နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း

ထရန့်၏ အပစ်အခတ်ရပ်စဲရေး အစီအစဉ်အပေါ် ဟားမတ်စ်၏ တုံ့ပြန်မှုတွင် အဘယ်ကြောင့် မရေရာမှုများ ရှိနေသေးသနည်း

CNN- ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၆ရက်

ကျန်ရှိနေသေးသော ဓားစာခံ ၄၈ ဦးကို ၇၂ နာရီအတွင်း လွှတ်ပေးရန်နှင့် ဂါဇာတွင် အာဏာ စွန့်လွှတ်ရန် သဘောတူညီချက်တို့မှာ ထရန့်၏ အဆိုပြုချက်မှ အဓိက တောင်းဆို ချက် နှစ်ခု ဖြစ်သည်။ ဟားမတ်စ်က ဤအချက်နှစ်ချက်ကို သဘောတူညီခြင်းသည် အပစ်အခတ် ရပ်စဲရေး အဆိုပြုချက်အတွက် ရှေ့သို့ ဆက်လက်သွားနိုင်မည့် လမ်းကြောင်းကို ဖော်ဆောင် ပေးခဲ့သည်။

သို့သော်လည်း အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် အပြီးသတ် ချုပ်ဆိုနိုင်ရန်မှာ အလှမ်းဝေးနေဆဲပင် ဖြစ်သည်။

ဟားမတ်စ်၏ တုံ့ပြန်မှုတွင် ထရန့်၏ အဆိုပြုချက်၏ အရေးကြီးသော အစိတ်အပိုင်း ဖြစ်သည့် လက်နက်ဖြုတ်သိမ်းရေး သို့မဟုတ် လက်နက်များ စွန့်လွှတ်ရေးနှင့် ပတ်သက်၍ လုံးဝ ဖော်ပြထားခြင်း မရှိပေ။ ဟားမတ်စ်သည် ဤအချက်ကို ထပ်ခါတလဲလဲ ငြင်းပယ်ခဲ့ ဖူးသည်။ ထို့အပြင် ဟားမတ်စ်၏ တုံ့ပြန်မှုတွင် ဂါဇာအုပ်ချုပ်ရေးကို ကြီးကြပ်ရန်အတွက် ထရန့်က ငြိမ်းချမ်းရေးဘုတ်အဖွဲ့” (Board of Peace) ဟု အမည်ပေးထားသော နိုင်ငံတကာ ကြီးကြပ်ရေးကော်မတီ ဖွဲ့စည်းခြင်းကိုလည်း အရေးယူ ဖော်ပြခဲ့ခြင်း မရှိပေ။

ယင်းအစား၊ ဟားမတ်စ်က အမေရိကန် အဆိုပြုချက်တွင် ဖော်ပြထားသော ကျန်ရှိသည့် ကိစ္စရပ်များဖြစ်သည့် ဂါဇာကမ်းမြှောင်၏ အနာဂတ်နှင့် ပါလက်စတိုင်းပြည်သူတို့၏ မွေးရာပါ အခွင့်အရေးများနှင့် သက်ဆိုင်သည့်” အကြောင်းအရာများကို နောင်တွင် ဆွေးနွေးမည်ဟု ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုထားသည်။

ဟားမတ်စ်သည် ပြည့်စုံသော အမျိုးသား ပါလက်စတိုင်းမူဘောင်” အတွင်းသို့ ၎င်းတို့အနေဖြင့် ပါဝင်သွားမည်ဖြစ်ပြီး တာဝန်အပြည့်အဝဖြင့် ပံ့ပိုးကူညီသွားမည်” ဟုလည်း အခိုင်အမာ ပြောဆိုခဲ့သည်။

ဤပြောဆိုချက်သည် ထရန့်၏ အဆိုပြုချက်တွင် တောင်းဆိုထားသည့် ဟားမတ်စ်နှင့် အခြား စစ်သွေးကြွ အဖွဲ့အစည်းများသည် ထိခိုက်ပျက်စီးနေသော ဒေသကို “ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ” အုပ်ချုပ်ရာတွင် မည်သည့် အခန်းကဏ္ဍမှ ပါဝင်ခွင့်မရှိဟူသည့် တောင်းဆိုချက်ကို ဆန့်ကျင်နေသည်။

အီဂျစ်နိုင်ငံရှိ ဂါဇာ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲသို့ မည်သူများ တက်ရောက်မည်နည်း။

အီဂျစ် အရာရှိတစ်ဦးနှင့် အစ္စရေး သတင်းရင်းမြစ် သုံးခု၏ အဆိုအရ အစ္စရေးနှင့် ဟားမတ်စ်တို့အကြား သွယ်ဝိုက်ဆွေးနွေးပွဲများသည် ယနေ့တွင် အီဂျစ်နိုင်ငံ၊ ရှမ်အယ်လ်ရှိုက်ခ် (Sharm el-Sheikh) မြို့၌ စတင်ရန် စီစဉ်ထားသည်။

ပတ်ဝန်းကျင်ဆွေးနွေးပွဲများ (proximity talks) ဟုလည်း လူသိများသော ဤဆွေးနွေးပွဲ များသည် သမ္မတ ဒေါ်နယ်လ် ထရန့်၏ အချက် ၂၀ ပါ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်အပေါ် အခြေခံ၍ သဘောတူညီချက်ကို အပြီးသတ်ရန် အရေးကြီးသော ခြေလှမ်းတစ်ရပ် ဖြစ်သည်။

ဆိုင်းနိုင်း ကျွန်းဆွယ် တောင်ဘက်စွန်းရှိ ရှမ်အယ်လ်ရှိုက်ခ်မြို့သည် နှစ်များစွာကြာအောင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများစွာကို လက်ခံကျင်းပခဲ့သည့် မြို့ ဖြစ်သည်။

အမေရိကန်၊ အစ္စရေးနှင့် ဟားမတ်စ်တို့မှ ဆွေးနွေးသူများ ပါဝင်မည်-

  • ဟားမတ်စ်: ကိုယ်စားလှယ်အဖွဲ့ကို ဟားမတ်စ်၏ အဓိက ဆွေးနွေးသူဖြစ်သော ခါလီလ် အလ်-ဟာယျာ (Khalil Al-Hayya) က ဦးဆောင်မည်ဖြစ်ပြီး၊ ၎င်းအား အစ္စရေးက ဒိုဟာတွင် လုပ်ကြံရန် ကြိုးပမ်းခဲ့ပြီး တစ်လနီးပါးအကြာတွင် ပထမဆုံးအကြိမ် ဗီဒီယိုတွင် မြင်တွေ့ခဲ့ရသည်။
  • အစ္စရေး: ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ အီဂျစ်သို့ ထွက်ခွာမည်ဖြစ်သော်လည်း မဟာဗျူဟာရေးရာဝန်ကြီး ရွန် ဒါမာ (Ron Dermer) က အဝေးမှ ဦးဆောင်မည် ဖြစ်သည်။ ကိုယ်စားလှယ်အဖွဲ့တွင် အစ္စရေး၏ ဓားစာခံများနှင့် ပျောက်ဆုံးသူများ ဆိုင်ရာ ညှိနှိုင်းရေးမှူး ဂါလ် ဟာ့ရှ် (Gal Hirsch)၊ စစ်တပ်၏ ဓားစာခံယူနစ် အကြီးအကဲ ဗိုလ်ချုပ်ကြီး နစ်ဇန် အလွန် (Maj. Gen. Nitzan Alon) နှင့် ရှင်ဘက် (Shin Bet) လုံခြုံရေး အေဂျင်စီမှ ကိုယ်စားလှယ်တစ်ဦးတို့ ပါဝင်သည်။
  • အမေရိကန်: အမေရိကန် အရာရှိနှစ်ဦး၏ အဆိုအရ သမ္မတ ဒေါ်နယ်လ် ထရန့်သည် ၎င်း၏ အထူးကိုယ်စားလှယ် စတိဗ် ဝစ်တ်ကော့ဖ် (Steve Witkoff) နှင့် သမက်ဖြစ်သူ ဂျာရက် ကူရှ်နာ (Jared Kushner) တို့ကို ဆွေးနွေးပွဲများအတွက် အီဂျစ်သို့ စေလွှတ်ခဲ့သည်။

ငြိမ်းချမ်းရေးဆွေး‌နွေးမည့်အီဂျစ်ရှိ ရှမ် အယ် မာယာ ပင်လယ်အော် (Sharm el-Maya Bay) (ပုံ)

အစ္စရေး မဟာဗျူဟာဌာနဝန်ကြီး ရွန်ဒါမာ(Ron Dermer) အလယ်လူ (ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

တရုတ် နိုင်ငံတကာသတင်း ဗြိတိန်

တရုတ်ခေါင်းဆောင်နှင့်ဗြိတိန်ခေါင်းဆောင်နှစ်ဦးကြားတွေ့ဆုံမှု။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 19 Views
ခေတ်မျက်လုံး- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာ (Keir Starmer) ၏
နိုင်ငံတကာသတင်း

ယနေ့ (၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်) အတွက် မြန်မာနိုင်ငံနှင့် ကမ္ဘာတစ်ဝှမ်းတွင် လူဖတ်အများဆုံးနှင့် စိတ်ဝင်စားမှုအခံရဆုံး သတင်းများကို အောက်တွင် ဖော်ပြပေး လိုက်ပါသည်။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 24 Views
ခေတ်မျက်လုံး- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် မြန်မာနိုင်ငံနှင့် ဆက်နွှယ်သော ထိပ်တန်းသတင်းများ မြီမိသားစုဝင် ၁၁ ဦးကို တရုတ်က ကွပ်မျက်ခြင်း။ ကိုးကန့်ဒေသတွင် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) အင်ပါယာ တည်ထောင်ခဲ့သည့် မြီရှောက်ချန်း
တရုတ် နိုင်ငံတကာသတင်း

မြန်မာနိုင်ငံအတွင်း ဘီလီယံနှင့်ချီသော ရာဇဝတ်အင်ပါယာကို တည်ထောင်ခဲ့သည့် ဂိုဏ်းဝင် ၁၁ ဦးကို တရုတ်နိုင်ငံက ကွပ်မျက်လိုက်ခြင်း

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 19 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် မြန်မာနိုင်ငံအတွင်း မိသားစုလိုက် ရာဇဝတ်အင်ပါယာကို တည်ထောင်ခဲ့ပြီး ထွက်ပြေးရန် ကြိုးပမ်းသည့် အလုပ်သမားများကို သတ်ဖြတ်ခဲ့သည့် လူ ၁၁ ဦးအား တရုတ်တရားရုံး တစ်ခုက သေဒဏ်ချမှတ်ခဲ့ကြောင်း၊
ဂျပန် တရုတ် နိုင်ငံတကာသတင်း

တရုတ်-ဂျပန် ဆက်ဆံရေး တင်းမာနေစဉ်အတွင်း နောက်ဆုံးကျန်ရှိသည့် ပန်ဒါများကို ဂျပန်ပရိသတ်များ နှုတ်ဆက်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 25 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၂၈ရက် တိုကျို — ဂျပန်နိုင်ငံတွင် နောက်ဆုံးကျန်ရှိသည့် ပန်ဒါနှစ်ကောင်ကို တရုတ်နိုင်ငံသို့ ပြန်လည် မပို့ဆောင်မီ တနင်္ဂနွေနေ့တွင် ဂျပန်ပရိသတ်များက သွားရောက်နှုတ်ဆက်ခဲ့ကြသည်။ ဤဖြစ်ရပ်သည် နှစ်နိုင်ငံကြား ဆက်ဆံရေး တင်းမာနေမှုကို ထင်ဟပ်ဖော်ပြနေသည်။
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း အီရတ် အီရန်

ဆယ်စုနှစ်များစွာ အီရန်အစိုးရကို တိုက်ခိုက်ခဲ့ပြီးနောက် ကာ့ဒ်များအတွက် အောင်ပွဲသည် ပိုမိုနီးကပ်လာသည်ဟု ရှုမြင်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 25 Views
CNN -၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၈ ရက် အီရတ်နိုင်ငံ အရှေ့မြောက်ပိုင်း — အဖြူအမည်းရောင် ခေါင်းပေါင်း (ကပ်ဖီယာ) ပတ်ထားသည့် လူငယ်တစ်ဦးသည် သူ၏ AK-47 ရိုင်ဖယ်ကို တစ်စစီဖြုတ်ကာ ကျောက်ဆောင်ထူထပ်သည့် မြေပြင်ပေါ်တွင်
နိုင်ငံတကာသတင်း ဗြိတိန် အမေရိကန် အီတလီ

အာဖဂန်နစ္စတန်ရှိ နေတိုး (NATO) ၏ အခန်းကဏ္ဍကို လျှော့ချပြောဆိုမှုကြောင့် လူထုဒေါသထွက်ပေါ်ခဲ့ပြီးနောက် ဗြိတိန်တပ်ဖွဲ့ဝင်များကို ထရမ့် ချီးကျူးစကားဆို

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 27 Views
CNN- ဇန်နဝါရီ ၂၅၊ ၂၀၂၆ ဝါရှင်တန် ဒီစီ နှင့် လန်ဒန်မြို့ — အာဖဂန်နစ္စတန်တွင် နေတိုးတပ်ဖွဲ့ဝင်များ၏ ပေးဆပ်မှု များကို လျှော့ချပြောဆိုခဲ့သည့် ၎င်း၏ မှတ်ချက်များအပေါ် လူထုဒေါသ အပြင်းအထန် ထွက်ပေါ်ခဲ့ပြီးနောက်၊ အမေရိကန်သမ္မတ
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း အီရတ်

အီရတ်ဝန်ကြီးချုပ်အဖြစ် နူရီ အယ်လ်-မာလီကီ တစ်ကျော့ပြန်လာမည့်အပေါ် ထရမ့် သတိပေး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 30 Views
CNN-၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၂၈ရက် အီရတ်ဝန်ကြီးချုပ်အဖြစ် နူရီ အယ်လ်-မာလီကီ (Nouri al-Maliki) ကို ပြန်လည် ခန့်အပ်မည့် အရေးနှင့် ပတ်သက်၍ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရတ်နိုင်ငံကို သတိပေး လိုက်ပြီး၊ ၎င်း၏ ယခင်ခေါင်းဆောင်မှုအောက်တွင်