နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 17 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း မြန်မာသတင်း အမေရိကန်

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ရဲ့ နှုတ်ဆက်မိန့်ခွန်း ကောက်နှုတ်ချက်

+++++++++++++++++++++++++++++

ကျွန်ုပ်ရဲ့ လေးစားအပ်သော အမေရိကန်များကို ဘဲဥပုံရုံးကနေကျွန်ုပ်ခင်ဗျားတို့ကို ဒီနေ့ည စကားပြောပါ့မယ်ဆိုတဲ့စကားနဲ့အစချီပြီး အမေရိကန်သမတကြီးဂျိုးဘိုင်ဒင်က အစပဏာမမှာ သူ့အနေနဲ့နောက်တက်လာမယ့်သမတထရန့်နဲ့ အခြေအတင် ဖြစ်ခဲ့မှုတွေ ရှိခဲ့လင့်ကစား အမေရိကန် ဒီမိုက‌ရေစီစနစ်ရဲ့ လေးစားထိုက်တဲ့အမူအကျင့်ကိုပြသတဲ့အနေနဲ့ သူဦးဆောင်တဲ့ ဒီမိုကရက်တစ်ပါတီ ရှုံးနိမ့်သွားခဲ့ပေမဲ့ သူ့အစိုးရက ထရန့်အစိုးရတက်လာတာကို ဒီမိုကရေစီကျင့်စဥ်အတိုင်း အသာတကြည် အာဏာလွှဲပေးသွားမယ်ဆိုတာကို ကတိပြုခဲ့သလို သူဦးဆောင်လုပ်နေတဲ့ အစ္စရေးနှင့် ဟားမတ်စ်တို့က အပစ်အခတ် ရပ်စဲရေးနဲ့ ဓားစာခံ သဘောတူညီချက်ကို ထရန့်အစိုးရက ဆက်လက်အောင်မြင်စွာ လက်ကမ်းသယ်ယူ လုပ်ဆောင်နိုင်ဖို့ အသေးစိတ်အချက်အလက်တွေကို မချွင်းမချန် မျှဝေပေးဖို့သူ့ အုပ်ချုပ်ရေးအဖွဲ့ကို ညွှန်ကြားခဲ့ပြီး အမေရိကန် ဒီမိုကရေစီစနစ်ဟာ အာဏာလွှဲ‌ပြောင်းပေးမှုမှာ ပုဂ္ဂိုလ်ရေးခံစားချက်ထက် တိုင်းပြည်အရေးကို ဦးစားပေးတယ်ဆိုတာ ကမ္ဘာကိုသိမြင်အောင် ပြသခဲ့တယ်။

အမေရိကန်နိုင်ငံဟာ ကမ္ဘာ့နိုင်ငံအသီးသီးက အခြေချနေထိုင်သူ ကမ္ဘာတစ်ဝှမ်းမှ လူအများအပြားနဲ့ တည်ဆောက်ခဲ့တာဖြစ်လို့ အခြေချနေထိုင်သူများကို လေးစားတန်ဖိုးထားဖို့လဲ သူက သတိပေးခဲ့ပါတယ်။

ကျွန်ုပ်တို့အားလုံးဟာ ဂုဏ်သိက္ခာ၊ တရားမျှတမှုတို့ကို ရယူဆက်ဆံခံထိုက်သူတွေ ဖြစ်ပါတယ်။ ကျွန်ုပ်တို့ရဲ့အခွင့်အရေး၊ ကျွန်ုပ်တို့ရဲ့ လွတ်လပ်မှု၊ ကျွန်ုပ်တို့အိပ်မက်တွေ ဒီမိုကရေစီအခွင့်အ‌ရေးတွေကို တတ်နိုင်သမျှ နည်းမျိုးစုံနဲ့ ကာကွယ်ရမယ်လို့ ဆိုခဲ့တယ်။

အာဏာအလွဲသုံးစားလုပ်မှုကို သတ္တိရှိရှိ ရပ်တည်ဆန့်ကျင်ဖို့ကိုလည်း သူက သတိပေးခဲ့သလို အမေရိကရဲ့အယူအဆကို ယုံကြည်ခြင်းဟာ လွတ်လပ်တဲ့ လူထုအ‌ခြေပြု လူ့အဖွဲ့အစည်းကို အုပ်ချုပ်တဲ့ အဖွဲ့အစည်းတွေ ဖြစ်ကြတဲ့ သမ္မတအုပ်ချုပ်တဲ့ အစိုးရ၊ ကွန်ဂရက်လွှတ်တော်၊ တရားရုံးတွေနဲ့ လွတ်လပ်ပြီး အမှီအခိုကင်းတဲ့ စာနယ်ဇင်းတွေကို လေးစားတန်ဖိုးထားရမယ်လို့ ထောက်ပြခဲ့တယ်။

အမေရိကန်ရဲ့ အာဏာခွဲဝေမှု၊ အပြန်အလှန်ထိန်းကျောင်းမှုစနစ်ဟာ ပြီးပြည့်စုံခြင်းမရှိသေးပေမဲ့ အမေရိကန်ဒီမိုကရေစီကို နှစ်ပေါင်း ၂၅၀ နီးပါး ထိန်းသိမ်းနိုင်ကြောင်း ထောက်ပြခဲ့တယ်။

သူရဲ့ သမတသက်တမ်းမှာ တိုးတက်မှုတွေကို ပြောပြရာမှာ သန်းပေါင်းများစွာသော လုပ်ငန်းရှင်တွေနဲ့ ကုမ္ပဏီတွေဟာ စီးပွားရေးနဲ့ စက်မှုလုပ်ငန်းအသစ်တွေကို ဖန်တီးကြပြီး အမေရိကန် ထုတ်ကုန်တွေကို အသုံးပြုပြီး အမေရိကန် အလုပ်သမားတွေကို ငှားရမ်းနေကြသလို ခေတ်သစ်တစ်ခုအဖြစ် လမ်း၊ တံတားတွေ၊ သန့်ရှင်းတဲ့ရေနဲ့ အမေရိကန်တိုင်းအတွက် စျေးနှုန်းသက်သာပြီး မြန်နှုန်းမြင့် အင်တာနက်ကို ရရှိအောင်လုပ်နိုင်ခဲ့သလို ဆီမီးကွန်ဒတ်တာ တပိုင်းလျှပ်ကူးချစ်ပ်တွေကို အမေရိကန်ကို ရွှေ့ပြောင်းတည်ဆောက်ပြောင်းယူနိုင်ခဲ့ပြီး အလုပ်အကိုင်ထောင်ပေါင်းများစွာ ဖန်တီးနိုင်ခဲ့ကြောင်းလည်း ပြောပြခဲ့တယ်။ သက်ကြီးရွယ်အို သန်းပေါင်းများစွာအတွက် ဈေးနှုန်းသက်သာတဲ့ ဆေးတွေ ဝယ်ယူနိုင်မယ့် မက်ဒီကဲ (ကျန်းမာရေးစောင့်ရှောက်မှု) ညှိုနှိုင်းနိုင်ဖို့ အာဏာပေးထားခဲ့ကြောင်းလည်း ပြောပြခဲ့ပါတယ်။

နောက်ဆုံးအနေနဲ့ အနှစ် ၃၀ အတွင်း အထူးခြားဆုံး သေနတ်ဘေးကင်းရေးဥပဒေကို ကျော်ဖြတ်ပြီး ကြမ်းတမ်းတဲ့ရာဇ၀တ်မှုတွေကို နှစ် ၅၀ နိမ့်ပါးအောင် ဆောင်ကျဉ်းပေးခဲ့တဲ့အတွက် ကလေးတွေနဲ့ မိသားစုတွေကို အကာအကွယ်ပေးဖို့ကိုလည်း ဆောင်ရွက်ခဲ့ကြောင်း ပြောခဲ့သလို အဆိပ်သင့်ပစ္စည်းတွေနဲ့ ထိတွေ့ခဲ့ရတဲ့ စစ်မှုထမ်းဟောင်း ၁ သန်းကျော်နဲ့ သူတို့ရဲ့ မိသားစုတွေအတွက် ဆေးဘက်ဆိုင်ရာ စောင့်ရှောက်မှု၊ ပညာရေးနဲ့ အခြားလိုအပ်တဲ့အရာတွေကို ပံ့ပိုးပေးနိုင်ခဲ့ကြောင်းကိုလည်း ပြောခဲ့ပါတယ်။

နိုင်ငံခြားဆက်ဆံရေးနဲ့ပတ်သက်ပြီး နေတိုးကို အားကောင်းအောင် လုပ်ထားနိုင်ပြီး ယူကရိန်းနိုင်ငံကလည်း ရုရှားလက်ထဲ မကျရောက်ဘဲ လွတ်လပ်ဆဲဖြစ်နေပြီး တရုတ်နဲ့ ပြိုင်ဆိုင်မှုမှာ ရှေ့ကို တိုးခဲ့လုပ်ခဲ့တယ်လို့‌ ပြောခဲ့ပါတယ်။

တိုင်းပြည်အနာဂါတ်မှာ ကြုံတွေ့ရမယ့် အခက်အခဲနဲ့သတိထားရမဲ့ အန္တရာယ်တွေကိုလည်း ထောက်ပြ သတိပေးခဲ့ပါတယ်။ အခုအခါ အလွန်ချမ်းသာတဲ့လူနည်းစုလက်ထဲမှာ အန္တရာယ်ရှိတဲ့ အာဏာစုစည်းမှု ရောက်ရှိလာမှု ဖြစ်ပြီး သူတို့ရဲ့ အာဏာအလွဲသုံးစားလုပ်တာကို စောင့်ကြည့် စစ်ဆေးတာ မပြုနိုင်ပါက အန္တရာယ်ရှိတဲ့ အကျိုးဆက်တွေ ဖြစ်လာမယ်လို့ သူက နိုင်ငံကို သတိပေးခဲ့ပါတယ်။

ဒီနေ့ခေတ်မှာ ချမ်းသာကြွယ်ဝသူတွေက ထိန်းချုပ်ထားတဲ့ အာဏာရှင်စနစ် (oligarchy) ဟာ ကျွန်ုပ်တို့ရဲ့ ဒီမိုကရေစီတစ်ခုလုံး၊ ကျွန်ုပ်တို့ရဲ့ အခြေခံအခွင့်အရေးတွေနဲ့ လွတ်လပ်မှု၊ လူတိုင်းရှေ့ကိုတိုးတက်နိုင်ဖို့ အခွင့်အလမ်းတွေကို အမှန်တကယ် ခြိမ်းခြောက်နေကြောင်း သတိပေးပြောကြားခဲ့သလို ချမ်းသာသူတွေအနေနဲ့ အချိုးကျအခွန် ပေးဆောင်ဖို့လိုကြောင်းလည်း ထပ်လောင်းသတိပေးခဲ့ပါတယ်။

ရာသီဥတုပြောင်းလဲနေမှု အန္တရာယ်ရှိနေတယ်ဆိုတာ အခုထက်ပိုပြီး ရှင်းလင်းတာ မရှိဘူးလို့ ပြောပြီး နိုင်ငံမှာဖြစ်ပျက်နေတဲ့ ကာလီဖိုးနီးယားနဲ့ ‌မြောက်ကာရိုလိုင်းနားကို ကြည့်တာနဲ့ သိနိုင်တယ်လို့ထောက်ပြခဲ့ပါတယ်။

သူဟာကမ္ဘာ့သမိုင်းမှာ အထင်ရှားဆုံး ရာသီဥတုနဲ့ သန့်ရှင်းတဲ့ စွမ်းအင်ဥပဒေကို လက်မှတ်ရေး ထိုးခဲ့ပြီး ကျန်ကမ္ဘာ့နိုင်ငံတွေကလည်း အဲ့ဒီဆောင်ရွက်ချက်ပုံစံအတုယူနေပြီ ဖြစ်တယ်၊ ဒီအချက်က အလုပ်အကိုင်တွေ ဖန်တီးပေးမှာ ဖြစ်ပြီး စက်မှုလုပ်ငန်းတွေရဲ့ အနာဂတ်လည်း ဖြစ်တယ်လို့ဆိုပါတယ်။

သူ့အနေနဲ့ သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ဖို့နဲ့ စီးပွားရေးကို ဖွံ့ဖြိုးကြီးထွားလာအောင်လုပ်ဖို့ တခုနဲ့တခု ရွေးချယ်နေစရာ မလိုဘဲ နှစ်ခုလုံးကို ပြိုင်တူလုပ်နေတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ သြဇာကြီးတဲ့ အင်အားစုတွေက သူတို့ရဲ့ ကိုယ်ပိုင်အကျိုးစီးပွားအတွက် အာဏာနဲ့ အကျိုးအမြတ်အတွက် ရာသီဥတု အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းဖို့ ကျွန်ုပ်တို့ လုပ်ဆောင်ခဲ့တဲ့ ခြေလှမ်းတွေကို ဖယ်ရှားပစ်ဖို့ သူတို့ရဲ့ သြဇာကို ကိုင်စွဲပြီး လုပ်ဆောင်လို နေကြတယ်လို့ သတိပေးခဲ့ပါတယ်။

ကျွန်ုပ်တို့ရဲ့ အနာဂတ်တွေ သားသမီးတွေ၊ မြေးတွေရဲ့ အနာဂတ်ကို စတေးဖို့ အနိုင်ကျင့်တာမျိုး မဖြစ်ရဘူး။ ကျွန်ုပ်တို့အနေနဲ့ ရှေ့ကို ဆက်ပြီး မြန်မြန်တွန်းရမယ်။ အချိန်ဖြုန်းနေဖို့ အချိန်မရှိပါဘူးလို့‌ ပြောခဲ့တယ်။

နည်းပညာမှာ အမေရိကန် ဦးဆောင်မှုဟာ ပြိုင်ဆိုင်မှုကင်းတဲ့ အနေအထားဖြစ်တယ်။ ဒါ့အတူ ပြိုင်ဆိုင်မှုကင်းတဲ့ ဆန်းသစ်တီထွင်မှု အရင်းအမြစ်ဟာ ဘဝတွေကို ပြောင်းလဲနိုင်တယ်။ နည်းပညာ၊ ပါဝါနဲ့ ချမ်းသာကြွယ်ဝမှုတို့ စုစည်းလာမှုရဲ့ အန္တရာယ်တွေကို ကျွန်ုပ်တို့ မြင်နေရတယ်လို့ သူက ထောက်ပြခဲ့ပါတယ်။

အာဏာအလွဲသုံးစား လုပ်မှုဖြစ်စေတဲ့ သတင်းမှားတွေနဲ့ မဟုတ်မမှန်သတင်းတွေကြောင့် အမေရိကန်တွေ နစ်မြုပ်နေရပါတယ်။ စာနယ်ဇင်း လွတ်လပ်မှု ပြိုပျက်နေပြီး အယ်ဒီတာတွေ ပျောက်ကွယ်ကုန်ကြတယ်။ ဆိုရှယ်မီဒီယာက အချက်အလက် စစ်ဆေးတာကို စွန့်လွှတ်လိုက်တယ်။ အာဏာနဲ့ အကျိုးအတွက် လိမ်ညာပြောဆိုမှုတွေကအမှန်တရားကို ဖုံးကွယ်နေကြောင်းလည်း သတိပေးခဲ့ပါတယ်။

ကျွန်ုပ်တို့ရဲ့ကလေးတွေ ကျွန်ုပ်တို့ရဲ့ မိသားစုတွေနဲ့ ကျွန်ုပ်တို့ရဲ့ ဒီမိုကရေစီကို အာဏာအလွဲသုံးစားမှုကနေ ကာကွယ်ဖို့ လူမှုပလက်ဖောင်းတွေက တာဝန်ခံရမှာ ဖြစ်ပါတယ်လို့ဆိုပါတယ်။

တစ်ချိန်တည်းမှာ ဉာဏ်ရည်တု (AI) ဟာ ကျွန်ုပ်တို့ခေတ်ရဲ့ အကျိုးဆက် အများအပြားရှိတဲ့ နည်းပညာ ဖြစ်ပြီး လူသားမျိုးနွယ်တို့အတွက် အကောင်းနဲ့ အဆိုး နှစ်ခုလုံး သက်ရောက်နိုင်ကြောင်းလည်း သတိပေးခဲ့ပါတယ်။

ဉာဏ်ရည်တု (AI) ဟာ ကျွန်ုပ်တို့ သိတဲ့အတိုင်း ကင်ဆာရောဂါ အဆုံးသတ်ဖို့ ကျွန်ုပ်ရဲ့ ခေါ်ဆိုမှုကို ဖြေကြားရာမှာ ကူညီပေးနိုင်တဲ့ အလားအလာတွေ ရှိပေမဲ့ အကာအကွယ်တွေ မထားရှိပါက AI ဟာ ကျွန်ုပ်တို့ရဲ့ အခွင့်အရေးတွေ၊ ကျွန်ုပ်တို့ရဲ့ ဘဝနေထိုင်ပုံ၊ ကျွန်ုပ်တို့ရဲ့ ကိုယ်ရေးကိုယ်တာ၊ ကျွန်ုပ်တို့ရဲ့ လုပ်ဆောင်ပုံနဲ့ ကျွန်ုပ်တို့ရဲ့ နိုင်ငံကို ကာကွယ်ပုံတို့ကို ခြိမ်းခြောက်မှုအသစ်တွေ ဖန်တီးပေးနိုင်တယ်လို့လည်း ဆိုပါတယ်။

AI ဟာ လူသားအားလုံးအတွက် လုံခြုံကာ ယုံကြည်စိတ်ချရပြီး ကောင်းမွန်ကြောင်း သေချာစေရပါမယ်လို့ သူက ပြောခဲ့ပါတယ်။

AI ခေတ်ကြီးမှာ လူတွေကို အုပ်ချုပ်ဖို့က ပိုအရေးကြီးတယ်။ လွတ်လပ်တဲ့ တိုင်းပြည်ဖြစ်တာကြောင့် AI ဖွံ့ဖြိုးတိုးတက်ရေးမှာ အမေရိကန်ဟာ ကမ္ဘာကို ဦးဆောင်ရမှာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

လာမယ့်နှစ်တွေမှာ၊ သမ္မတ၊ သမ္မတရာထူး၊ ကွန်ဂရက်လွှတ်တော်၊ တရားရုံးတွေ၊ လွတ်လပ်တဲ့ သတင်းမီဒီယာတွေနဲ့ အမေရိကန်ပြည်သူတွေဟာ ဒီအင်အားကြီး အင်အားစုတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ဖို့ အတွက် အထောက်အကူဖြစ်မယ်ဆိုတာ သင်တို့ သိတယ်လို့လဲ ဖြစ်လာမဲ့အခြေအနေကို နမိတ်ဖတ် ပြခဲ့ပါတယ်။

အခွန်ကုဒ်ကို ပြုပြင်ပြောင်းလဲရပါမယ်လို့ဆိုခဲ့ပြီး ဘီလျံနာတွေကို အကြီးမားဆုံး အခွန်လျော့ချမှုကို မပေးဘဲ၊ မျှတတဲ့အခွန်ကို စတင်ပေးဆောင်စေခြင်းနဲ့ ပြုပြင်ပြောင်းလဲပစ်ရမှာ ဖြစ်တယ်လို့လမ်းညွှန်ပြခဲ့ပါတယ်။

တရားလွှတ်တော်ချုပ် တရားသူကြီးတွေရဲ့ သက်တမ်းကို ၁၈ နှစ်သတ်မှတ်တာနဲ့ ပတ်သက်ပြီး အချိန်နဲ့ သက်တမ်းကန့်သတ်ချက်ကို တရားလွှတ်တော်ချုပ်အတွက် အပြင်းထန်ဆုံး ကျင့်ဝတ်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေကို ပြဋ္ဌာန်းဖို့ လိုအပ်တယ်လို့ အကြံပြုခဲ့ပါတယ်။

ဒါ့အပြင်ကွန်ဂရက်အဖွဲ့ဝင်တွေ ကွန်ဂရက်မှာ ရှိနေစဉ်မှာ စတော့အရောင်းအ၀ယ် လုပ်ခြင်းကို တားမြစ်ဖို့ လိုအပ်တယ်လို့လည်း အကြံပြုခဲ့ပါတယ်။

သမ္မတတစ်ဦးဟာ ရာထူးသက်တမ်းအတွင်း ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေကနေ လွတ်ကင်းခွင့်ပေးထားတာကို ရှင်းလင်းစွာ သိရန်လိုအပ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ လိုအပ်တယ်လို့ ထောက်ပြခဲ့ပါတယ်။ သမ္မတရဲ့ အာဏာဟာ အကန့်အသတ်ရှိတယ်၊ အကြွင်းမဲ့ မဖြစ်သင့်ဘူးလို့လည်း သူက ပြောပါတယ်။

ဒီမိုကရေစီစနစ်မှာ အာဏာနဲ့ ချမ်းသာကြွယ်ဝမှုတွေအပေါ် အာရုံစူးစိုက်မှုမှာ နောက်ထပ်အန္တရာယ်တစ်ခုရှိပါတယ်။ စည်းလုံးညီညွတ်မှုနဲ့ ဘုံရည်ရွယ်ချက်ကို ပျက်ပြားစေပါတယ်။ မယုံကြည်မှုနဲ့ စိတ်ဝမ်းကွဲမှုကို ဖြစ်စေပါတယ်။ ကျွန်ုပ်တို့ရဲ့ ဒီမိုကရေစီစနစ်မှာ ပါဝင်ခြင်းဟာ ပင်ပန်းနွမ်းနယ်ပြီး စိတ်ပျက်စရာတွေ ဖြစ်လာကာ ပြည်သူတွေအတွက် တရားမျှတမှုမျိုး မခံစားရဘူးလို့ ဆိုပါတယ်။

လူတိုင်းလူတိုင်း မျှတတဲ့ ယှဥ်ပြိုင်မှုကို ရပိုင်ခွင့်ရှိရမှာဖြစ်ပြီး သူတို့ရဲ့ ကြိုးစားအားထုတ်မှုနဲ့ အရည်အချင်းတွေက သူတို့လုပ်နိုင်သလောက် ရယူနိုင်ဖို့ အခွင့်အလမ်းရှိဖို့ လိုအပ်တယ်လို့လည်း ဆိုပါတယ်။

သူ့အနေနဲ့ စစ်မှုထမ်းအဖွဲ့ဝင်တွေနဲ့ သူတို့ရဲ့မိသားစုတွေအတွက်၊ အမေရိကန်နိုင်ငံရဲ့ စစ်ဦးစီးချုပ်အဖြစ် ဦးဆောင်ခွင့်ရတာ သူ့ဘဝရဲ့ အမြင့်ဆုံး ဂုဏ်ယူစရာပါပဲလို့ ဆိုခဲ့ပြီး ဒုတိယသမတ ကာမလာဟဲရစ်နဲ့ ခင်ပွန်းတို့ကို အတူလက်တွဲခဲ့တဲ့အတွက် ကျေးဇူးတင် ဂုဏ်ယူကြောင်း သူတို့ဟာ သူ့ရဲ့မိသားစုတွေပဲ ဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။

အမေရိကန်ပြည်သူတွေကို ကျေးဇူးတင်ပါတယ်။ နှစ် ၅၀ ပြည်သူ့ တာဝန်ထမ်းပြီးနောက်၊ ဒီနိုင်ငံရပ်တည်ဖို့၊ အဖွဲ့အစည်းတွေရဲ့အားသာချက်၊ အမေရိကန်ပြည်သူတွေရဲ့စရိုက်ကအရေးကြီးပြီး ခံနိုင်ရည်ရှိတဲ့ လူမျိုးဆိုတဲ့ အယူအဆကို သူက ယုံကြည်နေတုန်းပဲလို့ ဆိုခဲ့ပါတယ်။

အမေရိကားကို ကျုပ်ချစ်တယ်။

ဘုရားသခင်ကောင်းချီးပေးပါစေ။ ပြီးတော့ ဘုရားသခင်က ငါတို့တပ်တွေကို အကာအကွယ်ပေးပါစေ။ ဒီလို ဂုဏ်ထူးကြီးအတွက် ကျေးဇူးတင်ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ပခုက္ကူမြို့မှာ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး (၅)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 17 ရက်
  • 32 Views
မတ်လ (၁၇)ရက်။ မတ်လ (၁၅)ရက်နေ့ နံနက် (၇)နာရီအချိန်က ပခုက္ကူမြို့နယ်အနောက်ခြမ်းမှာ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

နှစ်ဖက်အပစ်ရပ်ဖို့ TNLA နဲ့ MNDAA တို့ လောက်ကိုင်မှာ တွေ့ဆုံ

  • 2026 ခုနှစ်၊ မတ်လ 17 ရက်
  • 30 Views
မတ်လ (၁၇)ရက်။ ဒီကနေ့ နံနက်ပိုင်းကစပြီး လောက်ကိုင်မြို့မှာ TNLA နဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးနေတယ်လို့ ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။
မြန်မာသတင်း

စစ်အုပ်စုဖန်တီးမယ့် ဘယ်လိုနိုင်ငံရေးအစီအမံကိုမှ အသိအမှတ်မပြုဖို့ ပြည်ထောင်စုလွှတ်တော် တိုက်တွန်း

  • 2026 ခုနှစ်၊ မတ်လ 17 ရက်
  • 27 Views
မတ်လ (၁၆)ရက်။ ဒီကနေ့မှာ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် နဝမအကြိမ်အစည်းကနေ အချက် (၁၀)ချက်ကို အတည်ပြုကြေညာခဲ့တယ်လို့ CRPH ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီအချက်တွေထဲ အကြမ်းဖက်စစ်အုပ်စုနဲ့ အတုအယောင်ရွေးကောက်ပွဲကနေ ဖန်တီးမယ့် တရားမဝင်လွှတ်တော်နဲ့ အုပ်ချုပ်ရေးအဖွဲ့အပါအဝင် ဘယ်လို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား-ယူကရိန်းစစ်ပွဲ

သူသည် စစ်ပွဲသူရဲကောင်းအဖြစ် အိမ်ပြန်လာခဲ့သည်။ သို့သော် တံခါးပိတ်ထားသည့် နောက်ကွယ်တွင်မူ သူသည် အာဏာရှင်တစ်ဦး ဖြစ်လာခဲ့သည်။

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 99 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၁၆ရက် ယူကရိန်းစစ်ပွဲ ကိယက်ဗ်မြို့ —အလီစာ (Alisa) သည် သူမ၏ခင်ပွန်း သူမအား ပထမဆုံး အကြိမ် နာကျင်အောင်ပြုလုပ်ခဲ့သည့် အချိန်ကို မှတ်မိနေဆဲဖြစ်သည်။ ယူကရိန်းအရှေ့ပိုင်း ရှေ့တန်းစစ်မျက်နှာမှ ခွင့်ဖြင့်ပြန်လာစဉ် ခင်ပွန်းဖြစ်သူသည်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန် အီရန်

အီရန်နိုင်ငံတွင် ထရမ့် ရွေးချယ်လိုက်သော စစ်ပွဲသည် ပူတင်အတွက် အခွင့်အလမ်းတစ်ရပ် ဖြစ်လာစေခဲ့သည်။

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 45 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၁၆ရက် ရုရှားသမ္မတ ဗလာဒီမာပူတင်သည် အကျပ်အတည်းများကြားမှ အခွင့်အလမ်းကို မည်သို့ရှာဖွေရမည်ကို ကောင်းစွာသိရှိပြီး၊ ယခု ပြန့်နှံ့လာနေသော အီရန်စစ်ပွဲသည်လည်း နောက်ထပ် သာဓကတစ်ခုပင် ဖြစ်သည်။ ပူတင်သည် ယူကရိန်းကို သိမ်းပိုက်ရေး စစ်ဆင်ရေးနှင့်
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြား လုံခြုံရေးအတွက် နိုင်ငံများမှ ကူညီခြင်းမရှိပါက နေတိုး (NATO) အဖွဲ့အတွက် ‘အလွန်ဆိုးရွားသော အနာဂတ်’ ရှိလာနိုင်ကြောင်း ထရမ့် သတိပေး

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 36 Views
၂၀၂၆ ခုနှစ်၊ မတ်လ ၁၆ ရက် အရှေ့အလယ်ပိုင်းဒေသတွင် တိုက်ခိုက်မှုအသစ်များ ပြင်းထန်နေစဉ် လ လက်ဘနွန်နိုင်ငံရှိ ဟစ်ဇဘိုလာ (Hezbollah) အဖွဲ့အပေါ် “အကန့်အသတ်ရှိပြီး ရည်မှန်းချက်ထားသည့်” မြေပြင်စစ်ဆင်ရေးများ စတင်ကြောင်း အစ္စရေးက ကြေညာလိုက်သည်။ သမ္မတ
မြန်မာသတင်း

တော်လှန်ရေးပုံစံနဲ့ ကိုက်ညီတဲ့ လွှတ်တော်ဖြစ်အောင် ပုံဖော်ဖို NUG ယာယီသမ္မတ တိုက်တွန်း

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 149 Views
မတ်လ (၁၆)ရက်။ ရှေ့ကာလတွေမှာ တော်လှန်ရေးပုံစံနဲ့ ကိုက်ညီတဲ့ လွှတ်တော်ဖြစ်အောင် ပုံဖော်ကြဖို NUG ယာယီသမ္မတ ဒူဝါလရှီးလက ဒီကနေ့မှာကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ တိုက်တွန်းခဲ့တယ်လို သိရပါတယ်။ “ အခုဆိုရင် လွှတ်တော်အမတ်မင်းတွေက အခြေအနေအရ နေရာဒေသအသီးသီးမှာ ရှိနေကြရတာကို
မြန်မာသတင်း

စစ်တပ်ရဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအနေနဲ့ ဦးခင်ရီကို ခန့်အပ်

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 21 Views
မတ်လ (၁၆)ရက်။ ဒီကနေ့ ‌နံနက် (၁၀)နာရီအချိန်ကစပြီး စစ်တပ်ရဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးကို နေပြည်တော်မှာ ကျင်းပနေပြီဖြစ်တယ်လို သိရပါတယ်။ အဲ့ဒီ ပြည်သူ့လွှတ်တော်အစည်းအဝေး ပထမနေ့မှာ လွှတ်တော်သဘာပတိအနေနဲ့ နန္ဒကျော်စွာက တာဝန်ယူပြီးလွှတ်တော်ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌတိုကို ရွေးချယ်ခန့်အပ်ကြပါတယ်။ အဲ့ဒီလို ရွေးချယ်တာမှာ