နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 4 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား အစ္စရေး အမေရိကန် အီရန်

ပူတင်က အီရန်-အစ္စရေး ပဋိပက္ခမှာ ပြေလည်အောင် ညှိနှိုင်းပေးဖို့ သမ္မတ ထရန့်ကို ထပ်မံ ကမ်းလှမ်းထားတယ်လို့ ရုရှား TASS သတင်းမှာ ဖော်ပြ

ဇွန်လ (၁၅) ရက်။

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် စနေနေ့က အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် မိနစ် ၅၀ ကြာ ဖုန်းခေါ်ဆိုမှုအတွင်း အီရန်နှင့် အစ္စရေးကြား ပဋိပက္ခနှင့်အခြားကိစ္စရပ်များကို ဆွေးနွေး ခဲ့ကြောင်း ကရင်မလင် ထိပ်တန်းလက်ထောက် ယူရီ အူရှကော့ဗ် (Yuri Ushakov) က နိုင်ငံပိုင်မီဒီယာ TASS သတင်းသို့ ပြောကြားခဲ့သည်။

ပူတင်က အီရန်အပေါ် အစ္စရေး၏ တိုက်ခိုက်မှုကို ရှုတ်ချခဲ့ပြီး နှစ်နိုင်ငံအကြား ဖျန်ဖြေရန် ကမ်းလှမ်းခဲ့ကြောင်း အူရှကော့ဗ် က ပြောကြားခဲ့သည်။ ရုရှားသမ္မတသည် အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုအား ယမန်နေ့က အလားတူကမ်းလှမ်းခဲ့ကြောင်း ကရင်မလင်နန်းတော်၏ ကြိုတင်ထုတ်ပြန်ချက်တစ်ခုအရ သိရသည်။

အစ္စရေး-အီရန် ပဋိပက္ခနှင့် ပတ်သက်၍ ပူတင်နှင့် တစ်နာရီ နီးပါး စကားပြောဆိုခဲ့သည်ဟု ထရန့် က ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ စနေနေ့က တစ်နာရီ ကြာ ဖုန်းခေါ်ဆိုခဲ့ကြောင်း ထရမ့်က ဆိုရှယ်မီဒီယာတွင် ရေးသားဖော်ပြခဲ့သည်။ ခေါင်းဆောင်များသည် အီရန်နှင့် အစ္စရေးတို့၏ “ငါ့ပါးကိုက်ရင် မင်းနားပြန်ကိုက်မယ်”ဆိုပြီး တိုက်ခိုက်နေကြသည့် လေကြောင်းတိုက်ခိုက်မှုအကြောင်းကိုကြာမြင့်စွာ ပြောဆိုခဲ့ကြပြီး ပဋိပက္ခကို အဆုံးသတ်ရန် အမေရိကန်သမ္မတက ပြောကြားခဲ့သည်။

“ သမ္မတပူတင်က ကျွန်တော့်ကို ပျော်ရွှင်ဖွယ် မွေးနေ့ ဖြစ်ပါစေလို့ ဒီမနက်မှာ ဖုံးခေါ်ဆိုခဲ့ပါတယ်၊ ဒါပေမယ့် ပိုအရေးကြီးတာက သူကောင်းကောင်းသိတဲ့ အီရန်နိုင်ငံ အကြောင်း ပြောတာပါ” ဟု ထရန့်က Truth Social ပို့စ်တွင် ရေးသားခဲ့သည်။

အစ္စရေး-အီရန် ပဋိပက္ခကို အဆုံးသတ်သင့်သည်ဟု သူနှင့် ပူတင်တို့ သဘောတူညီခဲ့ကြောင်း ထရန့်က ပြောကြားခဲ့သည်။

“ကျနော်ရှင်းပြထားတဲ့ အစ္စရေး-အီရန်စစ်ပွဲဟာ အဆုံးသတ်သင့်တယ်လို့ သူခံစားရတယ်၊ သူ့စစ်ပွဲကိုလည်း အဆုံးသတ်သင့်တယ်” ဟု ယူကရိန်းနှင့် ရုရှားစစ်ပွဲကို ရည်ညွှန်းပြီး ထရန့်က ပြောသည်။

“ ကျွန်တော်တို့ စကားအရှည်ကြီးပြောခဲ့ပါတယ်။ ရုရှား-ယူကရိန်းအကြောင်းပြောဖို့ အချိန်က အများကြီး နည်းပါတယ်၊ ဒါပေမဲ့ အဲဒါက နောက်တစ်ပတ် ပြောဖြစ်ပါလိမ့်မယ်။ သူစီစဉ်ထားတဲ့ အကျဉ်းသား လဲလှယ်ရေးတွေ လုပ်နေတယ်၊ အကျဉ်းသား အများအပြားကို နှစ်ဖက်စလုံးကနေ ချက်ချင်း လဲလှယ်ပေးနေပါတယ်” ဟု ထရန့်က သူ၏ပို့စ်တွင် ရေးသားခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

ရုရှား-အမေရိကန် ယူကရိန်းငြိမ်းချမ်းရေးဆွေးနွေးပွဲများ ထူးခြားအောင်မြင်မှုမရှိဘဲ ပြီးဆုံးသွားကြောင်း ပူတင်၏ လက်ထောက် ပြောကြား

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 3 ရက်
  • 11 Views
CNN-၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၃ရက် ရုရှားသမ္မတ ဗလာဒီမာ ပူတင် (Vladimir Putin) နှင့် အမေရိကန်ပြည်ထောင်စုမှ ထိပ်တန်း ဆွေးနွေးသူများ
နိုင်ငံတကာသတင်း အမေရိကန်

ထရန့်နှင့် ဟက်ဆက်တို့က မူးယစ်ဆေးဝါးသယ်ဆောင်သည်ဟု သံသယရှိသော လှေပေါ်မှ အသက်ရှင်ကျန်ရစ်သူများကို သေဆုံးစေခဲ့သည့် နောက်ဆက်တွဲ တိုက်ခိုက်မှုအကြောင်း မသိရှိခဲ့ဟု အခိုင်အမာ ပြောကြား

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 3 ရက်
  • 18 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၃ရက် သမ္မတ ဒေါ်နယ်လ် ထရန့်နှင့် ကာကွယ်ရေးဝန်ကြီး ပီးထ် ဟက်ဆက်တို့သည် ကာရစ်ဘီယံ ပင်လယ်ရှိ မူးယစ်ဆေးဝါးသယ်ဆောင်သည်ဟု သံသယရှိသော လှေတစ်စီးကို နောက်ဆက်တွဲ တိုက်ခိုက်မှု ပြုလုပ်ရန် ဆုံးဖြတ်ခဲ့သည့် ကိစ္စမှ
နိုင်ငံတကာသတင်း အစ္စရေး

အစ္စရေးဝန်ကြီးချုပ် နက်တန်ယာဟုက ဆက်လက်ဖြစ်ပွားနေသော အဂတိလိုက်စားမှု စစ်ဆေးမှုတွင် လွတ်ငြိမ်းချမ်းသာခွင့် တောင်းခံ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 2 ရက်
  • 30 Views
၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၂ရက် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု (Benjamin Netanyahu) သည် လက်ရှိ စစ်ဆေးနေဆဲဖြစ်သော ၎င်း၏ အဂတိလိုက်စားမှုဆိုင်ရာ အမှု တွင် အစ္စရေးသမ္မတ အိုင်ဇက် ဟာဇော့ဂ် (Isaac Herzog)
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး

အစ္စရေး၏ လက်ဘနွန်ရှိ ပါလက်စတိုင်း ဒုက္ခသည်စခန်းကို တိုက်ခိုက်မှုကြောင့် လူ ၁၃ ဦး သေဆုံးကြောင်း လက်ဘနွန် ကျန်းမာရေးဝန်ကြီးဌာန ပြောကြား

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 2 ရက်
  • 27 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၂ရက် အစ္စရေး၏ လက်ဘနွန်တောင်ပိုင်းရှိ ပါလက်စတိုင်း ဒုက္ခသည်စခန်းကို တိုက်ခိုက်မှုကြောင့် အင်္ဂါနေ့တွင် လူ ၁၃ ဦး သေဆုံး ခဲ့ကြောင်း လက်ဘနွန် ကျန်းမာရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရသည်။ ကမ်းရိုးတန်းမြို့ဖြစ်သော
နိုင်ငံတကာသတင်း အစ္စရေး

ရွေးကောက်ပွဲနှစ်သို့ ဝင်ရောက်လာသည်နှင့်အမျှ နေတန်ယာဟု၏ အစိုးရသည် အစ္စရေး၏ လွတ်လပ်သော သတင်းမီဒီယာကို ပစ်မှတ်ထားလာခဲ့

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 2 ရက်
  • 22 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၂ရက် အစ္စရေးခေါင်းဆောင်က ပင်မရေစီးကြောင်း သတင်းမီဒီယာကို အေးစက်စွာ ဆက်ဆံခြင်းဖြင့် စတင်ခဲ့သည်မှာ နိုင်ငံ၏ သတင်းလွတ်လပ်ခွင့်အပေါ် ပိုမိုကျယ်ပြန့်သော တိုက်ခိုက်မှုတစ်ခု ဖြစ်လာနေသည်။ ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု သည် အစ္စရေး၏
တရုတ် နိုင်ငံတကာသတင်း အာရှ

တရုတ်ချေးငွေကို အများဆုံး လက်ခံရရှိသူမှာ အမေရိကန်ဖြစ်သည်ဟု အစီရင်ခံစာက ထုတ်ဖော်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 2 ရက်
  • 22 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၂ရက် ပေကျင်း – ဝါရှင်တန်သည် နိုင်ငံများအား တရုတ်ချေးငွေများ လက်ခံခြင်း၏ အန္တရာယ်များ အကြောင်း နှစ်ပေါင်းများစွာ သတိပေးခဲ့သည်။ သို့သော်လည်း လွန်ခဲ့သော နှစ် ၂၀ အတွင်း ကမ္ဘာပေါ်တွင်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှားက ပိုကရော့ဗ်စ် (Pokrovsk) မြို့ အဓိကနေရာကို သိမ်းပိုက်နိုင်ပြီဟု ကြေညာ၊ ယူကရိန်းဘက်က မော်စကို၏ ‘အသံကျယ်ကျယ် ကြေညာချက်များ’ ကို ဝစ်ကော့ဖ် (Witkoff) ဆွေးနွေးပွဲများမတိုင်မီ ပယ်ချ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 2 ရက်
  • 19 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၂ရက် ရုရှားတပ်ဖွဲ့ဝင်များအနေဖြင့် အတည်ပြုနိုင်ပါက အရေးပါသော အောင်ပွဲ ဖြစ်လာနိုင်မည့် ယူကရိန်းအရှေ့ပိုင်းမြို့ဖြစ်သော ပိုကရော့ဗ်စ် ကို သိမ်းပိုက်ရရှိပြီဟု တနင်္လာနေ့တွင် ရုရှားက ကြေညာခဲ့သည်။ သို့သော် ယူကရိန်းဘက်ကမူ စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးမှုများအပေါ်