နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 26 ရက်

မြန်မာသတင်း

မြန်မာသတင်း

မြစ်ဆုံဆည်ကို ကျောက်ဖြည့်တမံအမျိုးအစားနဲ့ ပြုလုပ်မယ်ဆိုပြီး ဒုစစ်ခေါင်းဆောင်ပြော

ဒီဇင်ဘာလ (၁၇)ရက်။

မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို ကွန်ကရစ်မျက်နှာ ကျောက်ဖြည့်တမံအမျိုးအစားနဲ့ ပြုလုပ်မှာဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းက မနေ့က မြစ်ကြီးနားကိုရောက်ရှိချိန် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီစီမံကိန်းအတွက် မြစ်ဆုံအမှတ်လက္ခဏာ မပျောက်ပျက်စေဖို့ တမံအမြင့်နဲ့ ထုတ်လုပ်မှုပမာဏ မဂ္ဂါဝပ်နဲ့ပတ်သက်ပြီး အဆိုပြုနည်းလမ်း (၆)မျိုးနဲ့ အကြိမ်ကြိမ် ဆွေးနွေးကာ စီးပွားရေးအရ တွက်ချေကိုက်မယ့် အဆိုပြုပုံစံ (၃)ရပ်ကို ဆန်ခါတင် စိစစ်ခဲ့တယ်လို့ ဆိုပါတယ်။

တမံအမျိုးအစားဟာ ကွန်ကရစ်မျက်နှာ ကျောက်ဖြည့်တမံအမျိုးအစားဖြစ်ပြီး တပ်ဆင်စက်အင်အား (၅၆၀၀)မဂ္ဂါဝပ်ကို အသုံးပြုသွားမှာဖြစ်သလို စစ်ကိုင်းပြတ်ရွေ့ကနေ အကွာအဝေး ၃၀ ဒသမ ၉ မီတာရှိ ဇောင်းတူဆည်မှာ မြေသားတမံဖြစ်ကာ ၆မဂ္ဂနီကျူ့ ခံနိုင်ရည်ရှိတယ်လို့ သိရပါတယ်။

နောက်ပြီး စစ်ကိုင်းပြတ်ရွေ့ကျောပေါ်ရှိ ဖြူးမြို့အနီး ကွန်းရေလှောင်တမံဟာ ကျောက်ဖြည့်တမံအမျိုးအစားဖြစ်ကာ ၇ ဒသမ ၉ မဂ္ဂနီကျူ့ ခံနိုင်ရည်ရှိပြီး မန္တလေးငလျင်ကြီး လှုပ်ခတ်ခဲ့ချိန်က တစုံတရာ ချို့ယွင်းတာမရှိခဲ့ဘူးလို့ ဆိုထားပါသေးတယ်။

မြစ်ဆုံတမံ တည်ဆောက်မယ့်နေရာကို အရင်က ၇ ဒသမ ၁ မဂ္ဂနီကျု့နဲ့ တွက်ချက်ထားပေမယ့် မန္တလေးငလျင်ကြီး လှုပ်ခတ်တဲ့ ပမာဏထက် ပိုမိုခံနိုင်ရည်ရှိတဲ့ ဒီဇိုင်းကို Asia Charter Professional Engineer(ACEP)အဖွဲ့က ပညာရှင်တွေနဲ့ အကြံပြုတွက်ချက်ပေးသွားမှာလို့ သူက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် ရေအောင်ကြမ်းပြင် ထိန်းညှိတဲ့လုပ်ငန်းကိုပါ ထည့်သွင်းထားပြီး နှစ်စဉ် မြစ်ကြီးနားမြို့ ရေကြီးနစ်မြုပ်တာ‌ကနေ ကင်းရှင်းကာ ဧရာဝတီမြစ်တလျှောက် မြစ်ဝကျွန်းပေါ် ပင်လယ်ဝအထိ နှစ်စဉ် နွေမိုးဆောင်း ရေပြင်အမြင့် (၁၀)မီတာအမြဲရှိပြီး ဧရာဝတီတိုင်းကနေ မြစ်ကြီးနားအထိ သင်္ဘောကြီး/ငယ်တွေ သယ်ယူပို့ဆောင်နိုင်မှာဖြစ်တယ်လို့လဲ ဆက်ပြောပါတယ်။

အဲ့ဒီနောက် ရေအောက်ကြမ်းပြင်ကနေ ထွက်လာတဲ့ နုန်းမြေတွေကိုလဲ ဧရာဝတီမြစ်ဘေးတလျှောက်ရှိ လုပ်ကိုင်နေတဲ့ တောင်သူတွေရဲ့ စိုက်ပျိုးမြေတွေအတွက် သဘာဝကပေးတဲ့ အဆီအနှစ်ပြည့်ဝတဲ့ မြေဩဇာကို အသုံးပြနိုင်မယ်ဆိုပြီး မက်လုံးပေး‌ပြောဆိုခဲ့ပါသေးတယ်။

မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်တာနဲ့ပတ်သက်ပြီး ဒေသခံတွေနဲ့ တတ်ကျွမ်းတဲ့ပညာရှင်တွေက ငလျင်ကြောပေါ် ရှိနေတာကြောင့် ဖြစ်ပေါ်လာမယ့် အန္တရာယ်တွေနဲ့ပတ်သက်ပြီး အကျေအလည်ဆွေးနွေးတာတွေ ရှိနေတာပါ။

မြစ်ဆုံစီမံကိန်း တည်ဆောက်ဖို့ကို သန်းရွှေလက်ထက်ကထဲကစပြီး ပြင်ဆင်လုပ်ဆောင်ခဲ့ကာ ပြည်သူတွေရဲ့ ကန့်ကွက်မှုတွေကြောင့် ဦးသိန်းစိန်လက်ထက်မှာ ယာယီရပ်နားခဲ့ပြီး အခု စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြန်လည်စတင်ဖို့ ကြိုးစားနေတာပါ။

ပြီးခဲ့တဲ့ ဩဂုတ်လပိုင်းကလဲ စစ်ကော်မရှင်ဟာ ဧရာဝတီ မြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းဦးဆောင်အဖွဲ့ကို ဖွဲ့စည်းခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ခင်ဦးမြို့ပေါ် ပြည်သူပိုင်ဈေးတန်းအိမ်တွေကို မီးရှို့နေတဲ့ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 19 Views
တိုက်ပွဲထဲ မီးရှို့ကိုကိုဆိုပြီး နာမည်ဆိုးထွက်နေတဲ့ စစ်ကောင်စီဗိုလ်တဦး သေဆုံးခဲ့ ဖေဖော်ဝါရီလ (၂၅)ရက်။ မနေ့က ညနေပိုင်းအချိန်မှာ ခင်ဦးမြို့ပေါ် ပြည်ပိုင်ဈေးတန်းအိမ်တွေကို မီးရှို့ဖျက်ဆီးနေတဲ့
မြန်မာသတင်း

ရေးမြို့တိုက်ပွဲထဲ နှစ်ဖက် ထိခိုက်ကျဆုံးတာတွေရှိခဲ့တယ်လို့ YGF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 22 Views
ဖေဖော်ဝါရီလ (၂၃)ရက်။ ဖေဖော်ဝါရီလ (၂၃)ရက်နေ့က ရေးမြို့ အောင်သပြေရွာအနီး စစ်ကောင်စီစစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ရေးပြောက်ကျားတပ်(YGF)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

အာဏာရှင်စနစ် အမြစ်ပြတ်တဲ့အထိ တိုက်ပွဲဝင်မယ်လို့ MDY-PDF ကတိပြုထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 23 Views
ဖေဖော်ဝါရီလ (၂၅)ရက်။ အာဏာရှင်စနစ် အမြစ်ပြတ်တဲ့အထိ တိုက်ပွဲဝင်သွားမယ်လို့ MDY-PDF ရဲ့ ဒီကနေ့မှာကျရောက်တဲ့ ဖွဲ့စည်းတည်ထောင်တဲ့ (၅)နှစ်ပြည့်မှာ ကတိပြုထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ MDY-PDF အနေနဲ့ လက်နက်ကိုင်တော်လှန်ရေး စတင်လုပ်ဆောင်ဖို့ ဆုံးဖြတ်ချက်ချခဲ့တဲ့ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ (၂၅)ရက်နေ့ကို
မြန်မာသတင်း

အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် အရပ်သားတွေ သေဆုံးတဲ့အပေါ် HDCO ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 27 Views
ဖေဖော်ဝါရီလ (၂၅)ရက်။ ပုဏ္ဏားကျွန်းမြို့ကို စစ်တပ်က လေကြောင်းဗုံးကြဲတာကြောင့် အရပ်သားတွေ သေဆုံးတဲ့အပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချတယ်လို့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မနေ့က ပုဏ္ဏားကျွန်းမြို့ ယိုးငူရွာရှိ ဈေးဆိုင်တန်းကို အကြမ်းဖက်စစ်တပ်က
မြန်မာသတင်း

ဧပြီလဆန်းပိုင်းမှာ သမ္မတရွေးချယ်ပြီး အစိုးရသစ်ဖွဲ့မယ်လို့ စစ်ကော်မရှင်ပြော

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 20 Views
ဖေဖော်ဝါရီလ (၂၅)ရက်။ ဧပြီလဆန်းပိုင်းမှာ သမ္မတရွေးချယ်ပြီး အစိုးရသစ်ဖွဲ့မယ်လို့ ဒုစစ်ခေါင်းဆောင် စိုးဝင်းက မနေ့က နောင်ဝိုး၊ ကျိုင်းခမ်းနဲ့ မိုင်းပျဉ်းတပ်နယ် တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ ဧပြီလဆန်းပိုင်းမှာ သမ္မတရွေးချယ်တင်မြှောက်ပြီး အစိုးရသစ်တရပ် ဖွဲ့စည်းကာ နိုင်ငံရဲ့တာဝန်ကို
မြန်မာသတင်း

လွှတ်တော်ကျင်းပမယ့် နေ့ရက်တွေ စစ်ကော်မရှင်ထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 24 ရက်
  • 40 Views
ဖေဖော်ဝါရီလ (၂၄)ရက်။ လာမယ့် မတ်လပိုင်းထဲမှာ လွှတ်တော်အစည်းအဝေးတွေ ကျင်းပသွားမယ်လို့ စစ်ကော်မရှင်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကော်မရှင်ရဲ့ ထုတ်ပြန်ချက်ထဲ ပြည်သူ့လွှတ်တော်အစည်းအဝေးကို မတ်လ (၁၆)ရက်နဲ့ အမျိုးသားလွှတ်တော်အစည်းအဝေးကို မတ်လ (၁၈)ရက်နေ့မှာ ကျင်းပမယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

ဒရုန်းနဲ့ တိုက်ခိုက်ခံရတဲ့ မြစ်ကြီးနားလေဆိပ် လေယာဉ်ပြေးဆွဲတာတွေ ခေတ္တရပ်နားထား

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 24 ရက်
  • 37 Views
ဖေဖော်ဝါရီလ (၂၄)ရက်။ ဒရုန်းနဲ့ တိုက်ခိုက်ခံရပြီးနောက် မြစ်ကြီးနားလေဆိပ်ရဲ့ လေယာဉ်ပြေးဆွဲတာတွေကို ခေတ္တရပ်နားထားဖို့ အသိပေးထားတယ်လို့ စစ်တပ်ရဲ့ ဒီကနေ့ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဖေဖော်ဝါရီလ (၂၀)ရက်နေ့က မြစ်ကြီးနားလေဆိပ် အသေခံဒရုန်းနဲ့ တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်မှာ MNA လေယာဉ်တစီး ထိမှန်ပျက်စီးခဲ့တယ်လို့
မြန်မာသတင်း

NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာနမှာ CDM ဝန်ထမ်း (၆၀)ရာခိုင်နှုန်း ခန့်အပ်ထား

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 24 ရက်
  • 35 Views
ဖေဖော်ဝါရီလ (၂၄)ရက်။ NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာနထဲ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေနဲ့ လက်တွဲပူးပေါင်းကာ CDM ဝန်ထမ်းတွေကို ခန့်အပ်ထားတယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အခုအခါ CDM ဝန်ထမ်းတွေကို စုစုပေါင်း ဝန်ထမ်းအင်အားရဲ့ (၆၀)ရာခိုင်နှုန်း