နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးဓားစာခံများနှင့် ပါလက်စတိုင်းအကျဉ်းသားများ လွှတ်ပေးမှု တနင်္လာနေ့ အစောပိုင်းတွင် စတင်မည်ဟု မျှော်လင့်ရ

CNN-၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၁၃ရက်

အစ္စရေးဝန်ကြီးချုပ်ရုံးမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ဂါဇာတွင် ဖမ်းဆီးထားသော ဓားစာခံများနှင့် ပါလက်စတိုင်း အကျဉ်းသား၊ အဖမ်းခံထားရသူများကို နောက်ဆုံးလဲလှယ်မှုအား တနင်္လာနေ့ အစောပိုင်းတွင် စတင်မည်ဟု အစ္စရေးက မျှော်လင့်ထားသည်။

တစ်ချိန်တည်းမှာပင်၊ ပါလက်စတိုင်းလူမျိုး အများအပြားသည် အောက်ဖော်ပြပါ ရိုက်တာသတင်းဗီဒီယိုတွင် မြင်တွေ့ရသည့်အတိုင်း ဂါဇာမြို့တွင်းရှိ ဖျက်ဆီးခံထားရသော မြင်ကွင်းများသို့ ပြန်လည်ရောက်ရှိနေကြသည်။

မနက်အစောပိုင်း လွှတ်ပေးမှု- ဂါဇာတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် အသက်ရှင်လျက် ရှိသော ဓားစာခံ ၂၀ ဦးကို တနင်္လာနေ့ မနက်အစောပိုင်းတွင် တစ်ချိန်တည်း လွှတ်ပေးမည် ဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ်ရုံးမှ ပြောရေးဆိုခွင့်ရှိသူ ရှော့စ် ဘက်ဒရိုစီရင်(Shosh Bedrosian) က ပြောကြားသည်။ ၎င်းတို့ကို အစ္စရေးသို့ မောင်းနှင်ပို့ဆောင်ပေးခြင်းမပြုမီ ကြက်ခြေနီအဖွဲ့၏ လက်ထဲသို့ အရင်ဆုံး လွှဲပြောင်းပေးအပ်မည်ဖြစ်သည်။

အကျဉ်းသား လွှတ်ပေးမှု- ဓားစာခံများ အစ္စရေးသို့ ပြန်လည်ဝင်ရောက်ပြီးသည်နှင့် တစ်ပြိုင်နက် လွှတ်ပေးရန် စီစဉ်ထားသည့် ထိမ်းသိမ်းခံပါလက်စတိုင်း အကျဉ်းသားနှင့် အဖမ်းခံထားရသူ ရာပေါင်းများစွာကို ဂါဇာသို့ မောင်းနှင်ပို့ဆောင်ပေးမည်ဟု ဘက်ဒရိုစီရင် က ဆိုသည်။ ဓားစာခံများကို လွှတ်ပေးကြောင်း အတည်ပြုချက်ကို စောင့်ဆိုင်းရင်း ၎င်းတို့ကို အဆိုပါဒေသထဲသို့ ခေါ်ဆောင်မည့် ဘတ်စ်ကားများပေါ်တွင် ကြိုတင်တင်ထားမည်ဟုလည်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

ထရန့် အရှေ့အလယ်ပိုင်းသို့ ခရီးသွားခြင်း- အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရန့်သည် ယနေ့ အရှေ့အလယ်ပိုင်းသို့ ခရီးထွက်ရန် စီစဉ်ထားပြီး တနင်္လာနေ့တွင် အစ္စရေးပါလီမန်၌ မိန့်ခွန်း ပြောကြားမည်ဖြစ်သည်။ ထို့အပြင် ထရန့်သည် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နက်တန် ယာဟု နှင့် အစ္စရေးဓားစာခံများ၏ မိသားစုများနှင့်လည်း တွေ့ဆုံရန် မျှော်လင့် ရသည်။

အီဂျစ်တွင် ဂါဇာထိပ်သီးအစည်းအဝေး- အစ္စရေးမှအပြီးတွင် ထရန့်သည် အိမ်နီးချင်း အီဂျစ်သို့ ခရီးဆက်လက်ထွက်ခွာမည်ဖြစ်ပြီး ၎င်းနေရာ၌ နိုင်ငံပေါင်း ၂၀ ကျော်မှ ခေါင်းဆောင်များနှင့်အတူ ဂါဇာအရေး ထိပ်သီးအစည်းအဝေးကို ကျင်းပပြုလုပ်မည် ဖြစ်သည်။

ဂါဇာအတွင်း အခြေအနေ- ၎င်းဒေသရှိ ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာန၏ အဆိုအရ လွန်ခဲ့သည့် ၂၄ နာရီအတွင်း ပါလက်စတိုင်း ၁၁၇ ဦး၏ ရုပ်အလောင်းများကို ပြန်လည်တွေ့ရှိ ခဲ့ပြီး အခြား ၇ ဦးမှာလည်း ထိုကာလအတွင်း သေဆုံးခဲ့သည်။ ယင်းသည် ၎င်းဒေသ၏ ကျန်းမာရေးဝန်ကြီးဌာန၏ အဆိုအရ လွန်ခဲ့သည့် နှစ်နှစ်တာ စစ်ပွဲအတွင်း ဂါဇာတွင် လူပေါင်း ၆၇,၈၀၆ ဦး အနည်းဆုံး သေဆုံးခဲ့ပြီး ၁၇၀,၀၆၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဆိုလိုသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

တရုတ် နိုင်ငံတကာသတင်း ဗြိတိန်

တရုတ်ခေါင်းဆောင်နှင့်ဗြိတိန်ခေါင်းဆောင်နှစ်ဦးကြားတွေ့ဆုံမှု။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 19 Views
ခေတ်မျက်လုံး- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာ (Keir Starmer) ၏
နိုင်ငံတကာသတင်း

ယနေ့ (၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်) အတွက် မြန်မာနိုင်ငံနှင့် ကမ္ဘာတစ်ဝှမ်းတွင် လူဖတ်အများဆုံးနှင့် စိတ်ဝင်စားမှုအခံရဆုံး သတင်းများကို အောက်တွင် ဖော်ပြပေး လိုက်ပါသည်။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 24 Views
ခေတ်မျက်လုံး- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် မြန်မာနိုင်ငံနှင့် ဆက်နွှယ်သော ထိပ်တန်းသတင်းများ မြီမိသားစုဝင် ၁၁ ဦးကို တရုတ်က ကွပ်မျက်ခြင်း။ ကိုးကန့်ဒေသတွင် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) အင်ပါယာ တည်ထောင်ခဲ့သည့် မြီရှောက်ချန်း
တရုတ် နိုင်ငံတကာသတင်း

မြန်မာနိုင်ငံအတွင်း ဘီလီယံနှင့်ချီသော ရာဇဝတ်အင်ပါယာကို တည်ထောင်ခဲ့သည့် ဂိုဏ်းဝင် ၁၁ ဦးကို တရုတ်နိုင်ငံက ကွပ်မျက်လိုက်ခြင်း

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 19 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် မြန်မာနိုင်ငံအတွင်း မိသားစုလိုက် ရာဇဝတ်အင်ပါယာကို တည်ထောင်ခဲ့ပြီး ထွက်ပြေးရန် ကြိုးပမ်းသည့် အလုပ်သမားများကို သတ်ဖြတ်ခဲ့သည့် လူ ၁၁ ဦးအား တရုတ်တရားရုံး တစ်ခုက သေဒဏ်ချမှတ်ခဲ့ကြောင်း၊
ဂျပန် တရုတ် နိုင်ငံတကာသတင်း

တရုတ်-ဂျပန် ဆက်ဆံရေး တင်းမာနေစဉ်အတွင်း နောက်ဆုံးကျန်ရှိသည့် ပန်ဒါများကို ဂျပန်ပရိသတ်များ နှုတ်ဆက်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 25 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၂၈ရက် တိုကျို — ဂျပန်နိုင်ငံတွင် နောက်ဆုံးကျန်ရှိသည့် ပန်ဒါနှစ်ကောင်ကို တရုတ်နိုင်ငံသို့ ပြန်လည် မပို့ဆောင်မီ တနင်္ဂနွေနေ့တွင် ဂျပန်ပရိသတ်များက သွားရောက်နှုတ်ဆက်ခဲ့ကြသည်။ ဤဖြစ်ရပ်သည် နှစ်နိုင်ငံကြား ဆက်ဆံရေး တင်းမာနေမှုကို ထင်ဟပ်ဖော်ပြနေသည်။
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း အီရတ် အီရန်

ဆယ်စုနှစ်များစွာ အီရန်အစိုးရကို တိုက်ခိုက်ခဲ့ပြီးနောက် ကာ့ဒ်များအတွက် အောင်ပွဲသည် ပိုမိုနီးကပ်လာသည်ဟု ရှုမြင်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 25 Views
CNN -၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၈ ရက် အီရတ်နိုင်ငံ အရှေ့မြောက်ပိုင်း — အဖြူအမည်းရောင် ခေါင်းပေါင်း (ကပ်ဖီယာ) ပတ်ထားသည့် လူငယ်တစ်ဦးသည် သူ၏ AK-47 ရိုင်ဖယ်ကို တစ်စစီဖြုတ်ကာ ကျောက်ဆောင်ထူထပ်သည့် မြေပြင်ပေါ်တွင်
နိုင်ငံတကာသတင်း ဗြိတိန် အမေရိကန် အီတလီ

အာဖဂန်နစ္စတန်ရှိ နေတိုး (NATO) ၏ အခန်းကဏ္ဍကို လျှော့ချပြောဆိုမှုကြောင့် လူထုဒေါသထွက်ပေါ်ခဲ့ပြီးနောက် ဗြိတိန်တပ်ဖွဲ့ဝင်များကို ထရမ့် ချီးကျူးစကားဆို

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 27 Views
CNN- ဇန်နဝါရီ ၂၅၊ ၂၀၂၆ ဝါရှင်တန် ဒီစီ နှင့် လန်ဒန်မြို့ — အာဖဂန်နစ္စတန်တွင် နေတိုးတပ်ဖွဲ့ဝင်များ၏ ပေးဆပ်မှု များကို လျှော့ချပြောဆိုခဲ့သည့် ၎င်း၏ မှတ်ချက်များအပေါ် လူထုဒေါသ အပြင်းအထန် ထွက်ပေါ်ခဲ့ပြီးနောက်၊ အမေရိကန်သမ္မတ
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း အီရတ်

အီရတ်ဝန်ကြီးချုပ်အဖြစ် နူရီ အယ်လ်-မာလီကီ တစ်ကျော့ပြန်လာမည့်အပေါ် ထရမ့် သတိပေး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 30 Views
CNN-၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၂၈ရက် အီရတ်ဝန်ကြီးချုပ်အဖြစ် နူရီ အယ်လ်-မာလီကီ (Nouri al-Maliki) ကို ပြန်လည် ခန့်အပ်မည့် အရေးနှင့် ပတ်သက်၍ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရတ်နိုင်ငံကို သတိပေး လိုက်ပြီး၊ ၎င်း၏ ယခင်ခေါင်းဆောင်မှုအောက်တွင်