နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 16 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

‘လာမည့်ရက်များ’ အတွင်း ထရန့် နှင့် ပူတင် တို့တွေ့ဆုံရန် သဘောတူညီချက် ရရှိခဲ့ကြောင်း ကရင်မလင် ထိပ်တန်းလက်ထောက်ပြော။

CNN-၂၀၂၅ခုနှစ်၊ သြဂုတ်လ၇ရက်

ကရင်မလင် ထိပ်တန်းလက်ထောက် ယူရေ ဥရှကော့ဗ် (Yury Ushakov) က အမေရိကန် သမ္မတ ဒေါ်နယ်ထရန့် သည် လာမည့်ရက်ပိုင်းအတွင်း ရုရှားသမ္မတ ဗလာဒီမာပူတင် နှင့် တွေ့ဆုံရန် သဘောတူညီမှုရရှိခဲ့ပြီး ပါတီများသည် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်နေပြီ ဖြစ်ကြောင်း ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။

ဤပြင်ဆင်မှုများမည်မျှကြာမည်ကိုပြောရန်ခက်ခဲသည်ဟု ဥရှကော့ဗ် က ဆက်လက် ပြောသော်လည်း ရည်မှန်းချက်မှာအစည်းအဝေးကိုလာမည့်အပတ်တွင် ကျင်းပရန်ဖြစ်သည် ဟု ရုရှားနိုင်ငံပိုင်မီဒီယာ RIA Novosti ကဖော်ပြခဲ့သည်။

ဗုဒ္ဓဟူးနေ့တွင်၊ ယူကရိန်းစစ်ပွဲကို အဆုံးသတ်ရန် အလားအလာရှိသော ခေါင်းဆောင်နှစ်ဦး “မကြာမီ” တွေ့ဆုံနိုင်သည့် “အခွင့်အလမ်းကောင်း” ရှိကြောင်း ထရန့် ကပြောကြားခဲ့သည်။

အစည်းအဝေးကျင်းပမည့်နေရာကို ဥရှကော့ဗ် မှ အတည်မပြုသော်လည်း တည်နေရာကို သဘောတူထားပြီးဖြစ်ကြောင်းနှင့် နောက်ပိုင်းတွင် ထုတ်ပြန်ကြေညာမည်ဖြစ်ကြောင်း RIA မှ ပြောကြားခဲ့သည်။

ပူတင်၊ ထရန့် နှင့် ယူကရိန်းသမ္မတ ဗလိုဒီမာဇလန်းစကီး တို့အကြား သုံးနိုင်ငံ ဆွေးနွေးမှုများ အတွက် အမေရိကန် အထူးကိုယ်စားလှယ် စတိ့ဗ်ဝတ်ကော့ဖ်က မနေ့က တင်သွင်းသည့် အဆိုပြုချက်ကို မော်စကိုက တုံ့ပြန်ခဲ့ခြင်း မရှိကြောင်း RIA က ပြောကြားခဲ့သည်။

ဗုဒ္ဓဟူးနေ့တွင်၊ ဝတ်ကော့ဖ် နှင့်ပူတင်တို့သည် ရုရှားစစ်ပွဲကို အဆုံးသတ်ရန် မော်စကိုတွင် တွေ့ဆုံခဲ့ကြသော်လည်း ၎င်းတို့နှစ်ဦးကြားတွင် “အောင်မြင်မှု” မရှိကြောင်း ထရမ့်က နောက်ပိုင်းတွင် ပြောကြားခဲ့သည်။ သဘောတူညီချက်အတွက် အချိန်ဇယားနှင့်ပတ်သက်၍ မေးမြန်းရာတွင်လည်း ၎င်းက “ဤကိစ္စအတွက် ယခင်ကလည်း စိတ်ပျက်ခဲ့ဖူးသည်” ဟု ပြောကြားခဲ့သည်။

ဝတ်ကော့ဖ် သည် ရုရှားနိုင်ငံသို့ ယခုနှစ်တွင် ပဉ္စမအကြိမ်လာရောက်လည်ပတ်ခြင်းဖြစ်ပြီး အပစ်အခတ်ရပ်စဲရေး အတွက် သဘောတူညီချက်မရရှိသည့်အတွက် စိတ်အနှောက်အယှက် ဖြစ်လာသောထရန့်သည် သောကြာနေ့တွင် သက်တမ်းကုန်ဆုံးမည့်ရက်ကိုသတ်မှတ်လိုက်ပြီး မော်စကိုမှ အပစ်အခတ်ရပ်စဲရေးကို သဘောတူရန် သို့မဟုတ် တင်းမာသော ဒုတိယအဆင့် ဒဏ်ခတ်ပိတ်ဆို့မှုများဖြစ်သည့် မော်စကိုမှရေနံဝယ်ယူနေသောနိုင်ငံများကို၁၀၀% စည်းကြပ်ခွန် ပေးဆောင်ရစေမည့် အခြေအနေကို ရင်ဆိုင်ရန်မည်လောဟု မော်စကို အား ရာဇသံ ပေးခဲ့သည်။

အစည်းအဝေးအပြီး နာရီပိုင်းအကြာတွင် အမေရိကန်ခေါင်းဆောင်သည် ရုရှား၏ ရေနံတင်သွင်းမှုအတွက် ဒဏ်ခတ်မှုအဖြစ် အိန္ဒိယအပေါ် အခွန် ၂၅ ရာခိုင်နှုန်း ထပ်မံချမှတ် ခဲ့ကြောင်း အိမ်ဖြူတော်ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည့် စာတမ်းတစ်ခုအရ သိရသည်။

ဝတ်ကော့ဖ်-ပူတင် အစည်းအဝေးအပြီးတွင် ထရန့် နှင့်စကားပြောခဲ့သော ဇလန်းစကီး က “ရုရှားသည်ယခုအခါ (က) အပစ်အခတ်ရပ်စဲရေးကိုပိုမိုလိုလားပုံရသည်” ဟုဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

“ရုရှားအပေါ် ဖိအားတွေက အလုပ်ဖြစ်နေပါတယ်။ ဒါပေမယ့် အဓိကအချက်ကတော့ အသေးစိတ်အချက်အလက်တွေကို ကျွန်တော်တို့ရော၊ အမေရိကန်ရောပါ သူတို့က မလှည့်ဖြားဖို့လိုတယ်။” ဟု ယူကရိန်းခေါင်းဆောင်က နိုင်ငံသို့ ညစဉ်ညနေ ဗီဒီယိုမိန့်ခွန်းတွင် ပြောကြားခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 67 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 76 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 72 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 79 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 71 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 72 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 88 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 81 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက