နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 12 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ပါလက်စတိုင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး အရှေ့အလယ်ပိုင်း

ဂါဇာရှိလူ များသည် ‘မိမိတို့နိုင်ငံကို ပြန်လည်တည်ဆောက်ရန်’ အကူအညီ လိုအပ်နေသည်ဟု ကျွမ်းကျင်သူများက ဆိုသည်။

၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၁၄ရက်

ဂါဇာဒေသခံများသည် ၎င်းတို့၏ နေအိမ်များသို့ ပြန်လည်စတင်နေကြချိန်တွင်၊ အစ္စရေး၏ နှစ်နှစ်ကြာ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ပျက်စီးသွားသော ဂါဇာကမ်းမြောင်ဒေသကို ပြန်လည်တည်ဆောက်ရေး စိန်ခေါ်မှုများနှင့်ပတ်သက်၍ ကျွမ်းကျင်သူများ၏ အမြင်များကို ဘီဘီစီက နားထောင်ခဲ့ပါသည်။

ကိုရီ ရှမ်း (Corey Scherm) သည် အော်ရီဂွန်(Oregon) ပြည်နယ်တက္ကသိုလ်ရှိ ပဋိပက္ခ ဂေဟဗေဒ သုတေသနဌာန( conflict ecology lab ) တွင် အလုပ်လုပ်ကိုင်သူဖြစ်သည်။ ၎င်းက BBC Radio 4 ၏ World at One အစီအစဉ်သို့ ပြောကြားရာတွင် ဥရောပ အာကာသအေဂျင်စီ (European Space Agency) မှရရှိသော အချက်အလက် စစ်ဆေးမှုများအရ ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့အထိ အဆောက်အအုံ ၁၉၉,၀၀၀ နီးပါး သည် “ ပျက်စီးသွားခြင်း သို့မဟုတ် ဖျက်ဆီးခံရခြင်းဖြစ်နိုင်သည်” ဟု ပြသနေကြောင်း ပြောသည်။

ယင်းသည် ဂါဇာတစ်ဝန်းရှိ အဆောက်အအုံများ၏ ၆၀.၂% နှင့် ညီမျှသည်ဟု ၎င်းက ဆိုသည်။

(ယနေ့ နံနက်ပိုင်းတွင် ဂါဇါရှိ ပြန်လည်တည်ဆောက်ရေး လိုအပ်ချက်များကို လက်ရှိ အကဲဖြတ်နေသော ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် – (United Nations Development Programme)က ထိုဒေသရှိ အဆောက်အအုံအားလုံး၏ ၈၀% ကျော် ဖျက်ဆီးခံရခြင်း သို့မဟုတ် ပျက်စီးသွားခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

တစ်ချိန်တည်းမှာပင်၊ မြို့ပြ ပြန်လည်တည်ဆောက်ရေး ကျွမ်းကျင်သူ ဖိလစ် ဘိုဗရတ် (Philip Bouverat) က ဤအတိုင်းအတာ ပျက်စီးမှုအတွက်ရန်ပုံငွေ ဒေါ်လာ ဘီလျံ ၅၀ ခန့် လိုအပ်မည်ဖြစ်ကြောင်း အစီအစဉ်သို့ ပြောကြားခဲ့ပြီး ဤငွေများကို ဂါဇာဒေသခံများသည် “ ၎င်းတို့၏ နိုင်ငံကို ပြန်လည်တည်ဆောက်ခြင်းတွင် တစ်စိတ်တစ်ပိုင်း ဖြစ်လာစေရန်နှင့် ပိုင်ဆိုင်မှုရှိစေရန်” အကူအညီပေးသည့်ဘက်သို့ ပို့ဆောင်ပေးသင့်ကြောင်း ပြောကြားခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းစစ်ပွဲနှင့် လူသားတို့၏ ခံစားချက် – ကခုန်ခြင်းသည် ခုခံမှုတစ်ရပ်

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 7 Views
၂၀၂၆ခုနှစ်၊ မတ်လ ၁၂ရက် ယူကရိန်းနိုင်ငံတွင် ၄ နှစ်ကြာ ကြမ်းတမ်းသော စစ်ပွဲဒဏ်ကို ခံစားနေရသော်လည်း၊ လူငယ်များ အတွက် ကခုန်ခြင်း
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

စစ်ပွဲသည် ပင်လယ်ပြင်သို့ ကူးစက်လာသည်နှင့်အမျှ လောင်စာဆီသိုလှောင်ကန်များနှင့် ရေနံတင်သင်္ဘောများ ပစ်မှတ်ထားခံနေရ –

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 15 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက် လက်ရှိအခြေအနေများ အမေရိကန်-အစ္စရေးတို့နှင့် အီရန်တို့အကြား ဖြစ်ပွားနေသော စစ်ပွဲသည် ပင်လယ်ပြင်သို့ ကူးစက်ပျံ့နှံ့လာနေပြီဖြစ်သည်။ အီရန်၏ တိုက်ခိုက်မှုများကြောင့် ရေနံတင်သင်္ဘောများ ထိမှန်ခြင်း၊ အိုမန်ဆိပ်ကမ်းတစ်ခု မီးလောင်ကျွမ်းခြင်းနှင့်
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အီရန် ထိပ်တန်းလုံခြုံရေးအရာရှိက ထရမ့်အား သတိပေး – “ ခင်ဗျားကိုယ်တိုင် အရှင်းလင်းမခံရအောင် သတိထားပါ”

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 10 Views
၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) မှတစ်ဆင့် ရေနံတင်ပို့မှုများကို မပိတ်ပင်ရန် သမ္မတထရမ့်က အီရန်အား သတိပေးခဲ့ပြီးနောက်၊ အီရန်အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူးက အင်္ဂါနေ့တွင် သမ္မတထရမ့်အား ပြန်လည်ခြိမ်းခြောက်ပြောဆိုခဲ့သည်။
နိုင်ငံတကာသတင်း ယူကရိန်း အမေရိကန် အီရန်

မိမိကိုယ်တိုင် အရှက်ခွဲခဲ့ဖူးသည့် ကမ္ဘာ့ခေါင်းဆောင်ထံသို့ ထရမ့် မှ အောက်ကျ နောက်ကျ အကူအညီတောင်းခံရန် ပြန်သွားရပြီ

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 14 Views
AFPသတင်း- ၂၀၂၆ ခုနှစ်၊ မတ်လ ၁၀ ရက် ဒေါ်နယ်ထရမ့်သည် ဗိုလိုဒီမာ ဇလန်းစကီး၏ အီရန်ဒရုန်းများကို တန်ပြန်တိုက်ခိုက်ရေး ကူညီပေးမည့် ကမ်းလှမ်းချက်ကို ပယ်ချခဲ့ပြီးနောက်၊ ယခုအခါ အဆိုပါအကူအညီကိုပင် ပြန်လည်တောင်းခံခဲ့ရသဖြင့် အကျပ်ရိုက်စရာကောင်းသော အခြေအနေတစ်ခုသို့ ရောက်ရှိ
ကမ္ဘောဒီးယား နိုင်ငံတကာသတင်း

“ ဒီလူက ကျွန်မပါ၊ အရမ်းလှတယ်” – ကမ္ဘောဒီးယား ဆိုင်ဘာလိမ်လည်မှု လုပ်ငန်းခွင်အတွင်းပိုင်း

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 18 Views
AFP -၂၀၂၆ခုနှစ်၊မတ်လ (၁၁)ရက် ဖနွမ်းပင် (AFP) – ဘာသာစကားမျိုးစုံဖြင့် ရေးသားထားသော ဇာတ်ညွှန်းများ၊ အမျိုးသမီး ငယ်လေးများ၏ ဓာတ်ပုံများနှင့် အိမ်သာတက်ချိန်ကိုပင် ကန့်သတ်ထားသည့် စည်းကမ်း ချက်များအကြောင်းကို ဗုဒ္ဓဟူးနေ့က ဖမ်းဆီးရမိခဲ့သော ကမ္ဘောဒီးယား ဆိုင်ဘာလိမ်လည်မှု
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

“ မည်သည့်စနစ်ကမျှ မဖြေရှင်းနိုင်ပါ” – လက်ဘနွန်ရှိ ခိုလှုံရေးစခန်းများတွင် နေရပ်စွန့်ခွာသူများ ပြည့်လျှံနေကြောင်း ကူညီကယ်ဆယ်ရေးဝန်ထမ်း ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 11 ရက်
  • 22 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၁၁ရက် အရှေ့အလယ်ပိုင်း ပဋိပက္ခအတွင်း လက်ဘနွန်နိုင်ငံတွင် ဖြစ်ပေါ်နေသော လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းသည် လူပေါင်းသိန်းချီ၍ နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး ဘေးကင်းရာသို့ ရှာဖွေနေရသဖြင့် အလွန်ဆိုးရွားသော အခြေအနေသို့ ရောက်ရှိနေကြောင်း နယ်စည်းမထား
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြားတွင် ယနေ့ သင်္ဘော ၂ စီးကို အီရန် တိုက်ခိုက်ခဲ့ကြောင်း IRGC ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 11 ရက်
  • 24 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၁ ရက် ဟော်မုဇ် ရေလက်ကြားရှိ သင်္ဘောနှစ်စင်းကို အီရန်က ယနေ့ တိုက်ခိုက်ခဲ့ကြောင်း အီရန်နိုင်ငံ၏ တစ်ပိုင်းတစ်စ အစိုးရပိုင် Fars သတင်းဌာန၏ ဖော်ပြချက်အရ အစ္စလာမ္မစ်