နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 8 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရန်ကုန်အဝေးသင်တက္ကသိုလ်က ကထိကတဦးကို ဖမ်းမိခဲ့တယ်လို့ နွားထိုးကြီး-PDF ထုတ်ပြန်

မေလ (၈)ရက်။

ရန်ကုန်အဝေးသင်တက္ကသိုလ်ရဲ့ သတ္တဗေဒဌာနက ကထိက ဒေါ်ဝင်းဝင်းအောင်ကို ဖမ်းဆီးရမိခဲ့တယ်လို့ နွားထိုးကြီး-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ဒေါ်ဝင်းဝင်းအောင်ဟာ စစ်ကောင်စီရဲ့ယန္တရား လည်ပတ်စေနိုင်တဲ့ လုပ်ငန်းတွေကို အားသွန်ခွန်စိုက် ကြိုးပမ်းနေတဲ့ မန္တလေး နိုင်ငံခြားရေးဘာသာတက္ကသိုလ်က စီမံ/ဘဏ္ဍာဌာနမှူး ဦးအောင်ဆန်းရဲ့ ဇနီးလို့ ဆိုပါတယ်။

ဒေါ်ဝင်းဝင်းအောင်ကို မိတ္ထီလာနယ်တနေရာမှာ မြင်းခြံခရိုင် အမှတ်(၄-၁၀)တပ်ရင်းက ဖမ်းဆီးရမိခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

ဖမ်းမိခဲ့တဲ့ ဒေါ်ဝင်းဝင်းအောင်ကို လိုအပ်တဲ့ စုံစမ်းစစ်ဆေး မေးမြန်းတာတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့လဲ ပြောဆိုထားပါတယ်။

အခုလို စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတစ်ဦး ဖမ်းဆီးခံရတာနဲ့ပတ်သက်ပြီး သက်ဆိုင်ရာတာဝန်ရှိသူတွေဘက်ကတော့ တစုံတရာ ထုတ်ပြန်ထားတာမရှိဘူးလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

လောင်းလုံးမြို့နယ်ထဲ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး (၂)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 7 ရက်
  • 19 Views
မေလ (၇)ရက်။ မနေ့က နံနက် (၈)နာရီခန့်မှာ လောင်းလုံးမြို့နယ်ထဲ စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဒူကရစစ်ကြောင်းရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “
မြန်မာသတင်း

KNLA ဒုဗိုလ်မှူးကြီး စောကလယ်ဒို လူကြီးရောဂါနဲ့ ကွယ်လွန်

  • 2026 ခုနှစ်၊ မေလ 7 ရက်
  • 19 Views
စစ်လော်ဘီတွေက လေကြောင်းဗုံးကြဲခံရတာဆိုပြီး သတင်းမှားဖြန့်နေ မေလ (၇)ရက်။ မနေ့က KNLA ဒုဗိုလ်မှူးကြီး စောကလယ်ဒိုဟာ လူကြီးရောဂါနဲ့ ကွယ်လွန်သွားခဲ့တယ်လို့ KNU
မြန်မာသတင်း

စစ်အုပ်စုနဲ့ အမေရိကန်လော်ဘီ DCI Group တို့ ပတ်သက်လုပ်ကိုင်နေတဲ့အပေါ် JFM ရှုတ်ချ

  • 2026 ခုနှစ်၊ မေလ 7 ရက်
  • 25 Views
မေလ (၇)ရက်။ စစ်အုပ်စုနဲ့ အမေရိကန်လော်ဘီကုမ္ပဏီဖြစ်တဲ့ DCI Group တို့ ဆက်သွယ်ပတ်သက်လုပ်ကိုင်နေတဲ့အပေါ် Justice for Myanmar(JFM)က မနေ့က ရှုတ်ချထားတယ်လို့ သိရပါတယ်။ စစ်အုပ်စုဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ မိတ်ဆွေဟောင်းနဲ့ ယခင်အကြံပေးအနေနဲ့ ဆောင်ရွက်ခဲ့တဲ့
မြန်မာသတင်း

ရွေးကောက်ပွဲကို ထောက်ခံတာက နိုင်ငံရေးဆောင်ရွက်တာကို ထောက်ခံတာဆိုပြီး မင်းအောင်လှိုင်ပြော

  • 2026 ခုနှစ်၊ မေလ 7 ရက်
  • 21 Views
မေလ (၇)ရက်။ ရွေးကောက်ပွဲကို ထောက်ခံတာဟာ နိုင်ငံရေးအရ ဆောင်ရွက်တာတွေကို ထောက်ခံတာဆိုပြီး ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်က မနေ့က အမည်ခံအစိုးရအဖွဲ့အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ မဲပေးသူတွေဟာ သူတို့ရဲ့ သဘောဆန္ဒအလျောက် မဲပေးတာပါ။ မဲပေးတာမှာ စနစ်တကျနဲ့
မြန်မာသတင်း

တနင်္သာရီမှာ စစ်ကောင်စီတပ်သား (၂)ဦး လက်နက်ခဲယမ်းတွေနဲ့ KNU ဆီ အလင်းဝင်

  • 2026 ခုနှစ်၊ မေလ 7 ရက်
  • 24 Views
မေလ (၇)ရက်။ မနေ့က တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီတပ်သား (၂)ဦး လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတပ်သား (၂)ဦးဟာ အကြမ်းဖက်စစ်တပ်ရဲ့ ခမရ(၅၆၁)တပ်ရင်းကဖြစ်ပြီး KNLA တပ်မဟာ(၄)၊ တပ်ရင်း(၁၁)နဲ့ မဟာမိတ်တပ်ဖွဲ့တွေဆီ
မြန်မာသတင်း

ဝက်လက်နယ်မှာ စစ်တပ်ရဲ့ ဗုံးကြဲတာကြောင့် အရပ်သား (၃)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 6 ရက်
  • 33 Views
မေလ (၆)ရက်။ ဒီကနေ့ နေ့လယ်ပိုင်းအချိန်က ဝက်လက်မြို့ စခန်းသာရွာအနီးကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ နေ့လယ် (၁၂)နာရီကျော်လောက် စခန်းသာရွာနားကို စစ်တပ်ရဲ့ တံတားဦးတက်ကနေ ဂျက်ဖိုက်တာ (၃)စီးနဲ့ လေကြောင်းကနေ
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို မိသားစုနဲ့ ဆက်သွယ်ခွင့်ရဖို့ ဩစတြေးလျသံရုံး တောင်းဆို

  • 2026 ခုနှစ်၊ မေလ 6 ရက်
  • 30 Views
မေလ (၆)ရက်။ မတရားဖမ်းဆီးခံထားရတဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို မိသားစုနဲ့ ဆက်သွယ်ခွင့်ရဖို့ ဩ‌စတြေးလျသံရုံးက ဒီကနေ့မှာ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ ထုတ်ပြန်ချက်ထဲ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်ပကျယ်ချုပ် ပြောင်းရွှေ့တာကို သိရပြီး မိသားစုအပါအဝင် ရှေ့နေတွေနဲ့ တွေ့ခွင့်ရဖို့နဲ့ ကျန်းမာရေးစောင့်ရှောက်မှုရစေဖို့
မြန်မာသတင်း

လေးကေစခန်းက ထွက်ပြေးတဲ့ စစ်ကောင်စီတပ်တွေ လိုက်လံချေမှုန်းခံရပြီး (၇)ဦးသေဆုံးကာ ဒုတပ်ရင်းမှူးအပါ (၁၈)ဦး ဖမ်းမိခဲ့

  • 2026 ခုနှစ်၊ မေလ 6 ရက်
  • 32 Views
မေလ (၆)ရက်။ ‌ဘီးလင်းမြို့ရှိ လေးကေစခန်းသိမ်းတိုက်ပွဲကနေ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်တွေကို လိုက်လံချေမှုန်းခဲ့တယ်လို့ အထူးစစ်ဆင်ရေးတပ်ဖွဲ့(SOF)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတိုက်ပွဲထဲ စစ်ကောင်စီတပ်သား (၇)ဦး သေဆုံးခဲ့ပြီး (၁၈)ဦးကို အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ပွဲက‌နေ ထွက်ပြေးသွားတဲ့