နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 14 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ဟားမတ်စ်သည် အဓိကခြေလှမ်းအဖြစ် အပစ်အခတ်ရပ်စဲရေး အတွက် ‘အပြုသဘော ဆောင်သော တုံ့ပြန်မှု’အဆိုပြုချက်ကို သဘောတူညီချက်တစ်ခုရရှိရန် တင်သွင်းခဲ့သည်။

CNN — ၂၀၂၅ခုနှစ်၊ ဇူလိုင်လ ၄ရက်

ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးနှင့် ရက်ပေါင်း ၆၀ ကြာ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်အား အပြုသဘောဆောင်သော တုံ့ပြန်မှုကို တင်သွင်းခဲ့ကြောင်း ဟားမတ်စ်က သောကြာနေ့တွင် ကြေညာခဲ့ပြီး လပေါင်းများစွာ ကြိုးပမ်းမှုများ မအောင်မြင်ဖြစ်ပြီးနောက် ပဋိပက္ခကို ရပ်တန့်ရန် လမ်းကြောင်းဖွင့်ပေးခဲ့သည်။

ဟားမတ်စ်သည် “ဖျန်ဖြေသူများထံ အပြုသဘောဆောင်သော တုံ့ပြန်မှုတစ်ရပ်ကို တင်ပြခဲ့ပြီး၊ အဆိုပါ လှုပ်ရှားမှုသည် ဤမူဘောင်အကောင်အထည်ဖော်သည့် ယန္တရားနှင့် ပတ်သက်၍ စေ့စပ်ညှိနှိုင်းမှုအဝန်းအဝိုင်းသို့ ချက်ချင်းဝင်ရောက်ရန် အပြည့်အဝ ပြင်ဆင်ထားကြောင်း” အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အစ္စရေးသည်အမေရိကန်ဦးစီးသည့်မူဘောင်ကိုလက်ခံထားပြီး ဆိုလိုသည်မှာ ဖက်နှစ်ဖက် သည် နောက်ဆုံးသဘောတူညီချက်ကို မျှော်လင့်ထားသည်။ အပစ်အခတ်ရပ်စဲရေး သဘော တူညီချက် တရားဝင်မရရှိမီတွင် နှစ်ဖက်စလုံးသည် အသေးစိတ် စေ့စပ်ညှိနှိုင်းမှုများကို သဘောတူညီထားခဲ့ကြသည်။

ဟားမတ်စ်နှင့် တိုက်ရိုက်ဆွေးနွေးနေသည့် ပါလက်စတိုင်း-အမေရိကန် စကားဝိုင်း ဆွေးနွေးညှိနှိုင်းပေးသူ ဖြစ်သည့် ဘစ်ရှာရာ ဘာဘာ (Bishara Bahbah) က Facebook တွင် အဖွဲ့၏ တုံ့ပြန်မှုကို ချီးကျူးခဲ့ပြီး “ကျိန်စာသင့်စစ်ပွဲကို အဆုံးသတ်ဖို့ အခု ကျွန်တော်တို့ ပိုနီးကပ်လာပါပြီ”ဟုဆိုသည်။

ဟားမတ်စ်က လိုအပ်သည်ဟု ယူဆသည့် ပြင်ဆင်မှုများကို မိတ်ဆက်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

“ကျနော့်အမြင်အရတော့ ဒီပြင်ဆင်ချက်တွေဟာ လာမယ့်သီတင်းပတ်အတွင်း အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို ရရှိဖို့ တားဆီးမှာ မဟုတ်ဘူး၊ ဘုရားသခင်ရဲ့ အလိုတော် အတိုင်း ပါဘဲ”ဟုသူကပြောသည်။

အဆိုပါကိစ္စနှင့် ရင်းနှီးသော အစ္စရေးသတင်းရင်းမြစ်တစ်ခုက အစ္စရေးသည် ဟားမတ်စ်ထံမှ အဆိုပြုချက်အပေါ်စာလုံးအနည်းငယ်ပြောင်းလဲအသုံးပြုခြင်းမှလွဲ၍ အပြုသဘော ဆောင်သော တုံ့ပြန်မှုကို အစ္စရေးက မျှော်လင့်ထားကြောင်း သောကြာနေ့အစောပိုင်းတွင် ပြောကြားခဲ့သည်။ အဆိုပါ အပြောင်းအလဲများသည် အပစ်အခတ်ရပ်စဲရေး ကြိုးပမ်းမှုများကို နှောင့်နှေးစေမည်ဟု မမျှော်လင့်ထားကြောင်း သတင်းရင်းမြစ်က ဆိုသည်။

ဂါဇာကမ်းမြောင်ဒေသတွင် ကျန်ရှိသော အစ္စရေး ဓားစာခံ ၅၀ အနက်မှ အပစ်အခတ် ရပ်စဲရေးကာလအတွင်း အသက်ရှင်လျက် ဓားစာခံ ၁၀ ဦးနှင့် သေဆုံးသူ ၁၈ ဦးကို လွှတ်ပေး ရန် အဆိုပြုချက်တွင် တောင်းဆိုထားသည်။ အပစ်အခတ်ရပ်စဲရေး ပထမနေ့တွင် အစ္စရေးက သတ်မှတ်မထားသော ပါလက်စတိုင်း အကျဉ်းသားများနှင့် ထိန်းသိမ်းခံ ထားရသူများကို လွှတ်ပေးပြီး ဟားမတ်စ်မှ  အသက်ရှင်နေသော ဓားစာခံ ရှစ်ဦးကို လွှတ်ပေးမည် ဖြစ်သည်။ နှစ်ဖက်လွှတ်ပေးမှုများပြုလုပ် ပြီးနောက် အစ္စရေးသည် ဂါဇာမြောက်ပိုင်းမှ နုတ်ထွက်ပြီး နှစ်ဘက် စလုံးသည် အမြဲတမ်းအပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းမှုများ စတင်မည် ဖြစ်သည်။

ဓားစာခံများကိုလွှတ်ပေးသည့်အခါ ဟားမတ်စ်တို့၏ အခမ်းအနား သို့မဟုတ် ဖျော်ဖြေပွဲများ မပါဘဲ လုပ်ဆောင်ပေးခြင်းဖြစ်သည်။ ကျန်ရှိသော ဓားစာခံများကို အဆိုပြုချက်တွင် သတ်မှတ်ထားသည့် နောက်ထပ်ရက်လေးရက်တွင် ပြန်လွှတ်ပေးမည်ဖြစ်သည်။

ပြီးခဲ့သောလတွင် အစ္စရေးနှင့် အီရန်တို့ကြား ၁၂ ရက်ကြာ ပဋိပက္ခဖြစ်ပွားပြီးနောက် အပစ်အခတ်ရပ်စဲရေးရရှိရန် ကြိုးပမ်းမှုများ ပိုမိုပြင်းထန်လာခဲ့သည်။ အဓိကစေ့စပ်ညှိနှိုင်းရေးမှူးဖြစ်သည့် ကာတာသည် ယခင်အဆိုပြုချက်များအပေါ်အခြေခံ၍ “နှစ်ဖက်သဘောတူညီနိုင်သည့်အခြေအနေ” ကိုရှာဖွေရန် အစ္စရေးနှင့် ဟားမတ်စ်တို့ကြား

သွယ်ဝိုက်သောဆွေးနွေးပွဲအသစ်ကို ချက်ချင်းစတင်ခဲ့သည်။

အဆိုပြုချက်အသစ်

အဆိုပြုချက်အသစ်တွင် အမြဲတမ်းအပစ်အခတ်ရပ်စဲရေးသဘောတူညီချက် ရရှိရန် စေ့စပ်ညှိနှိုင်းရေး စားပွဲဝိုင်းတွင်ဆွေးနွေးနေစဥ် သို့မဟုတ် အပစ်ရပ်စဲမှု ရက် ၆၀ နောက်ပိုင်းတွင် အစ္စရေးအား ရှိနေစေရန် အမေရိကန်၏ ကတိကဝတ်များနှင့် ပတ်သက်၍ ခိုင်မာသော အာမခံချက်များ ပါ၀င်ကြောင်းနှင့် အစ္စရေးအရာရှိနှင့် စေ့စပ်ညှိနှိုင်းမှုဆိုင်ရာ ရင်းမြစ်တစ်ခုအရ သိရသည်။

အငြင်းပွားဖွယ် အစ္စရေးကျောထောက်နောက်ခံပြု ဂါဇာလူသားချင်း စာနာထောက်ထားမှု ဖောင်ဒေးရှင်းမှမဟုတ်ဘဲ ရိုးရာလူသားချင်းစာနာထောက်ထားမှုလမ်းကြောင်းများမှတစ်ဆင့် ဂါဇာကမ်းမြောင်သို့ အကူအညီများ တိုးမြှင့်ခွင့်ပြုရန်လည်း အစ္စရေးက ကတိပြုပါသည်။

အမေရိကန်သမတ ဒေါ်နယ်ထရန့်က အပစ်အခတ်ရပ်စဲရေးကိုတင်းမာစွာဖိအားပေးနေခဲ့ပြီး အင်္ဂါနေ့တွင် အစ္စရေးသည် လိုအပ်သော အခြေအနေများကို သဘောတူခဲ့ပြီး ရက်၆၀ အပစ်ရပ်ထားခြင်းဖြင့်ရန်လိုမှုများကိုအဆုံးသတ်မည်ဟု ပြောကြားခဲ့သည်။ Truth Social မှာ တင်တဲ့ ပို့စ်တစ်ခုမှာတော့ ထရန့် က ဟားမတ်စ်ကို အဆိုပြုချက်ကို လက်ခံဖို့ သတိပေးခဲ့ ပါသည်။

“အရှေ့အလယ်ပိုင်းဒေသရဲ့ ကောင်းကျိုးအတွက်၊ ဟားမတ်စ်အနေနဲ့ ဒီသဘောတူညီချက်ကို လက်ခံမယ်လို့မျှော်လင့်ပါတယ်၊ ဘာကြောင့်လဲဆိုတော့ ဒီထက်ပိုမိုကောင်းမွန်လာစရာမရှိတဲ့ အတွက် ဖြစ်တယ် ပိုဆိုးလာမှာပဲရှိတယ်” လို့ ဆိုခဲ့ပြီး ကာတာနဲ့ အီဂျစ်တို့က အဆိုပြုချက်ကို ရှေ့တိုးလာရန်လုပ်ဆောင်ရာမှာ သူတို့ရဲ့အခန်းကဏ္ဍအတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု၏ လူယုံ ရွန် ဒါမာ(Ron Dermer) သည် ဝါရှင်တန်ဒီစီတွင် အမေရိကန် အထူးသံတမန် စတီ့ဗ်ဝတ်ကော့ဖ် (Steve Witkoff )အပါအဝင် ထိပ်တန်း ထိပ်တန်းအရာရှိများနှင့် တွေ့ဆုံစဉ် အစ္စရေးက အဆိုပြုချက်အသစ်ကို အင်္ဂါနေ့က လက်ခံခဲ့သည်။

နောက်တစ်နေ့တွင် ဟားမတ်စ်က ၎င်းသည် “နိုင်ငံတော် ညှိနှိုင်းဆွေးနွေးမှု” ၏ တစ်စိတ်တစ်ပိုင်းအဖြစ် အဆိုပြုချက်ကို ဆွေးနွေးနေပြီး “ရန်လိုမှု အဆုံးသတ်ရေး၊ အစ္စရေးတပ်ဖွဲ့များ ဆုတ်ခွာရေးနှင့် ဂါဇာကမ်းမြောင်ဒေသရှိ ကျွန်ုပ်တို့၏ ပြည်သူများအတွက် အရေးပေါ် ကယ်ဆယ်ရေးများ အာမခံချက်ပေးမည့် သဘောတူညီချက်တစ်ခု ရရှိရန် ရည်ရွယ်ထားကြောင်း” ပြောကြားခဲ့သည်။

စေ့စပ်ညှိနှိုင်းမှုများနှင့် နီးစပ်သူတစ်ဦး၏ ပြောကြားချက်အရ အစ္စရေးနှင့် ဟားမတ်စ်တို့သည် အနီးကပ်ဆွေးနွေးပွဲသို့ လျင်မြန်စွာ ဝင်ရောက်ရန် မျှော်လင့်ထားကြောင်း၊ နှစ်ဖက်တာဝန်ရှိသူ များက အဆောက်အအုံတစ်ခုတည်းတွင် ရှိနေကြပြီး စေ့စပ်ညှိနှိုင်းသူများအကြား သဘောတူ ညီချက်တစ်ရပ်ရရှိရန် အမြန်စာပေးပို့ခြင်းဖြင့် ၎င်းတို့ကြားတွင် စေ့စပ်ညှိနှိုင်းရေးမှူးများထံ အလျင်အမြန်ပေးပို့မည်ဟု မျှော်လင့်ရသည်။

ထိုသို့သော ဆွေးနွေးပွဲများသည် ရက်ပေါင်းများစွာ ကြာနိုင်သည်၊ သို့မဟုတ် ၎င်းတို့ကို ပိုမိုမြန်ဆန်စွာ နိဂုံးချုပ်နိုင်သည်။ အပစ်အခတ်ရပ်စဲရေးကာလအတွင်း ဂါဇာကမ်းမြောင် ဒေသတွင် အစ္စရေးတပ်ဖွဲ့များ ဆုတ်ခွာသွားမည့် အချိန်ကာလကို ဖြေရှင်းရန်ကိစ္စသည် အဓိက ပြဿနာများထဲမှ တစ်ခုဖြစ်ကြောင်း သတင်းရင်းမြစ်က ဆိုသည်။

ဝတ်ကော့ဖ် ဦးဆောင်သော လပေါင်းများစွာ နောက်ကွယ်မှ ကြိုးပမ်းမှုများ အပြီးတွင် ကာတာသည် ထရန့် အစိုးရမှ ကျောထောက်နောက်ခံပြုထားသော ရက်၆၀ အပစ်အခတ် ရပ်စဲရေး အဆိုပြုချက်အသစ်ကို ဟားမတ်စ်နှင့် အစ္စရေးတို့ထံသို့ ယခုသီတင်းပတ်တွင် တင်သွင်းပေးပို့ခဲ့သည်။

မတ်လတွင် နှစ်လကြာ အပစ်အခတ်ရပ်စဲရေး ပျက်ပြယ်သွားပြီးနောက် အစ္စရေးသည် ဂါဇာကမ်းမြောင်ကို ဗုံးကြဲတိုက်ခိုက်ခြင်းအား အသစ်ပြန်လည်လုပ်ဆောင်ခဲ့သည် – ထရန့် အစိုးရက စစ်ပွဲအပြီးတိုင် အဆုံးသတ်ရေးအာမခံချက်မပါဝင်သောကြောင့် အပစ်အခတ် ရပ်စဲရေး အဆိုပြုချက်ကို ဟားမတ်စ်က ပယ်ချခဲ့သည်။ မူကွဲအသစ်သည် အဆိုပါ ဟားမတ်စ်တို့၏ အဓိကတောင်းဆိုချက်အတွက် ကြိုးပမ်းခဲ့ပြီး အပစ်အခတ်ရပ်စဲရေးသည် ရက်ပေါင်း ၆၀ ထက်ကျော်လွန်ပြီး ဆက်လက်ရှိနေဦးမည်ဟု အမေရိကန်က အာမခံချက်ပေးထားသည်။

စစ်ပွဲစတင်ကတည်းက အစ္စရေးသည် ဂါဇာတွင် ပါလက်စတိုင်း ၅၇,၀၀၀ ကျော် သတ်ဖြတ် ခဲ့ကြောင်း ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ စေ့စပ်ညှိနှိုင်း သူများသည် နောက်ဆုံးအပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ကို ရှေ့တိုးလုပ်ဆောင်နေချိန်တွင် အစ္စရေးသည် ၎င်း၏ ဂါဇာကမ်းမြောင်ကို ပြင်းထန်စွာ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဝိုင်းရံထားသော နယ်မြေတစ်ဝှမ်းတွင် လူအများအပြား သေဆုံးစေခဲ့သည်။

နေတန်ယာဟု၏ ရည်မှန်းချက်များတွင် ဟားမတ်စ်၏ စစ်ရေးစွမ်းရည်နှင့် အုပ်ချုပ်နိုင်စွမ်းကို ဖျက်ဆီးခြင်း အပါအဝင် စစ်ပွဲကို ကျယ်ကျယ်ပြန့်ပြန့် အဆုံးသတ်ရေး ပါဝင်သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ယခုအချိန်အထိ အစ္စရေးက ငြင်းဆိုထားသည်။ သို့သော် အီရန်နှင့် ပဋိပက္ခအပြီးတွင် တင်းမာမှုကိုလျော့ချပြီး အပေးအယူလုပ်ရန် ဆန္ဒအသစ်ကို အချက်ပြခဲ့သည်။

ဂါဇာကမ်းမြောင်တွင် ကျန်ရှိနေသည့် ဓားစာခံများကို အိမ်ပြန်ခေါ်ဆောင်နိုင်မှု အပါအဝင် အစ္စရေး၏ စစ်ဆင်ရေးများအပြီးတွင် “အခွင့်အလမ်းများစွာ ပွင့်လာပါပြီ” ဟု နေတန်ယာဟု က တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။ ကာလရှည်ကြာ အစ္စရေးခေါင်းဆောင်က လပေါင်း များစွာအတွင်း ဟားမတ်စ်ကို အနိုင်ယူရေးကိုသာလုပ်ဆောင်နေရာမှ ဓားစာခံများ ပြန်လာရေးကို ပထမဆုံးအကြိမ်အဖြစ်  ဦးစားပေး လုပ်ဆောင် ခဲ့သည့် မှတ်တမ်းဖြစ်လာ ခဲ့သည်။

နေတန်ယာဟုသည် ယခုသီတင်းပတ်ကုန်တွင် ဝါရှင်တန်သို့သွားရောက်ကာ တနင်္လာနေ့တွင် အိမ်ဖြူတော်၌ ထရန့် နှင့် တွေ့ဆုံရန် စီစဉ်ထားသည်။ ခရီးစဉ်မထွက်ခွာမီ အဆိုပြုချက်ကို ဆွေးနွေးရန် စနေနေ့ညတွင် ၎င်း၏ အစိုးရအဖွဲ့ အပြည့်အစုံကိုအစည်းအဝေး ခေါ်မည် ဖြစ်သည်။ အစ္စရေးအစိုးရ၏ လက်ယာစွန်းအဖွဲ့ဝင်များသည် သဘောတူညီချက်ကို ကန့်ကွက်ဖျက်စီးရန် ကြိုးစားမည်ဟု ပြောဆိုထားသော်လည်း အခြားနိုင်ငံရေးပါတီများကမူ အပစ်အခတ်ရပ်စဲရေးနောက်ကွယ်တွင် ၎င်းတို့၏ထောက်ခံမှုကို ပေးမည်ဖြစ်ကြောင်း ရှင်းလင်းစွာပြောကြားခဲ့သည်။

ပါလက်စတိုင်းသားများသည် ဂါဇာစီးတီးရှိ ရှတီ(Shati) ဒုက္ခသည်စခန်းတွင် ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၄ ရက်၊ ၌ လူနေအဆောက်အအုံများ ပျက်စီးသွားသည့်နေရာကို ပါလက်စတိုင်းများက ကြည့်ရှုစစ်ဆေးခဲ့သည်။(ဓာတ်ပုံ)

၂၀၂၅ ခုနှစ် ဇူလိုင်လ၃ ရက်နေ့တွင် ဂါဇာကမ်းမြောင်ဒေသရှိ ခန်းယူနစ် (Khan Younis) ၌ ပါလက်စတိုင်းသားများ စုဝေးခဲ့ကြသည်။(ဓာတ်ပုံ)

ဒဏ်ရာရ ပါလက်စတိုင်းများကို ၂၀၂၅ ခုနှစ် ဇူလိုင်လ၄ ရက်နေ့တွင် ဂါဇာကမ်းမြောင် ဒေသတွင် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုအပြီး ဆေးကုသမှုခံယူရန် အယ်လ်အာလီ နှစ်ခြင်းဆေးရုံသို့ ပို့ဆောင်ထားသည်။ (ဓာတ်ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

CNN ၏ နောက်ဆုံးရရှိထားသော သတင်းအချက်အလက်များ

  • 2026 ခုနှစ်၊ မတ်လ 13 ရက်
  • 18 Views
၂၀၂၆ခုနှစ်၊ မတ်လ (၁၃)ရက် ထရမ့်အစိုးရ (Trump Administration) သည် အီရန်နှင့် ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခတွင် ဟော်မုဇ်ရေလက် ကြား
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းစစ်ပွဲနှင့် လူသားတို့၏ ခံစားချက် – ကခုန်ခြင်းသည် ခုခံမှုတစ်ရပ်

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 24 Views
၂၀၂၆ခုနှစ်၊ မတ်လ ၁၂ရက် ယူကရိန်းနိုင်ငံတွင် ၄ နှစ်ကြာ ကြမ်းတမ်းသော စစ်ပွဲဒဏ်ကို ခံစားနေရသော်လည်း၊ လူငယ်များ အတွက် ကခုန်ခြင်း
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အာဆီယံ အီရန်

အိမ်မှအလုပ်လုပ်ခြင်း၊ တစ်ပတ်လျှင် ၄ ရက်အလုပ်လုပ်ခြင်းနှင့် ကျောင်းများပိတ်ခြင်း – စွမ်းအင်ဈေးနှုန်းများ မြင့်တက်လာမှုကြောင့် အာရှနိုင်ငံများ ရုန်းကန်နေရ

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 28 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက် အာရှနိုင်ငံများသည် မည်သည့်အခွင့်အရေးကိုမျှ အဆုံးရှုံးမဖြစ်ရန် ကြိုတင်ပြင်ဆင် နေကြ သည်။ အာရှဒေသသည် ၎င်း၏ ရေနံလိုအပ်ချက်၏ ၆၀% ခန့်ကို အရှေ့အလယ်ပိုင်း ဒေသမှ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

စစ်ပွဲသည် ပင်လယ်ပြင်သို့ ကူးစက်လာသည်နှင့်အမျှ လောင်စာဆီသိုလှောင်ကန်များနှင့် ရေနံတင်သင်္ဘောများ ပစ်မှတ်ထားခံနေရ –

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 27 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက် လက်ရှိအခြေအနေများ အမေရိကန်-အစ္စရေးတို့နှင့် အီရန်တို့အကြား ဖြစ်ပွားနေသော စစ်ပွဲသည် ပင်လယ်ပြင်သို့ ကူးစက်ပျံ့နှံ့လာနေပြီဖြစ်သည်။ အီရန်၏ တိုက်ခိုက်မှုများကြောင့် ရေနံတင်သင်္ဘောများ ထိမှန်ခြင်း၊ အိုမန်ဆိပ်ကမ်းတစ်ခု မီးလောင်ကျွမ်းခြင်းနှင့်
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အီရန် ထိပ်တန်းလုံခြုံရေးအရာရှိက ထရမ့်အား သတိပေး – “ ခင်ဗျားကိုယ်တိုင် အရှင်းလင်းမခံရအောင် သတိထားပါ”

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 22 Views
၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) မှတစ်ဆင့် ရေနံတင်ပို့မှုများကို မပိတ်ပင်ရန် သမ္မတထရမ့်က အီရန်အား သတိပေးခဲ့ပြီးနောက်၊ အီရန်အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူးက အင်္ဂါနေ့တွင် သမ္မတထရမ့်အား ပြန်လည်ခြိမ်းခြောက်ပြောဆိုခဲ့သည်။
နိုင်ငံတကာသတင်း ယူကရိန်း အမေရိကန် အီရန်

မိမိကိုယ်တိုင် အရှက်ခွဲခဲ့ဖူးသည့် ကမ္ဘာ့ခေါင်းဆောင်ထံသို့ ထရမ့် မှ အောက်ကျ နောက်ကျ အကူအညီတောင်းခံရန် ပြန်သွားရပြီ

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 23 Views
AFPသတင်း- ၂၀၂၆ ခုနှစ်၊ မတ်လ ၁၀ ရက် ဒေါ်နယ်ထရမ့်သည် ဗိုလိုဒီမာ ဇလန်းစကီး၏ အီရန်ဒရုန်းများကို တန်ပြန်တိုက်ခိုက်ရေး ကူညီပေးမည့် ကမ်းလှမ်းချက်ကို ပယ်ချခဲ့ပြီးနောက်၊ ယခုအခါ အဆိုပါအကူအညီကိုပင် ပြန်လည်တောင်းခံခဲ့ရသဖြင့် အကျပ်ရိုက်စရာကောင်းသော အခြေအနေတစ်ခုသို့ ရောက်ရှိ
ကမ္ဘောဒီးယား နိုင်ငံတကာသတင်း

“ ဒီလူက ကျွန်မပါ၊ အရမ်းလှတယ်” – ကမ္ဘောဒီးယား ဆိုင်ဘာလိမ်လည်မှု လုပ်ငန်းခွင်အတွင်းပိုင်း

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 24 Views
AFP -၂၀၂၆ခုနှစ်၊မတ်လ (၁၁)ရက် ဖနွမ်းပင် (AFP) – ဘာသာစကားမျိုးစုံဖြင့် ရေးသားထားသော ဇာတ်ညွှန်းများ၊ အမျိုးသမီး ငယ်လေးများ၏ ဓာတ်ပုံများနှင့် အိမ်သာတက်ချိန်ကိုပင် ကန့်သတ်ထားသည့် စည်းကမ်း ချက်များအကြောင်းကို ဗုဒ္ဓဟူးနေ့က ဖမ်းဆီးရမိခဲ့သော ကမ္ဘောဒီးယား ဆိုင်ဘာလိမ်လည်မှု
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

“ မည်သည့်စနစ်ကမျှ မဖြေရှင်းနိုင်ပါ” – လက်ဘနွန်ရှိ ခိုလှုံရေးစခန်းများတွင် နေရပ်စွန့်ခွာသူများ ပြည့်လျှံနေကြောင်း ကူညီကယ်ဆယ်ရေးဝန်ထမ်း ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 11 ရက်
  • 30 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၁၁ရက် အရှေ့အလယ်ပိုင်း ပဋိပက္ခအတွင်း လက်ဘနွန်နိုင်ငံတွင် ဖြစ်ပေါ်နေသော လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းသည် လူပေါင်းသိန်းချီ၍ နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး ဘေးကင်းရာသို့ ရှာဖွေနေရသဖြင့် အလွန်ဆိုးရွားသော အခြေအနေသို့ ရောက်ရှိနေကြောင်း နယ်စည်းမထား