နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 26 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

တက္ကဆက်ပြည်နယ် အုပ်ချုပ်ရေးမှူး ဂရက် အဘော့(Greg Abbott) သည် ပြည်နယ် အောက်လွှတ်တော် ဒီမိုကရက်တစ်ပါတီကော်မတီ ဥက္ကဋ္ဌအား ဖယ်ရှားရန် တရားစွဲခဲ့သည်။

NBC သတင်း ၂၀၂၅ခုနှစ်၊ သြဂုတ်လ ၆ရက်

အောက်လွှတ်တော် ဒီမိုကရက်တစ်ပါတီကိုယ်စားလှယ် ဂျင်းဝူ(Gene Wu) သည် ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ချိုးဖောက်ကြောင်းနှင့် ၎င်း၏ လွှတ်တော်တက်ရန် ပျက်ကွက်မှုသည် ရာထူးမှ စွန့်လွှတ်ခြင်းဖြစ်သည်ဟု တက္ကဆက်ပြည်နယ် တရားရုံးချုပ်သို့ တင်သွင်းသည့် တရားစွဲမှုတွင်တင်ပြထားသည်။

ပြည်နယ်လွှတ်တော်အမတ် ဂျင်းဝူ နှင့် အခြားဒီမိုကရက်အမတ်များကို ရာထူးမှဖယ်ရှားရန် ရီပတ်ဘလီကန်အမတ်များ၏ ကြိုးပမ်းအားထုတ်မှုများ နှောင့်နှေးကြန့်ကြာနေပြီးနောက် ပြည်နယ်အုပ်ချုပ်ရေးမှူး ဂရက် အဘော့ သည် တရားရုံးသို့အင်္ဂါနေ့က အရေးပေါ် လျှောက်ထား စာကို တင်သွင်းခဲ့သည်။

ရီပတ်ဘလီကန်အမတ် ဂရက် အဘော့ ၏တရားစွဲဆိုမှုတွင် တက္ကဆက် အောက်လွှတ်တော် ဒီမိုကရက်တစ်ပါတီ ကော်မတီ ဥက္ကဋ္ဌ ဝူ သည် ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ပြီး ၎င်း၏ရာထူးတာဝန်ပျက်ကွက်နေမှုသည် ရာထူးမှ စွန့်လွှတ်ခြင်းဖြစ်သည်ဟု စွပ်စွဲထားသည်။

ကွန်ဂရက်လွှတ်တော်၏ နယ်နိမိတ်များကို ပြန်လည်ပြင်ဆင်ရေးဆွဲရန်ပြီး အောက်လွှတ်တော် တွင် ရီပတ်ပလီကင်ပါတီအတွက် နောက်ထပ် အမတ်နေရာငါးနေရာ တိုးလာစေရန် လိုအပ် သော ဥပဒေပြုရေး အထမြောက်ရန် လုပ်ဆောင်မည့် ရီပတ်ဘလီကန်များ၏ အစီအစဥ်ကို ဒီမိုကရက်တစ် လွှတ်တော်အမတ်များက ငြင်းပယ်ဆန့်ကျင်၍ လွှတ်တော်တွင် တက်ရောက် ခြင်း မရှိဘဲ ရှောင်နေခဲ့ကြသည်။

အစည်းအဝေးအထမြောက်ရန်ထောက်ပံ့ပေးသည့် ပြဋ္ဌာန်းချက်များသည် နိုင်ငံတော် အောက်လွှတ်တော်တွင်တက်ရောက်ရန် “ခိုင်လုံသော ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တာဝန်တစ်ရပ်” ဖြစ်သည်ဟု တရားစွဲဆိုထားသည်။

“ ကိုယ်စလှယ် ဝူ သည် အထမြောက်မှုကို ချိုးဖောက်ရန်၊ ဥပဒေပြုရေးလုပ်ငန်းစဉ်များကို ဟန့်တားရန်နှင့် တက္ကဆက်ပြည်နယ် အောက်လွှတ်တော်ကို သွက်သွက်လက်လက်မလုပ် နိုင်စေရန် တက္ကဆက်ပြည်နယ်မှ ထွက်ပြေးခြင်းဖြင့် ဤအခြေခံဥပဒေဆိုင်ရာ လုပ်ပိုင်ခွင့်များ ကို ပြောင်ပြောင်တင်းတင်း စွန့်လွှတ်လိုက်ခြင်းဖြစ်သည်” ဟု တရားစွဲဆိုထားသည်။

“တရားဝင်အကြောင်းပြချက်အတွက်မဟုတ်ဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြဌာန်းထားသော အစည်းအဝေးအတွင်း ပြည်နယ်မှ ထွက်ခွာခြင်းသည် ဥပဒေပြုလွှတ်တော်၏ လုပ်ဆောင် နိုင်စွမ်း ကို ဖျက်စီးရန် ရည်ရွယ်ချက်ဖြင့် ဝူ ၏ ကျမ်းကျိန်မှုကို ထင်ရှားစွာ ချိုးဖောက်ခြင်း ဖြစ်ပြီး ၎င်း၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တာဝန်ကို ရည်ရွယ်ချက်ရှိရှိ စွန့်လွှတ်ခြင်း ဖြစ်သည်” ဟု ၎င်းကဆိုသည်။

အင်္ဂါနေ့ညနေတွင် မှတ်ချက်ပေးရန် တောင်းဆိုချက်ကို ဝူ က ချက်ချင်း တုံ့ပြန်ခြင်း မရှိ သော်လည်း ဟူစတန်မြို့အခြေစိုက် KHOU မှရရှိသော ထုတ်ပြန်ချက်တစ်ခုတွင် ၎င်းက ၎င်း၏တာဝန်များကို စွန့်လွှတ်မည်မဟုတ်ကြောင်း ငြင်းဆိုခဲ့သည်။

“ ကျွန်ုပ်၏ လုပ်ရပ်နှင့် ကျွန်ုပ်၏ တာဝန်ကို ကျွန်ုပ်အား ပြတ်ပြတ်သားသား ရှင်းရှင်းလင်းလင်း ထုတ်ဖော်ခွင့် ပေးပါရစေ။ ပြည်နယ်အုပ်ချုပ်ရေးမှူးတစ်ဦးသည် လူမျိုးရေး ခွဲခြားသည့် ကောက်ကျစ်သော မြေပုံကိုရေးဆွဲရန် ဂုဏ်သိက္ခာမရှိသောသမတတစ်ဦးနှင့် ပူးပေါင်း လိုက်သောအခါ၊ ကျွန်ုပ်၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၏ တာဝန်မှာထိုကိစ္စတွင် လိုလားစွာ ပါ၀င်သူ မဖြစ်ရန် ဖြစ်သည်” ဟု ဝူက ဆိုသည်။

“ ပြည်နယ်အုပ်ချုပ်ရေးမှူးလုပ်ရပ်ကို အထမမြောက်အောင် ငြင်းဆိုလိုက်တာဟာ ကျွန်တော့်ရဲ့ ရာထူးကို စွန့်လွှတ် လိုက်တာ မဟုတ်ပါဘူး၊ ဒါဟာ ကျွန်တော့်ရဲ့ ကတိသစ္စာကို ဖြည့်ဆည်း ခြင်း တစ်ခုပါပဲ။ သူ့ရဲ့ အကျင့်ပျက်အစီအစဉ်ကို ထိုက်တန်စွာ ခုခံကာကွယ်နိုင်ခြင်း မရှိတဲ့ အတွက်ကြောင့် အခုအချိန်မှာတော့ ဂရက် အဘော့ ဟာ ကမူးရှူးထိုးနဲ့ ကျွန်တော်ရဲ့ ဆန့်ကျင်မှုကို တိတ်ဆိတ်သွားရန် အရွေးခံထားရသူတွေကို ရာထူးက ဖယ်ရှားပစ်ဖို့ အပြင်းအထန် ကြိုးစားနေပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

အီလီနွိုင်းမှနေပြီး တနင်္ဂနွေနေ့က ဆိုရှယ်မီဒီယာတွင် ဝူ က “ ချီကာဂိုရှိ မြေပြင်ပေါ်တွင်… တက္ကဆက်နယ်သားများနှင့် အမေရိကန် အားလုံး၏အခွင့်အရေးအတွက် တိုက်ပွဲဝင် နေပါတယ်” ဟုပြောခဲ့သည်။

အဘော့က ဝူ နှင့် တက္ကဆက်ပြည်နယ်မှ ထွက်ခွာသွားသော အခြား ဒီမိုကရက်တစ်ပါတီ အမတ် ၅၀ ကျော်က ပြန်လာရန် ငြင်းဆိုခဲ့ခြင်းသည် ရွေးကောက်ပွဲ အထမြောက်ရန် လိုအပ်ချက်များနှင့် မကိုက်ညီကြောင်း ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

“ တက္ကဆက်စ် အောက်လွှတ်တော် ဒီမိုကရက်များသည် တက္ကဆက်ပြည်နယ်အတွက် ၎င်းတို့၏ တာဝန်ကို စွန့်လွှတ်ခဲ့ခြင်းကြောင့် အကျိုးဆက်များ ရှိလိမ့်မည်” ဟု ၎င်းက ပြောကြားခဲ့သည်။

အက်ဘော့က နောက်နေ့တွင် အောက်လွှတ်တော်ကို ခေါ်ယူသည့်အခါတွင် ၎င်းတို့ မပါဝင် ပါက ဒီမိုကရက်များကို ဖယ်ရှားရန် ကြိုးပမ်းမည်ဟု တနင်္ဂနွေနေ့က ကြေညာချက်တွင် သတိပေးထားသည်။ ဒီမိုကရက်တစ်လွှတ်တော်အမတ်များ တနင်္လာနေ့တွင် လွှတ်တော် တက်ရောက်ရန် ပျက်ကွက်စဉ် အတွင်း၊ လိုအပ်ပါက လွှတ်တော်အမတ်များအား ဖမ်းဝရမ်းဖြင့် ပြန်လည် ပို့ဆောင်ရန် အောက်လွှတ်တော်က မဲခွဲဆုံးဖြတ်ပြီးနောက် ၎င်းတို့အား ဖမ်းဆီးရန် ပြည်နယ် ပြည်သူ့လုံခြုံရေးဌာနအား အမိန့်ပေးခဲ့သည်။

FBI နှင့် ဖက်ဒရယ်အစိုးရတို့သည် ဥပဒေပြုအမတ်များ၏ တည်နေရာကို ရှာဖွေဖမ်းဆီးခြင်း တွင် ပါဝင်သင့်သလောဟု မေးမြန်းရာတွင် သမ္မတ ဒေါ်နယ်ထရန့် က ၎င်းတို့ “လုပ်သင့်တယ်” ဟု အင်္ဂါနေ့အစောပိုင်းတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

“လူတော်တော်များများက သူတို့ပြန်လာဖို့ တောင်းဆိုနေတယ်။ သူတို့အပြင်ဖက်မှာ ထိုင်နေလို့ မရဘူး။ ပြန်သွားရမယ်။ အဲဒါကို ပြန်တွန်းလှန်တိုက်ရမယ်။ ရွေးကောက်ပွဲဆိုတာ ဒါပဲ” ဟု ထရန့် က ဆိုသည်။

NBC သတင်း Zoë Richards မှ ရေးသားသော Texas Gov. Greg Abbott sues to remove state House Democratic Caucus chair in redistricting standoffကို ခေတ်မျက်လုံးမှ ဘာသာပြန် သည်။

တက္ကဆက်ပြည်နယ် အုပ်ချုပ်ရေးမှူး ဂရက် အဘော့(Greg Abbott)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ နွေဦးထိုးစစ် အရှိန်မြင့်လာသည်နှင့်အမျှ ယူကရိန်းသို့ ဒရုန်းစင် ၁,၀၀၀ ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်

  • 2026 ခုနှစ်၊ မတ်လ 25 ရက်
  • 18 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၅ ရက် မော်စကိုက စစ်မြေပြင်တွင် ကမ်ပိန်းအသစ်တစ်ခု စတင်လိုက်သည်နှင့်အမျှ ရုရှားသည်
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ရှိရေနံကပ်ဘေးသည် ၁၉၇၀ ပြည့်လွန်နှစ်များက ရေနံစျေးနှုန်း အကြီးအကျယ် ရိုက်ခတ်မှုဖြစ်စဉ်များကို ပြန်လည်အမှတ်ရစေသည်။ ထိုစဉ်က ဘာတွေဖြစ်ပျက်ခဲ့သနည်း။

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 33 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်-အစ္စရေးတို့ အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲအတွင်း စွမ်းအင်အကြပ်အတည်း ကြီးထွားလာခြင်းသည် ၁၉၇၃ နှင့် ၁၉၇၉ ခုနှစ်များက ကမ္ဘာ့ရေနံစျေးနှုန်းများ ထိုးတက်ခြင်း၊ လောင်စာဆီ ပြတ်လပ်ခြင်းနှင့် လူထုထိတ်လန့်မှုများကို ဖြစ်ပေါ်စေခဲ့သည့် ကြီးမားသော
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဒေသတွင်းရှိ ရေငန်သန့်စင်စက်ရုံများကို အီရန်ကတိုက်ခိုက်မည်ဆိုသည့်ပြောဆိုမှုအပေါ် အီရန်ကတုံ့ပြန်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 33 Views
CNN – မတ်လ ၂၃ ရက်၊ ၂၀၂၆ ခုနှစ် အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) သည် ပင်လယ်ကွေ့နိုင်ငံများ တစ်လျှောက်ရှိ သန်းနှင့်ချီသော ပြည်သူများအတွက် သောက်သုံးရေ ပေးဝေနေသော ရေငန်သန့်စင်စက်ရုံများကို ပစ်မှတ်ထားမည်ဆိုသည့် ခြိမ်းခြောက်မှုအား
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်နှင့် အီရန်တို့ စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးနေကြောင်းနှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တိုက်ခိုက်မည့်အစီအစဉ်ကို ရွှေ့ဆိုင်းမည်ဖြစ်ကြောင်း ထရန့်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 33 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့သည် ပြီးခဲ့သည့် သီတင်းပတ်ကုန်က “ အပြုသဘောဆောင်သော ဆွေးနွေးမှုများ” ပြုလုပ်ခဲ့ပြီး၊ အီရန်၏ လျှပ်စစ်စွမ်းအင်နှင့် စွမ်းအင်ဆိုင်ရာ အဆောက်အအုံများအပေါ် စစ်ရေးအရ တိုက်ခိုက်မည့် အစီအစဉ်ကို ငါးရက်ကြာ ရွှေ့ဆိုင်းထားမည်ဖြစ်ကြောင်း
နိုင်ငံတကာသတင်း ဗြိတိန် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲကို ဆန့်ကျင်ရန် ကမ္ဘာတစ်ဝှမ်းရှိ လူထုများ ဆန္ဒပြကြ

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 40 Views
အစ္စရေး – တဲလ်အဗစ်မြို့တွင် ဆန္ဒပြသူအချို့သည် ၎င်းတို့၏ လက်ဖဝါးများကို အနီရောင် ဆိုးထားကြပြီး အချို့ကမူ ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားကြသည်။ ဆိုင်းဘုတ်ကြီးတစ်ခုတွင် “ စစ်ပွဲကို ရပ်တန့်လော့” ဟု ရေးသားထားပြီး နောက်တစ်ခုတွင် “ လက်နက်တင်ပို့မှု
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန် သမတ‌ဒေါ်နယ်ထရမ့်က ဟော်မုဇ်ရေလက်ကြားကို ပြန်မဖွင့်ပါက ၄၈နာရီ အတွင်း အီရန်၏အကြီးဆုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကြီးကို ပထမစ၍ တိုက်ခိုက် ဖျက်စီးသွားမည်ဖြစ်ပြီး ကျန်နိုင်ငံအနှံရှိ လျှပ်စစ်ဓာတ်အား ပေးစက်ရုံများကိုလည်း ဆက်တိုက်ဖျက်သွားမည်ဟု ချိမ်းခြောက်ပြောခဲ့သည်။

  • 2026 ခုနှစ်၊ မတ်လ 22 ရက်
  • 39 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ (၂၂)ရက် အမေရိကန်က လျှပ်စစ်ဓာတ်အားပေးစက်ရုံများကို ဗုံးကြဲပါက ဟော်မုဇ်ရေလက်ကြားကို ‘အပြီးတိုင် ပိတ်ပစ်မည်’ ဟု အီရန်စစ်တပ် ပြောကြားတုံ့ပြန်လိုက်သည်။ အစ္စရေးတောင်ပိုင်းရှိ မြို့များသို့ အီရန်၏ တိုက်ခိုက်မှုများကြောင့် လူပေါင်းများစွာ ဒဏ်ရာရရှိခဲ့သည်။ အီရန်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန် သုံးပုံနှစ်ပုံက အီရန်နှင့်စစ်ပွဲကို “ ရွေးချယ်မှုအရတိုက်ခိုက်သောစစ်ပွဲ” ဟု CBS News ၏ စစ်တမ်းအသစ်တွင် ဖော်ပြ

  • 2026 ခုနှစ်၊ မတ်လ 22 ရက်
  • 41 Views
၂၀၂၆ခုနှစ်၊ မတ်လ ၂၂ရက် CNN- ဂျနီဖာ အာဂီယက်စတာ (Jennifer Agiesta) ရေးသားသည်။ CBS News နှင့် YouGov တို့၏ စစ်တမ်းအသစ်အရ အမေရိကန်နိုင်ငံသား သုံးပုံနှစ်ပုံက အီရန်နှင့်စစ်ပွဲကို လိုအပ်ချက်အရတိုက်ခိုက်ခြင်းထက် မိမိတို့ရွေးချယ်မှုအရ