နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 28 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

ထရန့် သည် ပူတင်အပေါ် စိတ်ရှည်သည်းခံမှု ပျောက်ဆုံးနေပုံရသည်။ ဘာကြောင့်လဲ။

CNN — ၂၀၂၅ခုနှစ်၊ ဇူလိုင်လ ၈ရက်

လွန်ခဲ့သည့်ငါးလက သမ္မတ ဒေါ်နယ်ထရန့် သည် ယူကရိန်းကိုကျူးကျော်ခဲ့သော ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ယူကရိန်းတွင် ငြိမ်းချမ်းရေးလိုချင်ကြောင်း အခိုင်အမာဆိုခဲ့ပြီးနောက် သူ့စကားကို ပြန်လည်ရုတ်သိမ်းခဲ့သည်။

“ သူ ငြိမ်းချမ်းရေးကို လိုချင်တယ်လို့ ကျွန်တော် ယုံကြည်ပါတယ်” ဟု ထရန့် က ပြောကြားပြီး “ ကျွန်တော် ဆိုလိုတာက သူ့ကို ကျွန်တော် ကောင်းကောင်းသိပါတယ်။ ဟုတ်တယ်၊ သူက ငြိမ်းချမ်းရေးကို လိုချင်တယ်လို့ ကျွန်တော် ထင်တယ်။ ဒီလိုမဟုတ်ရင် ကျွန်တော့်ကို သူကပြောပြလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်” ။ ဒီကိစ္စနဲ့ပတ်သက်ပြီး သူ့ကိုကျွန်တော် ယုံကြည်ပါတယ်” ဟုဆိုခဲ့သည်။

ထရန့်သည် မကြာသေးမီရက်များအတွင်းနှင့် အထူးသဖြင့် အင်္ဂါနေ့တွင် အလွန်ကွဲပြား ခြားနားသော စကားကိုပြောဆိုခဲ့သည်။

ပူတင်နှင့် ၎င်း၏နောက်ဆုံးဖုန်းခေါ်ဆိုမှုအပေါ် မကျေမနပ်ဖြစ်ပြီး ရက်အတန်ကြာပြီးနောက်၊ ထရန့်သည် ဝန်ကြီးအဖွဲ့အစည်းအဝေးတစ်ခုတွင် ပိုမိုပွင့်လင်းစွာပြောလာခဲ့သည်။ သူ့အနေနှင့် အာမခံထားပြီး နှစ်ပေါင်းများစွာကြာအောင် ထိုလူတယောက်ကို စူးစမ်းဝေဖန်ပြောဆိုခြင်းကို ရှောင်ရှားထားသော်လည်းထိုလူသည် ယုံကြည်စိတ်ချရသော ပါဝင်ဆွေးနွေးသူ မဟုတ် ကြောင်း ပြောဆိုခဲ့သည်။

“ မင်းအနေနဲ့ အမှန်တရားကို သိချင်ရင် ပူတင်က ငါတို့ကို လိမ်ညာမှုတွေ အများကြီး ပုံချပေးခဲ့တယ်” ဟု ထရန့်က ပြောကြားခဲ့သည်။ “ သူက အချိန်တိုင်း အရမ်းခင်မင်စရာ ကောင်းပေမယ့် ရလာဒ်က ဘာမှ အဓိပ္ပါယ်မရှိသလို ဖြစ်သွားတယ်။”

ထရန့် သည် ပူတင်အပေါ် ၎င်း၏ ရပ်တည်ချက်ကိုပြောင်းလဲလာစေသည်သာမက ယူကရိန်းစစ်ပွဲအ‌ပေါ်တွင်ရှိသည့်သူ၏သဘောထားပါပြောင်းလဲလာခဲ့သည်။

ယခုသီတင်းပတ်တွင် ယူကရိန်းသို့ ကာကွယ်ရေးလက်နက်များ တင်ပို့ရောင်းချမှု ခဏတာ ခေတ္တရပ်နားထားမှုအားပြန်ရုတ်သိမ်းသွားခဲ့သည်။ရုရှားအပေါ် ဝေဖန်မှုတိုင်းကို အမြဲတမ်း လိုလို ယူကရိန်းနှင့်တွဲစပ်ပြီး နှစ်ဖက်လုံးကိုဝေဖန်ခဲ့သလို စစ်ပွဲကို ရှည်ကြာစေမည့် ရုရှား၏ ရန်လိုမှုကို ယူကရိန်းကလည်းရန်လိုနေကြောင်းတွဲ၍ပြောဆိုနေခဲ့သည်။ အင်္ဂါနေ့တွင် ၎င်းက ယူကရိန်းတိုက်ခိုက်ရေးသမားများ၏ “ရဲစွမ်းသတ္တိ” ကို ချီးမွှမ်းခဲ့ပြီး ယူကရိန်း ကာကွယ်ရေးတွင် အမေရိကန်က ကြီးမားသောရင်းနှီးမြုပ်နှံမှုသည် အလဟဿမ ဖြစ် ကြောင်းဆိုခဲ့ပြီး ထိုအချက်ကို အမေရိကန်ကြီးမြတ်ရမည်(MAGA) အခြေစိုက်စခန်းရှိ လူအများကယူကရိန်းကို ကြီးမားသောရင်းနှီးမြုပ်နှံမှု ပေးခြင်းကိုယုံကြည်လက်ခံထားခြင်း မရှိခဲ့ပါ။

ထရန့်သည်ပူတင်ထံမှလှည့်ထွက်လာခဲ့ပြီးယူကရိန်းထောင့်တွင်ရပ်တည်လာခဲ့သည်ဟုတစုံတယောက်ကအကြံပြုခဲ့ပါက ထိုအချက်သည်ဖြစ်နိုင်ချေနှင့် ဝေးကွာလွန်းပါသည်။ ထရန့်သည် လွန်ခဲ့သည် ၁၀နှစ်ကျော်ကာလက ကမ္ဘာ့စင်မြင့်ပေါ်တွင် သူ့အား “သူရူးတယောက်ရဲ့ အတွေးအခေါ်သီအိုရီ” ဟု ခေါ်ခေါ် သို့မဟုတ် အခြားတခုခုခေါ်ခေါ် မကြာခဏ ပြောင်းလဲ တတ်သည့် ခန့်မှန်းရခက်သော သူတဦးအဖြစ် မြင်နေကြသည်ကို နှစ်သက်ပုံပေါ်ပါသည်။

ပူတင်အတွက် သူ့အတိတ်ကအားကျိုးမာန်တက်စကားတွေပြောပြီးရုရှားခေါင်းဆောင်ရဲ့ သူ့မွေးနေ့ တွင်ခေါ်ဆိုမှု အပါအဝင် သူ့ရဲ့ နောက်ဆက်တွဲ ဖုန်းခေါ်ဆိုမှုများကို လေ့လာ ကြည့်သည့်အခါ ထရန့် က အပစ်အခတ်ရပ်စဲရေးကို သဘောတူဖို့ ဒါမှမဟုတ် ယူကရိန်း တိုက်ခိုက်မှုအတွက် လက်စားချေမှုတွေကို ချိန်ညှိဖို့ ထရန့် က ပူတင့်အပေါ် တိုက်ရိုက်ဖိအားတွေ ပေးနေတယ်လို့ မတွေ့ခဲ့ရပါ။

ယခု၊ ထရန့် ၏နောက်ဆုံးပေါ်လူသိရှင်ကြားမှတ်ချက်များသည် အစိုးရမူဝါဒတွင် ခိုင်မာသောအပြောင်းအလဲရှိကြောင်းကို အချက်ပြမည့်အစား ပူတင်အား ဖိအားပေးရန် ကြိုးပမ်းမှုသာဖြစ်နိုင်ချေရှိသည်။

ထူးခြားချက်မှာ ပါတီနှစ်ရပ်လုံး၏ အထက်လွှတ်တော်အမတ် သုံးပုံနှစ်ပုံကျော် ထောက်ခံသည့် ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုအသစ်ကို အင်္ဂါနေ့တွင် အမေရိကန်သမ္မတက ပြုလုပ်ရန် ငြင်းဆိုခဲ့သည်။ ထရန့်သည်ပူတင်နှင့်တကယ့်အတိုင်းအတာအထိ ပြီးပြတ်ခဲ့ပြီ ဆိုလျှင်၊ အဲဒီရွေးချယ်မှုကိုလုပ်ဆောင်ဖို့ အဆင်သင့်ဖြစ်နေပါပြီ၊ သူကထို အခြေအနေအထိ မလုပ်ဆောင်သေးပါ။

သူသည် ဤနည်းဗျူဟာကို လွယ်ကူစွာကြိုးစားလုပ်ဆောင်ပြီး နူးညံ့သိမ်မွေ့သော ချဉ်းကပ်မှုသို့ ပြန်လှည့်သွားနိုင်သည်။

သို့သော် ပူတင်ကို ပြင်းပြင်းထန်ထန် ဝေဖန်ခြင်းသည် ထရန့် မှချကစားရန် အလွန်တွန့်ဆုတ် နေသည့် ကတ်ပြားတစ်ခုလည်း ဖြစ်သည်။

သူအနေနှင့်ပြင်းထန်သောဝေဖန်မှုရှိခဲ့သည့် တစ်ခုတည်းသော အချိန်သည် ၂၀၂၂ ခုနှစ်မှာ ယူကရိန်းကို ရုရှားက ကျူးကျော်ပြီး မကြာခင်မှာပဲ ဖြစ်သည်။ ထရန့် က ရုရှားရဲ့ ကျူးကျော်မှုကို “ ကြောက်စရာတုန်လှုပ်စရာကောင်းတယ်” လို့ အတိုချုံးပြောခဲ့ပါတယ်။

ကျွန်ုပ်တို့၏ရှေ့မှောက်တွင် ရှိနေသည့် မေးခွန်းမှာ ထရန့် ၏ယနေ့အပြောင်းအလဲသည် ယခင်အတိုင်း ခဏတာမျှသာဖြစ်ကြောင်း သက်သေပြနိုင်မလား။ ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့ရာတွင် ဖြစ်မလာနိုင်သည့် လက္ခဏာတွေလဲရှိနေခဲ့သည်။

တစ်ခုအနေနှင့်၊ သမ္မတသည် ယူကရိန်းရှိ ၎င်း၏ရည်မှန်းချက်များသည် ပူတင်နှင့် လိုက် လျောညီထွေ မဖြစ်နိုင်ကြောင်း သဘောပေါက်လာပုံရသည်။

ထရန့် အတွက်၊ ၎င်းသည်အမြဲတမ်း “ အနိုင်ရ” ရန်ဖြစ်သည် – ဤကိစ္စတွင်၊ သူသမ္မတ သက်တမ်း တစ်ရက်နေ့တွင် သူကတိပြုထားသော ငြိမ်းချမ်းရေး သဘောတူညီချက်ကို ရယူရန်ပျက်ကွက်ခဲ့သည်။ ငြိမ်းချမ်းရေးသဘောတူညီချက်က ဘယ်လိုပုံစံလဲဆိုတာကို သူက သိပ်ဂရုမစိုက်သလို ယူကရိန်းဆီက လိုက်လျောမှုတွေ အများကြီး ပေးခဲ့ရသည်။ သို့သော် ယူကရိန်းနိုင်ငံအားလုံးကို ရယူရေးမှလွဲ၍ မည်သည့်အရာနှင့် ပတ်သက်သည့် သဘော တူညီချက်ကို စိတ်ပါဝင်စားမှုရှိကြောင်း ပူတင်က အရိပ်အယောင် မပြခဲ့ပေ။

ထရန့် ၏ အင်္ဂါနေ့က မှတ်ချက်များသည် ပူတင်အပေါ် တင်းမာရုံမျှမက၊ ရုရှားဖက်က သူ့ကို ညှို့နှိုင်းနေတာကြောင့် ပိုလေးနက်တဲ့ စိတ်ပျက်မှုတွေကို ထင်ဟပ်နေပုံရပါသည်။ (ဧပြီလတွင် ထရန့် က ပူတင်ကို “ငါ့ကိုလှည့်စားနေတာ ဖြစ်နိုင်တယ်” ဟုလည်း မှတ်ချက်ပြုခဲ့သည်။) ထရန့် သည် ၎င်း၏ သဘောတူညီချက် ဖော်ဆောင်နိုင်မှုအပေါ် စစ်မှန်စွာ ယုံကြည်ခဲ့ပြီး ပူတင်သည် သူ့ကို လူလည်လုပ်သည်ဟု ခံစားရသည်။

အမေရိကန်နိုင်ငံခြားရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူ တယ်မီ ဘရု့စ် (Tammy Bruce) ကို ပူတင်နှင့်ပတ်သက်ပြီး ထရန့် ၏ ဖေဖော်ဝါရီလအတွင်း မှတ်ချက်များနှင့်ပတ်သက်၍ အင်္ဂါနေ့တွင် မေးမြန်းခဲ့ရာ သူမက ထရန့်ကအသစ်ရရှိသောသတင်းများကို တုံ့ပြန်ခြင်း သာဖြစ်ကြောင်း သူမကဆိုခဲ့သည်။

“သူဟာ ပွင့်လင်းတဲ့သူတစ်ယောက်၊ ဒါပေမယ့် သူက နုံအတာတော့မဟုတ်ဘူး” လို့ ဘရု့စ် က ဆိုပါတယ်။ “ သူ့မှာသူအောင်မြင်ချင်တဲ့အရာကိုရရှိနိုင်ဖို့ အခြေခံကျကျနဲ့ ရှင်းရှင်းလင်းလင်း ရှိတယ်။ အဲဒါက ငါတို့မြင်နေရတာဘဲ။”

ပြီးခဲ့သောအပတ်ကဖြစ်ရပ်များအပြီးတွင် ဘာကြောင့်ထရန့်သည် ထိုကောက်ချက်ကို ချခဲ့သည်ကိုနားလည်နိုင်ပါသည်။  ရုရှားသမ္မတ ပူတင်နှင့် သူတို့ ခေါ်ဆိုပြီးနောက် မကြာမီတွင် ရုရှားသည် ယူကရိန်းကို ၎င်း၏ အကြီးမားဆုံး ဒရုန်းတိုက်ခိုက်မှုကိုလုပ်ခဲ့သည်။

ထို့အပြင် မည်သူကမျှ ဤအရာအားလုံးတွင် မာန်မာနနှင့် ပြည်တွင်းနိုင်ငံရေး၏ အခန်းကဏ္ဍကို လျှော့မတွက်သင့်ပေ။

ထရန့် သည် အခြားသော အနောက်နိုင်ငံခေါင်းဆောင်များထက် သံသယ၏ အကျိုး ကျေးဇူး ကို ပူတင်က ပိုမိုပေးအပ်ခဲ့သည်ကို ဖေဖော်ဝါရီလတွင် သူပြောကြားခဲ့သည့် မှတ်ချက်များက သက်သေပြခဲ့သည်။ သူသည် အာဏာကိုစုစည်းထားနိုင်ရန်နည်းဗျူဟာသုံးခဲ့သည့် အားကြီး သော ခေါင်းဆောင်တစ်ဦးကို စစ်မှန်စွာ လေးစားအားကျခဲ့ပြီး ထိုသူနှင့်ပတ်သက်၍ ကိုယ်ကျင့်တရားဆိုင်ရာဝေဖန်မှုကိုပြုရန် ငြင်းဆိုခဲ့သည်။

သို့သော် ယူကရိန်းစစ်ပွဲတွင် ဘက်တခုကိုရွေးချယ်ခြင်းသည် ကိုယ်ကျင့်တရားအတွက်သာ မဟုတ်ပါ။ လက်တွေ့နိုင်ငံရေး realpolitik အကြောင်းလည်း ပါပါတယ်။ ထိုနောက်ပိုင်း တွက်ချက်မှုဟာထရန့် အတွက် ပိုအရေးကြီးတဲ့အချက်ကတော့ ပြောင်းလဲခြင်းဖြစ်သည်။

အချိန်ကစကား ပြောပါလိမ့်မည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အစ္စရေး ထိုးစစ်ဆင်မှု တစ်လအကြာတွင် အရှေ့အလယ်ပိုင်း၌ သေဆုံးသူ ထောင်နှင့်ချီ ရှိလာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 21 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို ပထမဆုံးအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် လေးပတ်နီးပါးအကြာတွင်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံများကို တိုက်ခိုက်မည့်အစီအစဉ်အား နောက်ထပ် ၁၀ ရက် ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ထရမ့် ကြေညာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 27 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏အစိုးရအဖွဲ့အနေဖြင့် အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံ များကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ နွေဦးထိုးစစ် အရှိန်မြင့်လာသည်နှင့်အမျှ ယူကရိန်းသို့ ဒရုန်းစင် ၁,၀၀၀ ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်

  • 2026 ခုနှစ်၊ မတ်လ 25 ရက်
  • 25 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၅ ရက် မော်စကိုက စစ်မြေပြင်တွင် ကမ်ပိန်းအသစ်တစ်ခု စတင်လိုက်သည်နှင့်အမျှ ရုရှားသည် ယခုသီတင်းပတ်အတွင်း ယူကရိန်းအပေါ် အကြီးအကျယ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး လွန်ခဲ့သည့် ၃၆ နာရီအတွင်း
နိုင်ငံတကာသတင်း ပါလက်စတိုင်း အရှေ့အလယ်ပိုင်း

ကမ္ဘာကြီးက အစ္စရေးကို ‘ပါလက်စတိုင်းသားတွေကို နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်ဖို့ လိုင်စင်’ ပေးထားတယ်လို့ ကုလသမဂ္ဂကျွမ်းကျင်သူ ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 35 Views
AFP – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၄ ရက် ကမ္ဘာကြီးသည် အစ္စရေးကို “ ပါလက်စတိုင်းသားများကို နှိပ်စက်ညှဉ်းပန်းရန် လိုင်စင်” တစ်စောင် ပေးထားကြောင်းနှင့် သိမ်းပိုက်ခံနယ်မြေများအတွင်း နေထိုင်မှုဘဝမှာ “ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ရှိရေနံကပ်ဘေးသည် ၁၉၇၀ ပြည့်လွန်နှစ်များက ရေနံစျေးနှုန်း အကြီးအကျယ် ရိုက်ခတ်မှုဖြစ်စဉ်များကို ပြန်လည်အမှတ်ရစေသည်။ ထိုစဉ်က ဘာတွေဖြစ်ပျက်ခဲ့သနည်း။

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 43 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်-အစ္စရေးတို့ အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲအတွင်း စွမ်းအင်အကြပ်အတည်း ကြီးထွားလာခြင်းသည် ၁၉၇၃ နှင့် ၁၉၇၉ ခုနှစ်များက ကမ္ဘာ့ရေနံစျေးနှုန်းများ ထိုးတက်ခြင်း၊ လောင်စာဆီ ပြတ်လပ်ခြင်းနှင့် လူထုထိတ်လန့်မှုများကို ဖြစ်ပေါ်စေခဲ့သည့် ကြီးမားသော
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဒေသတွင်းရှိ ရေငန်သန့်စင်စက်ရုံများကို အီရန်ကတိုက်ခိုက်မည်ဆိုသည့်ပြောဆိုမှုအပေါ် အီရန်ကတုံ့ပြန်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 41 Views
CNN – မတ်လ ၂၃ ရက်၊ ၂၀၂၆ ခုနှစ် အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) သည် ပင်လယ်ကွေ့နိုင်ငံများ တစ်လျှောက်ရှိ သန်းနှင့်ချီသော ပြည်သူများအတွက် သောက်သုံးရေ ပေးဝေနေသော ရေငန်သန့်စင်စက်ရုံများကို ပစ်မှတ်ထားမည်ဆိုသည့် ခြိမ်းခြောက်မှုအား
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်နှင့် အီရန်တို့ စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးနေကြောင်းနှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တိုက်ခိုက်မည့်အစီအစဉ်ကို ရွှေ့ဆိုင်းမည်ဖြစ်ကြောင်း ထရန့်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 45 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့သည် ပြီးခဲ့သည့် သီတင်းပတ်ကုန်က “ အပြုသဘောဆောင်သော ဆွေးနွေးမှုများ” ပြုလုပ်ခဲ့ပြီး၊ အီရန်၏ လျှပ်စစ်စွမ်းအင်နှင့် စွမ်းအင်ဆိုင်ရာ အဆောက်အအုံများအပေါ် စစ်ရေးအရ တိုက်ခိုက်မည့် အစီအစဉ်ကို ငါးရက်ကြာ ရွှေ့ဆိုင်းထားမည်ဖြစ်ကြောင်း
နိုင်ငံတကာသတင်း ဗြိတိန် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲကို ဆန့်ကျင်ရန် ကမ္ဘာတစ်ဝှမ်းရှိ လူထုများ ဆန္ဒပြကြ

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 53 Views
အစ္စရေး – တဲလ်အဗစ်မြို့တွင် ဆန္ဒပြသူအချို့သည် ၎င်းတို့၏ လက်ဖဝါးများကို အနီရောင် ဆိုးထားကြပြီး အချို့ကမူ ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားကြသည်။ ဆိုင်းဘုတ်ကြီးတစ်ခုတွင် “ စစ်ပွဲကို ရပ်တန့်လော့” ဟု ရေးသားထားပြီး နောက်တစ်ခုတွင် “ လက်နက်တင်ပို့မှု