နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 20 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အီရန်

အီရန်-အစ္စရေး ပဋိပက္ခတွင် အမေရိကန် ပါဝင်ပတ်သက်မှုကို တားဆီးရန် ရီပတ်ဘလီကန်အမတ်က အရှိန်မြှင့်လုပ်ဆောင်ခဲ့သည်။

ဇွန်လ (၁၇) ရက်။

ရီပတ်ဘလီကန် အောက်လွှတ်တော်အမတ်သောမတ်စ် မက်ဆီ (Thomas Massie) က အီရန်နှင့် အစ္စရေးတို့ကြား ပြင်းထန်သော ပဋိပက္ခတွင် အမေရိကန် ပါဝင်ပတ်သက်မှုကို တားမြစ်ရန် ရီပတ်ဘလီကန် ဦးဆောင်သော အောက်လွှတ်တော်တွင် တွန်းအားပေး ဦးဆောင်သွားမည်ဟု တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

မည်သည့်နိုင်ငံခြားစစ်ပွဲများတွင်မဆို အမေရိကန်၏ဝင်ရောက်စွက်ဖက်မှုကို ပြင်းထန်စွာ ကန့်ကွက်သူ မက်ဆီ(Massie) သည် အင်္ဂါနေ့တွင် ပါတီနှစ်ဖက်လုံးမှထောက်ခံ သဘောတူသော နှစ်ဖက်စစ်အင်အားစုများကို ပြေလည်အောင်ဖြေရှင်းပေးသည့် (War Powers Resolution) ကို မိတ်ဆက်မည်ဖြစ်ကြောင်း X တွင် ရေးသားခဲ့သည်။

“ ဒါက ငါတို့စစ်ပွဲမဟုတ်ဘူး။ ဒါပေမယ့် တကယ်လို့များ ဖြစ်လာခဲ့ရင်ဒါကို ကွန်ဂရက်လွှတ်တော်က ငါတို့ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒီလိုကိစ္စတွေ ဆုံးဖြတ်ရမှာပဲ” ဟု မက်ဆီက X တွင် ရေးသားခဲ့သည်။ “ ကျွန်တော်တို့ရဲ့ ပါဝင်ပတ်သက်မှုကို တားဆီးထားဖို့ မနက်ဖြန်မှာ နှစ်ဖက်စစ်အင်အားစုတွေကို ပြေလည်အောင်ဖြေရှင်းပေးနိုင်တဲ့အချက်ကို ကျွန်တော် မိတ်ဆက်ပေးပါမယ်။ ဒီဖြေရှင်းချက်ကို ပံ့ပိုးကူညီဖို့ ကွန်ဂရက်လွှတ်တော် အဖွဲ့ဝင်အားလုံးကို ဖိတ်ကြားပါတယ်။”

ဗာဂျီးနီးယားမှ ဒီမိုကရက်တစ်အထက်လွှတ်တော်အမတ် တင်မ်ကိန်း (Tim Kaine) သည် အစ္စရေး-အီရန် ပဋိပက္ခတွင် အမေရိကန်တပ်များ ပါဝင်ပတ်သက်မှုမှ ကင်းဝေးစေရန် ရည်ရွယ်သည့် ၎င်း၏ ကိုယ်ပိုင် စစ်အင်အားဆိုင်ရာ ဖြေရှင်းချက်ကို တနင်္လာနေ့တွင် မိတ်ဆက်ခဲ့သည်။ ကိန်း၏ တင်ပြမှုသည် အထူးလိုအပ်ချက်အဖြစ် သတ်မှတ်ခံရပြီး ကိန်းသည် အထက်လွှတ်တော်တွင် ထိုတင်ပြမှုအပေါ် မဲခွဲဆုံးဖြတ်နိုင်သည်ဟု ဆိုလိုသည်။

အောက်လွှတ်တော် ရီပတ်ဘလီကန်ခေါင်းဆောင်များသည် မက်ဆီ၏ ဆုံးဖြတ်ချက်ကို လွှတ်တော်သို့ ယူဆောင်လာရန် မဖြစ်နိုင်ပေ။ ဒီမိုကရက်တစ်ဦးဆောင်သော အောက်လွှတ်တော်သည် ၂၀၂၀ ခုနှစ်တွင် ကွန်ဂရက်လွှတ်တော်၏ ခွင့်ပြုချက်မရှိဘဲ အီရန်အပေါ် စစ်ရေးအရ အရေးယူရန် သမ္မတ၏အခွင့်အာဏာကို ချုပ်ကိုင်ထားရန် ရည်မှန်းထားသည့် အလားတူ အစီအမံကို ပြုလုပ်သောအခါ မက်ဆီ အပါအဝင် ရီပတ်ဘလီကန် လက်တစ်ဆုပ်စာကသာ ထောက်ခံခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အီရန်

အီရန်၏ ဆန္ဒပြမှုနှိမ်နင်းရေး နည်းဗျူဟာဟောင်းထဲသို့ အဆင့်မြင့် နည်းပညာသစ်များ ပေါင်းထည့်လာခြင်း

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 19 ရက်
  • 18 Views
CNN- ၂၀၂၆ခုနှစ်၊ဇန်နဝါရီလ ၁၉ရက် အီရန်နိုင်ငံတစ်ဝန်း ဖြစ်ပွားနေသော ဆန္ဒပြပွဲများကို လျင်လျင်မြန်မြန်နှင့် ပြတ်ပြတ်သားသား နှိမ်နင်းရန်အတွက် အီရန်အစိုးရသည် နည်းပညာသစ်များကို အသုံးပြုလာခဲ့သည်။
ဆီရီးယား နိုင်ငံတကာသတင်း

ဆီးရီးယားအစိုးရတပ်များ ရှေ့တိုးလာချိန်တွင် ကာ့ဒ်တပ်ဖွဲ့များ ဆုတ်ခွာပေးခဲ့ရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်
  • 33 Views
CNN- ဇန်နဝါရီလ ၁၈ရက် ဆီးရီးယားအစိုးရတပ်များသည် အလက်ပို (Aleppo) ဒေသရှိ မြို့ရွာအတော်များများကို သိမ်းပိုက်လိုက်ပြီဖြစ်သည်။ ကာ့ဒ် (Kurdish) ဦးဆောင်သော တိုက်ခိုက်ရေးသမားများက အဆိုပါဒေသမှ ထွက်ခွာပေးမည်ဟု ကြေညာပြီးနောက် ယခုကဲ့သို့ အစိုးရတပ်များ ဝင်ရောက်လာခြင်းဖြစ်သည်။ စစ်တပ်၏
စင်ကာပူ နိုင်ငံတကာသတင်း အာရှ

လူတစ်ဦးနှင့် မိတ်ဆက်ပေးပါရစေ – သူသည် မိမိအိမ်ခေါင်မိုးပေါ်မှနေ၍ တရားမဝင် ရေနံတင်သင်္ဘောများကို စောင့်ကြည့်နေသူဖြစ်သည်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်
  • 38 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက် အချို့သူများသည် အားလပ်ချိန်တွင် Netflix ကြည့်လေ့ရှိသော်လည်း ရယ်မီ အော့စ်မန်(Remy Osman) ကမူ ကမ္ဘာ့အလုပ်အရှုပ်ဆုံး ရေကြောင်းလမ်းတစ်ခုကို ဖြတ်သန်းပြီး တရားမဝင်ရေနံများ တင်ဆောင်လာသည့်
နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် မာချာဒိုမှ ထရမ့်ကို သူမ၏ နိုဘယ်ဆု ပေးအပ်သော်လည်း ထောက်ခံမှုကတိအစား အမှတ်တရလက်ဆောင်အိတ်သာ ရရှိခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 16 ရက်
  • 42 Views
CNN-၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၁၆ရက် ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် မာရီယာ ကိုရီနာ မာချာဒို (María Corina Machado) သည် ကြာသပတေးနေ့က အိမ်ဖြူတော်သို့ ရောက်ရှိလာချိန်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အလိုချင်ဆုံးဖြစ်နေသည့် နိုဘယ်ငြိမ်းချမ်းရေးဆုကို လက်ဆောင်အဖြစ်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

၂၀၂၅ ခုနှစ်အတွင်း ရုရှား၏ တိုက်ခိုက်မှုကြောင့် ရှေ့တန်းစစ်မျက်နှာပြင်နှင့် ဝေးကွာသော နေရာများမှ ယူကရိန်းအရပ်သား ၂,၅၀၀ ကျော် သေဆုံးခဲ့ရသည်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 15 ရက်
  • 38 Views
CNN- ၂၀၂၆ခုနှစ်၊ ဇွန်လ ၁၅ရက် ၂၀၂၂ ခုနှစ်တွင် ရုရှားက ယူကရိန်းကို အလုံးစုံကျူးကျော်စစ် စတင်ခဲ့ပြီးနောက်ပိုင်း၊ ၂၀၂၅ ခုနှစ်သည် ယူကရိန်းအရပ်သားများအတွက် အသေအပျောက်အများဆုံးနှစ် ဖြစ်ခဲ့ရပြီး လူပေါင်း ၂,၅၀၀ ကျော် သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂက
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ကာကွယ်ရေးဝန်ကြီးသစ် ထုတ်ဖော်ပြောကြားချက်အရ စစ်သည် ၂ သိန်း တပ်ပြေးနေပြီး ၂ သန်းခန့်မှာ စစ်မှုထမ်းရန် ရှောင်တိမ်းနေ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 15 ရက်
  • 36 Views
CNN-၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၁၅ရက် ယူကရိန်းနိုင်ငံ၏ စစ်သည်အင်အား ၂ သိန်းခန့်မှာ ခွင့်ပြုချက်မရှိဘဲ တာဝန်ကျရာနေရာများမှ စွန့်ခွာသွားခြင်း (AWOL) သို့မဟုတ် တပ်ပြေးဖြစ်နေသည်ဟု ခန့်မှန်းရကြောင်း ယူကရိန်း၏ ကာကွယ်ရေးဝန်ကြီးသစ် မိုင်ခေလို ဖယ်ဒိုရော့ဗ် (Mykhailo Fedorov)
နိုင်ငံတကာသတင်း အမေရိကန် အီရန် ဥရောပ

နို့ဘူးများ၊ ခွေးဆွဲလျှောတိုက်လှည်းများနှင့် အီရန်ကို ဗုံးကြဲမည့်ခြိမ်းခြောက်မှုများကြားမှ ထရမ့်၏ ‘ရူးသွပ်ဖွယ်ကမ္ဘာ’ အကြောင်း

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 15 ရက်
  • 41 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၁၅ရက် ဒေါ်နယ်ထရမ့် ပြောသလိုဆိုလျှင်တော့ ဒါဟာ “ရူးသွပ်နေတဲ့ ကမ္ဘာကြီး” (Crazy world) ပါပဲ။ ကမ္ဘာ့စိတ်အာရုံကို ဖမ်းစားထားနိုင်ပြီး လူကို အလွန်အမင်း မောဟိုက်နွမ်းနယ်စေသည့် အမေရိကန်သမ္မတ၏ သြဇာအာဏာမှာ ဗုဒ္ဓဟူးနေ့တွင်