နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 8 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား အစ္စရေး အမေရိကန် အီရန်

ပူတင်က အီရန်-အစ္စရေး ပဋိပက္ခမှာ ပြေလည်အောင် ညှိနှိုင်းပေးဖို့ သမ္မတ ထရန့်ကို ထပ်မံ ကမ်းလှမ်းထားတယ်လို့ ရုရှား TASS သတင်းမှာ ဖော်ပြ

ဇွန်လ (၁၅) ရက်။

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် စနေနေ့က အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် မိနစ် ၅၀ ကြာ ဖုန်းခေါ်ဆိုမှုအတွင်း အီရန်နှင့် အစ္စရေးကြား ပဋိပက္ခနှင့်အခြားကိစ္စရပ်များကို ဆွေးနွေး ခဲ့ကြောင်း ကရင်မလင် ထိပ်တန်းလက်ထောက် ယူရီ အူရှကော့ဗ် (Yuri Ushakov) က နိုင်ငံပိုင်မီဒီယာ TASS သတင်းသို့ ပြောကြားခဲ့သည်။

ပူတင်က အီရန်အပေါ် အစ္စရေး၏ တိုက်ခိုက်မှုကို ရှုတ်ချခဲ့ပြီး နှစ်နိုင်ငံအကြား ဖျန်ဖြေရန် ကမ်းလှမ်းခဲ့ကြောင်း အူရှကော့ဗ် က ပြောကြားခဲ့သည်။ ရုရှားသမ္မတသည် အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုအား ယမန်နေ့က အလားတူကမ်းလှမ်းခဲ့ကြောင်း ကရင်မလင်နန်းတော်၏ ကြိုတင်ထုတ်ပြန်ချက်တစ်ခုအရ သိရသည်။

အစ္စရေး-အီရန် ပဋိပက္ခနှင့် ပတ်သက်၍ ပူတင်နှင့် တစ်နာရီ နီးပါး စကားပြောဆိုခဲ့သည်ဟု ထရန့် က ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ စနေနေ့က တစ်နာရီ ကြာ ဖုန်းခေါ်ဆိုခဲ့ကြောင်း ထရမ့်က ဆိုရှယ်မီဒီယာတွင် ရေးသားဖော်ပြခဲ့သည်။ ခေါင်းဆောင်များသည် အီရန်နှင့် အစ္စရေးတို့၏ “ငါ့ပါးကိုက်ရင် မင်းနားပြန်ကိုက်မယ်”ဆိုပြီး တိုက်ခိုက်နေကြသည့် လေကြောင်းတိုက်ခိုက်မှုအကြောင်းကိုကြာမြင့်စွာ ပြောဆိုခဲ့ကြပြီး ပဋိပက္ခကို အဆုံးသတ်ရန် အမေရိကန်သမ္မတက ပြောကြားခဲ့သည်။

“ သမ္မတပူတင်က ကျွန်တော့်ကို ပျော်ရွှင်ဖွယ် မွေးနေ့ ဖြစ်ပါစေလို့ ဒီမနက်မှာ ဖုံးခေါ်ဆိုခဲ့ပါတယ်၊ ဒါပေမယ့် ပိုအရေးကြီးတာက သူကောင်းကောင်းသိတဲ့ အီရန်နိုင်ငံ အကြောင်း ပြောတာပါ” ဟု ထရန့်က Truth Social ပို့စ်တွင် ရေးသားခဲ့သည်။

အစ္စရေး-အီရန် ပဋိပက္ခကို အဆုံးသတ်သင့်သည်ဟု သူနှင့် ပူတင်တို့ သဘောတူညီခဲ့ကြောင်း ထရန့်က ပြောကြားခဲ့သည်။

“ကျနော်ရှင်းပြထားတဲ့ အစ္စရေး-အီရန်စစ်ပွဲဟာ အဆုံးသတ်သင့်တယ်လို့ သူခံစားရတယ်၊ သူ့စစ်ပွဲကိုလည်း အဆုံးသတ်သင့်တယ်” ဟု ယူကရိန်းနှင့် ရုရှားစစ်ပွဲကို ရည်ညွှန်းပြီး ထရန့်က ပြောသည်။

“ ကျွန်တော်တို့ စကားအရှည်ကြီးပြောခဲ့ပါတယ်။ ရုရှား-ယူကရိန်းအကြောင်းပြောဖို့ အချိန်က အများကြီး နည်းပါတယ်၊ ဒါပေမဲ့ အဲဒါက နောက်တစ်ပတ် ပြောဖြစ်ပါလိမ့်မယ်။ သူစီစဉ်ထားတဲ့ အကျဉ်းသား လဲလှယ်ရေးတွေ လုပ်နေတယ်၊ အကျဉ်းသား အများအပြားကို နှစ်ဖက်စလုံးကနေ ချက်ချင်း လဲလှယ်ပေးနေပါတယ်” ဟု ထရန့်က သူ၏ပို့စ်တွင် ရေးသားခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်နှင့်အီရန်၂ပတ်အပစ်ရပ်သဘောတူညီမှုရရှိ

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 3 Views
အီရန်နှင့်အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သည် ထရမ့်အတွက် ယာယီအောင်ပွဲဖြစ်သော်လည်း ပေးဆပ်မှုများ ရှိနေသည် BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၈
ကမ္ဘောဒီးယား ထိုင်း နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

သြစတြေးလျ၊ တရုတ်နှင့် ဘရာဇီးလ် ရဲစခန်းအတုများ- သိမ်းဆည်းရမိသည့် ကျားဖြန့် (scam) အဆောက်အအုံအတွင်းသို့ BBC ရောက်ရှိခဲ့ခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 43 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် Royal Hill ကာစီနိုနောက်ဘက်ရှိ ခြောက်ထပ်တိုက်၏ မီးမထွန်းထားသောစင်္ကြန်လမ်းများ အတိုင်း လျှောက်သွားရာတွင် တံခါးတစ်ခုစီသည် မတူညီသော ကမ္ဘာတစ်ခုစီသို့ ဖွင့်လှစ် ပြသပေးထားသကဲ့သို့ ရှိနေသည်။
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြားဆိုင်ရာ ထရမ့်၏ နောက်ဆုံးသတိပေးချက် နီးကပ်လာသော်လည်း အီရန်ဘက်မှ လိုက်လျောမည့် အရိပ်အယောင် မရှိသလောက်ဖြစ်နေ

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 33 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် အီရန်အပေါ် အမေရိကန်-အစ္စရေး ပူးပေါင်းစစ်ဆင်နွှဲနေသည့် ငါးပတ်တာကာလအတွင်း သမ္မတ ဒေါ်နယ်ထရမ့်သည် နောက်ဆုံးသတ်မှတ်ရက်များ ချမှတ်ခြင်း၊ တောင်းဆိုမှုများ ပြုလုပ်ခြင်းနှင့် ခြိမ်းခြောက်မှုများ ထုတ်ပြန်ခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့အား အီရန်၏ တိုက်ခိုက်မှုအပြီး နောက်ထပ် ရုပ်အလောင်းနှစ်ခု ထပ်မံတွေ့ရှိ၊ စုစုပေါင်း သေဆုံးသူ လေးဦးအထိ ရှိလာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 30 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် မနေ့က အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့ရှိ လူနေအိမ်ရာ အဆောက်အအုံတစ်ခုကို အီရန်က တိုက်ခိုက်ခဲ့ရာတွင် သေဆုံးခဲ့သူ လေးဦး၏ ရုပ်အလောင်းများကို ယခုအခါ ရှာဖွေတွေ့ရှိပြီဖြစ်ကြောင်း အစ္စရေး
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရန့်က ဟော်မုဇ် ရေလက်ကြားနှင့် ပတ်သက်၍ တီဟီရန်ကို ခြိမ်းခြောက်နေစဉ် အီရန်၊ လက်ဘနွန်နှင့် အစ္စရေးတို့တွင် သေဆုံးမှုများရှိကြောင်း သတင်းထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 30 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၆ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က Truth Social တွင် ရိုင်းစိုင်းသော စကားလုံးများသုံး၍ “အဲဒီ ရေလက်ကြားကို အခုချက်ချင်း ပြန်ဖွင့်လိုက်စမ်း၊ မင်းတို့အရူးတွေ၊ မဟုတ်ရင် ငရဲကျသလို ခံစားရလိမ့်မယ်”
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြား ပြန်ဖွင့်ရန် ထရန့်က နောက်ဆုံးအချိန် ရာဇသံပေးလိုက်သော်လည်း အီရန်က ယာယီအပစ်အခတ်ရပ်စဲရေးကို ငြင်းပယ်လိုက်သည်။

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 26 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် အလွန်အရေးပါသော ကုန်သွယ်ရေးရေလမ်းကြောင်းနှင့် ပတ်သက်၍ ထရန့်နှင့် အီရန်တို့သည် အပြန်အလှန် ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် အီရန်အဆင့်မြင့် အရာရှိ နှစ်ဦးကို သုတ်သင်နိုင်ခဲ့ကြောင်း
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြားနှင့် ပတ်သက်၍ ထရန့်၏ မဆုံးဖြတ်နိုင်ဖြစ်‌နေမှုသည် သူ သူခွင့်ပြုတာထက် ပိုမိုအရေးကြီးနေခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 26 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် “အမေရိကန်ပြည်ထောင်စုဟာ ဟော်မုဇ် ရေလက်ကြားကနေ ရေနံတင်သွင်းတာမျိုး လုံးဝမရှိသလောက်ပါပဲ၊ နောင်မှာလည်း တင်သွင်းမှာမဟုတ်ဘူး။ ကျွန်တော်တို့ အဲဒါကို မလိုအပ်ဘူး။ အရင်ကလည်း မလိုအပ်ခဲ့ဘူး၊ အခုလည်း