နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 26 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အီရန်

အီရန်-အစ္စရေး ပဋိပက္ခတွင် အမေရိကန် ပါဝင်ပတ်သက်မှုကို တားဆီးရန် ရီပတ်ဘလီကန်အမတ်က အရှိန်မြှင့်လုပ်ဆောင်ခဲ့သည်။

ဇွန်လ (၁၇) ရက်။

ရီပတ်ဘလီကန် အောက်လွှတ်တော်အမတ်သောမတ်စ် မက်ဆီ (Thomas Massie) က အီရန်နှင့် အစ္စရေးတို့ကြား ပြင်းထန်သော ပဋိပက္ခတွင် အမေရိကန် ပါဝင်ပတ်သက်မှုကို တားမြစ်ရန် ရီပတ်ဘလီကန် ဦးဆောင်သော အောက်လွှတ်တော်တွင် တွန်းအားပေး ဦးဆောင်သွားမည်ဟု တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

မည်သည့်နိုင်ငံခြားစစ်ပွဲများတွင်မဆို အမေရိကန်၏ဝင်ရောက်စွက်ဖက်မှုကို ပြင်းထန်စွာ ကန့်ကွက်သူ မက်ဆီ(Massie) သည် အင်္ဂါနေ့တွင် ပါတီနှစ်ဖက်လုံးမှထောက်ခံ သဘောတူသော နှစ်ဖက်စစ်အင်အားစုများကို ပြေလည်အောင်ဖြေရှင်းပေးသည့် (War Powers Resolution) ကို မိတ်ဆက်မည်ဖြစ်ကြောင်း X တွင် ရေးသားခဲ့သည်။

“ ဒါက ငါတို့စစ်ပွဲမဟုတ်ဘူး။ ဒါပေမယ့် တကယ်လို့များ ဖြစ်လာခဲ့ရင်ဒါကို ကွန်ဂရက်လွှတ်တော်က ငါတို့ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒီလိုကိစ္စတွေ ဆုံးဖြတ်ရမှာပဲ” ဟု မက်ဆီက X တွင် ရေးသားခဲ့သည်။ “ ကျွန်တော်တို့ရဲ့ ပါဝင်ပတ်သက်မှုကို တားဆီးထားဖို့ မနက်ဖြန်မှာ နှစ်ဖက်စစ်အင်အားစုတွေကို ပြေလည်အောင်ဖြေရှင်းပေးနိုင်တဲ့အချက်ကို ကျွန်တော် မိတ်ဆက်ပေးပါမယ်။ ဒီဖြေရှင်းချက်ကို ပံ့ပိုးကူညီဖို့ ကွန်ဂရက်လွှတ်တော် အဖွဲ့ဝင်အားလုံးကို ဖိတ်ကြားပါတယ်။”

ဗာဂျီးနီးယားမှ ဒီမိုကရက်တစ်အထက်လွှတ်တော်အမတ် တင်မ်ကိန်း (Tim Kaine) သည် အစ္စရေး-အီရန် ပဋိပက္ခတွင် အမေရိကန်တပ်များ ပါဝင်ပတ်သက်မှုမှ ကင်းဝေးစေရန် ရည်ရွယ်သည့် ၎င်း၏ ကိုယ်ပိုင် စစ်အင်အားဆိုင်ရာ ဖြေရှင်းချက်ကို တနင်္လာနေ့တွင် မိတ်ဆက်ခဲ့သည်။ ကိန်း၏ တင်ပြမှုသည် အထူးလိုအပ်ချက်အဖြစ် သတ်မှတ်ခံရပြီး ကိန်းသည် အထက်လွှတ်တော်တွင် ထိုတင်ပြမှုအပေါ် မဲခွဲဆုံးဖြတ်နိုင်သည်ဟု ဆိုလိုသည်။

အောက်လွှတ်တော် ရီပတ်ဘလီကန်ခေါင်းဆောင်များသည် မက်ဆီ၏ ဆုံးဖြတ်ချက်ကို လွှတ်တော်သို့ ယူဆောင်လာရန် မဖြစ်နိုင်ပေ။ ဒီမိုကရက်တစ်ဦးဆောင်သော အောက်လွှတ်တော်သည် ၂၀၂၀ ခုနှစ်တွင် ကွန်ဂရက်လွှတ်တော်၏ ခွင့်ပြုချက်မရှိဘဲ အီရန်အပေါ် စစ်ရေးအရ အရေးယူရန် သမ္မတ၏အခွင့်အာဏာကို ချုပ်ကိုင်ထားရန် ရည်မှန်းထားသည့် အလားတူ အစီအမံကို ပြုလုပ်သောအခါ မက်ဆီ အပါအဝင် ရီပတ်ဘလီကန် လက်တစ်ဆုပ်စာကသာ ထောက်ခံခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 16 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 13 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 14 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက
တရုတ် ထိုင်ဝမ် နိုင်ငံတကာသတင်း ဖိလစ်ပိုင်

ဆလာမီ ပါးပါးလှီးခြင်း(‘Salami slicing’) ဗျူဟာ ဖြင့် ပစိဖိတ်ဒေသအပေါ် ဩဇာလွှမ်းမိုးမှု တိုးချဲ့ရန် တရုတ်နိုင်ငံက မည်သို့ ကြိုးပမ်းနေသလဲ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 18 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၅ရက် သီတင်းပတ်အနည်းငယ်အတွင်း တရုတ်သင်္ဘောများသည် ၎င်းတို့၏ ကုန်းတွင်းပိုင်းနှင့် ယခင်ကထက် ပိုမိုဝေးကွာသောနေရာများတွင် “ဥပဒေစိုးမိုးရေး” လုပ်ငန်းများကို လုပ်ဆောင် ခဲ့ပြီး၊ အလွန်အမင်း ထိလွယ်ရှလွယ်ဖြစ်သော ပင်လယ်ကြမ်းပြင်ကို မြေပုံညွှန်း ရေးဆွဲခဲ့ကာ တရုတ်ကမ်းခြေမှ
နိုင်ငံတကာသတင်း အမေရိကန် အီရန်

ထရမ့်၏ အီရန်သဘောတူညီချက်အပေါ် သြဇာကြီးမားသည့် ရီပတ်ဘလစ်ကန်များထံမှ တော်ရုံတွေ့ရခဲသော ပြစ်တင်ဝေဖန်မှုများ ထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 17 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပါတီတွင်း ကန့်ကွက်မှုများ ထွက်ပေါ်လာခြင်း။ သမ္မတ ဒေါ်နယ်ထရမ့်၏ အီရန်နိုင်ငံနှင့် ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (နားလည်မှုစာချွန်လွှာ) အသေးစိတ် ထွက်ပေါ်လာပြီးနောက်၊ ဝါရင့်နှင့်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

လောင်စာဆီလည်းမရှိ၊ လက်နက်လည်းမရှိ- ယူကရိန်း၏ ဒရုန်းဗျူဟာအသစ်က ရုရှား၏ ထောက်ပံ့ရေးလမ်းကြောင်းများကို မည်သို့ အထိနာစေနေသနည်း

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 14 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ရုရှား-ယူကရိန်းစစ်ပွဲ – ယူကရိန်း၏ မျိုးဆက်သစ် အလတ်စားဒရုန်းများသည် တောင်ပိုင်း ရှေ့တန်းစစ်မျက်နှာသို့ ဦးတည်နေသည့် ရုရှားစစ်တပ်၏ ထောက်ပံ့ရေးလမ်းကြောင်းများကို ပြင်းပြင်းထန်ထန် အနှောင့်အယှက်ပေးလျက်ရှိပြီး တံတားများ၊
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်သတင်း- ပစ်ချခံရသည့် အမေရိကန် လေသူရဲက အီရန်ဒရုန်းများ ‘ဂျယ်လီငါး’ ပုံသဏ္ဌာန်ဖြင့် အုပ်စုဖွဲ့ပျံသန်းလာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 17 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပြီးခဲ့သည့် ဧပြီလအတွင်းက အီရန်ကောင်းကင်ယံ၌ ပစ်ချခံရပြီးနောက် အထူးတပ်ဖွဲ့များ၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည့် အမေရိကန် တိုက်လေယာဉ်မှူးတစ်ဦးသည် လေယာဉ်ပေါ်မှ ခုန်ထွက်ခြင်းမပြုမီ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို
နိုင်ငံတကာသတင်း အမေရိကန်

အီးဂျင်းကာရိုးလ် (E. Jean Carroll) အပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု စီရင်ချက်အပေါ် ထရမ့်၏ အသဲအသန် အယူခံဝင်မှုသည် တရားရုံးချုပ်တွင် ကြန့်ကြာနေ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 15 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၃ရက် ဖေဖော်ဝါရီ ၂၇ ရက်တွင် တရားရုံးချုပ် တရားသူကြီးများသည် တံခါးပိတ်အစည်းအဝေး ပြုလုပ်ရန် ပြင်ဆင်နေစဉ်အတွင်း၊ မဂ္ဂဇင်းပင်တိုင်ဆောင်းပါးရှင် E. Jean Carroll အား လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ပြီး အသရေဖျက်ခဲ့သည်ဟူသော