နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 31 ရက်

မြန်မာသတင်း

မြန်မာသတင်း

ပင်လုံသဘောတူညီမှုရဲ့ အနှစ်သာရကို ဖျက်ဆီးခဲ့တာ လူမျိုးကြီးဝါဒနဲ့ စစ်အာဏာရှင်ဝါဒလို့ NUG ပြော

ဖေဖော်ဝါရီလ (၁၂)ရက်။

ပင်လုံသဘောတူညီမှုရဲ့ အနှစ်သာရကို ဖျင်ဆီးခဲ့တဲ့ အဓိက ရင်းမြစ်ပြဿနာက လူမျိုးကြီးဝါဒနဲ့ စစ်အာဏာရှင်ဝါဒလို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက (၇၈)ကြိမ်မြောက် ပင်လုံစာချုပ်ချုပ်ဆိုတဲ့နေ့ အခမ်းအနားမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

“ ကျွန်တော်တို့ရဲ့ ပြည်ထောင်စုဖြစ်တည်မှုဟာ လူမျိုးကြီးဝါဒနဲ့ စစ်အာဏာရှင်ဝါဒ ကြီးစိုးတာကြောင့် အနှစ်သာရ ပြည့်ဝတဲ့ ပြည်ထောင်စုကြီးအဖြစ် ပြည့်ပြည့်ဝဝ ပီပီပြင်ပြင် မရောက်ရှိခဲ့တာကို တွေ့ရပါတယ်။ ဒါ့အပြင် နိုင်ငံရေးဝါဒ တိုက်ပွဲတွေနဲ့ အာဏာအကျိုးစီးပွား ပဋိပက္ခတွေကြောင့် ဂိုဏ်းဂဏပြဿနာတွေနဲ့ တရားသေဝါဒ ချောက်ကမ်းပါးထဲကို ထိုးကျခဲ့တာလည်း တွေ့ရပါတယ်” လို့ ဆိုပါတယ်။

အခုအခါ နိုင်ငံဟာ စစ်အာဏာရှင်ဝါဒီတွေရဲ့ အဖျက်အမှောက်တွေထဲမှာ ဝဲလည်လိုက်နေတာကြောင့်လဲ ဗမာလူမျိုးတွေအပါအဝင် ဗမာမဟုတ်တဲ့ လူမျိုးတွေလဲ လွတ်လပ်မှုနဲ့ ကင်းကွာပြီး အထွေထွေဆင်းရဲဒုက္ခကို ကျရောက်နေတယ်လို့ ပြောဆိုထားပါတယ်။

နောက်ပြီး နွေဦးတော်လှန်ရေးထဲ ပင်လုံသဘောတူညီမှုလို ပြည်မနဲ့ တောင်တန်းအကြား တော်လှန်ရေးပဋိညာဉ်တစ်ရပ် ခိုင်ခိုင်မာမာ ပေါ်ပေါက်လာဖို့နဲ့ တိုင်းရင်းသားလူမျိုးစုအားလုံး ပေါင်းစည်းဖွဲ့တည်ထားတဲ့ မဟာမိတ်စစ်ရေး တပ်ပေါင်းစုကြီး ပေါ်ပေါက်ဖို့ မျှော်လင့်ထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဘုံရန်သူကို ထင်ထင်ရှားရှား မြင်တွေ့နေရချိန်မှာ အချင်းချင်း အာရုံမများကြဖို့နဲ့ လိုရင်းကို ရောက်အောင် လုပ်ကြမှသာ လူထုအတွက် လုပ်သင့်လုပ်ထိုက်တဲ့ကိစ္စတွေ အမြန် ပြီးပြတ်နိုင်မှာဖြစ်သလို ဘုံရန်သူကို ချေမှုန်းတဲ့နေရာမှာ ဝေ့ဝိုက်မနေဖို့ ယာယီသမ္မတက သတိပေးထားပါတယ်။

တော်လှန်ရေးအင်အားစုအချင်းချင်းအကြား ပွတ်တိုက်မှုတွေ၊ ထိပ်တိုက်တိုးမှုတွေ မဖြစ်အောင် သတိရှိကြဖို့အပြင် ဖြစ်ပေါ်လာတဲ့ “ ကတောက်ကဆဖြစ်ရပ်” တွေကို လက်နက်နဲ့ မဖြေရှင်းကြဖို့နဲ့ သေနတ်သံမဖောက်ပဲ ဖြေရှင်းကြဖို့ကိုလဲ တိုက်တွန်းထားပါတယ်။

လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ တန်းတူညီမျှခြင်းနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရရှိရေးဆိုတဲ့ မူတွေ စံတန်ဖိုးတွေကို အခြေခိုင်ခိုင်တည်ဆောက်ပြီး အနာဂတ်အတွက် တည်ဆောက်ရေးပဋိညာဉ်တစ်ရပ် ပေါ်ပေါက်လာဖို့ အားလုံးဝိုင်းဝန်းကြိုးစားကြဖို့ ထည့်သွင်းပြောဆိုထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

NUG၊ CRPH၊ KIO၊ KNU၊ CNF၊ Karenni တိုပါဝင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ ဖွဲစည်း

  • 2026 ခုနှစ်၊ မတ်လ 31 ရက်
  • 6 Views
မတ်လ (၃၁)ရက်။ NUG၊ CRPH နဲ့ KIO၊ KNU၊ CNF၊ Karenni တိုပါဝင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ(SCEF)ကို
မြန်မာသတင်း

ပလက်ဝမြို့ လေကြောင်းဗုံးကြဲခံရတဲ့ဖြစ်စဉ်ထဲ ကလေးငယ်တွေအပါအဝင် ပြည်သူ (၇)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 30 ရက်
  • 110 Views
မတ်လ (၃၀)ရက်။ မနေ့က ညနေ (၄)နာရီကျော်အချိန်က ပလက်ဝမြို့ ကြောင်ချောင်းရွာကို စစ်ကော်မရှင်က လေကြောင်းဗုံးကြဲခဲ့တယ်လို့ AA ရဲ့ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

စစ်အုပ်စုခန့် လွှတ်တော်ဥက္ကဋ္ဌအိမ်ဘေးမှာ လူငယ် (၃)ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရိုက်နှက်သတ်ဖြတ်ခဲ့

  • 2026 ခုနှစ်၊ မတ်လ 30 ရက်
  • 23 Views
မတ်လ (၃၀)ရက်။ ဟားခါးမှာ စစ်အုပ်စုခန့် လွှတ်တော်ဥက္ကဋ္ဌသစ် ဦးကောလ်လျန်ထန်းရဲ့ အိမ်ဘေးအနီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လူငယ် (၃)ဦးကို ရိုက်နှက်သတ်ဖြတ်ခဲ့တယ်လို့ CDF-Hakha ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီလူငယ် (၃)ဦးဟာ ဟားခါးမြို့ထဲနေသူတွေဖြစ်ပြီး မတ်လ
မြန်မာသတင်း

၂၀၀၈ခြေ/ဥကို ကာကွယ်စောင့်ရှောက်သွားမယ်ဆိုပြီး တပ်ချုပ်အသစ် ရဲဝင်းဦး ပြော

  • 2026 ခုနှစ်၊ မတ်လ 30 ရက်
  • 21 Views
မတ်လ (၃၀)ရက်။ ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်သွားမယ်ဆိုပြီး တပ်ချုပ်အသစ်ဖြစ်လာတဲ့ ရဲဝင်းဦးက တာဝန်လွှဲပြောင်းတဲ့ အခမ်းအနားမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ဒီလို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ တာဝန်ပေးထားတာကြောင့် အခုတာဝန်တွေကို သစ္စာရှိရှိ ကျေပွန်စွာနဲ့ ဆက်လက်ကြိုးပမ်းသွားမယ်လို့ ဆိုပါတယ်။ မိန့်ခွန်းထဲ
မြန်မာသတင်း

တန့်ဆည်အချုပ်ထောင်မှာ ဆေးကုသခွင့် ပိတ်ပင်ခံရတာကြောင့် နိုင်/ကျဉ်းသူတဦး ကျဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 30 ရက်
  • 18 Views
မတ်လ (၃၀)ရက်။ မတ်လ (၂၇)ရက်နေ့ နံနက် (၅)နာရီခန့်က တန်ဆည်အချုပ်ထောင်မှာ ဆေးကုသခွင့် ပိတ်ပင်ခံရတာကြောင့် နိုင်ငံရေးအကျဉ်းသူတဦး ကျဆုံးခဲ့တယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အချုပ်ခန်းထဲ ဆေးကုသခွင့်မရတာကြောင့် ကျဆုံးခဲ့တဲ့ နိုင်ငံရေးအကျဉ်းသူဟာ
မြန်မာသတင်း

စစ်တပ်ရဲ့ တပ်ချုပ်နဲ့ ဒုတပ်ချုပ် ပြောင်းလဲခန့်အပ်တာတွေပြုလုပ်

  • 2026 ခုနှစ်၊ မတ်လ 30 ရက်
  • 18 Views
ရဲဝင်းဦး တပ်ချုပ်အသစ်အနေနဲ့ ခန့်အပ်ခံရ မတ်လ (၃၀)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်က နေပြည်တော် ဇေယျာသီရိဗိမာန်မှာ စစ်တပ်ရဲ့ တပ်ချုပ်နဲ့ ဒုတပ်ချုပ်နေရာတွေ ပြောင်းလဲခန့်အပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီအခမ်းအနားမှာ တပ်ချုပ်ရာထူးအတွက် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနဲ့ ဒုတပ်ချုပ်ရာထူးအတွက်
မြန်မာသတင်း

ရခိုင်မှာ ချိတ်ပိတ်ထားတဲ့ နေအိမ်အချိုကို AA က ပြန်လွှဲအပ်

  • 2026 ခုနှစ်၊ မတ်လ 29 ရက်
  • 38 Views
ရခိုင်မှာ ချိတ်ပိတ်ထားတဲ့ နေအိမ်အချိုကို AA က ပြန်လွှဲအပ် မတ်လ (၂၈)ရက်။ ရခိုင်ဒေသ မြိုသိမ်းတိုက်ပွဲတွေပြီးနောက် စစ်ကော်မရှင်အပါအဝင် အကြမ်းဖက်အဖွဲတွေနဲ ဆက်စပ်တဲ့ နေအိမ်တွေကို AA က လုပ်ထုံးလုပ်နည်းနဲ့တွေနဲ့အညီ ချိတ်ပိတ်ခဲ့တယ်လို သိရပါတယ်။ အဲ့ဒီလို
မြန်မာသတင်း

CDM သူနာပြုဆရာမကို မုဒိန်းကျင့်သတ်ဖြတ်ခဲ့တဲ့ ပျုစောထီး ပစ်ခတ်ဖမ်းဆီးခံရပြီး သေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 28 ရက်
  • 48 Views
မတ်လ (၂၈)ရက်။ မတ်လ (၂၀)ရက်နေ့ ည (၁၀)နာရီခွဲအချိန်က အုတ်ဖိုမြို အောင်သုခရပ်ကွက်နေ ပျူစောထီး မောင်ဆန်းကို နေအိမ်မှာ သွားရောက်ဖမ်းဆီးခဲ့တယ်လို သာယာဝတီခရိုင်တပ်ရင်း (၃၈၀၂) တပ်ခွဲ(၅)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပျူစောထီး မောင်ဆန်းကို