နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 17 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

ထရန့် သည် ပူတင်အပေါ် စိတ်ရှည်သည်းခံမှု ပျောက်ဆုံးနေပုံရသည်။ ဘာကြောင့်လဲ။

CNN — ၂၀၂၅ခုနှစ်၊ ဇူလိုင်လ ၈ရက်

လွန်ခဲ့သည့်ငါးလက သမ္မတ ဒေါ်နယ်ထရန့် သည် ယူကရိန်းကိုကျူးကျော်ခဲ့သော ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ယူကရိန်းတွင် ငြိမ်းချမ်းရေးလိုချင်ကြောင်း အခိုင်အမာဆိုခဲ့ပြီးနောက် သူ့စကားကို ပြန်လည်ရုတ်သိမ်းခဲ့သည်။

“သူ ငြိမ်းချမ်းရေးကို လိုချင်တယ်လို့ ကျွန်တော် ယုံကြည်ပါတယ်” ဟု ထရန့် က ပြောကြားပြီး “ကျွန်တော် ဆိုလိုတာက သူ့ကို ကျွန်တော် ကောင်းကောင်းသိပါတယ်။ ဟုတ်တယ်၊ သူက ငြိမ်းချမ်းရေးကို လိုချင်တယ်လို့ ကျွန်တော် ထင်တယ်။ ဒီလိုမဟုတ်ရင် ကျွန်တော့်ကို သူကပြောပြလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်”။ ဒီကိစ္စနဲ့ပတ်သက်ပြီး သူ့ကိုကျွန်တော် ယုံကြည်ပါတယ်”ဟုဆိုခဲ့သည်။

ထရန့်သည် မကြာသေးမီရက်များအတွင်းနှင့် အထူးသဖြင့် အင်္ဂါနေ့တွင် အလွန်ကွဲပြား ခြားနားသော စကားကိုပြောဆိုခဲ့သည်။

ပူတင်နှင့် ၎င်း၏နောက်ဆုံးဖုန်းခေါ်ဆိုမှုအပေါ် မကျေမနပ်ဖြစ်ပြီး ရက်အတန်ကြာပြီးနောက်၊ ထရန့်သည် ဝန်ကြီးအဖွဲ့အစည်းအဝေးတစ်ခုတွင် ပိုမိုပွင့်လင်းစွာပြောလာခဲ့သည်။ သူ့အနေနှင့် အာမခံထားပြီး နှစ်ပေါင်းများစွာကြာအောင် ထိုလူတယောက်ကို စူးစမ်းဝေဖန်ပြောဆိုခြင်းကို ရှောင်ရှားထားသော်လည်းထိုလူသည် ယုံကြည်စိတ်ချရသော ပါဝင်ဆွေးနွေးသူ မဟုတ် ကြောင်း ပြောဆိုခဲ့သည်။

“မင်းအနေနဲ့ အမှန်တရားကို သိချင်ရင် ပူတင်က ငါတို့ကို လိမ်ညာမှုတွေ အများကြီး ပုံချပေးခဲ့တယ်” ဟု ထရန့်က ပြောကြားခဲ့သည်။ “သူက အချိန်တိုင်း အရမ်းခင်မင်စရာ ကောင်းပေမယ့် ရလာဒ်က ဘာမှ အဓိပ္ပါယ်မရှိသလို ဖြစ်သွားတယ်။”

ထရန့် သည် ပူတင်အပေါ် ၎င်း၏ ရပ်တည်ချက်ကိုပြောင်းလဲလာစေသည်သာမက ယူကရိန်းစစ်ပွဲအ‌ပေါ်တွင်ရှိသည့်သူ၏သဘောထားပါပြောင်းလဲလာခဲ့သည်။

ယခုသီတင်းပတ်တွင် ယူကရိန်းသို့ ကာကွယ်ရေးလက်နက်များ တင်ပို့ရောင်းချမှု ခဏတာ ခေတ္တရပ်နားထားမှုအားပြန်ရုတ်သိမ်းသွားခဲ့သည်။ရုရှားအပေါ် ဝေဖန်မှုတိုင်းကို အမြဲတမ်း လိုလို ယူကရိန်းနှင့်တွဲစပ်ပြီး နှစ်ဖက်လုံးကိုဝေဖန်ခဲ့သလို စစ်ပွဲကို ရှည်ကြာစေမည့် ရုရှား၏ ရန်လိုမှုကို ယူကရိန်းကလည်းရန်လိုနေကြောင်းတွဲ၍ပြောဆိုနေခဲ့သည်။ အင်္ဂါနေ့တွင် ၎င်းက ယူကရိန်းတိုက်ခိုက်ရေးသမားများ၏ “ရဲစွမ်းသတ္တိ” ကို ချီးမွှမ်းခဲ့ပြီး ယူကရိန်း ကာကွယ်ရေးတွင် အမေရိကန်က ကြီးမားသောရင်းနှီးမြုပ်နှံမှုသည် အလဟဿမ ဖြစ် ကြောင်းဆိုခဲ့ပြီး ထိုအချက်ကို အမေရိကန်ကြီးမြတ်ရမည်(MAGA) အခြေစိုက်စခန်းရှိ လူအများကယူကရိန်းကို ကြီးမားသောရင်းနှီးမြုပ်နှံမှု ပေးခြင်းကိုယုံကြည်လက်ခံထားခြင်း မရှိခဲ့ပါ။

ထရန့်သည်ပူတင်ထံမှလှည့်ထွက်လာခဲ့ပြီးယူကရိန်းထောင့်တွင်ရပ်တည်လာခဲ့သည်ဟုတစုံတယောက်ကအကြံပြုခဲ့ပါက ထိုအချက်သည်ဖြစ်နိုင်ချေနှင့် ဝေးကွာလွန်းပါသည်။ ထရန့်သည် လွန်ခဲ့သည် ၁၀နှစ်ကျော်ကာလက ကမ္ဘာ့စင်မြင့်ပေါ်တွင် သူ့အား “သူရူးတယောက်ရဲ့ အတွေးအခေါ်သီအိုရီ” ဟု ခေါ်ခေါ် သို့မဟုတ် အခြားတခုခုခေါ်ခေါ် မကြာခဏ ပြောင်းလဲ တတ်သည့် ခန့်မှန်းရခက်သော သူတဦးအဖြစ် မြင်နေကြသည်ကို နှစ်သက်ပုံပေါ်ပါသည်။

ပူတင်အတွက် သူ့အတိတ်ကအားကျိုးမာန်တက်စကားတွေပြောပြီးရုရှားခေါင်းဆောင်ရဲ့ သူ့မွေးနေ့ တွင်ခေါ်ဆိုမှု အပါအဝင် သူ့ရဲ့ နောက်ဆက်တွဲ ဖုန်းခေါ်ဆိုမှုများကို လေ့လာ ကြည့်သည့်အခါ ထရန့် က အပစ်အခတ်ရပ်စဲရေးကို သဘောတူဖို့ ဒါမှမဟုတ် ယူကရိန်း တိုက်ခိုက်မှုအတွက် လက်စားချေမှုတွေကို ချိန်ညှိဖို့ ထရန့် က ပူတင့်အပေါ် တိုက်ရိုက်ဖိအားတွေ ပေးနေတယ်လို့ မတွေ့ခဲ့ရပါ။

ယခု၊ ထရန့် ၏နောက်ဆုံးပေါ်လူသိရှင်ကြားမှတ်ချက်များသည် အစိုးရမူဝါဒတွင် ခိုင်မာသောအပြောင်းအလဲရှိကြောင်းကို အချက်ပြမည့်အစား ပူတင်အား ဖိအားပေးရန် ကြိုးပမ်းမှုသာဖြစ်နိုင်ချေရှိသည်။

ထူးခြားချက်မှာ ပါတီနှစ်ရပ်လုံး၏ အထက်လွှတ်တော်အမတ် သုံးပုံနှစ်ပုံကျော် ထောက်ခံသည့် ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုအသစ်ကို အင်္ဂါနေ့တွင် အမေရိကန်သမ္မတက ပြုလုပ်ရန် ငြင်းဆိုခဲ့သည်။ ထရန့်သည်ပူတင်နှင့်တကယ့်အတိုင်းအတာအထိ ပြီးပြတ်ခဲ့ပြီ ဆိုလျှင်၊ အဲဒီရွေးချယ်မှုကိုလုပ်ဆောင်ဖို့ အဆင်သင့်ဖြစ်နေပါပြီ၊ သူကထို အခြေအနေအထိ မလုပ်ဆောင်သေးပါ။

သူသည် ဤနည်းဗျူဟာကို လွယ်ကူစွာကြိုးစားလုပ်ဆောင်ပြီး နူးညံ့သိမ်မွေ့သော ချဉ်းကပ်မှုသို့ ပြန်လှည့်သွားနိုင်သည်။

သို့သော် ပူတင်ကို ပြင်းပြင်းထန်ထန် ဝေဖန်ခြင်းသည် ထရန့် မှချကစားရန် အလွန်တွန့်ဆုတ် နေသည့် ကတ်ပြားတစ်ခုလည်း ဖြစ်သည်။

သူအနေနှင့်ပြင်းထန်သောဝေဖန်မှုရှိခဲ့သည့် တစ်ခုတည်းသော အချိန်သည် ၂၀၂၂ ခုနှစ်မှာ ယူကရိန်းကို ရုရှားက ကျူးကျော်ပြီး မကြာခင်မှာပဲ ဖြစ်သည်။ ထရန့် က ရုရှားရဲ့ ကျူးကျော်မှုကို “ကြောက်စရာတုန်လှုပ်စရာကောင်းတယ်” လို့ အတိုချုံးပြောခဲ့ပါတယ်။

ကျွန်ုပ်တို့၏ရှေ့မှောက်တွင် ရှိနေသည့် မေးခွန်းမှာ ထရန့် ၏ယနေ့အပြောင်းအလဲသည် ယခင်အတိုင်း ခဏတာမျှသာဖြစ်ကြောင်း သက်သေပြနိုင်မလား။ ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့ရာတွင် ဖြစ်မလာနိုင်သည့် လက္ခဏာတွေလဲရှိနေခဲ့သည်။

တစ်ခုအနေနှင့်၊ သမ္မတသည် ယူကရိန်းရှိ ၎င်း၏ရည်မှန်းချက်များသည် ပူတင်နှင့် လိုက် လျောညီထွေ မဖြစ်နိုင်ကြောင်း သဘောပေါက်လာပုံရသည်။

ထရန့် အတွက်၊ ၎င်းသည်အမြဲတမ်း “အနိုင်ရ” ရန်ဖြစ်သည် – ဤကိစ္စတွင်၊ သူသမ္မတ သက်တမ်း တစ်ရက်နေ့တွင် သူကတိပြုထားသော ငြိမ်းချမ်းရေး သဘောတူညီချက်ကို ရယူရန်ပျက်ကွက်ခဲ့သည်။ ငြိမ်းချမ်းရေးသဘောတူညီချက်က ဘယ်လိုပုံစံလဲဆိုတာကို သူက သိပ်ဂရုမစိုက်သလို ယူကရိန်းဆီက လိုက်လျောမှုတွေ အများကြီး ပေးခဲ့ရသည်။ သို့သော် ယူကရိန်းနိုင်ငံအားလုံးကို ရယူရေးမှလွဲ၍ မည်သည့်အရာနှင့် ပတ်သက်သည့် သဘော တူညီချက်ကို စိတ်ပါဝင်စားမှုရှိကြောင်း ပူတင်က အရိပ်အယောင် မပြခဲ့ပေ။

ထရန့် ၏ အင်္ဂါနေ့က မှတ်ချက်များသည် ပူတင်အပေါ် တင်းမာရုံမျှမက၊ ရုရှားဖက်က သူ့ကို ညှို့နှိုင်းနေတာကြောင့် ပိုလေးနက်တဲ့ စိတ်ပျက်မှုတွေကို ထင်ဟပ်နေပုံရပါသည်။ (ဧပြီလတွင် ထရန့် က ပူတင်ကို “ငါ့ကိုလှည့်စားနေတာ ဖြစ်နိုင်တယ်” ဟုလည်း မှတ်ချက်ပြုခဲ့သည်။) ထရန့် သည် ၎င်း၏ သဘောတူညီချက် ဖော်ဆောင်နိုင်မှုအပေါ် စစ်မှန်စွာ ယုံကြည်ခဲ့ပြီး ပူတင်သည် သူ့ကို လူလည်လုပ်သည်ဟု ခံစားရသည်။

အမေရိကန်နိုင်ငံခြားရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူ တယ်မီ ဘရု့စ် (Tammy Bruce) ကို ပူတင်နှင့်ပတ်သက်ပြီး ထရန့် ၏ ဖေဖော်ဝါရီလအတွင်း မှတ်ချက်များနှင့်ပတ်သက်၍ အင်္ဂါနေ့တွင် မေးမြန်းခဲ့ရာ သူမက ထရန့်ကအသစ်ရရှိသောသတင်းများကို တုံ့ပြန်ခြင်း သာဖြစ်ကြောင်း သူမကဆိုခဲ့သည်။

“သူဟာ ပွင့်လင်းတဲ့သူတစ်ယောက်၊ ဒါပေမယ့် သူက နုံအတာတော့မဟုတ်ဘူး” လို့ ဘရု့စ် က ဆိုပါတယ်။ “သူ့မှာသူအောင်မြင်ချင်တဲ့အရာကိုရရှိနိုင်ဖို့ အခြေခံကျကျနဲ့ ရှင်းရှင်းလင်းလင်း ရှိတယ်။ အဲဒါက ငါတို့မြင်နေရတာဘဲ။”

ပြီးခဲ့သောအပတ်ကဖြစ်ရပ်များအပြီးတွင် ဘာကြောင့်ထရန့်သည် ထိုကောက်ချက်ကို ချခဲ့သည်ကိုနားလည်နိုင်ပါသည်။  ရုရှားသမ္မတ ပူတင်နှင့် သူတို့ ခေါ်ဆိုပြီးနောက် မကြာမီတွင် ရုရှားသည် ယူကရိန်းကို ၎င်း၏ အကြီးမားဆုံး ဒရုန်းတိုက်ခိုက်မှုကိုလုပ်ခဲ့သည်။

ထို့အပြင် မည်သူကမျှ ဤအရာအားလုံးတွင် မာန်မာနနှင့် ပြည်တွင်းနိုင်ငံရေး၏ အခန်းကဏ္ဍကို လျှော့မတွက်သင့်ပေ။

ထရန့် သည် အခြားသော အနောက်နိုင်ငံခေါင်းဆောင်များထက် သံသယ၏ အကျိုး ကျေးဇူး ကို ပူတင်က ပိုမိုပေးအပ်ခဲ့သည်ကို ဖေဖော်ဝါရီလတွင် သူပြောကြားခဲ့သည့် မှတ်ချက်များက သက်သေပြခဲ့သည်။ သူသည် အာဏာကိုစုစည်းထားနိုင်ရန်နည်းဗျူဟာသုံးခဲ့သည့် အားကြီး သော ခေါင်းဆောင်တစ်ဦးကို စစ်မှန်စွာ လေးစားအားကျခဲ့ပြီး ထိုသူနှင့်ပတ်သက်၍ ကိုယ်ကျင့်တရားဆိုင်ရာဝေဖန်မှုကိုပြုရန် ငြင်းဆိုခဲ့သည်။

သို့သော် ယူကရိန်းစစ်ပွဲတွင် ဘက်တခုကိုရွေးချယ်ခြင်းသည် ကိုယ်ကျင့်တရားအတွက်သာ မဟုတ်ပါ။ လက်တွေ့နိုင်ငံရေး realpolitik အကြောင်းလည်း ပါပါတယ်။ ထိုနောက်ပိုင်း တွက်ချက်မှုဟာထရန့် အတွက် ပိုအရေးကြီးတဲ့အချက်ကတော့ ပြောင်းလဲခြင်းဖြစ်သည်။

အချိန်ကစကား ပြောပါလိမ့်မည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 69 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 78 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 82 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 77 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 76 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 93 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 87 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက