နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 23 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန် ဥရောပ

ပူတင်နဲ့ သူ မတွေ့ဆုံမချင်း ယူကရိန်းမှာ ဘာမှ ဖြစ်လာမှာမဟုတ်ဘူးလို့ ထရန့်ကပြော

မေလ (၁၅) ရက်။

ရုရှားနဲ့ ယူကရိန်းကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ ရုရှားသမ္မတဗလာဒီမာပူတင်နဲ့ သူနဲ့ မတွေ့ဆုံမချင်း ဘာမှ ဖြစ်မလာဘူးလို့ သမ္မတ ဒေါ်နယ်ထရန့်က သတင်းထောက်တွေကို ပြောလိုက်ပါတယ်။

“ပူတင်နဲ့ ကျွန်တော် မတွေ့မချင်း ဘာမှ ဖြစ်လာမှာမဟုတ်ဘူး သဘောပေါက်လား။ သူက သွားမှာ မဟုတ်ဘူး။ ကျွန်တော် သွားမယ်ထင်လို့ သူလည်း လာမယ်။ ကျွန်တော် မသွားရင် သူလည်း မသွားဘူး။ ခင်ဗျား ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ သူနဲ့ ကျွန်တော် မျက်နှာချင်းဆိုင် မတွေ့မချင်း မချင်း ဘာမှဖြစ်လာမှာ မဟုတ်ဘူး။ ဒါပေမယ့် ကျွန်တော်တို့က ဒီကိစ္စကို ပြေလည်အောင်လုပ်ရတော့မယ်။ ဘာကြောင့်လဲဆို‌တော့ လူတွေ အတော်များများ သေနေကြရတယ်” ဟု ထရန့်က Air Force One ထဲရှိ က သတင်းထောက်များကို အာရပ်စော်ဘွားများ ပြည်ထောင်စု၊ အာဘူဒါဘီလေဆိပ်သို့ ဆင်းသက်ခဲ့သည့်အချိန်တွင် ပြောကြားခဲ့သည်။။

“ယူကရိန်းနဲ့ အဆင့်မြင့်ဆွေးနွေးပွဲအတွက် ကြာသပတေးနေ့က စေလွှတ်လိုက်တဲ့ ရုရှားကိုယ်စားလှယ်အဖွဲ့တွင် ပူတင် မပါဝင်တဲ့အတွက် သူက စိတ်မပျက်မိကြောင်း” ထရန့်က ထပ်လောင်းပြောကြားခဲ့ပါသည်။

“ကျွန်တော်စိတ်မပျက်ပါဘူး။ ဘာကြောင့်စိတ်ပျက်ရမှာလဲ၊ ကျွန်တော်တို့က ဒေါ်လာ ၄ ထရီလီယံကိုအခုပဲ ရလိုက်တာ၊ ကိုယ်စားလှယ်အဖွဲ့အတွက် ခင်ဗျား စိတ်ပျက်နေရမှာလား။ ကိုယ်စားလှယ်အဖွဲ့အကြောင်း ကျွန်တော် ဘာမှ မသိရသေးဘူး၊ မစစ်ဆေးရသေးဘူး”ဟု ထရန့်က ဆိုသည်။

ယူကရိန်းသမ္မတ ဗလိုဒီမာဇလန်းစကီးက ရုရှားသမ္မတပူတင်မှလွဲ၍ တူရကီရှိ မည်သည့် ရုရှားကိုယ်စားလှယ်များနှင့်မျှ တွေ့ဆုံမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။ ကြာသပတေးနေ့တွင် ပေါ်လာသော ကိုယ်စားလှယ်အဖွဲ့အား “အလိမ်အညာ” ဟု ခေါ်သည်။

ထိပ်တန်းတာဝန်ရှိသူများက တူရကီသို့ ထရန့်အနေနှင့်ခရီးထွက်ရန် အစီအစဉ်မရှိကြောင်း ပြောကြားထားပြီးနောက်တွင်ပင် တူရကီနိုင်ငံသို့ ခရီးစဉ်သည် စားပွဲပေါ်တွင် ဆက်လက်ရှိ နေနိုင်ကြောင်း ထရန့် က ကြာသပတေးနေ့အစောပိုင်းတွင် ပြောကြားခဲ့သည်။

“တစ်ခုခုဖြစ်လာခဲ့ရင် အဆင်ပြေ လိုအပ်ရင် သောကြာနေ့မှာ ငါသွားမှာပါ” ဟု ဒိုဟာတွင် စီးပွားရေးဆိုင်ရာ စားပွဲဝိုင်းတစ်ခုအတွင်း ထရန့်က ပြောကြားခဲ့သည်။

ထရန့်သည် ၎င်း၏ သမတရာထူးသက်တမ်းယူသည့် ပထမဆုံးနေ့တွင် ယူကရိန်းတွင် ရုရှား၏စစ်ပွဲကို အဆုံးသတ်မည်ဟု ကတိပြုခဲ့ပြီး၊ လက်တွေ့တွင် ထိုပြဿနာသည် ဖြေရှင်းရန်ခက်ခဲကြောင်း သက်သေပြခဲ့သည်။ ထိုအချိန်မှစ၍ သူသည် ချဲ့ကားပြောဆိုခဲ့ကြောင်း ဝန်ခံခဲ့ရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 82 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 93 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 89 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 93 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 89 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 90 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 105 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 94 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက