နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 31 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန် ဥရောပ

ပူတင်နဲ့ သူ မတွေ့ဆုံမချင်း ယူကရိန်းမှာ ဘာမှ ဖြစ်လာမှာမဟုတ်ဘူးလို့ ထရန့်ကပြော

မေလ (၁၅) ရက်။

ရုရှားနဲ့ ယူကရိန်းကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ ရုရှားသမ္မတဗလာဒီမာပူတင်နဲ့ သူနဲ့ မတွေ့ဆုံမချင်း ဘာမှ ဖြစ်မလာဘူးလို့ သမ္မတ ဒေါ်နယ်ထရန့်က သတင်းထောက်တွေကို ပြောလိုက်ပါတယ်။

“ ပူတင်နဲ့ ကျွန်တော် မတွေ့မချင်း ဘာမှ ဖြစ်လာမှာမဟုတ်ဘူး သဘောပေါက်လား။ သူက သွားမှာ မဟုတ်ဘူး။ ကျွန်တော် သွားမယ်ထင်လို့ သူလည်း လာမယ်။ ကျွန်တော် မသွားရင် သူလည်း မသွားဘူး။ ခင်ဗျား ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ သူနဲ့ ကျွန်တော် မျက်နှာချင်းဆိုင် မတွေ့မချင်း မချင်း ဘာမှဖြစ်လာမှာ မဟုတ်ဘူး။ ဒါပေမယ့် ကျွန်တော်တို့က ဒီကိစ္စကို ပြေလည်အောင်လုပ်ရတော့မယ်။ ဘာကြောင့်လဲဆို‌တော့ လူတွေ အတော်များများ သေနေကြရတယ်” ဟု ထရန့်က Air Force One ထဲရှိ က သတင်းထောက်များကို အာရပ်စော်ဘွားများ ပြည်ထောင်စု၊ အာဘူဒါဘီလေဆိပ်သို့ ဆင်းသက်ခဲ့သည့်အချိန်တွင် ပြောကြားခဲ့သည်။။

“ ယူကရိန်းနဲ့ အဆင့်မြင့်ဆွေးနွေးပွဲအတွက် ကြာသပတေးနေ့က စေလွှတ်လိုက်တဲ့ ရုရှားကိုယ်စားလှယ်အဖွဲ့တွင် ပူတင် မပါဝင်တဲ့အတွက် သူက စိတ်မပျက်မိကြောင်း” ထရန့်က ထပ်လောင်းပြောကြားခဲ့ပါသည်။

“ ကျွန်တော်စိတ်မပျက်ပါဘူး။ ဘာကြောင့်စိတ်ပျက်ရမှာလဲ၊ ကျွန်တော်တို့က ဒေါ်လာ ၄ ထရီလီယံကိုအခုပဲ ရလိုက်တာ၊ ကိုယ်စားလှယ်အဖွဲ့အတွက် ခင်ဗျား စိတ်ပျက်နေရမှာလား။ ကိုယ်စားလှယ်အဖွဲ့အကြောင်း ကျွန်တော် ဘာမှ မသိရသေးဘူး၊ မစစ်ဆေးရသေးဘူး” ဟု ထရန့်က ဆိုသည်။

ယူကရိန်းသမ္မတ ဗလိုဒီမာဇလန်းစကီးက ရုရှားသမ္မတပူတင်မှလွဲ၍ တူရကီရှိ မည်သည့် ရုရှားကိုယ်စားလှယ်များနှင့်မျှ တွေ့ဆုံမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။ ကြာသပတေးနေ့တွင် ပေါ်လာသော ကိုယ်စားလှယ်အဖွဲ့အား “အလိမ်အညာ” ဟု ခေါ်သည်။

ထိပ်တန်းတာဝန်ရှိသူများက တူရကီသို့ ထရန့်အနေနှင့်ခရီးထွက်ရန် အစီအစဉ်မရှိကြောင်း ပြောကြားထားပြီးနောက်တွင်ပင် တူရကီနိုင်ငံသို့ ခရီးစဉ်သည် စားပွဲပေါ်တွင် ဆက်လက်ရှိ နေနိုင်ကြောင်း ထရန့် က ကြာသပတေးနေ့အစောပိုင်းတွင် ပြောကြားခဲ့သည်။

“ တစ်ခုခုဖြစ်လာခဲ့ရင် အဆင်ပြေ လိုအပ်ရင် သောကြာနေ့မှာ ငါသွားမှာပါ” ဟု ဒိုဟာတွင် စီးပွားရေးဆိုင်ရာ စားပွဲဝိုင်းတစ်ခုအတွင်း ထရန့်က ပြောကြားခဲ့သည်။

ထရန့်သည် ၎င်း၏ သမတရာထူးသက်တမ်းယူသည့် ပထမဆုံးနေ့တွင် ယူကရိန်းတွင် ရုရှား၏စစ်ပွဲကို အဆုံးသတ်မည်ဟု ကတိပြုခဲ့ပြီး၊ လက်တွေ့တွင် ထိုပြဿနာသည် ဖြေရှင်းရန်ခက်ခဲကြောင်း သက်သေပြခဲ့သည်။ ထိုအချိန်မှစ၍ သူသည် ချဲ့ကားပြောဆိုခဲ့ကြောင်း ဝန်ခံခဲ့ရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

ထရန့်အစိုးရလက်ထက်မှာ လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေးအဖွဲ့ (ICE) နဲ့ ပြည်ထဲရေးလုံခြုံရေးဝန်ကြီးဌာန (DHS)တို့ရဲ့အကြမ်းဖက်ကိုင်တွယ်မှုကြောင့် အမေရိကန် ပြည်သူများနဲ့ အာဏာရရီပတ်ပလီကင်အမတ်အချို့ရဲ့ဆန့်ကျင်မှုကိုရင်ဆိုင်နေရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်
  • 22 Views
ခေတ်မျက်လုံးမှ စုစည်းတင်ပြချက်- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၃၀ရက် ၂၀၂၆ ခုနှစ်အစောပိုင်းကာလမှာ လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေးအဖွဲ့ (ICE) နဲ့ ပြည်ထဲရေးလုံခြုံရေးဝန်ကြီးဌာန
တရုတ် နိုင်ငံတကာသတင်း ဗြိတိန်

တရုတ်ခေါင်းဆောင်နှင့်ဗြိတိန်ခေါင်းဆောင်နှစ်ဦးကြားတွေ့ဆုံမှု။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 23 Views
ခေတ်မျက်လုံး- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာ (Keir Starmer) ၏ တရုတ်နိုင်ငံ ခရီးစဉ်အတွင်း ရရှိခဲ့သော ကုန်သွယ်ရေးနှင့် စီးပွားရေးဆိုင်ရာ သဘောတူညီချက် အသေးစိတ်များမှာ အောက်ပါအတိုင်း
နိုင်ငံတကာသတင်း

ယနေ့ (၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်) အတွက် မြန်မာနိုင်ငံနှင့် ကမ္ဘာတစ်ဝှမ်းတွင် လူဖတ်အများဆုံးနှင့် စိတ်ဝင်စားမှုအခံရဆုံး သတင်းများကို အောက်တွင် ဖော်ပြပေး လိုက်ပါသည်။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 27 Views
ခေတ်မျက်လုံး- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် မြန်မာနိုင်ငံနှင့် ဆက်နွှယ်သော ထိပ်တန်းသတင်းများ မြီမိသားစုဝင် ၁၁ ဦးကို တရုတ်က ကွပ်မျက်ခြင်း။ ကိုးကန့်ဒေသတွင် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) အင်ပါယာ တည်ထောင်ခဲ့သည့် မြီရှောက်ချန်း
တရုတ် နိုင်ငံတကာသတင်း

မြန်မာနိုင်ငံအတွင်း ဘီလီယံနှင့်ချီသော ရာဇဝတ်အင်ပါယာကို တည်ထောင်ခဲ့သည့် ဂိုဏ်းဝင် ၁၁ ဦးကို တရုတ်နိုင်ငံက ကွပ်မျက်လိုက်ခြင်း

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 22 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် မြန်မာနိုင်ငံအတွင်း မိသားစုလိုက် ရာဇဝတ်အင်ပါယာကို တည်ထောင်ခဲ့ပြီး ထွက်ပြေးရန် ကြိုးပမ်းသည့် အလုပ်သမားများကို သတ်ဖြတ်ခဲ့သည့် လူ ၁၁ ဦးအား တရုတ်တရားရုံး တစ်ခုက သေဒဏ်ချမှတ်ခဲ့ကြောင်း၊
ဂျပန် တရုတ် နိုင်ငံတကာသတင်း

တရုတ်-ဂျပန် ဆက်ဆံရေး တင်းမာနေစဉ်အတွင်း နောက်ဆုံးကျန်ရှိသည့် ပန်ဒါများကို ဂျပန်ပရိသတ်များ နှုတ်ဆက်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 30 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၂၈ရက် တိုကျို — ဂျပန်နိုင်ငံတွင် နောက်ဆုံးကျန်ရှိသည့် ပန်ဒါနှစ်ကောင်ကို တရုတ်နိုင်ငံသို့ ပြန်လည် မပို့ဆောင်မီ တနင်္ဂနွေနေ့တွင် ဂျပန်ပရိသတ်များက သွားရောက်နှုတ်ဆက်ခဲ့ကြသည်။ ဤဖြစ်ရပ်သည် နှစ်နိုင်ငံကြား ဆက်ဆံရေး တင်းမာနေမှုကို ထင်ဟပ်ဖော်ပြနေသည်။
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း အီရတ် အီရန်

ဆယ်စုနှစ်များစွာ အီရန်အစိုးရကို တိုက်ခိုက်ခဲ့ပြီးနောက် ကာ့ဒ်များအတွက် အောင်ပွဲသည် ပိုမိုနီးကပ်လာသည်ဟု ရှုမြင်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 32 Views
CNN -၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၈ ရက် အီရတ်နိုင်ငံ အရှေ့မြောက်ပိုင်း — အဖြူအမည်းရောင် ခေါင်းပေါင်း (ကပ်ဖီယာ) ပတ်ထားသည့် လူငယ်တစ်ဦးသည် သူ၏ AK-47 ရိုင်ဖယ်ကို တစ်စစီဖြုတ်ကာ ကျောက်ဆောင်ထူထပ်သည့် မြေပြင်ပေါ်တွင်
နိုင်ငံတကာသတင်း ဗြိတိန် အမေရိကန် အီတလီ

အာဖဂန်နစ္စတန်ရှိ နေတိုး (NATO) ၏ အခန်းကဏ္ဍကို လျှော့ချပြောဆိုမှုကြောင့် လူထုဒေါသထွက်ပေါ်ခဲ့ပြီးနောက် ဗြိတိန်တပ်ဖွဲ့ဝင်များကို ထရမ့် ချီးကျူးစကားဆို

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 35 Views
CNN- ဇန်နဝါရီ ၂၅၊ ၂၀၂၆ ဝါရှင်တန် ဒီစီ နှင့် လန်ဒန်မြို့ — အာဖဂန်နစ္စတန်တွင် နေတိုးတပ်ဖွဲ့ဝင်များ၏ ပေးဆပ်မှု များကို လျှော့ချပြောဆိုခဲ့သည့် ၎င်း၏ မှတ်ချက်များအပေါ် လူထုဒေါသ အပြင်းအထန် ထွက်ပေါ်ခဲ့ပြီးနောက်၊ အမေရိကန်သမ္မတ