နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 17 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

တက္ကဆက်ပြည်နယ် အုပ်ချုပ်ရေးမှူး ဂရက် အဘော့(Greg Abbott) သည် ပြည်နယ် အောက်လွှတ်တော် ဒီမိုကရက်တစ်ပါတီကော်မတီ ဥက္ကဋ္ဌအား ဖယ်ရှားရန် တရားစွဲခဲ့သည်။

NBC သတင်း ၂၀၂၅ခုနှစ်၊ သြဂုတ်လ ၆ရက်

အောက်လွှတ်တော် ဒီမိုကရက်တစ်ပါတီကိုယ်စားလှယ် ဂျင်းဝူ(Gene Wu) သည် ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ချိုးဖောက်ကြောင်းနှင့် ၎င်း၏ လွှတ်တော်တက်ရန် ပျက်ကွက်မှုသည် ရာထူးမှ စွန့်လွှတ်ခြင်းဖြစ်သည်ဟု တက္ကဆက်ပြည်နယ် တရားရုံးချုပ်သို့ တင်သွင်းသည့် တရားစွဲမှုတွင်တင်ပြထားသည်။

ပြည်နယ်လွှတ်တော်အမတ် ဂျင်းဝူ နှင့် အခြားဒီမိုကရက်အမတ်များကို ရာထူးမှဖယ်ရှားရန် ရီပတ်ဘလီကန်အမတ်များ၏ ကြိုးပမ်းအားထုတ်မှုများ နှောင့်နှေးကြန့်ကြာနေပြီးနောက် ပြည်နယ်အုပ်ချုပ်ရေးမှူး ဂရက် အဘော့ သည် တရားရုံးသို့အင်္ဂါနေ့က အရေးပေါ် လျှောက်ထား စာကို တင်သွင်းခဲ့သည်။

ရီပတ်ဘလီကန်အမတ် ဂရက် အဘော့ ၏တရားစွဲဆိုမှုတွင် တက္ကဆက် အောက်လွှတ်တော် ဒီမိုကရက်တစ်ပါတီ ကော်မတီ ဥက္ကဋ္ဌ ဝူ သည် ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ပြီး ၎င်း၏ရာထူးတာဝန်ပျက်ကွက်နေမှုသည် ရာထူးမှ စွန့်လွှတ်ခြင်းဖြစ်သည်ဟု စွပ်စွဲထားသည်။

ကွန်ဂရက်လွှတ်တော်၏ နယ်နိမိတ်များကို ပြန်လည်ပြင်ဆင်ရေးဆွဲရန်ပြီး အောက်လွှတ်တော် တွင် ရီပတ်ပလီကင်ပါတီအတွက် နောက်ထပ် အမတ်နေရာငါးနေရာ တိုးလာစေရန် လိုအပ် သော ဥပဒေပြုရေး အထမြောက်ရန် လုပ်ဆောင်မည့် ရီပတ်ဘလီကန်များ၏ အစီအစဥ်ကို ဒီမိုကရက်တစ် လွှတ်တော်အမတ်များက ငြင်းပယ်ဆန့်ကျင်၍ လွှတ်တော်တွင် တက်ရောက် ခြင်း မရှိဘဲ ရှောင်နေခဲ့ကြသည်။

အစည်းအဝေးအထမြောက်ရန်ထောက်ပံ့ပေးသည့် ပြဋ္ဌာန်းချက်များသည် နိုင်ငံတော် အောက်လွှတ်တော်တွင်တက်ရောက်ရန် “ခိုင်လုံသော ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တာဝန်တစ်ရပ်” ဖြစ်သည်ဟု တရားစွဲဆိုထားသည်။

“ကိုယ်စလှယ် ဝူ သည် အထမြောက်မှုကို ချိုးဖောက်ရန်၊ ဥပဒေပြုရေးလုပ်ငန်းစဉ်များကို ဟန့်တားရန်နှင့် တက္ကဆက်ပြည်နယ် အောက်လွှတ်တော်ကို သွက်သွက်လက်လက်မလုပ် နိုင်စေရန် တက္ကဆက်ပြည်နယ်မှ ထွက်ပြေးခြင်းဖြင့် ဤအခြေခံဥပဒေဆိုင်ရာ လုပ်ပိုင်ခွင့်များ ကို ပြောင်ပြောင်တင်းတင်း စွန့်လွှတ်လိုက်ခြင်းဖြစ်သည်” ဟု တရားစွဲဆိုထားသည်။

“တရားဝင်အကြောင်းပြချက်အတွက်မဟုတ်ဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြဌာန်းထားသော အစည်းအဝေးအတွင်း ပြည်နယ်မှ ထွက်ခွာခြင်းသည် ဥပဒေပြုလွှတ်တော်၏ လုပ်ဆောင် နိုင်စွမ်း ကို ဖျက်စီးရန် ရည်ရွယ်ချက်ဖြင့် ဝူ ၏ ကျမ်းကျိန်မှုကို ထင်ရှားစွာ ချိုးဖောက်ခြင်း ဖြစ်ပြီး ၎င်း၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တာဝန်ကို ရည်ရွယ်ချက်ရှိရှိ စွန့်လွှတ်ခြင်း ဖြစ်သည်” ဟု ၎င်းကဆိုသည်။

အင်္ဂါနေ့ညနေတွင် မှတ်ချက်ပေးရန် တောင်းဆိုချက်ကို ဝူ က ချက်ချင်း တုံ့ပြန်ခြင်း မရှိ သော်လည်း ဟူစတန်မြို့အခြေစိုက် KHOU မှရရှိသော ထုတ်ပြန်ချက်တစ်ခုတွင် ၎င်းက ၎င်း၏တာဝန်များကို စွန့်လွှတ်မည်မဟုတ်ကြောင်း ငြင်းဆိုခဲ့သည်။

“ကျွန်ုပ်၏ လုပ်ရပ်နှင့် ကျွန်ုပ်၏ တာဝန်ကို ကျွန်ုပ်အား ပြတ်ပြတ်သားသား ရှင်းရှင်းလင်းလင်း ထုတ်ဖော်ခွင့် ပေးပါရစေ။ ပြည်နယ်အုပ်ချုပ်ရေးမှူးတစ်ဦးသည် လူမျိုးရေး ခွဲခြားသည့် ကောက်ကျစ်သော မြေပုံကိုရေးဆွဲရန် ဂုဏ်သိက္ခာမရှိသောသမတတစ်ဦးနှင့် ပူးပေါင်း လိုက်သောအခါ၊ ကျွန်ုပ်၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၏ တာဝန်မှာထိုကိစ္စတွင် လိုလားစွာ ပါ၀င်သူ မဖြစ်ရန် ဖြစ်သည်” ဟု ဝူက ဆိုသည်။

“ပြည်နယ်အုပ်ချုပ်ရေးမှူးလုပ်ရပ်ကို အထမမြောက်အောင် ငြင်းဆိုလိုက်တာဟာ ကျွန်တော့်ရဲ့ ရာထူးကို စွန့်လွှတ် လိုက်တာ မဟုတ်ပါဘူး၊ ဒါဟာ ကျွန်တော့်ရဲ့ ကတိသစ္စာကို ဖြည့်ဆည်း ခြင်း တစ်ခုပါပဲ။ သူ့ရဲ့ အကျင့်ပျက်အစီအစဉ်ကို ထိုက်တန်စွာ ခုခံကာကွယ်နိုင်ခြင်း မရှိတဲ့ အတွက်ကြောင့် အခုအချိန်မှာတော့ ဂရက် အဘော့ ဟာ ကမူးရှူးထိုးနဲ့ ကျွန်တော်ရဲ့ ဆန့်ကျင်မှုကို တိတ်ဆိတ်သွားရန် အရွေးခံထားရသူတွေကို ရာထူးက ဖယ်ရှားပစ်ဖို့ အပြင်းအထန် ကြိုးစားနေပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

အီလီနွိုင်းမှနေပြီး တနင်္ဂနွေနေ့က ဆိုရှယ်မီဒီယာတွင် ဝူ က “ချီကာဂိုရှိ မြေပြင်ပေါ်တွင်… တက္ကဆက်နယ်သားများနှင့် အမေရိကန် အားလုံး၏အခွင့်အရေးအတွက် တိုက်ပွဲဝင် နေပါတယ်”ဟုပြောခဲ့သည်။

အဘော့က ဝူ နှင့် တက္ကဆက်ပြည်နယ်မှ ထွက်ခွာသွားသော အခြား ဒီမိုကရက်တစ်ပါတီ အမတ် ၅၀ ကျော်က ပြန်လာရန် ငြင်းဆိုခဲ့ခြင်းသည် ရွေးကောက်ပွဲ အထမြောက်ရန် လိုအပ်ချက်များနှင့် မကိုက်ညီကြောင်း ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

“တက္ကဆက်စ် အောက်လွှတ်တော် ဒီမိုကရက်များသည် တက္ကဆက်ပြည်နယ်အတွက် ၎င်းတို့၏ တာဝန်ကို စွန့်လွှတ်ခဲ့ခြင်းကြောင့် အကျိုးဆက်များ ရှိလိမ့်မည်” ဟု ၎င်းက ပြောကြားခဲ့သည်။

အက်ဘော့က နောက်နေ့တွင် အောက်လွှတ်တော်ကို ခေါ်ယူသည့်အခါတွင် ၎င်းတို့ မပါဝင် ပါက ဒီမိုကရက်များကို ဖယ်ရှားရန် ကြိုးပမ်းမည်ဟု တနင်္ဂနွေနေ့က ကြေညာချက်တွင် သတိပေးထားသည်။ ဒီမိုကရက်တစ်လွှတ်တော်အမတ်များ တနင်္လာနေ့တွင် လွှတ်တော် တက်ရောက်ရန် ပျက်ကွက်စဉ် အတွင်း၊ လိုအပ်ပါက လွှတ်တော်အမတ်များအား ဖမ်းဝရမ်းဖြင့် ပြန်လည် ပို့ဆောင်ရန် အောက်လွှတ်တော်က မဲခွဲဆုံးဖြတ်ပြီးနောက် ၎င်းတို့အား ဖမ်းဆီးရန် ပြည်နယ် ပြည်သူ့လုံခြုံရေးဌာနအား အမိန့်ပေးခဲ့သည်။

FBI နှင့် ဖက်ဒရယ်အစိုးရတို့သည် ဥပဒေပြုအမတ်များ၏ တည်နေရာကို ရှာဖွေဖမ်းဆီးခြင်း တွင် ပါဝင်သင့်သလောဟု မေးမြန်းရာတွင် သမ္မတ ဒေါ်နယ်ထရန့် က ၎င်းတို့ “လုပ်သင့်တယ်” ဟု အင်္ဂါနေ့အစောပိုင်းတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

“လူတော်တော်များများက သူတို့ပြန်လာဖို့ တောင်းဆိုနေတယ်။ သူတို့အပြင်ဖက်မှာ ထိုင်နေလို့ မရဘူး။ ပြန်သွားရမယ်။ အဲဒါကို ပြန်တွန်းလှန်တိုက်ရမယ်။ ရွေးကောက်ပွဲဆိုတာ ဒါပဲ” ဟု ထရန့် က ဆိုသည်။

NBC သတင်း Zoë Richards မှ ရေးသားသော Texas Gov. Greg Abbott sues to remove state House Democratic Caucus chair in redistricting standoffကို ခေတ်မျက်လုံးမှ ဘာသာပြန် သည်။

တက္ကဆက်ပြည်နယ် အုပ်ချုပ်ရေးမှူး ဂရက် အဘော့(Greg Abbott)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 69 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 78 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 82 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 77 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 76 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 93 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 87 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက