိုးရွားသော ချို့ယွင်းချက်များကို ဂရုမပြုပါ” ဟု ဆိုသည်။

ကုလသမဂ္ဂနှင့် နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့များသည် GHF နှင့် လက်တွဲလုပ်ဆောင်ရန် ငြင်းဆိုထားသည်။ အဘယ့်ကြောင့်ဆိုသော် ထိုအဖွဲ့သည် ဘက်မလိုက် မဟုတ်ဘဲ၊ အကူအညီများကို စစ်ရေးအရ လုပ်ဆောင်နေပြီး ပါလက်စတိုင်းများကို ရွှေ့ပြောင်းရန် တွန်းအားပေးနေသောကြောင့် ဖြစ်သည်။

အင်္ဂါနေ့က လုံခြုံစိတ်ချရသော ဖြန့်ဖြူးရေး နေရာများဟု ခေါ်သောနေရာတွင် လူသေဆုံးစေသည့်အဖြစ် ဖြစ်ခဲ့ပြီးနောက် ဖြန့်ဖြူးရေးနေရာများထက် ကျော်လွန်သောနေရာများအထိ အရပ်သားများဘေးကင်းရေးကို ဆောင်ရွက်ပေးရန် အစ္စရေးစစ်တပ်အား ဖိအားပေးခဲ့သည် လူသားချင်းစာနာထောက်ထားမှုဖောင်ဒေးရှင်းက ဗုဒ္ဓဟူးနေ့တွင် မည်သည့်အကူအညီမျှ ဖြန့်ဝေခြင်း မပြုခဲ့ပေ။

GHF က အစ္စရေးစစ်တပ်အား စစ်နေရာများအနီးတွင် ရှုပ်ထွေးမှုများ သို့မဟုတ် တိုးမြင့်လာနိုင်သည့် အန္တရာယ်များကို လျှော့ချရန်၊ ခြေလျင်သွားလာမှုကို လမ်းညွှန်ရန်၊ ပိုမိုရှင်းလင်းသော အရပ်ဘက်လမ်းညွှန်မှုပေးရန်နှင့် အရပ်ဘက်လုံခြုံရေးအတွက် စစ်သားများကို လေ့ကျင့်မှုတိုးမြှင့်ရန် တောင်းဆိုထားကြောင်း GHF က ပြောကြားခဲ့သည်။

‘နှောင့်နှေးမှုများနှင့် ငြင်းဆိုမှုများ’
GHF သည် “ ဆက်လက်ထိန်းသိမ်းခြင်းလုပ်ငန်း” ကိုကြာသပတေးနေ့တွင် ၎င်း၏ ဖြန့်ဖြူးရေး ဆိုဒ်များဖွင့်လှစ်ခြင်းကိုနှောင့်နှေးလိမ့်မည်ဟု Facebook တွင် ရေးသားခဲ့သည်။ လုပ်ငန်းစတင်ချိန်မှစ၍ ယခုအချိန်အထိ အစားအစာ ခုနစ်သန်းကျော် ဝေငှနိုင်ခဲ့ကြောင်း အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

ကုလသမဂ္ဂဦးဆောင်သော ဂါဇာကမ်းမြောင်ဒေသ အကူအညီပေးရေး ဆောင်ရွက်မှုအပေါ် အမေရိကန်နှင့် အစ္စရေးတို့က ဝေဖန်နေသော်လည်း အမေရိကန် အပစ်အခတ်ရပ်စဲရေး အစီအစဉ်တွင် ကုလသမဂ္ဂ၊ လခြမ်းနီနှင့် အခြားသော သဘောတူထားသည့် လမ်းကြောင်းများမှ အကူအညီများ ပေးအပ်ရန် အဆိုပြုထားသည်။ အပစ်အခတ်ရပ်စဲရေးအစီအစဉ်ကို အစ္စရေးက သဘောတူထားသော်လည်း ဟားမတ်စ်က ပြောင်းလဲကြိုးပမ်းနေခြင်းကို အမေရိကန်က ပယ်ချပြီးအပြောင်းအလဲများကို “လုံးဝလက်မခံနိုင်”ဟု ဆိုသည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ မဲခွဲဆုံးဖြတ်မှုမတိုင်မီတွင် ကုလသမဂ္ဂ အကူအညီပေးရေး အကြီးအကဲ တွမ် ဖလက်ချာ (Tom Fletcher) က ဂါဇာကမ်းမြောင်ဒေသရှိ လူများအား ကူညီဆောင်ရွက်ပေးရန် ကုလသမဂ္ဂနှင့် အကူအညီပေးရေးအဖွဲ့များအား ၎င်းတို့တွင် အစီအစဉ်၊ ထောက်ပံ့ရေးနှင့် အတွေ့အကြုံများရှိရန် ထပ်မံတောင်းဆိုခဲ့သည်။

“ နယ်စပ်ဖြတ်ကူးလမ်းတွေအားလုံးကို ဖွင့်ပါ။ ကဏ္ဍပေါင်းစုံကနေ အသက်ကယ်ဖို့ အကူအညီတွေကို အတိုင်းအတာတစ်ခုအထိ ပံ့ပိုးပေးပါ။ ဘယ်လိုအကူအညီတွေ ဘယ်လောက်ယူဆောင်နိုင်တယ်ဆိုတဲ့ ကန့်သတ်ချက်တွေကို ရုတ်သိမ်းလိုက်ပါ။ ကြန့်ကြာမှုတွေနဲ့ ငြင်းဆိုမှုတွေကြောင့် ကျွန်တော်တို့ ယာဉ်တန်းတွေကို နှောင့်နှေးမှုတွေ မဖြစ်အောင် သေချာအောင်လုပ်ပါ” ဟု ဖလက်ချာ(Fletcher) က ဆိုပါသည်။

ဂါဇာကမ်းမြောင်ဒေသသို့ အကူအညီများ ပေးပို့ခြင်းနှင့် စစ်ပွဲဇုန်တစ်လျှောက် ဖြန့်ဖြူးမှုကို ဟန့်တားခြင်းအတွက် နယ်မြေအတွင်း အစ္စရေးနှင့် တရားမဲ့မှုတို့ကို ကုလသမဂ္ဂက ကုန်လွန်ခဲ့သောကာလများစွာက အပြစ်တင်ခဲ့သည်။

“ အရပ်သားတွေ ဒုက္ခခံစားနေရတာ လုံလောက်နေပါပြီ။ စားနပ်ရိက္ခာကို လက်နက် အဖြစ် အသုံးချနေတာလုံလောက်ပါပြီ။ ဒီထက်ပိုပြီး မရက်စက်သင့်တော့ပါဘူး လုံလောက်နေပါပြီ ” ဟု စလိုဗေးနီးယားနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ သံအမတ်ကြီး ဆန်မြူရယ် ဇဘိုဂါ (Samuel Zbogar) က လုံခြုံရေးကောင်စီသို့ ပြောကြားခဲ့သည်။

အလားတူ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်းကို ယခုအခါ အဖွဲ့ဝင် ၁၉၃ နိုင်ငံပါဝင်သော ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မဲခွဲဆုံးဖြတ်ရန် မျှော်လင့်ထားပြီး မည်သည့်နိုင်ငံမှ ဗီတို အာဏာမရှိသောကြောင့် အတည်ပြုနိုင်ဖွယ်ရှိကြောင်း သံတမန်များက ပြောကြားခဲ့သည်။

အကျဥ်းချုပ်အချက်အလက်များ-
• အပစ်အခတ်ရပ်စဲရေးတောင်းဆိုမှုကို အမေရိကန်မှလွဲ၍ ကျန်လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၄ ဦးက ထောက်ခံမဲပေးခဲ့သည်။
• ဘေးကင်းရေး ပိုမိုကောင်းမွန်လာစေရန် အမေရိကန် ကျောထောက်နောက်ခံ ပြုထားသော အကူအညီပေးရေးအဖွဲ့သည် အစ္စရေးနှင့် စကားပြောဆိုနေပါသည်။
• ကုလသမဂ္ဂက အစ္စရေး၊ တရားမဲ့မှုသည် ၎င်း၏အကူအညီပေးရေးလုပ်ဆောင်မှုကို အဟန့်အတားဖြစ်စေသည်ဟု ပြောကြားခဲ့သည်။

ကုလသမဂ္ဂ/ ကိုင်ရို/ဂျေရုဆလမ် ဇွန်လ ၄ရက် (ရိုက်တာသတင်း)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

ထရန့်အစိုးရလက်ထက်မှာ လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေးအဖွဲ့ (ICE) နဲ့ ပြည်ထဲရေးလုံခြုံရေးဝန်ကြီးဌာန (DHS)တို့ရဲ့အကြမ်းဖက်ကိုင်တွယ်မှုကြောင့် အမေရိကန် ပြည်သူများနဲ့ အာဏာရရီပတ်ပလီကင်အမတ်အချို့ရဲ့ဆန့်ကျင်မှုကိုရင်ဆိုင်နေရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်
  • 22 Views
ခေတ်မျက်လုံးမှ စုစည်းတင်ပြချက်- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၃၀ရက် ၂၀၂၆ ခုနှစ်အစောပိုင်းကာလမှာ လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေးအဖွဲ့ (ICE) နဲ့ ပြည်ထဲရေးလုံခြုံရေးဝန်ကြီးဌာန
တရုတ် နိုင်ငံတကာသတင်း ဗြိတိန်

တရုတ်ခေါင်းဆောင်နှင့်ဗြိတိန်ခေါင်းဆောင်နှစ်ဦးကြားတွေ့ဆုံမှု။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 23 Views
ခေတ်မျက်လုံး- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာ (Keir Starmer) ၏ တရုတ်နိုင်ငံ ခရီးစဉ်အတွင်း ရရှိခဲ့သော ကုန်သွယ်ရေးနှင့် စီးပွားရေးဆိုင်ရာ သဘောတူညီချက် အသေးစိတ်များမှာ အောက်ပါအတိုင်း
နိုင်ငံတကာသတင်း

ယနေ့ (၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်) အတွက် မြန်မာနိုင်ငံနှင့် ကမ္ဘာတစ်ဝှမ်းတွင် လူဖတ်အများဆုံးနှင့် စိတ်ဝင်စားမှုအခံရဆုံး သတင်းများကို အောက်တွင် ဖော်ပြပေး လိုက်ပါသည်။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 27 Views
ခေတ်မျက်လုံး- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် မြန်မာနိုင်ငံနှင့် ဆက်နွှယ်သော ထိပ်တန်းသတင်းများ မြီမိသားစုဝင် ၁၁ ဦးကို တရုတ်က ကွပ်မျက်ခြင်း။ ကိုးကန့်ဒေသတွင် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) အင်ပါယာ တည်ထောင်ခဲ့သည့် မြီရှောက်ချန်း
တရုတ် နိုင်ငံတကာသတင်း

မြန်မာနိုင်ငံအတွင်း ဘီလီယံနှင့်ချီသော ရာဇဝတ်အင်ပါယာကို တည်ထောင်ခဲ့သည့် ဂိုဏ်းဝင် ၁၁ ဦးကို တရုတ်နိုင်ငံက ကွပ်မျက်လိုက်ခြင်း

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 22 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် မြန်မာနိုင်ငံအတွင်း မိသားစုလိုက် ရာဇဝတ်အင်ပါယာကို တည်ထောင်ခဲ့ပြီး ထွက်ပြေးရန် ကြိုးပမ်းသည့် အလုပ်သမားများကို သတ်ဖြတ်ခဲ့သည့် လူ ၁၁ ဦးအား တရုတ်တရားရုံး တစ်ခုက သေဒဏ်ချမှတ်ခဲ့ကြောင်း၊
ဂျပန် တရုတ် နိုင်ငံတကာသတင်း

တရုတ်-ဂျပန် ဆက်ဆံရေး တင်းမာနေစဉ်အတွင်း နောက်ဆုံးကျန်ရှိသည့် ပန်ဒါများကို ဂျပန်ပရိသတ်များ နှုတ်ဆက်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 30 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၂၈ရက် တိုကျို — ဂျပန်နိုင်ငံတွင် နောက်ဆုံးကျန်ရှိသည့် ပန်ဒါနှစ်ကောင်ကို တရုတ်နိုင်ငံသို့ ပြန်လည် မပို့ဆောင်မီ တနင်္ဂနွေနေ့တွင် ဂျပန်ပရိသတ်များက သွားရောက်နှုတ်ဆက်ခဲ့ကြသည်။ ဤဖြစ်ရပ်သည် နှစ်နိုင်ငံကြား ဆက်ဆံရေး တင်းမာနေမှုကို ထင်ဟပ်ဖော်ပြနေသည်။
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း အီရတ် အီရန်

ဆယ်စုနှစ်များစွာ အီရန်အစိုးရကို တိုက်ခိုက်ခဲ့ပြီးနောက် ကာ့ဒ်များအတွက် အောင်ပွဲသည် ပိုမိုနီးကပ်လာသည်ဟု ရှုမြင်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 32 Views
CNN -၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၈ ရက် အီရတ်နိုင်ငံ အရှေ့မြောက်ပိုင်း — အဖြူအမည်းရောင် ခေါင်းပေါင်း (ကပ်ဖီယာ) ပတ်ထားသည့် လူငယ်တစ်ဦးသည် သူ၏ AK-47 ရိုင်ဖယ်ကို တစ်စစီဖြုတ်ကာ ကျောက်ဆောင်ထူထပ်သည့် မြေပြင်ပေါ်တွင်
နိုင်ငံတကာသတင်း ဗြိတိန် အမေရိကန် အီတလီ

အာဖဂန်နစ္စတန်ရှိ နေတိုး (NATO) ၏ အခန်းကဏ္ဍကို လျှော့ချပြောဆိုမှုကြောင့် လူထုဒေါသထွက်ပေါ်ခဲ့ပြီးနောက် ဗြိတိန်တပ်ဖွဲ့ဝင်များကို ထရမ့် ချီးကျူးစကားဆို

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 35 Views
CNN- ဇန်နဝါရီ ၂၅၊ ၂၀၂၆ ဝါရှင်တန် ဒီစီ နှင့် လန်ဒန်မြို့ — အာဖဂန်နစ္စတန်တွင် နေတိုးတပ်ဖွဲ့ဝင်များ၏ ပေးဆပ်မှု များကို လျှော့ချပြောဆိုခဲ့သည့် ၎င်း၏ မှတ်ချက်များအပေါ် လူထုဒေါသ အပြင်းအထန် ထွက်ပေါ်ခဲ့ပြီးနောက်၊ အမေရိကန်သမ္မတ