နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 23 ရက်

Asia

Asia ဂျပန် နိုင်ငံတကာသတင်း အာရှ

တရုတ်ကောင်စစ်ဝန်က ဂျပန်ဝန်ကြီးချုပ်ကို တိုင်ဝမ်အရေးနှင့်ပတ်သက်ပြီး “အဲဒီ ညစ်ညမ်းတဲ့ ဦးခေါင်းကို တစ်စက်ကလေးမှ တွန့်ဆုတ်မနေဘဲ ခုတ်ပစ်လိုက်ရုံပဲ” ဟုဆို

၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ ၁၀ရက်

ဂျပန်ပြည်တွင်းရေးနှင့် နိုင်ငံတကာရေးရာများ

ပြီးခဲ့သည့်အပတ် ပါလီမန်တွင် ဂျပန်အမျိုးသမီး ဝန်ကြီးချုပ် တာကာအိချိက ထိုင်ဝမ်နိုင်ငံ တိုက်ခိုက်ခံရပါက ဂျပန်နိုင်ငံအနေနှင့် “အဖွဲ့လိုက် ခုခံကာကွယ်ခွင့် (Shūdanteki Jieiken – Collective self-defense)” ကို သုံးစွဲနိုင်သည့် “ တည်ရှိမှုဆိုင်ရာ အကျပ်အတည်း အခြေအနေ” ဖြစ်လာနိုင်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

နိုဝင်ဘာလ ၁၀ ရက်နေ့တွင် ကျင်းပသည့် ပါလီမန်အစည်းအဝေး၌ အငြင်းပွားမှုများကြောင့် ဆွေးနွေးမှုများ ရပ်တန့်သွားခဲ့သည်။

ထို့အပြင် ထိုင်ဝမ်အရေးအခင်းနှင့် ပတ်သက်၍ ဝန်ကြီးချုပ် တာကာအိချိ၏ ထုတ်ဖော် ပြောဆိုမှုအပေါ် အတိုက်အခံများက ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြသည်။

ထို့အပြင် ဝန်ကြီးချုပ်၏ ပြောဆိုချက်ကို ကိုးကားကာ အိုဆာကာရှိ တရုတ်ကောင်စစ်ဝန် ချုပ်ရုံး၏ အကြီးအကဲက “ အဲဒီ ညစ်ညမ်းတဲ့ ဦးခေါင်းကို တစ်စက်ကလေးမှ တွန့်ဆုတ် မနေဘဲ ခုတ်ပစ်လိုက်ရုံပဲ အဆင်သင့်ဖြစ်နေပြီလား” ဆိုသည့် ပို့စ်တင်ခဲ့မှုကြောင့် ဂယက် ရိုက်ခတ်မှုများ ကျယ်ပြန့်လာခဲ့သည်။

Rikken ပါတီ၏ လွှတ်တော်အမတ် အိုဂုရှိ (Ogushi) က “ ဒါကို အတည်ပြုလိုက်ရင် ကာကွယ်ရေးအတွက် စစ်တပ် ထုတ်သုံးစွဲမှု ဖြစ်လာမယ်။ ဂျပန်နိုင်ငံအနေနဲ့ စစ်ပွဲထဲ ဝင်ရောက်သွားတာ ဖြစ်သွားမယ်။ ဝန်ကြီးချုပ် ပြောထားတဲ့စကားကို ပြန်လည်ရုပ်သိမ်း မှာလားဟု မေးမြန်းခဲ့ရာ –

ဝန်ကြီးချုပ် တာကာအိချိက “ ဒါဟာ အစိုးရရဲ့ ရပ်တည်ချက်ကို ပြောင်းလဲစေတာမျိုး မဟုတ်ပါဘူး။ ဘယ်လိုအခြေအနေမျိုးက တည်ရှိမှုဆိုင်ရာ အကျပ်အတည်း အခြေအနေနဲ့ ကိုက်ညီသလဲဆိုတာကို လက်တွေ့ဖြစ်ပျက်လာတဲ့ အခြေအနေရဲ့ တစ်ဦးချင်း၊ တိကျတဲ့ အခြေအနေပေါ် မူတည်ပြီး အစိုးရက အချက်အလက်အားလုံးကို စုစုပေါင်း ခြုံငုံသုံးသပ် ဆုံးဖြတ်သွားမယ်လို့ အကြိမ်ကြိမ် ဖြေကြားထားပါတယ်။” ဟု ပြန်လည်တုံ့ပြန်ခဲ့သည်။

တရုတ်ကောင်စစ်ဝန်ချုပ်၏ မှတ်ချက်နှင့် ဂျပန်အစိုးရ၏ တုံ့ပြန်မှု။

ထိုင်ဝမ်အရေးအခင်း နှင့် ပတ်သက်သည့် ဝန်ကြီးချုပ် တာကာအိချိ၏ ထုတ်ဖော်ပြောဆိုမှု၏ အကျိုးဆက်သည် ပါလီမန်ပြင်ပအထိ ရောက်ရှိခဲ့သည်။

အိုဆာကာရှိ တရုတ်ကောင်စစ်ဝန်ချုပ်ရုံး၏ အကြီးအကဲ၊ ကောင်စစ်ဝန်ချုပ် ကျိုးကျင်(Xue Jian) က ဝန်ကြီးချုပ် တာကာအိချိ၏ ပြီးခဲ့သည့်အပတ်က ပြောဆိုချက်ကို ကိုးကား၍ ဂျပန်ဘာသာဖြင့် “ အဲဒီ ညစ်ညမ်းတဲ့ ဦးခေါင်းကို တစ်စက်ကလေးမှ တွန့်ဆုတ်မနေဘဲ ခုတ်ပစ်လိုက်ရုံပဲ။ အသင့်ပြင်ထားပြီးပြီလား” ဟု ပို့စ်တင်ခဲ့သည်။ နောက်ပိုင်းတွင် ၎င်းပို့စ်ကို ဖျက်လိုက် သော်လည်း ဤပို့စ်နှင့် ပတ်သက်၍ ဂျပန်အစိုးရအဖွဲ့ အတွင်းဝန် ကိဟာရာ (Kihara) က “ တရုတ်နိုင်ငံရဲ့ ပြည်ပသံရုံးအကြီးအကဲရဲ့ ပြောဆိုမှုအနေနဲ့ အလွန်မသင့်လျော် ဘူးလို့ ပြောရမှာပါ” ဟု ပြောကြားခဲ့သည်။
ဂျပန်အစိုးရက တရုတ်နိုင်ငံဘက်ကို ရှင်းလင်းချက် တောင်းဆိုထားကြောင်း ၎င်းက ရှင်းလင်း ပြောကြားခဲ့သည်။

ယင်းနှင့် ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာလ ၁၀ ရက်နေ့ ညနေ ၄ နာရီခန့်တွင် “ တရုတ်အစိုးရအနေနဲ့ ဂျပန်ဘက်ကို အရေးကြီးတဲ့ ကန့်ကွက်မှုတွေ လုပ်ဆောင် ပြီးသားပါ။ (ထိုင်ဝမ်ကိစ္စဟာ) လုံးဝကို တရုတ်ရဲ့ ပြည်တွင်းရေးပြဿနာဖြစ်ပြီး မည်သည့် ပြင်ပအင်အားစု၏ ဝင်ရောက်စွက်ဖက်မှုကိုမျှ ခွင့်မပြုနိုင်ဘူး” ဟု ပြောကြားခဲ့သည်။

တရုတ်နိုင်ငံဘက်မှ တုံ့ပြန်မှုနှင့် ရပ်တည်ချက်။
နိုဝင်ဘာလ ၁၀ ရက်နေ့တွင် ကျင်းပခဲ့သော ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနသည် ဂျပန်ဝန်ကြီးချုပ် တကာအိချိ၏ ထိုင်ဝမ်အရေးအခင်းနှင့် ပတ်သက်သော မှတ်ချက်များနှင့် ၎င်းတို့၏ အိုဆာကာဆိုင်ရာ ကောင်စစ်ဝန်ချုပ် ကျိုးကျင်၏ လူမှုကွန်ရက် ပေါ်မှ ပို့စ်တင်မှုအပေါ် တုံ့ပြန်ခဲ့သည်။

ဝန်ကြီးချုပ် တကာအိချိ၏ ထုတ်ဖော်ပြောဆိုမှုအပေါ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ လင်ကျန်း (Lin Jian) က ဝန်ကြီးချုပ် တကာအိချိ၏ ထိုင်ဝမ်နှင့်ပတ်သက် သည့် ပြောဆိုချက်သည် ပြင်းထန်စွာ မကျေနပ်မှုနှင့် ပြတ်ပြတ်သားသား ဆန့်ကျင်မှုကို ဖော်ပြခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

“ ဂျပန်ခေါင်းဆောင်က ပါလီမန်မှာ ထိုင်ဝမ်နဲ့ပတ်သက်တဲ့ မှားယွင်းတဲ့ ပြောဆိုချက်ကို မကြာသေးခင်က လုပ်ခဲ့တယ်။ ဒါဟာ ထိုင်ဝမ်ရေလက်ကြားကို လက်နက်ကိုင် စစ်ရေးအရ ဝင်ရောက်စွက်ဖက်ဖို့ ဖြစ်နိုင်ခြေကို ဖော်ပြတာဖြစ်ပြီး၊ တရုတ်နိုင်ငံရဲ့ ပြည်တွင်းရေးကို ရိုင်းစိုင်းစွာ ဝင်ရောက်စွက်ဖက်ခြင်း ဖြစ်တယ်။”

၎င်းသည် “ တရုတ်တနိုင်ငံတည်းမူဝါဒ” ၊ ဂျပန်-တရုတ် နိုင်ငံရေးစာချုပ်ကြီးလေးခု၏ စိတ်ဓာတ်နှင့် နိုင်ငံတကာဆက်ဆံရေးဆိုင်ရာ အခြေခံမူများကို ပြင်းထန်စွာ ချိုးဖောက် သည်ဟု အလေးပေး ပြောကြားခဲ့သည်။

“ ထိုင်ဝမ်ပြဿနာဟာ တရုတ်နိုင်ငံရဲ့ ပြည်တွင်းရေးသက်သက်ဖြစ်ပြီး မည်သည့် ပြင်ပ အင်အားစု၏ ဝင်ရောက်စွက်ဖက်မှုကိုမျှ ခွင့်မပြုနိုင်ဘူး” ဟု ထပ်လောင်း အလေးထား ပြောကြားခဲ့သည်။

“ တရုတ်ဘက်က ဂျပန်နိုင်ငံကို ပြင်းပြင်းထန်ထန် ကန့်ကွက်ပြီးသားဖြစ်ပါတယ်” ဟုဆိုကာ တရုတ်နိုင်ငံရေးတွင် ဝင်ရောက်စွက်ဖက်ခြင်း၊ ရန်စခြင်း သို့မဟုတ် “ အနီရောင်မျဉ်း (Red Line)” ကို ကျော်လွန်သော ပြောဆိုမှုများကို ချက်ချင်း ရပ်တန့်ရန် တောင်းဆိုခဲ့သည်။

ကောင်စစ်ဝန်ချုပ် ကျိုးကျင်က X တွင် ပို့စ်တင်ခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနသည် ၎င်း၏ ပြောဆိုမှုကို ကာကွယ်ပေးသည့်ပုံစံဖြင့် တုံ့ပြန်ခဲ့သည်။

ပြောရေးဆိုခွင့်ရှိသူက ကောင်စစ်ဝန်ချုပ်၏ ပို့စ်သည် “ ထိုင်ဝမ်ကို စစ်ရေးအရ ဝင်ရောက်စွက်ဖက်ဖို့ ထုတ်ဖော်ပြောဆိုနေသော အန္တရာယ်ရှိသည့် ဝါဒစကားများ” ကို ရည်ရွယ်သည့် “ ပုဂ္ဂလိက လူမှုကွန်ရက် လှုပ်ရှားမှု” ဖြစ်သည်ဟု ပြောကြားခဲ့ပြီး ၎င်းပို့စ်အပေါ် မှတ်ချက်ပေးမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။ ဝန်ကြီးချုပ်တာကာအိချိဆာနာအေ၏ ပြောဆိုချက်က ပို၍ အန္တရာယ်များကြောင်း ရည်ညွှန်းခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

တရားရုံးချုပ်က ထရန့် နှင့် ရီပတ်ပလီကင်ပါတီ (GOP) အဖွဲ့ဝင်များအတွက် ကွယ်ဝှက် ထားသော လက်ဆောင်တစ်ခု ပေးအပ်လိုက်ခြင်း

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 22 ရက်
  • 16 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက် တရားရုံးချုပ်သည် သောကြာနေ့တွင် သမ္မတ ဒေါ်နယ်ထရန့် ၏
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အီရန်

အရေးကြီးသော ဆွေးနွေးပွဲများမတိုင်မီ အီရန်အပေါ် အမေရိကန်က စစ်ရေးဖိအားများ တိုးမြှင့်နေ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 17 ရက်
  • 41 Views
CNN- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၁၇ရက် လာမည့်အင်္ဂါနေ့တွင် ဂျီနီဗာမြို့၌ အီရန်နှင့်ပြုလုပ်မည့် ဆွေးနွေးပွဲများမတိုင်မီ အမေရိကန် စစ်တပ်သည် အရှေ့အလယ်ပိုင်းဒေသတွင် လေကြောင်းနှင့် ရေတပ်အင်အားကို သိသိသာသာ ဆက်လက်တိုးမြှင့်လျက်ရှိသည်။ တီဟီရန်အစိုးရကို ခြိမ်းခြောက်ရန်နှင့် အကယ်၍ ၎င်းတို့၏ နျူကလီးယားအစီအစဉ်နှင့်
ဂျာမဏီ နိုင်ငံတကာသတင်း ပြင်သစ် ဗြိတိန် အမေရိကန် ဥရောပ

 ရုရှားကို ဟန့်တားရန် လက်နက်အသုံးစရိတ်နှင့် ပတ်သက်၍ ပြည်သူများက ခက်ခဲသော ရွေးချယ်မှုများ’ ပြုလုပ်ရန် လိုအပ်ကြောင်း ဥရောပ ထိပ်တန်းစစ်ဗိုလ်ချုပ်နှစ်ဦး သတိပေး

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 46 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက် အမေရိကန်၏ အဓိကမဟာမိတ် နှစ်နိုင်ငံမှ ကာကွယ်ရေးဦးစီးချုပ်များသည် အနောက်ဘက် သို့ ပိုမိုဦးတည်လာနေသော ရုရှားနှင့် ဖြစ်ပွားလာနိုင်သည့် စစ်ပွဲကို ဟန့်တားနိုင်ရန်အတွက် ကာကွယ်ရေးအသုံးစရိတ် အမြောက်အမြား
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အနောက်ဘက်ကမ်းခြေ ဒေသအများအပြားကို နိုင်ငံပိုင်မြေအဖြစ် သတ်မှတ်ရန် အစ္စရေး၏ လုပ်ဆောင်ချက်မှာ ‘အင်အားသုံး သိမ်းပိုက်ခြင်း’ ဖြစ်သည်ဟု ပြစ်တင်ရှုတ်ချခံရ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 41 Views
CNN- ၂၀၂၆ခုနှစ်၊ဖေဖော်ဝါရီလ ၁၆ရက် တဲလ်အဗစ် — သိမ်းပိုက်ထားသော အနောက်ဘက်ကမ်းခြေ (West Bank) ရှိ နယ်မြေများကို နိုင်ငံပိုင်မြေအဖြစ် မှတ်ပုံတင်ရန် အစ္စရေးအစိုးရက ရှေ့ဆက်လုပ်ဆောင်နေပြီး ယင်းလုပ်ရပ် ကို ပါလက်စတိုင်းတို့က “အင်အားသုံး နယ်မြေသိမ်းပိုက်ခြင်း
ဂျာမဏီ နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ရူဘီယိုနှင့် ဥရောပခေါင်းဆောင်များ အချက်တခုတွင် သဘောတူညီကြသည်- ထိုအချက်မှာ ယခင်ကမ္ဘာ့အာဏာစဉ်ဟောင်းသည် ‘မတည်ရှိတော့ပါ’ဟူ၍ဖြစ်သည်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 47 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက် မြူးနစ်၊ ဂျာမနီ — သောကြာနေ့က ကျင်းပသော အားပြိုင်မှုများပြင်းထန်သည့် မြူးနစ်လုံခြုံရေးညီလာခံတွင် ဥရောပခေါင်းဆောင်များသည် အမေရိကန်ဦးဆောင်သော နိုင်ငံတကာအစီအစဉ် ဇာတ်သိမ်းသွားပြီဆိုသည့်အချက်ကို အလေးပေးဆွေးနွေးခဲ့ကြသည် –
တရုတ် နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ရူဘီယိုက ဆက်ဆံရေးများ ပြန်လည်ကုစားရန် ကြိုးပမ်းနေချိန်တွင် တရုတ်က ဥရောပကို သိမ်းသွင်းရန် မျှော်လင့်နေ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 59 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက် ပေကျင်း — မြူးနစ်လုံခြုံရေးညီလာခံတွင် အမေရိကန်နှင့် ဥရောပသည် “အတူတကွ ရှိနေရမည့်သူများ” ဖြစ်ကြောင်း ထိပ်တန်းသံတမန် မာကိုရူဘီယိုက ရင်ကြားစေ့ရေး မိန့်ခွန်းပြောကြားပြီး မိနစ်ပိုင်းအကြာမှာပင်၊
နိုင်ငံတကာသတင်း ရုရှား

ရုရှားအတိုက်အခံခေါင်းဆောင် အလက်ဇီ နာဗာလ်နိကို ဖားအဆိပ်မြှား (Dart Frog Toxin) သုံး၍ သတ်ဖြတ်ခဲ့ကြောင်း ဗြိတိန်ပြောကြား

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 14 ရက်
  • 46 Views
BBC – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက် ရုရှားအတိုက်အခံခေါင်းဆောင် အလက်ဇီ နာဗာလ်နီ (Alexei Navalny) သည် ဖားမှ ထုတ်ယူဖော်စပ်ထားသော အဆိပ်ကို အသုံးပြု၍မြှားဆိပ်ဖြင့် သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနက