နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 1 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

“ ကနေဒါကို ထရန့်က သိမ်းပိုက်မယ်ဆိုတာ ပျက်လုံး မဟုတ်ဘူး” လို့ ကနေဒါနိုင်ငံခြားရေးဝန်ကြီးဆို

ကနေဒါ နိုင်ငံခြားရေးဝန်ကြီးမယ်လာနီဂျိုးလီဂျော့ (Melanie Joly George) နဲ့ CNN ဂျာနယ်နစ် အာမန်ပိုနှင့် အင်တာဗျူး အပြည့်အစုံ

မတ်လ (၇) ရက်။

အာမန်ပို။ ကနေဒါကို ဘယ်လို ထိခိုက်သလဲ ကြည့်လိုက်ကြရအောင်။ ဝန်ကြီးချုပ်က ဒါဟာကုန်သွယ်ရေးစစ်ပွဲလို့ ပြောတယ်၊ အမေရိကန်က ကုန်သွယ်ရေးစစ်ပွဲကို စတင်ခဲ့တယ်လို့ ဆိုတယ်။ အဲ့ဒီ အတွက် ဘာတွေ ထိခိုက်သွားသလဲဆိုတာနဲ့ မိုင် ၅၀၀၀ နယ်ခြားရှိတဲ့ အမေရိကန်နိုင်ငံနဲ့ ဘယ်လိုသက်ရောက်မှု ရှိတယ်လို့ ဝန်ကြီး ခံစားရပါသလဲ?

မယ်လာနီ။ ဒါဟာ ထရန့်အစိုးရက တရားမျှတမှုမရှိတဲ့ စွပ်စွဲချက်နဲ့ လုပ်ဆောင်လာတာ ဖြစ်တယ်။ ကနေဒါဟာ အမေရိကန်ရဲ့ အကြီးမားဆုံး မိတ်ဖက်နိုင်ငံ ဖြစ်ပါတယ်။ ကျမတို့ဟာ အကြီးမားဆုံး ဖောက်သည်လည်း ဖြစ်ပါတယ်။ ကျမတို့က ယူကေ၊ ပြင်သစ်၊ တရုတ်နဲ့ ဂျပန်တို့ဆီကနေ ဝယ်ယူတာထက် အမေရိကားကနေ ပိုပြီး ဝယ်ယူပါတယ်။ သမတထရန့်က ကုန်သွယ်ခွန် ၂၅% ကို ကျမတို့စီးပွားရေးအပေါ် တကယ်ချမှတ်လိုက်ပြီး ကုန်သွယ်ရေးစစ်ပွဲကို စတင်လိုက်တဲ့အခါ အမှန်တကယ်တော့ သူဟာ သူ့အမေရိကန် လူမျိုးတွေ အပေါ်ကို ချမှတ်လိုက်တာပဲ ဖြစ်ပါတယ်။

ဘာကြောင့်လဲဆိုတော့ ဒီလိုလုပ်ဆောင်လိုက်ခြင်းဟာ သူတို့အတွက် ဓါတ်ဆီထည့်ရာမှာ၊ အစားအသောက်တွေ ဝယ်တဲ့အခါမှာ၊ ဒါမှမဟုတ် သူတို့အိမ်အသစ်ဝယ်တဲ့အခါ၊ အိမ်ကို မွန်းမံပြုပြင်တဲ့အခါ ပိုမိုကုန်ကျ လာစေတော့မှာ ဖြစ်ပါတယ်။ အမေရိကန်မှာ နေထိုင်မှုစရိတ်တွေ မြင့်တက်လာတော့မှာ ဖြစ်ပါတယ်။

ဒါ့အပြင် ဒီလိုလုပ်လိုက်တာကြောင့် အမေရိကန်မှာရှိတဲ့ အလုပ်တွေကို ထိခိုက်လာတော့မှာ ဖြစ်ပါတယ်။ လူအများအပြားဟာ သူတို့ရဲ့ အလုပ်တွေကို ဆုံးရှုံးကြရတော့မယ်။ ဒါကြောင့် ဒီကိစ္စမှာ ဘယ်သူမှ အနိုင်မရနိုင်ကြပါဘူး။ ဒါပေမဲ့ သမတထရန့်ဟာ ကနေဒါ စီးပွားရေးကို တိုက်ခိုက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါကြောင့် အမေရိကန်ပြည်သူတွေရဲ့ လူနေမှုစရိတ်တွေလည်း မြင့်တက်လာတော့မှာဖြစ်တယ်။

အာမန်ပို။ မကြာခင်ကပဲ ထရန့်က ကြေညာသွားတယ်။ ရက်၃၀ဆိုင်းငံ့ထားတယ်ဆိုပြီးတော့ မက္ကဆီကိုလည်း ပါတယ်ပေါ့။ ကျွန်မထင်တယ် ကနေဒါကို အထူးသဖြင့် ကားအပိုပစ္စည်းတွေ ဒါမှမဟုတ် ကားလုပ်ငန်းကြီးကို ပစ်မှတ်ထားတယ်။ အမေရိကန် ကားကုမ္ပဏီကြီးတွေက တိုက်တွန်းခဲ့တာကြောင့်လို့ ကျွန်မထင်ပါတယ်။ ဝန်ကြီးက ကျွန်မတို့ အခုလို ရက် ၃၀ တိုင်း စိတ္တဇဇာတ်လမ်းတွေ ခင်းနေတာကို မခံစားချင်တော့ဘူးလို့ ဆိုခဲ့ဖူးတယ်။ ဒီလိုကြေညာပြီး လုပ်လိုက် ပြန်ရုတ်သိမ်းလိုက် လုပ်နေတာက တိုင်းပြည် စီးပွားရေးကို ဘယ်လို ဖြစ်စေသလဲ?

မယ်လာနီ။ မှန်တယ် ကျမတို့အနေနဲ့ ရက်၃၀ကြာတိုင်း စိတ္တဇဇာတ်လမ်းခင်းနေတာကို ဆက်မလုပ်နိုင်တော့ဘူး။ ဘာကြောင့်လဲဆိုတော့ ဒါဟာ အရမ်းကို မရေရာမသေချာမှုတွေကို ဖန်တီးစေခဲ့တယ်။ ရှင်သိတဲ့အတိုင်း စီးပွားရင်းမြုပ်နှံမှုမှာ မသေချာမရေရာမှုဟာ ဘယ်လိုပုံစံနဲ့ ဖြစ်ဖြစ် ရှိနေရင် မြှုပ်နှံမှုတွေ လုပ်ဆောင်လို့ရတော့မှာ မဟုတ်ဘူး။

ဒီလိုပဲ ကျမတို့သိတယ် သမတထရန့် ကလည်း အမေရိကားမှာ ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့ ဆွဲဆောင်ချင်တယ်ဆိုပေမဲ့ နှစ်ပေါင်းများစွာ တည်ရှိနေတဲ့ ကုန်သွယ်ရေး သဘောတူညီချက်ကို ဆန့်ကျင် လာခဲ့တယ်။ ကျမပြောချင်တာက ကျမတို့ဟာ တည်ငြိမ်မှုကိုပြန်လည်ရယူလိုတယ်။ ဒီလိုလုပ်တဲ့နေရာမှာ ကနေဒီယန် သံတမန်ရေး ဦးဆောင်သူတယောက်အနေနဲ့ ကျမက အဝင် အထွက်တွေကို လုပ်ဆောင် နေရမှာဖြစ်တယ်။ ကျမတို့ ဒါကိုကျော်လွှားနိုင်ဖို့ လုပ်သွားမယ်။ ဒါကြောင့် ကနေဒါအနေနဲ့ ခိုင်မာစွာ ရပ်တည်နေမှာ ဖြစ်တယ်။

ဘာကြောင့်လဲဆိုတော့ ကြည့်နေသူတွေကို သိစေလိုတာက ထရန့်အစိုးရဟာ ကုန်သွယ်ရေးတခုထဲကို ကြည့်နေတာ မဟုတ်ဘူး။ စစ်ရေးပူးပေါင်း ဆောင်ရွက်ရေး ၊ လုံခြုံရေးနဲ့ ထောက်လှန်းရေး ပူးပေါင်းဆောင်ရွက်ရေး၊ ရေနဲ့ ပတ်သက်တဲ့ပူးပေါင်းမှု အပါအဝင် သူတို့က အရာများစွာကို တင်ပြနေခဲ့တယ်။ တော်ပြီ ဒါတွေဟာ တော်လောက်ပြီ ကနေဒါအတွက် တော်လောက်ပြီ။ ကျမတို့ဟာ အင်အားရှိတဲ့နိုင်ငံဖြစ်တယ်။ အချုပ်အခြာအာဏာပိုင်နိုင်ငံ ဖြစ်တယ်။ ကျမတို့ဟာ ကိုယ့်နိုင်ငံကို ကာကွယ်နိုင်တယ်။ အလုပ်အကိုင်တွေကို ကာကွယ်နိုင်တယ်။ နောက်ပြီး မိမိနေထိုင်ရှင်သန်နေမှုကို ကာကွယ်နိုင်တယ်။

တချိန်တည်းမှာပဲ ကျမတို့ဟာ ဒီပစ်မှတ်ထားလုပ်နေတဲ့ ကုန်သွယ်ရေးစစ်ကို ကာကွယ်သွားမယ်။အမေရိကန်ပြည်သူတွေကလည်း သတိထားမိပြီး သမတကို ဖိအားတွေပေးနေကြတယ်။ သူတို့ကိုရော ကျမတို့ကိုရော ခက်ခဲအောင်လုပ်နေတဲ့ သမတကို ဖိအားပေးနေကြတယ်။

အာမန်ပို။ ဝန်ကြီးက ရှင်းရှင်းလင်းလင်း ပြောခဲ့တယ်။ ဒါဟာ လုံလောက်ပြီလို့ ကနေဒါဝန်ကြီးချုပ် ထရူးဒိုးကလည်း အမေရိကန်ကပို့တဲ့ကုန်ပစ္စည်း ဒေါ်လာ ၁၀၀ ဘီလီယံ။ အခု ကနေဒါကို ဝင်လာနေပြီ။ ဒါဟာရပ်တည်မှုကို ချိမ်းခြောက်မှုလို့ ဝန်ကြီးက ပြောတယ်။ ထရန့်ကပြောတယ် နယ်ခြားက တရားမဝင် လာရောက်သူတွေ သိပ်များတယ်။ ဖန်းတနယ်လ် ဝင်ရောက်မှုတွေ သိပ်များတယ်လို့ ပြောတယ်။

မယ်လာနီ။ ဒါဟာမမှန်ဘူး အခြေခံအားဖြင့် ကနေဒါကနေ ယူအက်စ်ကိုဝင်တဲ့ ဖန်းတနယ်လ်က တစ်ရာခိုင်နှုန်းပဲရှိပါတယ်။ ကျမတို့ သိပါတယ်။ ကနေဒီယန်တွေနဲ့ အမေရိကန်တွေရဲ့ အသက်တွေကို ဒီမူးယစ်ဆေးက အများကြီး ယူသွားတယ်ဆိုတာ ကျွန်မသိပါတယ်။ ဒါပေမဲ့ အခြေခံအားဖြင့် ကျမတို့မှာ အလွန်လုံခြုံတဲ့နယ်ခြားရှိပါတယ်။ ကျမတို့မှာ နယ်ခြားအစီအမံအရ ရင်းနှီးမြှုပ်နှံမှု ၁.၃ ဘီလီယံတန်ဖိုး ရှိပါတယ်။ ကျမတို့က မြေပြင်မှာလည်း တပ်ဖွဲ့တွေ ပိုမိုချထားပါတယ်။ ဘလက်ဟော့ခ် ဟယ်လီကော့ပတာတွေ၊ အမေရိကန်တွေနဲ့အတူ ဖန်းတနယ်လ် တိုက်ဖျက်ရေးတပ်ဖွဲ့အသစ်တွေ အပြင်ကျမတို့မှာ ဖန်းတနယ်လ်စတဲ့ အစိုးရအမိန့်ပေးချက်အောက်မှာ လိုအပ်တဲ့အရာမှန်သမျှကို သမတထရန့် လက်မှတ်ရေးထိုး အတည်ပြုပေးထားတဲ့အတိုင်း လုပ်ခဲ့ကြတယ်။

သမတထရန့်က သူ့ကို ပေးအပ်ထားတဲ့ပါဝါကို အသုံးပြုပြီး ဒီအခွန်တိုးမြှင့်မှုကို လုပ်ဆောင်ခဲ့တယ်။ ရှင်းရှင်းလင်းလင်း ပြောရရင် အခုအချိန်မှာ တကယ်တော့ ဒါဟာ တကယ့်ပြဿနာမဟုတ်ဘူး။ ဒါက အကြောင်းပြချက်တခုသာ ဖြစ်တယ်။ ဒါက တကယ်ငြင်းခုန်ရမဲ့အချက် မဟုတ်ဘူး။ ဘာကြောင့်လဲဆို‌တော့ အခြေခံအားဖြင့် တရားမဝင် ဝင်ရောက်လာသူတွေ ၊ တရားမဝင်သေနတ်တွေ၊ တရားမဝင် မူးယစ်ဆေးဝါးတွေကို ကနေဒါနိုင်ငံတွင်းကို အဓိက ပို့ပေးနေတာ အမေရိကန် ဖြစ်တယ်၊ ဒါကြောင့် ကနေဒါရဲ့ ထိခိုက်မှုက သူတို့ထက် ပိုပါတယ်။ သမတထရန့်က ကျမတို့ကို စီးပွားရေးအရ ပိုအားနည်းတဲ့ အခြေအနေတစ်ခုအဖြစ် ရောက်အောင်လုပ်ပြီး နောက်ဆုံးမှာ အမေရိကန်နိုင်ငံထဲကိုထည့်သွင်းသိမ်းပိုက်ချင်နေတာပါ။ သူက ဒီလိုပဲပြောခဲ့ပါတယ်။ သူက ကျမတို့နယ်စပ်ကိုလည်း ဒီလိုပဲ ပြောခဲ့တယ်။

အခုကျမတို့ သံတမန်ရေးအဆင့်မှာ အလုပ်လုပ်နေကြတယ်။ သူရဲ့အတွင်းရေးမှူးများစွာနဲ့အတူ အလုပ်လုပ်နေကြတယ်။ ကျမအနေနဲ့ အဲဒီအရာအားလုံးမှာ ပါဝင်ပြီး ကျမတို့ဝန်ကြီးချုပ်နဲ့ ဘဏ္ဏာရေးဝန်ကြီး ဒိုမိနစ် လီဘလန့်နဲ့အတူ ကနေဒါမှာ အလုပ်လုပ်နေကြပါတယ်။ ကနေဒါမှာ ဘာတွေဖြစ်ပျက်နေလဲဆိုတာ ကမ္ဘာကသိဖို့ အလွန်အရေးကြီးပါတယ်၊ အမေရိကန်က ဒီအပတ်မှာ ကုန်သွယ်ရေးစစ်ပွဲကို စဖို့ဆုံးဖြတ်လိုက်တာကြောင့် ကျမတို့က လူသိရှင်ကြား ထုတ်ပြောဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

အာမန်ပို။ ဝန်ကြီးချုပ်ထရူးဒိုက ပြည်သူတွေကို ဒါဟာ အမှန်ဖြစ်တယ်။ ကနေဒါကို သိမ်းပိုက်မယ်ဆိုတာ တကယ့်ချိန်းခြောက်မှုဖြစ်တယ်လို့ ထုတ်ပြောလာတယ်။ နောက်ပြီး ကနေဒါကို အမေရိကန်ရဲ့ ၅၁ ခုမြောက် ပြည်နယ်အဖြစ် လုပ်မယ်။ ဒါပေမဲ့ လူအများစုက ဒါဟာ နောက်ပြောင်ပြောတာလိုတွေးထင်နေကြတယ်။ ဒါဟာ စေ့စပ်ညှိနှိုင်းဖို့ အကွက်ဆင်တာ ဖြစ်တယ်လို့ ပြောကြပေမဲ့ ဘာပဲဖြစ်ဖြစ်ပေါ့ ထရန့်ဟာ ထရန့်ပါပဲ။ ဘာကြောင့် ဒီကိစ္စကို အလေးအနက်ထားရတာလဲ? ဘာကြောင့်ဒီကိစ္စကို အမေရိကန်က လုပ်ချင်တာလဲ? ဝန်ကြီးအနေနဲ့ ဒီလိုလုပ်ရပ်ကို ဘယ်လိုရပ်မလဲ?

မယ်လာနီ။ ပထမ ကျမတို့ သူတို့ကို ရပ်ပစ်နိုင်တယ်။ ဘာကြောင့်လဲဆိုတော့ ကနေဒီယန်တွေက ညီညွတ်တယ်။ သူတို့ဟာ ကျမတို့နိုင်ငံကိုကာကွယ်ဖို့ ညီညွတ်ကြတယ်၊ သူတို့ဟာ သူတို့ အလုပ်တွေကို ကာကွယ်ဖို့ ညီညွတ်ကြတယ်၊ ကျမပြောခဲ့သလိုပဲ ကိုယ့်နေထိုင်မှု ဘဝကို ကာကွယ်နိုင်ဖို့ ညီညွတ်ကြတယ်။ ကျမတို့ဟာ အမေရိကန်တွေ မဟုတ်ပါဘူး။ ကျမတို့နိုင်ငံအတွက် အရမ်းဂုဏ်ယူကြပါတယ်။ ကျမတို့ ကနေဒါကို အဲဒီအချိန်က ဘယ်လို ဖန်တီးခဲ့တယ်ဆိုတဲ့ သမိုင်းကို ပြန်ကြည့်မယ်ဆိုရင် ကျမတို့ဟာ ဗြိတိသျှအင်ပါယာထဲမှာ ရှိနေပြီး အမေရိကန်ထဲမှာ မပါချင်ဘူး။ ရှင့်အနေနဲ့ ကျမရဲ့စကားသံကို နားထောင်မယ်ဆိုရင် ကျမဟာ ဖရန်ကိုဖုံး (ပြင်သစ်) ကနေဒီယန် ဖြစ်တာကို တွေ့ရမှာပဲ ပြင်သစ်စကားပြောသူတွေနဲ့ အင်္ဂလိပ်စကားပြောသူတွေစုပြီး‌မြောက်အမေရိကားမှာ အားကောင်းတဲ့ နိုင်ငံတခုကို ဖန်တီးခဲ့ကြတယ်။ ဒီအခြေခံအားဖြင့် ကျမတို့ ဘယ်လိုလူမျိုးတွေ ဖြစ်တယ်ဆိုတဲ့ခံယူချက်နဲ့ ကျမတို့ နိုင်ငံကို ကာကွယ်ရမှာ ဖြစ်တယ်။

ကျမတို့ကို ထရန့်အစိုးရက မလေးမစား အများကြီး လုပ်ခဲ့ကြတယ်။ ကျမတို့ကို သူတို့ရဲ့ ၅၁ ခုမြောက် ပြည်နယ်အဖြစ် ခေါ်ခဲ့ကြတယ်၊ ကျမတို့ဝန်ကြီးချုပ်ကို ဂါဗနာ အုပ်ချုပ်ရေးမှူးလို့ ခေါ်တယ်၊ ဒါဟာထရူးဒိုးနဲ့ ထရန့်တို့ရဲ့ ပုဂ္ဂိုလ်ရေး ပြဿနာ မဟုတ်တော့ဘူး။ ဒါဟာ ဒီထက်ပိုပြီးကြီးမားကျယ်ပြန့်တယ်။ ဒါဟာနိုင်ငံရေးအရ ပြောကောင်းရုံ ပြောနေတာ မဟုတ်တော့ဘူး။ ဒါဟာ အဓိကအခြေခံကျတဲ့ ခြိမ်းခြောက်မှုပါ။

ဒါကြောင့် အိမ်မှာကျမတို့က ဘာလုပ်သလဲဆိုတော့ အတွင်းမှာ ပိတ်ဆို့တားဆီးမှုတွေ ကျမတို့ ခရိုင်တွေနဲ့ နယ်မြေတွေမှာ မရှိဖို့ လုပ်ရတယ်။ ဘာကြောင့်လဲဆိုတော့ ဒါဟာ ပြဿနာ ဖြစ်တယ်။ ကျမတို့ဟာ ယူကေနဲ့ နီးစပ်ဖို့ ဥရောပနဲ့ နီးကပ်ဖို့၊ ဂျပန်နဲ့နီးကပ်ဖို့၊ တောင်ကိုရီးယားနဲ့ နီးကပ်ဖို့ နောက်ပြီး မက္ကဆီကိုနဲ့ လက်တွဲအလုပ်လုပ်ဖို့ ဒါဟာ အရှိတရားပဲ။ ရှင်က ထရန့်က ဘာလိုချင်နေတာလဲမေးရင် သူ့ကို သွားမေးပါလို့ ပြောရမှာပဲ။

ကျမတို့မှာ ဘာရှိလဲမေးရင် ကျမတို့မှာ ကမ္ဘာမှာရှိနေတဲ့ နိုင်ငံတခုက စိတ်ကူးမှန်းဆထားတဲ့ အရာတွေအားလုံး ကျမတို့နိုင်ငံမှာရှိတယ်။ ဘာကြောင့်လဲဆိုတော့ ကျမတို့မှာ စွမ်းအင်အတွက် လိုအပ်ချက်အားလုံးရှိတယ်၊ ဓါတ်မြေသြဇာအတွက်လိုအပ်တဲ့ပိုတက်ရှ်တွေရှိတယ်၊ ကျမတို့မှာနယ်မြေတွေ အများကြီးရှိပြီး ရှင်သိတဲ့အတိုင်း ကျမတို့ဟာ စိုက်ပျိုး‌ရေးမှာ စူပါပါဝါဖြစ်တယ်။

ကျမတို့မှာလိုအပ်တဲ့ ယူရေနီယံအလုံအလောက်ရှိတယ်၊ ရေအားလျှပ်စစ်တွေရှိတယ်၊ ရေနံနဲ့ဓါတ်ငွေ့တွေရှိတယ်၊ ကျမတို့မှာလူတွေ မျိူးစုံရှိတယ် အ‌ရေးကြီးတဲ့ တွင်းထွက် တွေရှိတယ်။ ထူးချွန်ထက်မြတ်သူတွေ ရှိတယ်။ ကျမအနေနဲ့ ပြောမကုန်အောင် ရှိပါတယ်။

ဒါကြောင့် ကျမယုံကြည်တယ်။ ကျမတို့နိုင်ငံဟာ ကမ္ဘာမှာ အကောင်းဆုံးနိုင်ငံတွေထဲက တစ်နိုင်ငံ ဖြစ်ပါတယ်။ ကျမတို့ဟာ တည်ငြိမ်နေတယ်။ ဒီမိုကရက်တစ်နိုင်ငံလည်း ဖြစ်တယ်။ ကျမတို့ တစ်ယောက်ကို တစ်ယောက် ကြည့်ရှုစောင့်ရှောက်ကြတယ်။ ကျမတို့မှာ ခိုင်မာတဲ့ လူမှုဖူလုံရေး အစီအစဥ်တွေ ရှိတယ်။ ကျမတို့မှာ အလွန်တည်ငြိမ်တဲ့ဒီမိုကရေစီ ရှိတယ်။

အာမန်ပို။ ကကျွန်မအရမ်းအံ့အားသင့်မိပါတယ်။ ဒီမှာ အဓိက မဟာမိတ်ဖြစ်တဲ့ နှစ်ဖက်တူညီတဲ့နယ်စပ်လည်း ရှိတယ်။ အခု ဝန်ကြီးက အမေရိကန်ရန်က ကိုယ့်ကိုကိုယ် ကာကွယ်ဖို့ ပြောနေတယ်။ အမေရိကန်ကနေခွာဖို့‌နဲ့ မက္ကဆီကိုနဲ့ ဥရောပနဲ့ ပေါင်းဖို့ပြောနေတယ်။ ကျွန်မအနေနဲ့ ဘယ်လိုပြောရမလဲ၊ အရင်ခေတ်ကုန်ဆုံးတော့မလား။ ဒါ‌ပေမဲ့ ဝန်ကြီးကို တစ်ခုမေးချင်တယ်။ ဝန်ကြီးက ခြိမ်းခြောက်မှုတွေ ပိုများလာတာ ရှိတယ်။ စစ်ရေးပူးပေါင်းဆောင်ရွက်ရေးနဲ့ အခြားအရာတွေပေါ့။ ဝဝန်ကြီးကို ချိမ်းခြောက်ခဲ့တယ် နောက်ပြီး မျက်လုံး ၅လုံး (သြစတေးလျ၊ နယူးဇီလန်၊ ဗြတိန်၊ ကနေဒါ၊အမေရိကန်) ကနေ ဝန်ကြီးကို ကန်ထုတ်ပစ်ဖို့ ခြိမ်းခြောက်ခဲ့တယ်။ အခက်ခဲဆုံးအချိန်ရောက်နေတဲ့ယူကရိန်းနဲ့ ထောက်လှန်းရေး အချက်အလက် မျှဝေတာ ရပ်လိုက်တာနဲ့ ပတ်သက်ပြီး ဝန်ကြီးအနေနဲ့ ဘယ်လို ဖြစ်မယ်လို့ ယူဆလဲ။

မယ်လာနီ။ ကျမတို့အနေနဲ့ အခြားနိုင်ငံတွေနဲ့ လုံခြုံရေးနဲ့ ထောက်လှန်းရေးမှာ မိတ်ဖက်အဖြစ် လုပ်ဆောင်ကြဖို့လိုပါတယ်။ ဒါကို ကျမတို့က စတင်ခဲ့တာ မဟုတ်ပါဘူး။ ကျမတို့ဟာ အိမ်နီးချင်း အမေရိကန်လူမျိုးတွေနဲ့ အလွန်ရင်းနှီးပါတယ်။ ကျမတို့ဟာ သူတို့ရဲ့အကောင်းဆုံး သူငယ်ချင်းတွေပါ။ ကျမတို့ဟာ သူတို့ရဲ မိတ်ဖက်လုပ်ဖော်ကိုင်ဖက်တွေပါ။ နယ်ခြားတဖက်မှာ မိသားစုတွေ သူငယ်ချင်းတွေ အများကြီး ရှိကြပါတယ်။ အမေရိကန်ပြည်သူတွေက ထရန့်ပြောနေတာကို သဘောမတူဘူးဆိုတာ ကျမတို့သိပါတယ်။ အိမ်ဖြူတော်က ပြောနေတာတွေနဲ့ ပတ်သက်ပြီး သူတို့က ကျမတို့ကို ပြန်ပြီး တောင်းပန်ကြတယ်။ အရေးကြီးတာက ကြည့်နေသူတွေနဲ့ ကမ္ဘာကြီးက ဘာတွေဖြစ်နေတယ်ဆိုတာကို သိဖို့လိုပါတယ်။

တချိန်ထဲမှာပဲ ကျမတို့သင်္ဘောတွေက ကျမတို့နဲ့ အခြားသူတွေကို ကာကွယ်နိုင်ဖို့ အသင့်ဖြစ်နေဖို့ လိုပါတယ်။ အမေရိကန်အကြောင်းကို နားလည်တာ ကျမတို့ပဲ ရှိတယ်။ ကျမတို့က ဥရောပကို ဘာတွေဖြစ်နေတယ်ဆိုတာ ရှင်းပြဖို့ လိုတယ်။ မြောက်ပစိဖိတ်မိတ်ဖက်တွေ မက္ကဆီကန်တွေ နဲ့ လက်တင်အမေရိကားမိတ်ဖက်တွေ ဒါမှမဟုတ် အာဖရိက မိတ်ဖက်တွေကို ရှင်းပြနိုင်တယ်။ အများကြီး ရှင်းပြနိုင်တယ်။

ဒါပေမဲ့ ကျမပြောချင်တာက ထောက်လှန်းရေး အချက်အလက်မျှဝေမှုနဲ့ ပတ်သက်လို့ ပြောရရင် မနေ့က မာကိုရူဘီယိုကို ဖုန်းခေါ်ပြီး စကားပြောခဲ့တယ်။ ဒီထောက်လှန်းရေး သတင်းမျှဝေမှုနဲ့ ပတ်သက်ပြီးပေါ့။ ကျမအနေနဲ့ ဒါအတွက် စိုးရိမ်မှုရှိတယ်။ ရုရှားကို လွှတ်ထားလိုက်မယ်ဆိုရင် ဥရောပဟာ ချိမ်းခြောက်မှုအောက်မှာ ရှိနေတယ်ဆိုတာ ကျမတို့သိတယ်။

ဒါကြောင့် ကျမတို့က နေတိုးကို အားပေးထောက်ခံနေတာ ဖြစ်တယ်။ ကျမတို့ ထောက်ခံနေတာ နှစ် ၈၀ တောင် ရှိနေခဲ့ပြီ။ သူက ယူကရိန်းအတွက် ကောင်းတဲ့အပေးအယူ ဖြစ်တယ်လို့ ဆိုတယ်။ အမှန်ပဲ ယူကရိန်းအတွက် ကောင်းမွန်တဲ့ အပေးအယူ ရရှိဖို့လိုတယ်။ ဥရောပနိုင်ငံတွေအတွက်တင်မဟုတ်ဘူး။ ဒါဟာ ပစိဖိတ်နိုင်ငံတွေအတွက်လည်း အရေးကြီးပါတယ်။

ကျမတို့နဲ့ အမေရိကန်တွေ တရုတ်နဲ့ရင်ဆိုင်ရရင် ဘာကြောင့်လဲဆိုတော့ တရုတ်က ဥရောပမှာ ဘာတွေဖြစ်နေလဲဆိုတာကို ကြည့်နေတယ် နောက်ပြီး ယူကရိန်းမှာ ဖြစ်နေတာကို ကြည့်နေတယ်။ ယူကရိန်းကို မကောင်းတဲ့ အပေးအယူ လုပ်ပေးလိုက်ရင် ဒီလိုလုပ်ဆောင်မှုကတ တရုတ်ကိုလည်း တိုင်ဝမ်ကို လုပ်ချင်တာလုပ်နိုင်တယ်လို့ အချက်ပေးသလို ဖြစ်သွားနိုင်တယ်။ ဒါဟာကမ္ဘာအတွက်အန္တရာယ်ရှိတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

ဒေလီမြို့တော်ရှိ ပြည်သူသန်းနှင့်ချီ၍ ရက်အတော်ကြာ ရေပြတ်လပ်မှု ကြုံတွေ့ခဲ့ရပြီး အချို့ကမူ လက်ရှိ ရရှိနေသော ရေများမှာ အဆိပ်အတောက်ဖြစ်နေဆဲဟု ဆိုကြသည်။

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 1 ရက်
  • 11 Views
CNN- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက် ဒေလီမြို့တော်၏ ရေအကျပ်အတည်း အိန္ဒိယနိုင်ငံ မြောက်ပိုင်း၊ ဒေလီမြို့ အနောက်မြောက်ဘက်ရှိ Sharma Enclave
နိုင်ငံတကာသတင်း အမေရိကန် အီတလီ

ဆောင်းရာသီအိုလံပစ်တွင် အမေရိကန်လုံခြုံရေးတိုးမြှင့်ရန် ICE အေးဂျင့်များ စေလွှတ်မှုအပေါ် အီတလီနိုင်ငံသားများ ဒေါသထွက်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 1 ရက်
  • 10 Views
CNN – ဖေဖော်ဝါရီ ၁၊ ၂၀၂၆ လာမည့်လတွင် ကျင်းပမည့် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲတွင် အမေရိကန်၏ လုံခြုံရေးလုပ်ငန်းများကို ကူညီရန်အတွက် လူဝင်မှုကြီးကြပ်ရေးနှင့်
နိုင်ငံတကာသတင်း အမေရိကန်

ထရန့်အစိုးရလက်ထက်မှာ လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေးအဖွဲ့ (ICE) နဲ့ ပြည်ထဲရေးလုံခြုံရေးဝန်ကြီးဌာန (DHS)တို့ရဲ့အကြမ်းဖက်ကိုင်တွယ်မှုကြောင့် အမေရိကန် ပြည်သူများနဲ့ အာဏာရရီပတ်ပလီကင်အမတ်အချို့ရဲ့ဆန့်ကျင်မှုကိုရင်ဆိုင်နေရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်
  • 30 Views
ခေတ်မျက်လုံးမှ စုစည်းတင်ပြချက်- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၃၀ရက် ၂၀၂၆ ခုနှစ်အစောပိုင်းကာလမှာ လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေးအဖွဲ့ (ICE) နဲ့ ပြည်ထဲရေးလုံခြုံရေးဝန်ကြီးဌာန (DHS) တို့ဟာ အထောက်အထားမဲ့ နေထိုင်သူ တွေကို အစုလိုက်အပြုံလိုက် ပြည်နှင်ဒဏ်ပေးမယ့် စီမံချက်တွေကြောင့်
နိုင်ငံတကာသတင်း ဗင်နီဇွဲလား

ဖုန်းစစ်ဆေးခံရမည်ကို စိုးရိမ်သောကြောင့် ဖုံးတွင်ကုဒ်များဖြင့် ပြောဆိုခြင်းနှင့် ရေးသားချက်များကို ဖျက်ပစ်ခြင်းဖြင့် ဗင်နီဇွဲလားနိုင်ငံသားများ အသုံးပြုနေသည့် နည်းဗျူဟာများ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်
  • 34 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက် “မေမေ၊ ချတ် (Chat) တွေကို ဖျက်လိုက်တော့။” “သားရယ်၊ အဲဒါတွေက မှတ်တမ်းတင်ခံရတာမျိုး ဖြစ်လိမ့်မယ်။” “အပြင်မထွက်ခင် ပြောထားတဲ့ စကားတွေကို ဖျက်ထားလိုက်ပါဦး။”
တရုတ် နိုင်ငံတကာသတင်း ဗြိတိန်

တရုတ်ခေါင်းဆောင်နှင့်ဗြိတိန်ခေါင်းဆောင်နှစ်ဦးကြားတွေ့ဆုံမှု။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 28 Views
ခေတ်မျက်လုံး- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာ (Keir Starmer) ၏ တရုတ်နိုင်ငံ ခရီးစဉ်အတွင်း ရရှိခဲ့သော ကုန်သွယ်ရေးနှင့် စီးပွားရေးဆိုင်ရာ သဘောတူညီချက် အသေးစိတ်များမှာ အောက်ပါအတိုင်း
နိုင်ငံတကာသတင်း

ယနေ့ (၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်) အတွက် မြန်မာနိုင်ငံနှင့် ကမ္ဘာတစ်ဝှမ်းတွင် လူဖတ်အများဆုံးနှင့် စိတ်ဝင်စားမှုအခံရဆုံး သတင်းများကို အောက်တွင် ဖော်ပြပေး လိုက်ပါသည်။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 33 Views
ခေတ်မျက်လုံး- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် မြန်မာနိုင်ငံနှင့် ဆက်နွှယ်သော ထိပ်တန်းသတင်းများ မြီမိသားစုဝင် ၁၁ ဦးကို တရုတ်က ကွပ်မျက်ခြင်း။ ကိုးကန့်ဒေသတွင် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) အင်ပါယာ တည်ထောင်ခဲ့သည့် မြီရှောက်ချန်း
တရုတ် နိုင်ငံတကာသတင်း

မြန်မာနိုင်ငံအတွင်း ဘီလီယံနှင့်ချီသော ရာဇဝတ်အင်ပါယာကို တည်ထောင်ခဲ့သည့် ဂိုဏ်းဝင် ၁၁ ဦးကို တရုတ်နိုင်ငံက ကွပ်မျက်လိုက်ခြင်း

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 27 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် မြန်မာနိုင်ငံအတွင်း မိသားစုလိုက် ရာဇဝတ်အင်ပါယာကို တည်ထောင်ခဲ့ပြီး ထွက်ပြေးရန် ကြိုးပမ်းသည့် အလုပ်သမားများကို သတ်ဖြတ်ခဲ့သည့် လူ ၁၁ ဦးအား တရုတ်တရားရုံး တစ်ခုက သေဒဏ်ချမှတ်ခဲ့ကြောင်း၊
ဂျပန် တရုတ် နိုင်ငံတကာသတင်း

တရုတ်-ဂျပန် ဆက်ဆံရေး တင်းမာနေစဉ်အတွင်း နောက်ဆုံးကျန်ရှိသည့် ပန်ဒါများကို ဂျပန်ပရိသတ်များ နှုတ်ဆက်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 36 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၂၈ရက် တိုကျို — ဂျပန်နိုင်ငံတွင် နောက်ဆုံးကျန်ရှိသည့် ပန်ဒါနှစ်ကောင်ကို တရုတ်နိုင်ငံသို့ ပြန်လည် မပို့ဆောင်မီ တနင်္ဂနွေနေ့တွင် ဂျပန်ပရိသတ်များက သွားရောက်နှုတ်ဆက်ခဲ့ကြသည်။ ဤဖြစ်ရပ်သည် နှစ်နိုင်ငံကြား ဆက်ဆံရေး တင်းမာနေမှုကို ထင်ဟပ်ဖော်ပြနေသည်။