နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 10 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

‘လာမည့်ရက်များ’ အတွင်း ထရန့် နှင့် ပူတင် တို့တွေ့ဆုံရန် သဘောတူညီချက် ရရှိခဲ့ကြောင်း ကရင်မလင် ထိပ်တန်းလက်ထောက်ပြော။

CNN-၂၀၂၅ခုနှစ်၊ သြဂုတ်လ၇ရက်

ကရင်မလင် ထိပ်တန်းလက်ထောက် ယူရေ ဥရှကော့ဗ် (Yury Ushakov) က အမေရိကန် သမ္မတ ဒေါ်နယ်ထရန့် သည် လာမည့်ရက်ပိုင်းအတွင်း ရုရှားသမ္မတ ဗလာဒီမာပူတင် နှင့် တွေ့ဆုံရန် သဘောတူညီမှုရရှိခဲ့ပြီး ပါတီများသည် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်နေပြီ ဖြစ်ကြောင်း ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။

ဤပြင်ဆင်မှုများမည်မျှကြာမည်ကိုပြောရန်ခက်ခဲသည်ဟု ဥရှကော့ဗ် က ဆက်လက် ပြောသော်လည်း ရည်မှန်းချက်မှာအစည်းအဝေးကိုလာမည့်အပတ်တွင် ကျင်းပရန်ဖြစ်သည် ဟု ရုရှားနိုင်ငံပိုင်မီဒီယာ RIA Novosti ကဖော်ပြခဲ့သည်။

ဗုဒ္ဓဟူးနေ့တွင်၊ ယူကရိန်းစစ်ပွဲကို အဆုံးသတ်ရန် အလားအလာရှိသော ခေါင်းဆောင်နှစ်ဦး “ မကြာမီ” တွေ့ဆုံနိုင်သည့် “ အခွင့်အလမ်းကောင်း” ရှိကြောင်း ထရန့် ကပြောကြားခဲ့သည်။

အစည်းအဝေးကျင်းပမည့်နေရာကို ဥရှကော့ဗ် မှ အတည်မပြုသော်လည်း တည်နေရာကို သဘောတူထားပြီးဖြစ်ကြောင်းနှင့် နောက်ပိုင်းတွင် ထုတ်ပြန်ကြေညာမည်ဖြစ်ကြောင်း RIA မှ ပြောကြားခဲ့သည်။

ပူတင်၊ ထရန့် နှင့် ယူကရိန်းသမ္မတ ဗလိုဒီမာဇလန်းစကီး တို့အကြား သုံးနိုင်ငံ ဆွေးနွေးမှုများ အတွက် အမေရိကန် အထူးကိုယ်စားလှယ် စတိ့ဗ်ဝတ်ကော့ဖ်က မနေ့က တင်သွင်းသည့် အဆိုပြုချက်ကို မော်စကိုက တုံ့ပြန်ခဲ့ခြင်း မရှိကြောင်း RIA က ပြောကြားခဲ့သည်။

ဗုဒ္ဓဟူးနေ့တွင်၊ ဝတ်ကော့ဖ် နှင့်ပူတင်တို့သည် ရုရှားစစ်ပွဲကို အဆုံးသတ်ရန် မော်စကိုတွင် တွေ့ဆုံခဲ့ကြသော်လည်း ၎င်းတို့နှစ်ဦးကြားတွင် “အောင်မြင်မှု” မရှိကြောင်း ထရမ့်က နောက်ပိုင်းတွင် ပြောကြားခဲ့သည်။ သဘောတူညီချက်အတွက် အချိန်ဇယားနှင့်ပတ်သက်၍ မေးမြန်းရာတွင်လည်း ၎င်းက “ဤကိစ္စအတွက် ယခင်ကလည်း စိတ်ပျက်ခဲ့ဖူးသည်” ဟု ပြောကြားခဲ့သည်။

ဝတ်ကော့ဖ် သည် ရုရှားနိုင်ငံသို့ ယခုနှစ်တွင် ပဉ္စမအကြိမ်လာရောက်လည်ပတ်ခြင်းဖြစ်ပြီး အပစ်အခတ်ရပ်စဲရေး အတွက် သဘောတူညီချက်မရရှိသည့်အတွက် စိတ်အနှောက်အယှက် ဖြစ်လာသောထရန့်သည် သောကြာနေ့တွင် သက်တမ်းကုန်ဆုံးမည့်ရက်ကိုသတ်မှတ်လိုက်ပြီး မော်စကိုမှ အပစ်အခတ်ရပ်စဲရေးကို သဘောတူရန် သို့မဟုတ် တင်းမာသော ဒုတိယအဆင့် ဒဏ်ခတ်ပိတ်ဆို့မှုများဖြစ်သည့် မော်စကိုမှရေနံဝယ်ယူနေသောနိုင်ငံများကို၁၀၀% စည်းကြပ်ခွန် ပေးဆောင်ရစေမည့် အခြေအနေကို ရင်ဆိုင်ရန်မည်လောဟု မော်စကို အား ရာဇသံ ပေးခဲ့သည်။

အစည်းအဝေးအပြီး နာရီပိုင်းအကြာတွင် အမေရိကန်ခေါင်းဆောင်သည် ရုရှား၏ ရေနံတင်သွင်းမှုအတွက် ဒဏ်ခတ်မှုအဖြစ် အိန္ဒိယအပေါ် အခွန် ၂၅ ရာခိုင်နှုန်း ထပ်မံချမှတ် ခဲ့ကြောင်း အိမ်ဖြူတော်ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည့် စာတမ်းတစ်ခုအရ သိရသည်။

ဝတ်ကော့ဖ်-ပူတင် အစည်းအဝေးအပြီးတွင် ထရန့် နှင့်စကားပြောခဲ့သော ဇလန်းစကီး က “ ရုရှားသည်ယခုအခါ (က) အပစ်အခတ်ရပ်စဲရေးကိုပိုမိုလိုလားပုံရသည်” ဟုဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

“ရုရှားအပေါ် ဖိအားတွေက အလုပ်ဖြစ်နေပါတယ်။ ဒါပေမယ့် အဓိကအချက်ကတော့ အသေးစိတ်အချက်အလက်တွေကို ကျွန်တော်တို့ရော၊ အမေရိကန်ရောပါ သူတို့က မလှည့်ဖြားဖို့လိုတယ်။” ဟု ယူကရိန်းခေါင်းဆောင်က နိုင်ငံသို့ ညစဉ်ညနေ ဗီဒီယိုမိန့်ခွန်းတွင် ပြောကြားခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

ဗင်နီဇွဲလားက ‘ငြိမ်းချမ်းရေး’ အထိမ်းအမှတ်အဖြစ် ပထမဆုံး အကျဉ်းသားအချို့ကို ပြန်လွှတ်ပေး-

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်
  • 23 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ၊ ၉ရက် ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရို (Nicolás Maduro) ကို ဖမ်းဆီးရန် အမေရိကန်၏
နိုင်ငံတကာသတင်း အီရန်

တဟီရန်တွင် လမ်းပေါ်ထွက်ဆန္ဒပြမှုများ ပေါက်ကွဲထွက်လာပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အစိုးရဆန့်ကျင်ရေး အုံကြွမှုများ ပြန့်နှံ့လာ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်
  • 30 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက် ကြာသပတေးနေ့က အီရန်နိုင်ငံ တဟီရန်မြို့တော်တွင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများ
နိုင်ငံတကာသတင်း ပြင်သစ် ဗြိတိန် ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းသို့ စေလွှတ်မည့် မည်သည့် နိုင်ငံခြားတပ်ဖွဲ့ဝင်မဆို “ တရားဝင် ပစ်မှတ်များ” ဖြစ်လာမည်ဟု ရုရှားသတိပေး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 37 Views
CNN- ၂၀၂၆ခုနှစ်၊ ဇွန်လ၈ရက် ယူကရိန်းနိုင်ငံတွင် ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိလာပါက တပ်ဖွဲ့ဝင်များ စေလွှတ်မည်ဟု ပြင်သစ်နှင့် ဗြိတိန်တို့က ကတိပြုပြီးနောက်၊ ယူကရိန်းရှိ အနောက်အုပ်စု တပ်ဖွဲ့များသည် “ တရားဝင် ပစ်မှတ်များ” ဖြစ်သည်ဆိုသည့် သူတို့၏
နိုင်ငံတကာသတင်း အမေရိကန်

မင်နီယာပိုလစ်မြို့တွင် “လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေးဌာန”(ICE) အေးဂျင့်တစ်ဦးက အမျိုးသမီးတစ်ဦးအား ပစ်သတ်မှုကြောင့် လူဝင်မှုကြီးကြပ်ရေး နှိမ်နင်းမှုအပေါ် တင်းမာမှုများ ပိုမိုမြင့်တက်လာ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 37 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၈ရက် မင်နီယာပိုလစ်မြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေး (ICE) အေးဂျင့်တစ်ဦးက အမျိုးသမီးတစ်ဦးအား သေနတ်ဖြင့် ပစ်သတ်ခဲ့မှုအပေါ် ပြည်တွင်းလုံခြုံရေးဝန်ကြီး ခရစ်စတီနူံးမ်(Kristi Noem) က အဆိုပါအေးဂျင့်ဘက်မှ ခုခံကာကွယ် ပြောကြားခဲ့သည်။ ထိုအမျိုးသမီးသည်
ဂျပန် နိုင်ငံတကာသတင်း ဥရောပ

မျက်မှန်အပြောင်းအလဲလုပ်စရာမလို အလိုအလျှောက်ကြည်လင်သောအမြင်ကို ချိန်ညှိပေး မည့်အနာဂါတ်မျက်မှန်။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 7 ရက်
  • 25 Views
CNN -၂၀၂၆ခုနှစ်၊ဇန်နဝါရီလ ၇ ရက် ဖင်လန်နိုင်ငံအခြေစိုက် မျက်မှန်ကုမ္ပဏီဖြစ်သော IXI သည် သာမန်မျက်မှန်များနှင့် ပုံစံတူ သော်လည်း တပ်ဆင်သူ၏ လိုအပ်ချက်ပေါ်မူတည်၍ အမြင်အာရုံကို အလိုအလျောက် ချိန်ညှိပေးနိုင်သည့် “Autofocus” စမတ်မျက်မှန်များကို မိတ်ဆက်ရန် ပြင်ဆင်နေပါသည်။
နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

ဗင်နီဇွဲလားရေနံကို ပြန်လည်အသက်သွင်းလိုသည့် ထရမ့်၏အိပ်မက်ကို ရေနံကုမ္ပဏီကြီး များ စိတ်မဝင်စား

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 6 ရက်
  • 40 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက် နယူးယောက် — ဗင်နီဇွဲလား၏ ရေနံနှင့်ပတ်သက်၍ သမ္မတ ဒေါ်နယ်ထရမ့်သည် ကြီးမားသော အမှားတွက်ချက်မှုတစ်ခု ပြုလုပ်ခဲ့ပုံရသည်။ ဗင်နီဇွဲလား၏ များပြားလှသော ရေနံသယံဇာတများကို အမေရိကန်ရေနံကုမ္ပဏီများ
နိုင်ငံတကာသတင်း အမေရိကန်

‘ကျွန်ုပ်တို့ ဂရင်းလန်းကို လိုအပ်တယ်’ – ဒိန်းမတ်ပိုင်နက်ကို သိမ်းယူရန် ထရန့်က ထပ်မံခြိမ်းခြောက်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 5 ရက်
  • 37 Views
BBC- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ၅ရက် ဒိန်းမတ်ခေါင်းဆောင်က အဆိုပါကျွန်းနှင့်ပတ်သက်၍ “ ခြိမ်းခြောက်မှုများ ရပ်တန့်ရန်” တိုက်တွန်းခဲ့ပြီးနောက်၊ ဒေါ်နယ်ထရန့်က ဂရင်းလန်း (Greenland) ကို သိမ်းယူရန် အဆိုပြုချက်ကို ထပ်မံပြောကြားခဲ့သည်။ အမေရိကန်သမ္မတက သတင်းထောက်များကို ပြောကြားရာတွင် “
နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

ဗင်နီဇွဲလားသမတကိုအမေရိကန်ဖမ်းဆီးမှုနှင့်ပတ်သက်သည့် ဆီနေတာ ဘားနီးဆန်းဒါးစ်၏ မိန့်ခွန်း

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 5 ရက်
  • 42 Views
၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၄ရက် ဒေါ်နယ်ထရန့်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ တရားဥပဒေစိုးမိုးရေးအပေါ် သူရဲ့ မလေးစားမှုကို နောက်တစ်ကြိမ် ထပ်မံပြသလိုက်ပြန်ပါပြီ။ ကျနော်တို့ ရှင်းရှင်းလင်းလင်း သိထားဖို့ လိုတာကတော့ – အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတတယောက်အနေနဲ့ မာဒူရို (Maduro) လို