နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 29 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ဆိုရှယ်မီဒီယာမှာ တင်ထားသည့်ပို့စ်ကြောင့် “FBI ညွှန်ကြားရေးမှူးဟောင်းကို တရားစွဲတာဟာ အကျိုးမရှိနိုင်ဘူး” ဟု ဥပဒေနဲ့ လုံခြုံရေးကျွမ်းကျင်သူတွေပြော

မေလ (၁၇) ရက်။

FBI ညွှန်ကြားရေးမှူးဟောင်း ဂျိမ်းစ်ကိုမေ (James Comey) သည် ဂဏန်းနံပါတ်လေးခု ရေးသားထားသော ပင်လယ်ခွံ ရုပ်ပုံတစ်ပုံကို တင်ခဲ့ပြီးနောက် သမ္မတ ‌ဒေါ်နယ်ထရန့်၏ အသက်အန္တရာယ်အတွက် စိုးရိမ်ကြောင်း အမေရိကန်ထောက်လှမ်းရေးညွှန်ကြားရေးမှူးက ထုတ်ဖော်ပြောဆိုခဲ့သည်။ ထိုကိစ္စကို လျှို့ဝှက်ထောက်လှန်းရေးဌာနက စုံစမ်းစစ်ဆေးနေပြီး FBI က ပံ့ပိုးကူညီရန် အဆင်သင့်ရှိသည်ဟု ဆိုသည်။

၂၀၁၆ ခုနှစ် သမ္မတရွေးကောက်ပွဲ မဲဆွယ်ကာလတွင် ထရန့်နှင့် ဟယ်လရီကလင်တန်တို့ကိုသီးခြားစုံစမ်းစစ်ဆေးမှုနှစ်ခုတွင် အေဂျင်စီကို ကြီးကြပ်ခဲ့သော ကိုမေအတွက် ပေါ်ထွက်လာသောရလာဒ်သည် ပြင်းထန်သော သတိပေးချက်ထက် အနည်းငယ်ပိုနိုင်သည်။

အထူးသဖြင့် လွတ်လပ်စွာပြောဆိုခွင့်များ တိုးချဲ့ပေးခဲ့သော မကြာသေးမီနှစ်များအတွင်း ခြိမ်းခြောက်မှုများနှင့် စပ်လျဉ်းသည့် တရားစီရင်ရေးကဏ္ဍတွင် မကြာသေးမီက တရားရုံးချုပ်က ဆုံးဖြတ်ချက်ချပြီးနောက်တွင် ကိုမေအား တရားစွဲဆိုခြင်းသည် တရားရေးဆိုင်ရာ အခွင့်အလမ်းအရ ဖြစ်နိုင်ချေ နည်းပါးသောကြောင့် ရလဒ်ထွက်ပေါ်မည် မဟုတ်ကြောင်း ဥပဒေပညာရှင်များက ဆိုသည်။

လျှို့ဝှက်စုံစမ်းထောက်လှမ်းရေးဌာန၏ စုံစမ်းစစ်ဆေးခြင်းဆိုင်ရာတွင် အတွေ့အကြုံရှိသော သတင်းရင်းမြစ်တစ်ခုမှ CNN သို့ ထိုစုံစမ်းမှုမှာ ကိုမေအား တရားဥပဒေ စိုးမိုးရေးဌာနမှ ပြင်းထန်သော သတိပေးစကားပြောဆိုမှုဖြင့် “ပြီးဆုံးသွားနိုင်သည်” ဟု ပြောကြားခဲ့သည်။

ကြာသပတေးနေ့တွင် FBI အကြီးအကဲဟောင်းသည် ကမ်းခြေတစ်ခုတွင် ခရုအခွံများဖြင့် စာလုံးပေါင်းထားသော နံပါတ် “၈၆ ၄၇” ဓာတ်ပုံကို လူမှုကွန်ရက်ပေါ်တွင် တင်ခဲ့သည်။ ရီပတ်ဘလစ်ကန်များနှင့် ထရန့် မဟာမိတ်များက သမ္မတအား လုပ်ကြံသတ်ဖြတ်ရန် တောင်းဆိုနေသည်ဟု ပြောကြားပြီးနောက် ကိုမေသည် တင်ထားသည့်ပို့စ်ကို အမြန်ဖြုတ်ချပစ်ခဲ့သည်။

“တချို့လူတွေက အဲဒီနံပါတ်တွေကို အကြမ်းဖက်မှုနဲ့ ဆက်စပ်ပုံဖော်နေတာကို ကျွန်တော် သတိမထားမိဘူး” လို့ ကိုမေက ဆိုသည်။ နံပါတ် “၈၆” ဆိုတာက တစ်ခုခုကို လွှင့်ပစ်လိုက်တာ ဒါမှမဟုတ် ဖယ်ထုတ်ခံရတာကို ရည်ညွှန်းတဲ့ နံပါတ်ဖြစ်သည်။ နံပါတ် “၄၇”သည် ထရန့် ၏ လက်ရှိရာထူးသက်တမ်း ၄၇ ခုမြောက် သမ္မတအဖြစ်နှင့် ကိုက်ညီသည်။ “ဒါမျိုးကိုကျွန်တော် ဘယ်တုန်းကမှ မကြုံဖူးပေမယ့် အကြမ်းဖက်မှု မှန်သမျှကို ကျွန်တော်က ဆန့်ကျင်တဲ့အတွက် ပို့စ်တင်ထားတာကို ဖြုတ်ချလိုက်တယ်” ဟုကိုမေကဆိုသည်။

အမိမြေလုံခြုံရေး ဝန်ကြီး ခရစ်တီနုန်းမ် (Kristi Noem) က ထိုအချက်သည် ထရန့်အား လုပ်ကြံသတ်ဖြတ်ရန်အတွက် အချက်ပေးခေါ်ဆိုမှုဖြစ်ပြီး ကိုမေကို လျှို့ဝှက်ထောက်လှန်းရေးဌာနက စုံစမ်း စစ်ဆေးမည် ဖြစ်ကြောင်း ကြာသပတေးနေ့ညနေခင်းတွင် ဆိုရှယ်မီဒီယာသို့ ပြောခဲ့သည်။ FBI အကြီးအကဲ ကက်ရှပက်တဲလ် (Kash Patel) က FBI အနေနှင့် အကူအညီပေးရန် အသင့်ရှိကြောင်း ပြောကြားခဲ့သည်။

“လျှို့ဝှက်ထောက်လှန်ရေးအဖွဲ့က ကျွန်တော်တို့ အကာအကွယ်ပေးသူတွေကို ခြိမ်းခြောက်မှုအဖြစ် အရေးယူနိုင်တယ့် ဘယ်အရာကိုမဆို အပြင်းအထန် စုံစမ်းစစ်ဆေးနေပါတယ်” ဟု အမေရိကန် လျှို့ဝှက်ထောက်လှန်ရေးအဖွဲ့၏ ဆက်သွယ်ရေးအရာရှိချုပ် အန်တိုနီ ဂတ်လီလ်မီ (Anthony Guglielmi) က ကြာသပတေးနေ့တွင် ထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားခဲ့သည်။ “အရင် FBI ဒါရိုက်တာဟောင်းရဲ့ ဆိုရှယ်မီဒီယာမှာ တင်ထားတဲ့ပို့စ်တွေကို ကျွန်တော်တို့ သတိထားမိပြီး ဒီလိုမျိုး စကားလုံးတွေကို အလေးအနက်ထားပါတယ်၊ အကာအကွယ်ပေးရတဲ့ ထောက်လှမ်းရေး ကိစ္စတွေကို ကျွန်တော့်အနေနဲ့ မှတ်ချက် မပေးလိုပါဘူး။” ဟု ပြောကြားခဲ့သည်။

စုံစမ်းစစ်ဆေးမှုနှင့် ရင်းနှီးသော လျှို့ဝှက်ဌာနမှ သတင်းရင်းမြစ်တစ်ခုမှ CNN သို့ ပြောကြားရာတွင် ပုံမှန်အခြေအနေအရ ထိုသို့သောပို့စ်သည် ပြည့်စုံစွာ စုံစမ်းစစ်ဆေးမှုကို လုပ်မည်မဟုတ်သော်လည်း လက်ရှိနိုင်ငံရေးအခြေအနေအရ ပိုမိုအာရုံစိုက်လာဖွယ်ရှိသည်။

ထိုပို့စ်တင်မှုသည် စွဲချက်တင်နိုင်သော ပြစ်မှုမဟုတ်ကြောင်း ကိုမေ၏ပို့စ်တင်မှုတွင် အကြံပြုချက်မပါကြောင်း လျှို့ဝှက်ထောက်လှန်းရေး အေးဂျင့်ဟောင်းတစ်ဦးက ဆိုသည်။

“ဒါဟာ တိုက်ရိုက်ခြိမ်းခြောက်မှု မဟုတ်ပါဘူး။ ဒေါ်နယ်ထရမ့်ကို သွားပြီး သတ်ပစ်ပါလို့ မပြောပါဘူး။” ဟု CNN မှ လေ့လာသုံးသပ်သူနှင့် လျှို့ဝှက်ထောက်လှန်းရေးအေးဂျင့်ဟောင်းဖြစ်သူ ဂျွန်ဝက်(က)ရိုး (Jon Wackrow) က ပြောကြားခဲ့သည်။ “ဒါပေမယ့် ဒီနေ့ ကျွန်တော်တို့ ပတ်ဝန်းကျင်ရဲ့ အခြေအနေမှာ၊ ဒီပုံတွေက အရမ်းအန္တရာယ်များပြီး ဒါတွေကို ပိုသိသင့်တဲ့ကိုမေလို လူမျိုးဆီကနေ လုပ်လာတာ” ဟု သူက ဆိုသည်။

ပြီးခဲ့သည့်နှစ်က ထရန့်ကိုလုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှုနှစ်ခုနှင့် နယူးယောက်ရှိ ကျန်းမာရေး စောင့်ရှောက်မှုအာမခံ စီအီးအိုတစ်ဦးကို အများပြည်သူရှေ့တွင် သတ်ပစ်မှုကို ကိုးကား၍ “လုပ်ကြံသတ်ဖြတ်မှု ယဉ်ကျေးမှုအသစ်” ဖြစ်နေချိန် ကိုမေမှ ထိုပို့စ်ကို တင်ခြင်းကို မကြိုဆိုကြောင်း ဝက်(က)ရိုး (Wackrow) မှ ပြောကြားခဲ့သည်။

“သူသည် FBI ၏ အဖွဲ့အစည်းဆိုင်ရာ အရှိန်အဝါရှိထားသူတယောက်ဖြစ်တယ်၊ ဒါကြောင့် သူရဲ့ အများမြင်နိုင်တဲ့ မှတ်ချက်ပေးမှုဟာ အဲ့ဒီစံနှုန်းကို ရောင်ပြန်ဟပ်စေပါတယ် ” ဟု ဝက်(က)ရိုးက ပြောကြားခဲ့သည်။

FBI ညွှန်ကြားရေးမှူးဟောင်း ဂျိမ်းစ်ကိုမေ (James Comey)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 11 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 21 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 24 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 21 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက
တရုတ် ထိုင်ဝမ် နိုင်ငံတကာသတင်း ဖိလစ်ပိုင်

ဆလာမီ ပါးပါးလှီးခြင်း(‘Salami slicing’) ဗျူဟာ ဖြင့် ပစိဖိတ်ဒေသအပေါ် ဩဇာလွှမ်းမိုးမှု တိုးချဲ့ရန် တရုတ်နိုင်ငံက မည်သို့ ကြိုးပမ်းနေသလဲ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 24 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၅ရက် သီတင်းပတ်အနည်းငယ်အတွင်း တရုတ်သင်္ဘောများသည် ၎င်းတို့၏ ကုန်းတွင်းပိုင်းနှင့် ယခင်ကထက် ပိုမိုဝေးကွာသောနေရာများတွင် “ဥပဒေစိုးမိုးရေး” လုပ်ငန်းများကို လုပ်ဆောင် ခဲ့ပြီး၊ အလွန်အမင်း ထိလွယ်ရှလွယ်ဖြစ်သော ပင်လယ်ကြမ်းပြင်ကို မြေပုံညွှန်း ရေးဆွဲခဲ့ကာ တရုတ်ကမ်းခြေမှ
နိုင်ငံတကာသတင်း အမေရိကန် အီရန်

ထရမ့်၏ အီရန်သဘောတူညီချက်အပေါ် သြဇာကြီးမားသည့် ရီပတ်ဘလစ်ကန်များထံမှ တော်ရုံတွေ့ရခဲသော ပြစ်တင်ဝေဖန်မှုများ ထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 26 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပါတီတွင်း ကန့်ကွက်မှုများ ထွက်ပေါ်လာခြင်း။ သမ္မတ ဒေါ်နယ်ထရမ့်၏ အီရန်နိုင်ငံနှင့် ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (နားလည်မှုစာချွန်လွှာ) အသေးစိတ် ထွက်ပေါ်လာပြီးနောက်၊ ဝါရင့်နှင့်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

လောင်စာဆီလည်းမရှိ၊ လက်နက်လည်းမရှိ- ယူကရိန်း၏ ဒရုန်းဗျူဟာအသစ်က ရုရှား၏ ထောက်ပံ့ရေးလမ်းကြောင်းများကို မည်သို့ အထိနာစေနေသနည်း

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 21 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ရုရှား-ယူကရိန်းစစ်ပွဲ – ယူကရိန်း၏ မျိုးဆက်သစ် အလတ်စားဒရုန်းများသည် တောင်ပိုင်း ရှေ့တန်းစစ်မျက်နှာသို့ ဦးတည်နေသည့် ရုရှားစစ်တပ်၏ ထောက်ပံ့ရေးလမ်းကြောင်းများကို ပြင်းပြင်းထန်ထန် အနှောင့်အယှက်ပေးလျက်ရှိပြီး တံတားများ၊