နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 7 ရက်

ဆီရီးယား

ဆီရီးယား နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဂျီဟတ်ဝါဒီအကြမ်းဖက်သမားဘဝမှ သမ္မတဖြစ်လာသူ ဆီးရီးယားခေါင်းဆောင်၏ အိမ်ဖြူတော်ခရီးစဉ်တွင် ထူးခြားသောအသွင်ကူးပြောင်းမှုဖြင့်အထွတ်အထိပ်သို့ ရောက်ရှိ

CNN- ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ ၁၀ရက်

လျင်မြန်သော အာဏာသိမ်းယူမှု ပြုလုပ်ပြီး တစ်နှစ်မပြည့်မီ ကာလအတွင်း၊ ဆီးရီးယား သမ္မတသည် ဂျီဟတ်ဝါဒီဘဝမှ ကမ္ဘာလုံးဆိုင်ရာ နိုင်ငံ့ခေါင်းဆောင်တစ်ဦး ဖြစ်လာသည့် ၎င်း၏ အသွင်ကူးပြောင်းမှုကို အိမ်ဖြူတော်သို့ သမိုင်းဝင်ခရီးစဉ်ဖြင့် အဆုံးသတ်လိုက်သည်။ ဤခရီးစဉ်သည် လူငယ်ခေါင်းဆောင်အကြောင်းနှင့်၊ ၎င်း၏နိုင်ငံအား သံတမန်ရေးအရ အသစ်ပြန်လည်ပုံဖော်ရန် တွန်းအားပေးမှုအကြောင်းပါ ထင်ဟပ်ပြနေသည်။

အာမက် အလ်-ရှာရာ (Ahmad al-Sharaa) ၏ တနင်္လာနေ့ အစည်းအဝေးသည် ဆီးရီးယား နိုင်ငံတော်အကြီးအကဲတစ်ဦး၏ အိမ်ဖြူတော်သို့ ပထမဆုံးအကြိမ် လာရောက်ခြင်းဖြစ်ပြီး၊ ဇန်နဝါရီလတွင် မိမိကိုယ်ကို ဆီးရီးယားသမ္မတအဖြစ် ခန့်အပ်ခဲ့သည့်အချိန်မှစ၍ ၎င်း၏ ၂၀ ကြိမ်မြောက် နိုင်ငံခြားခရီးစဉ်ဖြစ်ကာ စက်တင်ဘာလက နယူးယောက်ရှိ ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့ တက်ရောက်ခဲ့ပြီးနောက် အမေရိကန်ပြည်ထောင်စုသို့ ဒုတိယ အကြိမ်မြောက် လာရောက်ခြင်းဖြစ်သည်။

သို့သော် ဤအစည်းအဝေးသည် အမေရိကန် စစ်ဦးစီးချုပ်နှင့် စစ်မြေပြင်တွင် အမေရိကန် တပ်ဖွဲ့များနှင့် ရင်ဆိုင်ခဲ့ဖူးသူတစ်ဦးကြား ယခင်က မဖြစ်နိုင်ဟု ထင်မှတ်ခဲ့ရသော ထိပ်တိုက် တွေ့ဆုံမှုဖြစ်သည့်အတွက် အထင်ရှားဆုံးနှင့် အရေးအကြီးဆုံး အစည်းအဝေး ဖြစ်လာမည် ဖြစ်သည်။ ပြီးခဲ့သည့် မေလတွင် ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆယ်လ်မန် (Mohammed bin Salman) ၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် အကျဉ်းချုံး တွေ့ဆုံမှုပြုလုပ်ပြီး နောက် အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရန့်က အသက် ၄၃ နှစ်အရွယ် ဆီးရီးယား ခေါင်းဆောင်ကို “ လူငယ်၊ ဆွဲဆောင်မှုရှိသူ” နှင့် “ ခိုင်မာသော နောက်ခံသမိုင်းရှိသူ” အဖြစ် ချီးကျူးဂုဏ်ပြုခဲ့ပြီး ဆယ်စုနှစ်များစွာ အမေရိကန်၏ အဓိကရန်ဘက်ဖြစ်သော ရုရှားနှင့် အီရန်တို့နှင့် ခိုင်ခိုင်မာမာ မဟာမိတ်ပြုခဲ့သည့် ဆီးရီးယားနိုင်ငံအပေါ် ချမှတ်ထားသော ထိခိုက်နစ်နာစေသည့် အမေရိကန်ပိတ်ဆို့မှုအချို့ကို ဖယ်ရှားရန် အမိန့်ပေးခဲ့သည်။

သို့သော် ဒမတ်စကပ်စ်အပေါ် အပြင်းထန်ဆုံး ပိတ်ဆို့မှုများသည် ဆီးနိတ်၏ အတည်ပြုချက် မပါဘဲ လုံးဝဖယ်ရှား၍ မရသေးဘဲ ကျန်ရှိနေသည်။ ဝါရှင်တန်တွင် အလ်-ရှာရာ၏ ချက်ချင်း ရည်မှန်းချက်မှာ ၎င်းတို့ကို ဖယ်ရှားရန် တွန်းအားပေးခြင်းဖြစ်ပြီး၊ ထရန့်အား အစ္စရေး၏ ဆီးရီးယားအပေါ် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် နိုင်ငံတောင်ပိုင်းမှ ၎င်း၏တပ်များကို ရုပ်သိမ်းရန် ဖိအားပေးရန် တောင်းဆိုမည်ဖြစ်သည်။

သူ၏ ပိုမိုကျယ်ပြန့်သော ရည်မှန်းချက်မှာ ကမ္ဘာတစ်ဝန်း ကျယ်ပြန့်သော ခရီးသွားလာမှု များတွင် ထင်ဟပ်နေသည်။ ၎င်းမှာ စီးပွားရေးအရ ပျက်စီးပြီး သံတမန်ရေးအရ မဟာမိတ် ကျဉ်းမြောင်းသော ဝင်ရိုးအချို့နှင့်သာ ကပ်နေစေခဲ့သော ယခင်အစိုးရ၏ အမွေအနှစ် ဖြစ်သည့် ဆီးရီးယား၏ အထီးကျန်ဖြစ်နေမှုကို ပြောင်းပြန်လှန်ရန်ဖြစ်သည်။

ဤနောက်ခံအခြေအနေကြောင့် အိမ်ဖြူတော်သို့ လာရောက်ခြင်းသည် နက်နဲသော သင်္ကေတ အလေးချိန်ကို ဆောင်ထားသည်။ တနင်္ဂနွေနေ့တွင် ဝါရှင်တန်သို့ ရောက်ရှိပြီးနောက် အလ်-ရှာရာသည် အမေရိကန် စစ်ဘက်ထိပ်တန်းအရာရှိများနှင့်အတူ ဘတ်စကက်ဘော ကစား ခဲ့သည်။ သို့သော် အသက် နှစ်ဆယ်ကျော်အရွယ်တွင် ၎င်းသည် အီရတ်တွင် အမေရိကန်တပ် ဖွဲ့များ ကို တိုက်ခိုက်နေသည့် အစ္စလာမ္မစ် သူပုန်များနှင့် ပူးပေါင်းကာ ရန်သူအဖြစ် ရင်ဆိုင် ခဲ့ရ သည်။ အဖမ်းခံရပြီးနောက် ပြန်လည်လွတ်မြောက်လာခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် ဆီးရီးယားသို့ ကူးပြောင်းကာ ထိုစဉ်က သမ္မတ ဘာရှား အလ်-အာဆတ် (Bashar Al Assad) ကို သစ္စာခံ သော တပ်ဖွဲ့များကို တိုက်ခိုက်ရန် အယ်လ်ခိုင်ဒါ၏ ကျောထောက်နောက်ခံပြုထားသော သူပုန်တပ်ဖွဲ့ကို ဖွဲ့စည်းခဲ့သည်။

အာဆတ်၏ အာဏာရှင်အစိုးရနှင့် ဆယ်စုနှစ်တစ်ခုကျော်ကြာ ပြင်းထန်သော ပဋိပက္ခ ဖြစ်ပွား ခဲ့ပြီးနောက်၊ အလ်-ရှာရာသည် ရုတ်တရက် ထိုးစစ်ဆင်မှုတစ်ခုကို စတင်ခဲ့ပြီး နှစ် ၅၀ နီးပါး ကြာ အာဏာတည်မြဲခဲ့သော အာဆတ် မင်းဆက်ကို လျင်မြန်စွာ ဖြုတ်ချကာ ဆီးရီးယား၏ ကြာရှည်စွာ ရပ်တန့်နေသော ပြည်တွင်းစစ်ကို အဆုံးသတ်ခဲ့သည်။ အာဆတ်မင်းဆက်သည် စစ်အေးခေတ်၏ အာရပ်အမွေအနှစ်တစ်ခု ဖြစ်သည်။

၎င်းတို့ အာဏာရရှိခဲ့သည့် ဆယ်စုနှစ်များအတွင်း အာဆတ်မိသားစုသည် ဒမတ်စကပ်စ်ကို မော်စကိုနှင့် ခိုင်ခိုင်မာမာ မဟာမိတ်ပြုခဲ့ပြီး အကူအညီများ၊ လက်နက်များနှင့် မယိမ်းမယိုင် သံတမန်ရေးဆိုင်ရာ အထောက်အပံ့များအပေါ် မှီခိုခဲ့သည်။ ၁၉၇၁ ခုနှစ်တွင် ဟာဖက်ဇ် အလ်-အာဆတ် (Hafez al-Assad) အာဏာရရှိသည့် ပထမဆုံး တစ်နှစ်အပြည့်တွင် ဆိုဗီယက် ယူနီယံသည် ဆီးရီးယားနိုင်ငံ တာတပ်စ် (Tartus) မြို့တွင် ၎င်း၏ မဟာဗျူဟာမြောက် မြေထဲပင်လယ် ရေတပ်အခြေစိုက်စခန်းကို တည်ထောင်ခဲ့သည်။ ဘာရှား အလ်-အာဆတ် ပြည်တွင်းစစ်မှ အသက်ရှင်ကျန်ရစ်နိုင်ခဲ့ခြင်းမှာ ဗလာဒီမာ ပူတင် (Vladimir Putin) ၏ ၂၀၁၅ ခုနှစ် အဆုံးအဖြတ်ပေးသော စစ်ရေးဝင်ရောက်စွက်ဖက်မှုကြောင့် ဖြစ်သည်။

အာဆတ်ကို အာဏာတွင် ဆက်လက်ထားရှိရန် ၎င်းတို့၏ စစ်ရေးလှုပ်ရှားမှုအတွင်း ဆီးရီးယား နိုင်ငံသား အများအပြားကို သတ်ဖြတ်ခဲ့သော ရုရှားတို့သည် အာဆတ် ပြိုလဲ ပြီးနောက်တွင်ပင် ၎င်းတို့၏ တာတပ်စ်ရှိ စစ်အခြေစိုက်စခန်းကို ဆက်လက် ထိန်းချုပ် ထားသည်။ ပြီးခဲ့သည့်လကလည်း အလ်-ရှာရာသည် ပူတင်နှင့် တွေ့ဆုံရန် မော်စကိုသို့ သွားရောက်ခဲ့သည်။

အလ်-ရှာရာသည် အနောက်နိုင်ငံများနှင့် ဆက်ဆံရေး တည်ဆောက်ရန် ကြိုးပမ်းနေချိန်တွင် မော်စကိုကို ထိပ်တိုက်မှု မပြုလုပ်မိစေရန် သတိထားခဲ့သည်။

“ ရုရှားနဲ့ အခုလို ပဋိပက္ခဖြစ်နေတာက ဆီးရီးယားအတွက် ကုန်ကျစရိတ်အရမ်းများလွန်း ပါတယ်၊ နိုင်ငံရဲ့ အကျိုးစီးပွားအတွက်လည်း မဟုတ်ပါဘူး” ဟု အလ်-ရှာရာက အောက်တိုဘာလတွင် ထုတ်လွှင့်ခဲ့သော CBS ၏ “ 60 Minutes” အင်တာဗျူးတွင် ပြောကြားခဲ့သည်။

တစ်ချိန်က အနောက်နိုင်ငံများက အကြမ်းဖက်မှုအတွက် ပိတ်ဆို့အရေးယူခြင်း ခံခဲ့ရသူ ဤခေါင်းဆောင်သည် ယခုအခါ အီရန်နှင့် ရုရှားတို့ ချန်ထားခဲ့သော အာဏာနှင့် စီးပွားရေး လစ်ဟာမှုကို ဖြည့်ဆည်းရန် စိတ်အားထက်သန်နေသည့် အမေရိကန်၏ မဟာမိတ်များ ဖြစ်သော ဆော်ဒီအာရေဗျနှင့် တူရကီတို့၏ ပြင်းထန်သော စည်းရုံးလှုံ့ဆော်မှုများဖြင့် အားဖြည့်ကာ ကမ္ဘာလုံးဆိုင်ရာ သံတမန်ရေး ဆွဲဆောင်မှုရှိသော ထိုးစစ်တစ်ခုကို ဆင်နွှဲ နေပုံရသည်။

အမေရိကန်အတွက်မူ အိမ်နီးချင်း လက်ဘနွန် (Lebanon) သည် မတည်မငြိမ်ဖြစ်မှုထဲသို့ လည်ပတ်ကျရောက်နေပြီး အီရတ်သည် အီရန်၏ ကိုယ်စားလှယ်စစ်တပ်များအတွက် အားကောင်းသော နယ်မြေအဖြစ် ဆက်လက်တည်ရှိနေချိန်တွင် ဆီးရီးယားသည် မဟာဗျူဟာမြောက် အခွင့်အလမ်းတစ်ခုဖြစ်သလို အရေးပါသော စွန့်စားရမှုတစ်ခုလည်း ဖြစ်သည်။

“ အမေရိကန်က အာမက် အလ်-ရှာရာနဲ့ ဆီးရီးယားအပေါ် ကြီးမားတဲ့ လောင်းကြေး ထပ်နေတာပါ” ဟု အိုကလာဟိုးမား တက္ကသိုလ်ရှိ အရှေ့အလယ်ပိုင်း လေ့လာရေးဌာန၏ ဒါရိုက်တာ ဂျော့ရှ်ဝါ လန်ဒစ် (Joshua Landis) က CNN ကို ပြောကြားခဲ့သည်။ “ အမေရိကန်သံအမတ် (တွမ်) ဘားရက်ခ် (Tom Barrack) အကြိမ်ပေါင်းများစွာ ပြောကြား ခဲ့သလိုပဲ၊ အမေရိကန်မှာ တခြားရွေးချယ်စရာ မရှိပါဘူး။ လက်ဘနွန်ဟာ သူရဲ့ အကဲဖြတ်မှု အရ ပြိုလဲနေတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။ အီရတ်ကို အီရန်လိုလားတဲ့ စစ်သွေးကြွတွေက နက်နက်နဲနဲ ထိုးဖောက်ဝင်ရောက်ထားပါတယ်” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

ထင်ရှားသော အနောက်ဘက်သို့ ဦးတည်ချက်ရှိနေသော်လည်း၊ ယခင် ဂျီဟတ်ဝါဒီ ခေါင်းဆောင်ဟောင်းသည် ပို၍ပို၍ ဝင်ရိုးစွန်းကွဲပြားလာနေသည့် ကမ္ဘာတွင် ဆီးရီးယား၏ နိုင်ငံခြားရေးမူဝါဒကို ပဋိပက္ခများမှ ကင်းဝေးစေရန် ဟန်ချက်ညီအောင် ထိန်းညှိရန် ဆုံးဖြတ် ထားဆဲဖြစ်သည်—ဤမူဝါဒကို ယခုအခါ ကမ္ဘာတစ်ဝန်းရှိ ဖွံ့ဖြိုးဆဲနိုင်ငံများစွာက လိုက်နာနေကြသည်။

“ ဒီခေတ်သစ်မှာ ဘယ်ဘက်ကိုမှ လုံးဝဥဿုံ မဟာမိတ်မပြုတော့ပါဘူး။ အာဆတ်အစိုးရရဲ့ တက်ကြွတဲ့ မဟာမိတ်ဖြစ်တဲ့ ပူတင်ဆီကို (ရှာရာ) သွားရောက်လည်ပတ်တာကို ကျွန်တော်တို့ မြင်ခဲ့ရပါတယ်… ပြီးတော့ ကမ္ဘာလုံးဆိုင်ရာ ဆီးရီးယားအစိုးရကိုယ်စား သံတမန်ရေးမှာလည်း ဒါကို မြင်တွေ့ရပါတယ်” ဟု မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးဌာန (CSIS) မှ အကြီးတန်းတွဲဖက်ပညာရှင် နာတာရှာ ဟောလ် (Natasha Hall) က ပြောကြားခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

ကမ္ဘောဒီးယား ထိုင်း နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

သြစတြေးလျ၊ တရုတ်နှင့် ဘရာဇီးလ် ရဲစခန်းအတုများ- သိမ်းဆည်းရမိသည့် ကျားဖြန့် (scam) အဆောက်အအုံအတွင်းသို့ BBC ရောက်ရှိခဲ့ခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 35 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် Royal Hill ကာစီနိုနောက်ဘက်ရှိ ခြောက်ထပ်တိုက်၏ မီးမထွန်းထားသောစင်္ကြန်လမ်းများ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြားဆိုင်ရာ ထရမ့်၏ နောက်ဆုံးသတိပေးချက် နီးကပ်လာသော်လည်း အီရန်ဘက်မှ လိုက်လျောမည့် အရိပ်အယောင် မရှိသလောက်ဖြစ်နေ

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 27 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် အီရန်အပေါ် အမေရိကန်-အစ္စရေး ပူးပေါင်းစစ်ဆင်နွှဲနေသည့် ငါးပတ်တာကာလအတွင်း သမ္မတ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့အား အီရန်၏ တိုက်ခိုက်မှုအပြီး နောက်ထပ် ရုပ်အလောင်းနှစ်ခု ထပ်မံတွေ့ရှိ၊ စုစုပေါင်း သေဆုံးသူ လေးဦးအထိ ရှိလာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 26 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် မနေ့က အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့ရှိ လူနေအိမ်ရာ အဆောက်အအုံတစ်ခုကို အီရန်က တိုက်ခိုက်ခဲ့ရာတွင် သေဆုံးခဲ့သူ လေးဦး၏ ရုပ်အလောင်းများကို ယခုအခါ ရှာဖွေတွေ့ရှိပြီဖြစ်ကြောင်း အစ္စရေး
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရန့်က ဟော်မုဇ် ရေလက်ကြားနှင့် ပတ်သက်၍ တီဟီရန်ကို ခြိမ်းခြောက်နေစဉ် အီရန်၊ လက်ဘနွန်နှင့် အစ္စရေးတို့တွင် သေဆုံးမှုများရှိကြောင်း သတင်းထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 25 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၆ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က Truth Social တွင် ရိုင်းစိုင်းသော စကားလုံးများသုံး၍ “အဲဒီ ရေလက်ကြားကို အခုချက်ချင်း ပြန်ဖွင့်လိုက်စမ်း၊ မင်းတို့အရူးတွေ၊ မဟုတ်ရင် ငရဲကျသလို ခံစားရလိမ့်မယ်”
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြား ပြန်ဖွင့်ရန် ထရန့်က နောက်ဆုံးအချိန် ရာဇသံပေးလိုက်သော်လည်း အီရန်က ယာယီအပစ်အခတ်ရပ်စဲရေးကို ငြင်းပယ်လိုက်သည်။

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 23 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် အလွန်အရေးပါသော ကုန်သွယ်ရေးရေလမ်းကြောင်းနှင့် ပတ်သက်၍ ထရန့်နှင့် အီရန်တို့သည် အပြန်အလှန် ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် အီရန်အဆင့်မြင့် အရာရှိ နှစ်ဦးကို သုတ်သင်နိုင်ခဲ့ကြောင်း
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြားနှင့် ပတ်သက်၍ ထရန့်၏ မဆုံးဖြတ်နိုင်ဖြစ်‌နေမှုသည် သူ သူခွင့်ပြုတာထက် ပိုမိုအရေးကြီးနေခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 21 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် “အမေရိကန်ပြည်ထောင်စုဟာ ဟော်မုဇ် ရေလက်ကြားကနေ ရေနံတင်သွင်းတာမျိုး လုံးဝမရှိသလောက်ပါပဲ၊ နောင်မှာလည်း တင်သွင်းမှာမဟုတ်ဘူး။ ကျွန်တော်တို့ အဲဒါကို မလိုအပ်ဘူး။ အရင်ကလည်း မလိုအပ်ခဲ့ဘူး၊ အခုလည်း
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

CNN သတင်းအဖွဲ့ကို အစ္စရေးစစ်သားများက ကိုယ်ထိလက်ရောက် စော်ကားဖမ်းဆီးခဲ့သည့် အနောက်ဘက်ကမ်းခြေ ကျေးရွာအနီးတွင် အစ္စရေးအခြေချနေထိုင်သူများ တရားမဝင် စခန်းသစ်တစ်ခုကို ထပ်မံတည်ဆောက်

  • 2026 ခုနှစ်၊ ဧပြီလ 5 ရက်
  • 23 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် အစ္စရေးအခြေချနေထိုင်သူ အများအပြားသည် ဗုဒ္ဓဟူးနေ့တွင် တာယာဆေးရ်ကျေးရွာသို့ ပြန်လည်ရောက်ရှိလာပြီး ရွာအစွန်၌ တရားမဝင်စခန်းသစ်တစ်ခုကို တည်ဆောက်ခဲ့ကြသည်။ ၎င်းသည် စခန်းတည်ထောင်မှုနှင့် ပတ်သက်၍ CNN ၏
တရုတ် နိုင်ငံတကာသတင်း

‘စနစ်ပိုင်းဆိုင်ရာ ချို့ယွင်းမှု’ ကြောင့် တရုတ်နိုင်ငံအလယ်ပိုင်းတွင် အလိုအလျှောက် မောင်းနှင့်သောတက္ကစီ ( robotaxi) များ ရပ်တန့်သွားကြောင်း ရဲတပ်ဖွဲ့ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 5 ရက်
  • 21 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၅ ရက် ပေကျင်း (ရိုက်တာ) — တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့တွင် Baidu ကုမ္ပဏီ၏ Apollo Go မှ မောင်းနှင်သည့် ရိုဘိုတက္ကစီ (လူမပါဘဲ