နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 21 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

အီလွန်မတ်စ်သည် ChatGPT ၏ မိခင်ကုမ္ပဏီကို ဒေါ်လာ ၁၀၀ ဘီလီယံနီးပါးဖြင့် ဝယ်ယူရန် ကမ်းလှမ်း

ဖေဖော်ဝါရီလ (၁၁) ရက်။

ဥာဏ်ရည်တု (Artificial Intelligence) ၏ အနာဂတ်ကို ပြန်လည်ပုံဖော်နိုင်သည့် ChatGPT ၏မိခင်ကုမ္ပဏီဖြစ်သော OpenAI ကို ဒေါ်လာ ၉၇.၄ ဘီလီယံဖြင့် ဝယ်ယူရန် ကမ်းလှမ်းထားသည်။

မတ်စ်သည် OpenAI အမှုဆောင်အရာရှိချုပ် ဆမ်အော့(တ)မန် (Sam Altman) နှင့် ကာလအတန်ကြာ အငြင်းပွားခဲ့ပြီး ကုမ္ပဏီနှင့် အော့(တ)မန်တို့ကို တရားဥပဒေအရ တိုင်ကြားမှုများ အများအပြားပြုလုပ်ခဲ့သလို AI ကုမ္ပဏီနှင့် ၎င်း၏ခေါင်းဆောင်များသည် OpenAI အား ပရဟိတလုပ်ငန်းတစ်ခုအဖြစ် လွဲမှားစွာ ပုံဖော်ထားခဲ့သည်ဟုဆိုကာ မတ်စ်က တိုင်ကြားခဲ့သည်။ မတ်စ်က OpenAI သည် ၎င်း၏ AI ကိရိယာများဖြင့် အမြတ်အစွန်းရရန် ရှာဖွေခြင်းဖြင့် ၎င်း၏တည်ထောင်ခြင်းဆိုင်ရာ ပဋိဉာဉ်ကို ချိုးဖျက်ခဲ့သည်ဟု မတ်စ်က စွပ်စွဲခဲ့သည်။

OpenAI ကို အကျိုးအမြတ်မယူဘဲ စီမံလုပ်ဆောင်နေပြီး အကျိုးအမြတ်ယူသည့် OpenAI LP ကုမ္ပဏီက ထိန်းချုပ်ထားပါသည်။ ၎င်း OpenAI LP ကုမ္ပဏီသည် ကြီးမားသောကုမ္ပဏီဖွဲ့စည်းပုံ တည်ရှိနေပါသည်။ ထိုအမြတ်အစွန်းအတွက် ကုမ္ပဏီသည် OpenAI ကို နှစ်အနည်းငယ်အတွင်း တန်ဖိုးမရှိသည့်အဆင့်မှ ဒေါ်လာ ၁၀၀ ဘီလီယံဝန်းကျင်အထိ တန်ဖိုးကို မြှင့်တင်ယူခဲ့သည် အစီအစဉ်ကို ချုပ်ကိုင်သူအဖြစ် အော့(တ)မန်က ကိုင်တွယ်ခဲ့ပြီး သူသည် ကုမ္ပဏီ၏အောင်မြင်မှုအတွက် အဓိကသော့ချက်အဖြစ် အသိအမှတ် ပြုခံရပါသည်။

Wall Street Journal တွင် ပထမဆုံးဖော်ပြခဲ့သော မတ်စ်၏ကြီးမားသော ရင်းနှီးမြုပ်နှံမှုကြောင့် မတ်သည် ကုမ္ပဏီ၏ အများစုကို ထိန်းချုပ် နိုင်သည်။ ထိုအချက်သည် သူ၏ X. AI ဉာဏ်ရည်တု ကုမ္ပဏီနှင့်ယှဉ်ပြိုင်ဖက် ဖြစ်သွားခဲ့သည်။

မတ်စ်ကို တုံ့ပြန်သည့်အနေဖြင့် အော့(တ)မန်က X တွင် “ ခင်ဗျားကို ကျေးဇူးမတင်ပါဘူး၊ ဒါပေမယ့် ကျုပ်တို့က ဒေါ်လာ ၉.၇၄ ဘီလီယံနဲ့ twitter ကို ဝယ်မယ်” ဟု ပို့စ်တစ်ခုတွင် ရေးသားခဲ့သည်။

၂၀၁၅ ခုနှစ်တွင် OpenAI ကို ပူးတွဲတည်ထောင်ခဲ့သော မတ်စ်သည် ကုမ္ပဏီ၏ အမြတ်အစွန်းရသည့်အလုပ်သို့ ကူးပြောင်းမှုနှင့်ပတ်သက်သည့် အငြင်းပွားမှုတစ်ခုကြောင့် နှုတ်ထွက်သွားခဲ့သည်။

တီထွင်ဖန်တီးသူများသည် အထွေထွေဉာဏ်ရည်တု (သို့) AGI သည် လူသားမျိုးနွယ်ကို ဆိုးရွားစွာ ခြိမ်းခြောက်လာနိုင်သည်ဟု ယုံကြည်သောကြောင့် OpenAI ကို တည်ထောင် ခဲ့ခြင်းဖြစ်သည်။ ကုမ္ပဏီသည် ကုမ္ပဏီက ဖန်တီးထားသော မည်သည့်ထုတ်ကုန်ကိုမဆို ပြန်လည်သုံးသပ်ရန် ကြီးကြပ်ရေးဘုတ်အဖွဲ့ကို ဖန်တီးခဲ့ပြီး ၎င်း၏ထုတ်ကုန်များ၏ကုဒ်ကို လူသိရှင်ကြား ထုတ်ပြန်ခဲ့သည်။

Microsoft နှင့် အကျိုးတူရင်းနှီးမြုပ်နှံမှုကုမ္ပဏီ Thrive Capital ကဲ့သို့သော ကျောထောက်နောက်ခံကြီးကြီးမားမားရှိသော ကုမ္ပဏီတစ်ခုသည် ၎င်း၏လုပ်ငန်းကို ကြီးထွားရန်နှင့် ငွေရှာရန် တာဝန်ရှိသည်။ ရင်းနှီးမြုပ်နှံသူများသည် ၎င်းတို့၏ထည့်ငွေအတွက်လုံခြုံကြောင်း သေချာစေရန် လိုလားကြပြီး ၎င်းတို့သည် စိတ်ရှည်သည်းခံသူများဖြစ်ကြောင်း သိရှိနိုင်ခြင်း မရှိပါ။

ထို့ကြောင့် အော့(တ)မန်သည် အကျိုးအမြတ်အတွက် ကုမ္ပဏီအား မြန်မြန်ဆန်ဆန် ဆန်းသစ်တီထွင်ပြီး ထုတ်ကုန်များကို စောစီးစွာထုတ်လုပ်၍ စျေးကွက်သို့ တွန်းပို့နိုင်ခဲ့သည်။

၂၀၂၃ ခုနှစ်နှောင်းပိုင်းတွင် ဘုတ်အဖွဲ့အတွင်း အခြေအတင် တိုက်ပွဲတွင် OpenAI ဘုတ်အဖွဲ့မှ အော့(တ)မန်အား ထုတ်ပယ်ခဲ့ပြီးနောက်မှ အလျှင်အမြန် ပြန်လည်ခန့်ထားခဲ့ရသည်။ ထိုအချိန်မှစပြီး ဘုတ်အဖွဲ့ကို ပြန်လည်ဖွဲ့စည်းထားပြီး၊ ဆုံးဖြတ်ချက်တွင် ပါဝင်ခဲ့သည့် ဒါရိုက်တာဟောင်းများက OpenAI သည် ဘေးကင်းလုံခြုံရေးကို ဂရုမစိုက်ဘဲ လျင်မြန်စွာ ရွေ့လျားနေမည်ကို စိုးရိမ်မိသောကြောင့် အော့(တ)မန်အား ထုတ်ပယ်ခဲ့ရန် ဆုံးဖြတ်ခဲ့ရကြောင်း ပြောကြားခဲ့သည်။

မတ်စ်သည် ဇွန်လ ၂၀၂၄ ခုနှစ်တွင် OpenAI ကို ပထမဆုံး တရားစွဲဆိုခဲ့သော်လည်း OpenAI ၏အစောပိုင်းကာလများမှ မတ်စ်၏အီးမေးလ်အများအပြားပါ၀င်သော ဘလော့ဂ်ပို့စ်တစ်ခုကို ကုမ္ပဏီမှ ထုတ်ဝေပြီးနောက် မတ်စ်က တရားစွဲဆိုမှုကို ရုပ်သိမ်းခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ကုမ္ပဏီအနေနှင့် ကွန်ပြူတာလုပ်ငန်းများအတွက် ရင်းမြစ်များ အသုံးပြုရန်နှင့် AI ရည်မှန်းချက်ကို အကောင်အထည်ဖော်ရန်အတွက် ငွေအ‌မြောက်အမြားရှာရန် လိုအပ်သည်ကို မတ်စ်က အသိအမှတ်ပြုခဲ့ကြောင်း မတ်စ်၏အီးမေးလ်တွင် ရေးသားခဲ့ခြင်းကြောင့် ဖြစ်သည်။

သို့ရာတွင် မတ်၏တရားစွဲဆိုမှုတွင် OpenAI သည် မှားယွင်းစွာ အမြတ်အစွန်းရရှိအောင် လုပ်နေကြောင်း စွပ်စွဲထားခြင်းကြောင့် သူရေးသားသည့် အီးမေးလ်နှင့်ဆန့်ကျင်ဖက် ဖြစ်နေခဲ့ခြင်းက ထင်ထင်ရှားရှား ပေါ်ပေါက်ခဲ့သည့်အတွက် မတ်စ်က တရားစွဲဆိုမှုကို ရုပ်သိမ်းခဲ့ရခြင်း ဖြစ်သည်။

မတ်စ်သည် ၂၀၂၄ ခုနှစ် ဩဂုတ်လတွင် တရားစွဲဆိုမှု အသစ်ပြုလုပ်ခဲ့ပြီး OpenAI သည် အမြတ်အစွန်း အများဆုံး ရရှိရန် အစွမ်းထက်သော “အထွေထွေဉာဏ်ရည်တု” နည်းပညာကို တီထွင်ထုတ်လုပ်နေကြောင်း စွပ်စွဲခဲ့သည်။ မတ်စ်သည် OpenAI ကုမ္ပဏီအား တရားမဝင်လုပ်ငန်းများတွင် ပါဝင်သည်ဟုလည်း စွပ်စွဲခဲ့သည်။

တစ်ချိန်တည်းတွင်ပင် OpenAI က မတ်စ်သည် မနာလိုဖြစ်နေသည်ဟု စွပ်စွဲခဲ့သည်။ OpenAI မှထွက်ခွာပြီးနောက်တွင် မတ်စ်သည် Tesla ၏ ပူးတွဲတည်ထောင်သူများအား Tesla ကို သူ့အား ဝယ်ယူခွင့်ပေးရန် ၂၀၁၈ ခုနှစ်၌ မတ်စ်က ကမ်းလှမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ပါ။

ဂျပန်နိုင်ငံက SoftBank ကုမ္ပဏီ၊ အမေရိကန်က OpenAI နဲ့ Oracle တို့ ပူးပေါင်းပြီး The Stargate Project ကို လုပ်ဆောင်ဖို့ ထရန့်က ကြေညာထားပြီး ဖြစ်ပါတယ်။ ဒါပေမယ့် မတ်စ်ကတော့ ဒီကုမ္ပဏီတွေမှာ ပိုက်ဆံမရှိဘူးလို့ စွတ်စွဲပြောဆိုထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

ယေရှုခရစ်တော်၏ ရုပ်တုအား တိုက်ခိုက်ခဲ့သည့် အစ္စရေးစစ်သားကို နေတန်ယာဟု ရှုတ်ချ

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 16 Views
BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ၂၀ရက် လက်ဘနွန်တောင်ပိုင်းတွင် အစ္စရေးစစ်သားတစ်ဦးက “ ကက်သလစ်ဘာသာရေး အထိမ်းအမှတ်ရုပ်တု” တစ်ခုကို ဖျက်ဆီးခဲ့မှုအပေါ် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

အမေရိကန်-အီရန် နှင့် အစ္စရေး-လက်ဘနွန်- စစ်မျက်နှာနှစ်ခုလုံးတွင် အပစ်အခပ်ရပ်စဲရေး

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 18 Views
BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ ၂၀ရက် အရှေ့အလယ်ပိုင်းဒေသတွင် လက်ရှိ၌ အပစ်အခပ်ရပ်စဲရေး နှစ်ခုရှိနေပြီး တစ်ခုမှာ လက်ဘနွန်နှင့် အစ္စရေးခေါင်းဆောင်များအကြား သဘောတူထားခြင်းဖြစ်ကာ
ဂျပန် နိုင်ငံတကာသတင်း

ဂျာပန်နိုင်ငံ အရှေ့မြောက်ဘက်ကမ်းလွန်တွင် ပမာဏ ၇.၅ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်သွားပြီးနောက် ဒုတိယအကြိမ် ဆူနာမီ ထပ်မံလာနိုင်ကြောင်း တာဝန်ရှိသူများက သတိပေးထားသည်

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 17 Views
BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ ၂၀ ရက် အိဝတေး (Iwate) နှင့် ဟော့ကိုင်းဒိုး (Hokkaido) စီရင်စုများတွင် ဆူနာမီ သတိပေးချက်များ ထုတ်ပြန်ထားပြီး ကျည်ဆန်ရထား (Bullet trains) ပြေးဆွဲမှု အချို့ကိုလည်း ရပ်ဆိုင်း
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်က ပိတ်ဆို့မှုကို ဖောက်ဖျက်သည့် အီရန်အလံတင်သင်္ဘောကို သိမ်းဆည်းလိုက်ပြီးနောက် တဟီရန်က လက်စားချေမည်ဟု ကတိပြု

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 26 Views
CNN- ၂၀၂၆ ခုနှစ် ဧပြီလ ၁၉ ရက် ပါကစ္စတန်တွင် ပြုလုပ်မည့် ဆွေးနွေးပွဲများသို့ အမေရိကန်ညှိနှိုင်းရေးမှူးများ ရောက်ရှိ လာရန် မျှော်လင့်ရသော်လည်း အီရန်ဘက်ကမူ ကိုယ်စားလှယ်အဖွဲ့ စေလွှတ်မည်ဟု လူသိရှင်ကြား အတည်မပြုသေးပေ။ အီရန်အလံတင် ကုန်တင်သင်္ဘောတစ်စီးသည်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်၏ ရေလက်ကြားပိတ်ဆို့ရန် နောက်ဆုံးဆုံးဖြတ်ချက်က မကြာမီ သဘောတူညီချက်ရတော့မည်ဟူသော ထရန့်၏ ပြောဆိုချက်အပေါ် သံသယဖြစ်စေ

  • 2026 ခုနှစ်၊ ဧပြီလ 18 ရက်
  • 28 Views
BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ ၁၈ရက် နစ်ဘိခ် (Nick Beake) ဂျေရုဆလင်မြို့မှ သတင်းပေးပို့ချက် ဟော်မုဇ်ရေလက်ကြားတွင် အမှန်တကယ် ဘာတွေဖြစ်ပျက်နေသလဲဆိုသည်ကို အမီလိုက်နိုင်ရန် ခက်ခဲလှသည်။ အီရန်အစိုးရပိုင်မီဒီယာမှတစ်ဆင့် ထုတ်ပြန်သည့် အီရန်၏နောက်ဆုံးသတင်းစကားမှာ အမေရိကန်ဘက်က ကတိကဝတ်များကို မလိုက်နာသောကြောင့်
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အီရန်၏ ရေလက်ကြားပိတ်ဆို့ရန် နောက်ဆုံးဆုံးဖြတ်ချက်က မကြာမီ သဘောတူညီချက်ရတော့မည်ဟူသော ထရန့်၏ ပြောဆိုချက်အပေါ် သံသယဖြစ်စေ

  • 2026 ခုနှစ်၊ ဧပြီလ 18 ရက်
  • 28 Views
BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ ၁၈ရက် နစ်ဘိခ် (Nick Beake) ဂျေရုဆလင်မြို့မှ သတင်းပေးပို့ချက် ဟော်မုဇ်ရေလက်ကြားတွင် အမှန်တကယ် ဘာတွေဖြစ်ပျက်နေသလဲဆိုသည်ကို အမီလိုက်နိုင်ရန် ခက်ခဲလှသည်။ အီရန်အစိုးရပိုင်မီဒီယာမှတစ်ဆင့် ထုတ်ပြန်သည့် အီရန်၏နောက်ဆုံးသတင်းစကားမှာ အမေရိကန်ဘက်က ကတိကဝတ်များကို မလိုက်နာသောကြောင့်
နိုင်ငံတကာသတင်း ပြင်သစ် လက်ဘနွမ် အရှေ့အလယ်ပိုင်း

လက်ဘနွန်တွင် ပြင်သစ်စစ်သည်တစ်ဦး သေဆုံးကြောင်း မက်ခရွန် ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 18 ရက်
  • 29 Views
BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ ၁၈ရက် လက်ဘနွန်နိုင်ငံတွင် နိုင်ငံတကာ ငြိမ်းချမ်းရေးထိန်းသိမ်းမှု မစ်ရှင်၌ ပါဝင်ဆောင်ရွက်နေသော ပြင်သစ်စစ်သည်တစ်ဦးသည် ယနေ့နံနက်ပိုင်းက နိုင်ငံတောင်ပိုင်းတွင် သေဆုံးသွားခဲ့ကြောင်း သမ္မတ မက်ခရွန်က X တွင် ပို့စ်တင်ခဲ့သည်။ လက်ဘနွန်ရှိ ကုလသမဂ္ဂ
နိုင်ငံတကာသတင်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

နာမည်ကြီး ရုရှားလူမှုရေးအလှအပဘလော့ဂါများ ပူတင်၏မူဝါဒများအပေါ် ဒေါသတကြီးဖြင့် ရှားရှားပါးပါး လူသိရှင်ကြား ဝေဖန်တိုက်ခိုက်

  • 2026 ခုနှစ်၊ ဧပြီလ 18 ရက်
  • 23 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၈ ရက် “ဗလာဒီမာ ဗလာဒီမာရိုဗစ်ချ်၊ လူတွေက ရှင့်ကို ကြောက်နေကြတယ်” — ဤစကားများသည် မိတ်ကပ်လိမ်းခြယ်နည်းနှင့် လူမှုဘဝပုံစံ (lifestyle) အကြောင်းအရာများကြောင့် လူသိများသည့် ရုရှားအလှမယ်ဘလော့ဂါ