နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 7 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ဆိုရှယ်မီဒီယာမှာ တင်ထားသည့်ပို့စ်ကြောင့် “ FBI ညွှန်ကြားရေးမှူးဟောင်းကို တရားစွဲတာဟာ အကျိုးမရှိနိုင်ဘူး” ဟု ဥပဒေနဲ့ လုံခြုံရေးကျွမ်းကျင်သူတွေပြော

မေလ (၁၇) ရက်။

FBI ညွှန်ကြားရေးမှူးဟောင်း ဂျိမ်းစ်ကိုမေ (James Comey) သည် ဂဏန်းနံပါတ်လေးခု ရေးသားထားသော ပင်လယ်ခွံ ရုပ်ပုံတစ်ပုံကို တင်ခဲ့ပြီးနောက် သမ္မတ ‌ဒေါ်နယ်ထရန့်၏ အသက်အန္တရာယ်အတွက် စိုးရိမ်ကြောင်း အမေရိကန်ထောက်လှမ်းရေးညွှန်ကြားရေးမှူးက ထုတ်ဖော်ပြောဆိုခဲ့သည်။ ထိုကိစ္စကို လျှို့ဝှက်ထောက်လှန်းရေးဌာနက စုံစမ်းစစ်ဆေးနေပြီး FBI က ပံ့ပိုးကူညီရန် အဆင်သင့်ရှိသည်ဟု ဆိုသည်။

၂၀၁၆ ခုနှစ် သမ္မတရွေးကောက်ပွဲ မဲဆွယ်ကာလတွင် ထရန့်နှင့် ဟယ်လရီကလင်တန်တို့ကိုသီးခြားစုံစမ်းစစ်ဆေးမှုနှစ်ခုတွင် အေဂျင်စီကို ကြီးကြပ်ခဲ့သော ကိုမေအတွက် ပေါ်ထွက်လာသောရလာဒ်သည် ပြင်းထန်သော သတိပေးချက်ထက် အနည်းငယ်ပိုနိုင်သည်။

အထူးသဖြင့် လွတ်လပ်စွာပြောဆိုခွင့်များ တိုးချဲ့ပေးခဲ့သော မကြာသေးမီနှစ်များအတွင်း ခြိမ်းခြောက်မှုများနှင့် စပ်လျဉ်းသည့် တရားစီရင်ရေးကဏ္ဍတွင် မကြာသေးမီက တရားရုံးချုပ်က ဆုံးဖြတ်ချက်ချပြီးနောက်တွင် ကိုမေအား တရားစွဲဆိုခြင်းသည် တရားရေးဆိုင်ရာ အခွင့်အလမ်းအရ ဖြစ်နိုင်ချေ နည်းပါးသောကြောင့် ရလဒ်ထွက်ပေါ်မည် မဟုတ်ကြောင်း ဥပဒေပညာရှင်များက ဆိုသည်။

လျှို့ဝှက်စုံစမ်းထောက်လှမ်းရေးဌာန၏ စုံစမ်းစစ်ဆေးခြင်းဆိုင်ရာတွင် အတွေ့အကြုံရှိသော သတင်းရင်းမြစ်တစ်ခုမှ CNN သို့ ထိုစုံစမ်းမှုမှာ ကိုမေအား တရားဥပဒေ စိုးမိုးရေးဌာနမှ ပြင်းထန်သော သတိပေးစကားပြောဆိုမှုဖြင့် “ပြီးဆုံးသွားနိုင်သည်” ဟု ပြောကြားခဲ့သည်။

ကြာသပတေးနေ့တွင် FBI အကြီးအကဲဟောင်းသည် ကမ်းခြေတစ်ခုတွင် ခရုအခွံများဖြင့် စာလုံးပေါင်းထားသော နံပါတ် “၈၆ ၄၇” ဓာတ်ပုံကို လူမှုကွန်ရက်ပေါ်တွင် တင်ခဲ့သည်။ ရီပတ်ဘလစ်ကန်များနှင့် ထရန့် မဟာမိတ်များက သမ္မတအား လုပ်ကြံသတ်ဖြတ်ရန် တောင်းဆိုနေသည်ဟု ပြောကြားပြီးနောက် ကိုမေသည် တင်ထားသည့်ပို့စ်ကို အမြန်ဖြုတ်ချပစ်ခဲ့သည်။

“တချို့လူတွေက အဲဒီနံပါတ်တွေကို အကြမ်းဖက်မှုနဲ့ ဆက်စပ်ပုံဖော်နေတာကို ကျွန်တော် သတိမထားမိဘူး” လို့ ကိုမေက ဆိုသည်။ နံပါတ် “၈၆” ဆိုတာက တစ်ခုခုကို လွှင့်ပစ်လိုက်တာ ဒါမှမဟုတ် ဖယ်ထုတ်ခံရတာကို ရည်ညွှန်းတဲ့ နံပါတ်ဖြစ်သည်။ နံပါတ် “၄၇”သည် ထရန့် ၏ လက်ရှိရာထူးသက်တမ်း ၄၇ ခုမြောက် သမ္မတအဖြစ်နှင့် ကိုက်ညီသည်။ “ဒါမျိုးကိုကျွန်တော် ဘယ်တုန်းကမှ မကြုံဖူးပေမယ့် အကြမ်းဖက်မှု မှန်သမျှကို ကျွန်တော်က ဆန့်ကျင်တဲ့အတွက် ပို့စ်တင်ထားတာကို ဖြုတ်ချလိုက်တယ်” ဟုကိုမေကဆိုသည်။

အမိမြေလုံခြုံရေး ဝန်ကြီး ခရစ်တီနုန်းမ် (Kristi Noem) က ထိုအချက်သည် ထရန့်အား လုပ်ကြံသတ်ဖြတ်ရန်အတွက် အချက်ပေးခေါ်ဆိုမှုဖြစ်ပြီး ကိုမေကို လျှို့ဝှက်ထောက်လှန်းရေးဌာနက စုံစမ်း စစ်ဆေးမည် ဖြစ်ကြောင်း ကြာသပတေးနေ့ညနေခင်းတွင် ဆိုရှယ်မီဒီယာသို့ ပြောခဲ့သည်။ FBI အကြီးအကဲ ကက်ရှပက်တဲလ် (Kash Patel) က FBI အနေနှင့် အကူအညီပေးရန် အသင့်ရှိကြောင်း ပြောကြားခဲ့သည်။

“ လျှို့ဝှက်ထောက်လှန်ရေးအဖွဲ့က ကျွန်တော်တို့ အကာအကွယ်ပေးသူတွေကို ခြိမ်းခြောက်မှုအဖြစ် အရေးယူနိုင်တယ့် ဘယ်အရာကိုမဆို အပြင်းအထန် စုံစမ်းစစ်ဆေးနေပါတယ်” ဟု အမေရိကန် လျှို့ဝှက်ထောက်လှန်ရေးအဖွဲ့၏ ဆက်သွယ်ရေးအရာရှိချုပ် အန်တိုနီ ဂတ်လီလ်မီ (Anthony Guglielmi) က ကြာသပတေးနေ့တွင် ထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားခဲ့သည်။ “အရင် FBI ဒါရိုက်တာဟောင်းရဲ့ ဆိုရှယ်မီဒီယာမှာ တင်ထားတဲ့ပို့စ်တွေကို ကျွန်တော်တို့ သတိထားမိပြီး ဒီလိုမျိုး စကားလုံးတွေကို အလေးအနက်ထားပါတယ်၊ အကာအကွယ်ပေးရတဲ့ ထောက်လှမ်းရေး ကိစ္စတွေကို ကျွန်တော့်အနေနဲ့ မှတ်ချက် မပေးလိုပါဘူး။” ဟု ပြောကြားခဲ့သည်။

စုံစမ်းစစ်ဆေးမှုနှင့် ရင်းနှီးသော လျှို့ဝှက်ဌာနမှ သတင်းရင်းမြစ်တစ်ခုမှ CNN သို့ ပြောကြားရာတွင် ပုံမှန်အခြေအနေအရ ထိုသို့သောပို့စ်သည် ပြည့်စုံစွာ စုံစမ်းစစ်ဆေးမှုကို လုပ်မည်မဟုတ်သော်လည်း လက်ရှိနိုင်ငံရေးအခြေအနေအရ ပိုမိုအာရုံစိုက်လာဖွယ်ရှိသည်။

ထိုပို့စ်တင်မှုသည် စွဲချက်တင်နိုင်သော ပြစ်မှုမဟုတ်ကြောင်း ကိုမေ၏ပို့စ်တင်မှုတွင် အကြံပြုချက်မပါကြောင်း လျှို့ဝှက်ထောက်လှန်းရေး အေးဂျင့်ဟောင်းတစ်ဦးက ဆိုသည်။

“ ဒါဟာ တိုက်ရိုက်ခြိမ်းခြောက်မှု မဟုတ်ပါဘူး။ ဒေါ်နယ်ထရမ့်ကို သွားပြီး သတ်ပစ်ပါလို့ မပြောပါဘူး။” ဟု CNN မှ လေ့လာသုံးသပ်သူနှင့် လျှို့ဝှက်ထောက်လှန်းရေးအေးဂျင့်ဟောင်းဖြစ်သူ ဂျွန်ဝက်(က)ရိုး (Jon Wackrow) က ပြောကြားခဲ့သည်။ “ ဒါပေမယ့် ဒီနေ့ ကျွန်တော်တို့ ပတ်ဝန်းကျင်ရဲ့ အခြေအနေမှာ၊ ဒီပုံတွေက အရမ်းအန္တရာယ်များပြီး ဒါတွေကို ပိုသိသင့်တဲ့ကိုမေလို လူမျိုးဆီကနေ လုပ်လာတာ” ဟု သူက ဆိုသည်။

ပြီးခဲ့သည့်နှစ်က ထရန့်ကိုလုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှုနှစ်ခုနှင့် နယူးယောက်ရှိ ကျန်းမာရေး စောင့်ရှောက်မှုအာမခံ စီအီးအိုတစ်ဦးကို အများပြည်သူရှေ့တွင် သတ်ပစ်မှုကို ကိုးကား၍ “ လုပ်ကြံသတ်ဖြတ်မှု ယဉ်ကျေးမှုအသစ်” ဖြစ်နေချိန် ကိုမေမှ ထိုပို့စ်ကို တင်ခြင်းကို မကြိုဆိုကြောင်း ဝက်(က)ရိုး (Wackrow) မှ ပြောကြားခဲ့သည်။

“ သူသည် FBI ၏ အဖွဲ့အစည်းဆိုင်ရာ အရှိန်အဝါရှိထားသူတယောက်ဖြစ်တယ်၊ ဒါကြောင့် သူရဲ့ အများမြင်နိုင်တဲ့ မှတ်ချက်ပေးမှုဟာ အဲ့ဒီစံနှုန်းကို ရောင်ပြန်ဟပ်စေပါတယ် ” ဟု ဝက်(က)ရိုးက ပြောကြားခဲ့သည်။

FBI ညွှန်ကြားရေးမှူးဟောင်း ဂျိမ်းစ်ကိုမေ (James Comey)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

ကမ္ဘောဒီးယား ထိုင်း နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

သြစတြေးလျ၊ တရုတ်နှင့် ဘရာဇီးလ် ရဲစခန်းအတုများ- သိမ်းဆည်းရမိသည့် ကျားဖြန့် (scam) အဆောက်အအုံအတွင်းသို့ BBC ရောက်ရှိခဲ့ခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 31 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် Royal Hill ကာစီနိုနောက်ဘက်ရှိ ခြောက်ထပ်တိုက်၏ မီးမထွန်းထားသောစင်္ကြန်လမ်းများ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြားဆိုင်ရာ ထရမ့်၏ နောက်ဆုံးသတိပေးချက် နီးကပ်လာသော်လည်း အီရန်ဘက်မှ လိုက်လျောမည့် အရိပ်အယောင် မရှိသလောက်ဖြစ်နေ

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 23 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် အီရန်အပေါ် အမေရိကန်-အစ္စရေး ပူးပေါင်းစစ်ဆင်နွှဲနေသည့် ငါးပတ်တာကာလအတွင်း သမ္မတ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့အား အီရန်၏ တိုက်ခိုက်မှုအပြီး နောက်ထပ် ရုပ်အလောင်းနှစ်ခု ထပ်မံတွေ့ရှိ၊ စုစုပေါင်း သေဆုံးသူ လေးဦးအထိ ရှိလာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 23 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် မနေ့က အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့ရှိ လူနေအိမ်ရာ အဆောက်အအုံတစ်ခုကို အီရန်က တိုက်ခိုက်ခဲ့ရာတွင် သေဆုံးခဲ့သူ လေးဦး၏ ရုပ်အလောင်းများကို ယခုအခါ ရှာဖွေတွေ့ရှိပြီဖြစ်ကြောင်း အစ္စရေး
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရန့်က ဟော်မုဇ် ရေလက်ကြားနှင့် ပတ်သက်၍ တီဟီရန်ကို ခြိမ်းခြောက်နေစဉ် အီရန်၊ လက်ဘနွန်နှင့် အစ္စရေးတို့တွင် သေဆုံးမှုများရှိကြောင်း သတင်းထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 22 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၆ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က Truth Social တွင် ရိုင်းစိုင်းသော စကားလုံးများသုံး၍ “အဲဒီ ရေလက်ကြားကို အခုချက်ချင်း ပြန်ဖွင့်လိုက်စမ်း၊ မင်းတို့အရူးတွေ၊ မဟုတ်ရင် ငရဲကျသလို ခံစားရလိမ့်မယ်”
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြား ပြန်ဖွင့်ရန် ထရန့်က နောက်ဆုံးအချိန် ရာဇသံပေးလိုက်သော်လည်း အီရန်က ယာယီအပစ်အခတ်ရပ်စဲရေးကို ငြင်းပယ်လိုက်သည်။

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 21 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် အလွန်အရေးပါသော ကုန်သွယ်ရေးရေလမ်းကြောင်းနှင့် ပတ်သက်၍ ထရန့်နှင့် အီရန်တို့သည် အပြန်အလှန် ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် အီရန်အဆင့်မြင့် အရာရှိ နှစ်ဦးကို သုတ်သင်နိုင်ခဲ့ကြောင်း
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြားနှင့် ပတ်သက်၍ ထရန့်၏ မဆုံးဖြတ်နိုင်ဖြစ်‌နေမှုသည် သူ သူခွင့်ပြုတာထက် ပိုမိုအရေးကြီးနေခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 19 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် “အမေရိကန်ပြည်ထောင်စုဟာ ဟော်မုဇ် ရေလက်ကြားကနေ ရေနံတင်သွင်းတာမျိုး လုံးဝမရှိသလောက်ပါပဲ၊ နောင်မှာလည်း တင်သွင်းမှာမဟုတ်ဘူး။ ကျွန်တော်တို့ အဲဒါကို မလိုအပ်ဘူး။ အရင်ကလည်း မလိုအပ်ခဲ့ဘူး၊ အခုလည်း
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

CNN သတင်းအဖွဲ့ကို အစ္စရေးစစ်သားများက ကိုယ်ထိလက်ရောက် စော်ကားဖမ်းဆီးခဲ့သည့် အနောက်ဘက်ကမ်းခြေ ကျေးရွာအနီးတွင် အစ္စရေးအခြေချနေထိုင်သူများ တရားမဝင် စခန်းသစ်တစ်ခုကို ထပ်မံတည်ဆောက်

  • 2026 ခုနှစ်၊ ဧပြီလ 5 ရက်
  • 21 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် အစ္စရေးအခြေချနေထိုင်သူ အများအပြားသည် ဗုဒ္ဓဟူးနေ့တွင် တာယာဆေးရ်ကျေးရွာသို့ ပြန်လည်ရောက်ရှိလာပြီး ရွာအစွန်၌ တရားမဝင်စခန်းသစ်တစ်ခုကို တည်ဆောက်ခဲ့ကြသည်။ ၎င်းသည် စခန်းတည်ထောင်မှုနှင့် ပတ်သက်၍ CNN ၏
တရုတ် နိုင်ငံတကာသတင်း

‘စနစ်ပိုင်းဆိုင်ရာ ချို့ယွင်းမှု’ ကြောင့် တရုတ်နိုင်ငံအလယ်ပိုင်းတွင် အလိုအလျှောက် မောင်းနှင့်သောတက္ကစီ ( robotaxi) များ ရပ်တန့်သွားကြောင်း ရဲတပ်ဖွဲ့ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 5 ရက်
  • 18 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၅ ရက် ပေကျင်း (ရိုက်တာ) — တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့တွင် Baidu ကုမ္ပဏီ၏ Apollo Go မှ မောင်းနှင်သည့် ရိုဘိုတက္ကစီ (လူမပါဘဲ