နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 2 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

အီလွန်မတ်စ်သည် ChatGPT ၏ မိခင်ကုမ္ပဏီကို ဒေါ်လာ ၁၀၀ ဘီလီယံနီးပါးဖြင့် ဝယ်ယူရန် ကမ်းလှမ်း

ဖေဖော်ဝါရီလ (၁၁) ရက်။

ဥာဏ်ရည်တု (Artificial Intelligence) ၏ အနာဂတ်ကို ပြန်လည်ပုံဖော်နိုင်သည့် ChatGPT ၏မိခင်ကုမ္ပဏီဖြစ်သော OpenAI ကို ဒေါ်လာ ၉၇.၄ ဘီလီယံဖြင့် ဝယ်ယူရန် ကမ်းလှမ်းထားသည်။

မတ်စ်သည် OpenAI အမှုဆောင်အရာရှိချုပ် ဆမ်အော့(တ)မန် (Sam Altman) နှင့် ကာလအတန်ကြာ အငြင်းပွားခဲ့ပြီး ကုမ္ပဏီနှင့် အော့(တ)မန်တို့ကို တရားဥပဒေအရ တိုင်ကြားမှုများ အများအပြားပြုလုပ်ခဲ့သလို AI ကုမ္ပဏီနှင့် ၎င်း၏ခေါင်းဆောင်များသည် OpenAI အား ပရဟိတလုပ်ငန်းတစ်ခုအဖြစ် လွဲမှားစွာ ပုံဖော်ထားခဲ့သည်ဟုဆိုကာ မတ်စ်က တိုင်ကြားခဲ့သည်။ မတ်စ်က OpenAI သည် ၎င်း၏ AI ကိရိယာများဖြင့် အမြတ်အစွန်းရရန် ရှာဖွေခြင်းဖြင့် ၎င်း၏တည်ထောင်ခြင်းဆိုင်ရာ ပဋိဉာဉ်ကို ချိုးဖျက်ခဲ့သည်ဟု မတ်စ်က စွပ်စွဲခဲ့သည်။

OpenAI ကို အကျိုးအမြတ်မယူဘဲ စီမံလုပ်ဆောင်နေပြီး အကျိုးအမြတ်ယူသည့် OpenAI LP ကုမ္ပဏီက ထိန်းချုပ်ထားပါသည်။ ၎င်း OpenAI LP ကုမ္ပဏီသည် ကြီးမားသောကုမ္ပဏီဖွဲ့စည်းပုံ တည်ရှိနေပါသည်။ ထိုအမြတ်အစွန်းအတွက် ကုမ္ပဏီသည် OpenAI ကို နှစ်အနည်းငယ်အတွင်း တန်ဖိုးမရှိသည့်အဆင့်မှ ဒေါ်လာ ၁၀၀ ဘီလီယံဝန်းကျင်အထိ တန်ဖိုးကို မြှင့်တင်ယူခဲ့သည် အစီအစဉ်ကို ချုပ်ကိုင်သူအဖြစ် အော့(တ)မန်က ကိုင်တွယ်ခဲ့ပြီး သူသည် ကုမ္ပဏီ၏အောင်မြင်မှုအတွက် အဓိကသော့ချက်အဖြစ် အသိအမှတ် ပြုခံရပါသည်။

Wall Street Journal တွင် ပထမဆုံးဖော်ပြခဲ့သော မတ်စ်၏ကြီးမားသော ရင်းနှီးမြုပ်နှံမှုကြောင့် မတ်သည် ကုမ္ပဏီ၏ အများစုကို ထိန်းချုပ် နိုင်သည်။ ထိုအချက်သည် သူ၏ X. AI ဉာဏ်ရည်တု ကုမ္ပဏီနှင့်ယှဉ်ပြိုင်ဖက် ဖြစ်သွားခဲ့သည်။

မတ်စ်ကို တုံ့ပြန်သည့်အနေဖြင့် အော့(တ)မန်က X တွင် “ ခင်ဗျားကို ကျေးဇူးမတင်ပါဘူး၊ ဒါပေမယ့် ကျုပ်တို့က ဒေါ်လာ ၉.၇၄ ဘီလီယံနဲ့ twitter ကို ဝယ်မယ်” ဟု ပို့စ်တစ်ခုတွင် ရေးသားခဲ့သည်။

၂၀၁၅ ခုနှစ်တွင် OpenAI ကို ပူးတွဲတည်ထောင်ခဲ့သော မတ်စ်သည် ကုမ္ပဏီ၏ အမြတ်အစွန်းရသည့်အလုပ်သို့ ကူးပြောင်းမှုနှင့်ပတ်သက်သည့် အငြင်းပွားမှုတစ်ခုကြောင့် နှုတ်ထွက်သွားခဲ့သည်။

တီထွင်ဖန်တီးသူများသည် အထွေထွေဉာဏ်ရည်တု (သို့) AGI သည် လူသားမျိုးနွယ်ကို ဆိုးရွားစွာ ခြိမ်းခြောက်လာနိုင်သည်ဟု ယုံကြည်သောကြောင့် OpenAI ကို တည်ထောင် ခဲ့ခြင်းဖြစ်သည်။ ကုမ္ပဏီသည် ကုမ္ပဏီက ဖန်တီးထားသော မည်သည့်ထုတ်ကုန်ကိုမဆို ပြန်လည်သုံးသပ်ရန် ကြီးကြပ်ရေးဘုတ်အဖွဲ့ကို ဖန်တီးခဲ့ပြီး ၎င်း၏ထုတ်ကုန်များ၏ကုဒ်ကို လူသိရှင်ကြား ထုတ်ပြန်ခဲ့သည်။

Microsoft နှင့် အကျိုးတူရင်းနှီးမြုပ်နှံမှုကုမ္ပဏီ Thrive Capital ကဲ့သို့သော ကျောထောက်နောက်ခံကြီးကြီးမားမားရှိသော ကုမ္ပဏီတစ်ခုသည် ၎င်း၏လုပ်ငန်းကို ကြီးထွားရန်နှင့် ငွေရှာရန် တာဝန်ရှိသည်။ ရင်းနှီးမြုပ်နှံသူများသည် ၎င်းတို့၏ထည့်ငွေအတွက်လုံခြုံကြောင်း သေချာစေရန် လိုလားကြပြီး ၎င်းတို့သည် စိတ်ရှည်သည်းခံသူများဖြစ်ကြောင်း သိရှိနိုင်ခြင်း မရှိပါ။

ထို့ကြောင့် အော့(တ)မန်သည် အကျိုးအမြတ်အတွက် ကုမ္ပဏီအား မြန်မြန်ဆန်ဆန် ဆန်းသစ်တီထွင်ပြီး ထုတ်ကုန်များကို စောစီးစွာထုတ်လုပ်၍ စျေးကွက်သို့ တွန်းပို့နိုင်ခဲ့သည်။

၂၀၂၃ ခုနှစ်နှောင်းပိုင်းတွင် ဘုတ်အဖွဲ့အတွင်း အခြေအတင် တိုက်ပွဲတွင် OpenAI ဘုတ်အဖွဲ့မှ အော့(တ)မန်အား ထုတ်ပယ်ခဲ့ပြီးနောက်မှ အလျှင်အမြန် ပြန်လည်ခန့်ထားခဲ့ရသည်။ ထိုအချိန်မှစပြီး ဘုတ်အဖွဲ့ကို ပြန်လည်ဖွဲ့စည်းထားပြီး၊ ဆုံးဖြတ်ချက်တွင် ပါဝင်ခဲ့သည့် ဒါရိုက်တာဟောင်းများက OpenAI သည် ဘေးကင်းလုံခြုံရေးကို ဂရုမစိုက်ဘဲ လျင်မြန်စွာ ရွေ့လျားနေမည်ကို စိုးရိမ်မိသောကြောင့် အော့(တ)မန်အား ထုတ်ပယ်ခဲ့ရန် ဆုံးဖြတ်ခဲ့ရကြောင်း ပြောကြားခဲ့သည်။

မတ်စ်သည် ဇွန်လ ၂၀၂၄ ခုနှစ်တွင် OpenAI ကို ပထမဆုံး တရားစွဲဆိုခဲ့သော်လည်း OpenAI ၏အစောပိုင်းကာလများမှ မတ်စ်၏အီးမေးလ်အများအပြားပါ၀င်သော ဘလော့ဂ်ပို့စ်တစ်ခုကို ကုမ္ပဏီမှ ထုတ်ဝေပြီးနောက် မတ်စ်က တရားစွဲဆိုမှုကို ရုပ်သိမ်းခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ကုမ္ပဏီအနေနှင့် ကွန်ပြူတာလုပ်ငန်းများအတွက် ရင်းမြစ်များ အသုံးပြုရန်နှင့် AI ရည်မှန်းချက်ကို အကောင်အထည်ဖော်ရန်အတွက် ငွေအ‌မြောက်အမြားရှာရန် လိုအပ်သည်ကို မတ်စ်က အသိအမှတ်ပြုခဲ့ကြောင်း မတ်စ်၏အီးမေးလ်တွင် ရေးသားခဲ့ခြင်းကြောင့် ဖြစ်သည်။

သို့ရာတွင် မတ်၏တရားစွဲဆိုမှုတွင် OpenAI သည် မှားယွင်းစွာ အမြတ်အစွန်းရရှိအောင် လုပ်နေကြောင်း စွပ်စွဲထားခြင်းကြောင့် သူရေးသားသည့် အီးမေးလ်နှင့်ဆန့်ကျင်ဖက် ဖြစ်နေခဲ့ခြင်းက ထင်ထင်ရှားရှား ပေါ်ပေါက်ခဲ့သည့်အတွက် မတ်စ်က တရားစွဲဆိုမှုကို ရုပ်သိမ်းခဲ့ရခြင်း ဖြစ်သည်။

မတ်စ်သည် ၂၀၂၄ ခုနှစ် ဩဂုတ်လတွင် တရားစွဲဆိုမှု အသစ်ပြုလုပ်ခဲ့ပြီး OpenAI သည် အမြတ်အစွန်း အများဆုံး ရရှိရန် အစွမ်းထက်သော “အထွေထွေဉာဏ်ရည်တု” နည်းပညာကို တီထွင်ထုတ်လုပ်နေကြောင်း စွပ်စွဲခဲ့သည်။ မတ်စ်သည် OpenAI ကုမ္ပဏီအား တရားမဝင်လုပ်ငန်းများတွင် ပါဝင်သည်ဟုလည်း စွပ်စွဲခဲ့သည်။

တစ်ချိန်တည်းတွင်ပင် OpenAI က မတ်စ်သည် မနာလိုဖြစ်နေသည်ဟု စွပ်စွဲခဲ့သည်။ OpenAI မှထွက်ခွာပြီးနောက်တွင် မတ်စ်သည် Tesla ၏ ပူးတွဲတည်ထောင်သူများအား Tesla ကို သူ့အား ဝယ်ယူခွင့်ပေးရန် ၂၀၁၈ ခုနှစ်၌ မတ်စ်က ကမ်းလှမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ပါ။

ဂျပန်နိုင်ငံက SoftBank ကုမ္ပဏီ၊ အမေရိကန်က OpenAI နဲ့ Oracle တို့ ပူးပေါင်းပြီး The Stargate Project ကို လုပ်ဆောင်ဖို့ ထရန့်က ကြေညာထားပြီး ဖြစ်ပါတယ်။ ဒါပေမယ့် မတ်စ်ကတော့ ဒီကုမ္ပဏီတွေမှာ ပိုက်ဆံမရှိဘူးလို့ စွတ်စွဲပြောဆိုထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယခင်က ငါးဖမ်းရန် အသုံးပြုခဲ့သော ဤပိုက်ကွန်များသည် ယခုအခါ ရုရှားဒရုန်းများကို ဖမ်းဆီးရန် ဖြစ်လာခဲ့သည်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 2 ရက်
  • 8 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် နယ်သာလန်နိုင်ငံတွင် တူးလစ် (Tulip) ပန်းပင်များကို ကာကွယ်ရန်
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး အရှေ့အလယ်ပိုင်း

ဂါဇာရှိ ရာဖာ (Rafah) နယ်စပ်ဂိတ်သည် ၂ နှစ်နီးပါးကြာ ပိတ်ထားခဲ့ပြီးနောက် တစ်စိတ်တစ်ပိုင်း ပြန်လည်ဖွင့်လှစ်ခဲ့သည်။

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 2 ရက်
  • 7 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် စစ်မီးတောက်နေသော ဂါဇာဒေသအတွင်းမှ ပါလက်စတိုင်း အရေအတွက် အနည်းငယ်ကို
နိုင်ငံတကာသတင်း အိန္ဒိယ

ဒေလီမြို့တော်ရှိ ပြည်သူသန်းနှင့်ချီ၍ ရက်အတော်ကြာ ရေပြတ်လပ်မှု ကြုံတွေ့ခဲ့ရပြီး အချို့ကမူ လက်ရှိ ရရှိနေသော ရေများမှာ အဆိပ်အတောက်ဖြစ်နေဆဲဟု ဆိုကြသည်။

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 1 ရက်
  • 11 Views
CNN- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက် ဒေလီမြို့တော်၏ ရေအကျပ်အတည်း အိန္ဒိယနိုင်ငံ မြောက်ပိုင်း၊ ဒေလီမြို့ အနောက်မြောက်ဘက်ရှိ Sharma Enclave ရပ်ကွက်တွင် နေထိုင်သော အသက် ၅၅ နှစ်အရွယ် ရာဗင်ဒါ ကူးမား (Ravinder
နိုင်ငံတကာသတင်း အမေရိကန် အီတလီ

ဆောင်းရာသီအိုလံပစ်တွင် အမေရိကန်လုံခြုံရေးတိုးမြှင့်ရန် ICE အေးဂျင့်များ စေလွှတ်မှုအပေါ် အီတလီနိုင်ငံသားများ ဒေါသထွက်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 1 ရက်
  • 10 Views
CNN – ဖေဖော်ဝါရီ ၁၊ ၂၀၂၆ လာမည့်လတွင် ကျင်းပမည့် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲတွင် အမေရိကန်၏ လုံခြုံရေးလုပ်ငန်းများကို ကူညီရန်အတွက် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန် ဝန်ဆောင်မှု (ICE) အေးဂျင့်များကို စေလွှတ်ခြင်းအပေါ် အီတလီနိုင်ငံ၌ မကျေနပ်မှုများ မြင့်တက်နေသည်။
နိုင်ငံတကာသတင်း အမေရိကန်

ထရန့်အစိုးရလက်ထက်မှာ လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေးအဖွဲ့ (ICE) နဲ့ ပြည်ထဲရေးလုံခြုံရေးဝန်ကြီးဌာန (DHS)တို့ရဲ့အကြမ်းဖက်ကိုင်တွယ်မှုကြောင့် အမေရိကန် ပြည်သူများနဲ့ အာဏာရရီပတ်ပလီကင်အမတ်အချို့ရဲ့ဆန့်ကျင်မှုကိုရင်ဆိုင်နေရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်
  • 31 Views
ခေတ်မျက်လုံးမှ စုစည်းတင်ပြချက်- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၃၀ရက် ၂၀၂၆ ခုနှစ်အစောပိုင်းကာလမှာ လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေးအဖွဲ့ (ICE) နဲ့ ပြည်ထဲရေးလုံခြုံရေးဝန်ကြီးဌာန (DHS) တို့ဟာ အထောက်အထားမဲ့ နေထိုင်သူ တွေကို အစုလိုက်အပြုံလိုက် ပြည်နှင်ဒဏ်ပေးမယ့် စီမံချက်တွေကြောင့်
နိုင်ငံတကာသတင်း ဗင်နီဇွဲလား

ဖုန်းစစ်ဆေးခံရမည်ကို စိုးရိမ်သောကြောင့် ဖုံးတွင်ကုဒ်များဖြင့် ပြောဆိုခြင်းနှင့် ရေးသားချက်များကို ဖျက်ပစ်ခြင်းဖြင့် ဗင်နီဇွဲလားနိုင်ငံသားများ အသုံးပြုနေသည့် နည်းဗျူဟာများ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်
  • 34 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက် “မေမေ၊ ချတ် (Chat) တွေကို ဖျက်လိုက်တော့။” “သားရယ်၊ အဲဒါတွေက မှတ်တမ်းတင်ခံရတာမျိုး ဖြစ်လိမ့်မယ်။” “အပြင်မထွက်ခင် ပြောထားတဲ့ စကားတွေကို ဖျက်ထားလိုက်ပါဦး။”
တရုတ် နိုင်ငံတကာသတင်း ဗြိတိန်

တရုတ်ခေါင်းဆောင်နှင့်ဗြိတိန်ခေါင်းဆောင်နှစ်ဦးကြားတွေ့ဆုံမှု။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 29 Views
ခေတ်မျက်လုံး- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာ (Keir Starmer) ၏ တရုတ်နိုင်ငံ ခရီးစဉ်အတွင်း ရရှိခဲ့သော ကုန်သွယ်ရေးနှင့် စီးပွားရေးဆိုင်ရာ သဘောတူညီချက် အသေးစိတ်များမှာ အောက်ပါအတိုင်း
နိုင်ငံတကာသတင်း

ယနေ့ (၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်) အတွက် မြန်မာနိုင်ငံနှင့် ကမ္ဘာတစ်ဝှမ်းတွင် လူဖတ်အများဆုံးနှင့် စိတ်ဝင်စားမှုအခံရဆုံး သတင်းများကို အောက်တွင် ဖော်ပြပေး လိုက်ပါသည်။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 33 Views
ခေတ်မျက်လုံး- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် မြန်မာနိုင်ငံနှင့် ဆက်နွှယ်သော ထိပ်တန်းသတင်းများ မြီမိသားစုဝင် ၁၁ ဦးကို တရုတ်က ကွပ်မျက်ခြင်း။ ကိုးကန့်ဒေသတွင် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) အင်ပါယာ တည်ထောင်ခဲ့သည့် မြီရှောက်ချန်း