နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 3 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန် ဥရောပ

ယူကရိန်းအရေး နှင့်ပတ်သက်ပြီး အမေရိကန်-ရုရှား ဆွေးနွေးပွဲကို ဆော်ဒီအာရေဗျနိုင်ငံမှာ ပြုလုပ်ခဲ့ကြပြီး ဗြိတိန်က မိမိတပ်ဖွဲ့ဝင်တွေကို ယူကရိန်းမြေမှာ ချထားဖို့ အသင့်ဖြစ်နေပြီဟုဆို

ဖေဖော်ဝါရီလ ၁၈ ရက်။

ယူကရိန်းစစ်ပွဲနှင့်ပတ်သက်၍ အမေရိကန်နှင့် ရုရှားတို့ကြား ဆွေးနွေးပွဲကို ဒီနေ့ အင်္ဂါနေ့မှာ ပြုလုပ်ခဲ့ပြီး အချိန်အားဖြင့် ၄ နာရီခွဲ ကြာခဲ့တယ်လို့ သိရပါတယ်။

အမေရိကန်ဘက်က နိုင်ငံခြားရေးဝန်ကြီး မာကိုရိုဘီယို၊ အရှေ့အလယ်ပိုင်း အထူးသံတမန် စတီဗ် ဝစ်ကော့ဗ် (Steve Witkoff) နဲ့ အမျိုးသားလုံခြုံရေးအကြံပေး မိုက်ဝ့ါလ်ဇ်(Mike Waltz) တို့နဲ့ ရုရှားဘက်က နိုင်ငံခြားရေး ဝန်ကြီး ဆာဂေ လက်ဗရော့ဗ်နဲ့ သမတပူတင်ရဲ့ အကြံပေး ယူရီ အူရှပ်ကော့ဗ်တို့ ဆော်ဒီအာရေဗျနိုင်ငံ ရီးယာ့ဒ်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

၂၀၂၂ ခုနှစ်မှာ ရုရှားက ယူကရိန်းကို ကျူးကျော်ပြီးနောက်ပိုင်း အမေရိကန်နဲ့ ရုရှား အကြီးတန်း အရာရှိတွေ ပထမဆုံးအကြိမ် တွေ့ဆုံမှု ဖြစ်လာတာပါ။

ဒီဆွေးနွေးပွဲကို ယူကရိန်းကို မဖိတ်ကြားခဲ့တဲ့အတွက် ယူကရိန်း သမ္မတဇယ်လန်းစကီးကို ဒေါသထွက်စေခဲ့ပါတယ်။ ဆွေးနွေးပွဲဟာ လေးနာရီခွဲကြာ ကြာမြင့်ခဲ့ပေမယ့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ရုရှားသမ္မတ ပူတင်တို့အကြား မျက်နှာချင်းဆိုင် တွေ့ဆုံမည့်ရက်ကို အတိအကျ မသတ်နိုင်ခဲ့ပါဘူး။

လာမယ့် ဆွေးနွေးပွဲတွေမှာ ယူကရိန်းရဲ့ပိုင်နက်နဲ့ လုံခြုံရေး အာမခံချက်တွေကို ကိုင်တွယ်ဖြေရှင်းမယ်လို့ ဝ့ါလ်ဇ်က ပြောကြားခဲ့ပါတယ်။

ဆွေးနွေးပွဲအပြီးမှာ ရူဘီယိုက စစ်ပွဲကို အပြီးတိုင် ရပ်တန့်စေဖို့၊ ယူကရိန်း၊ ဥရောပနဲ့ ရုရှားတို့ ပါဝင်တဲ့ အင်အားစုအားလုံး လက်ခံနိုင်စေဖို့ လိုအပ်ကြောင်း သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ထရန့်အစိုးရရဲ့ ရုရှား-ယူကရိန်းသံတမန် ကိ့သ်ကဲလ်လော့ဂ် (Keith Kellogg) ကတဆင့် ပြုလုပ်မယ့် ဆွေးနွေးပွဲကို တက်ရောက်မှာ မဟုတ်ကြောင်း ယူကရိန်းအရာရှိတစ်ဦးက ပြောကြားခဲ့ပြီး ကဲလ်လော့ဂ်က လာမယ့်သီတင်းပတ်မှာ ကိ့ဗ်မှာ အပြန်အလှန် ပြုလုပ်မယ့် ညှိနှိုင်းမှုနှစ်ခုအတွက် ဆွေးနွေးခဲ့ပါတယ်။ ယူကရိန်းနိုင်ငံသားတွေ စေ့စပ်ညှိနှိုင်းမှုမှာ တစ်စိတ်တစ်ပိုင်း ပါဝင်မယ်လို့ အမေရိကန်သမ္မတ‌ဒေါ်နယ်ထရန့်က တနင်္ဂနွေနေ့မှာ ပြောကြားခဲ့ပါတယ်။

အမေရိကန်-ရုရှား ဆွေးနွေးပွဲသတင်းများ ထွက်ပေါ် လာပြီးနောက် ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာက ယူကရိန်းမှာ လိုအပ်ပါက ငြိမ်းချမ်းရေး သဘောတူညီ ချက်ကို အကောင်အထည်ဖော်ဖို့ ဗြိတိန်တပ်ဖွဲ့ဝင်တွေကို ယူကရိန်းမှာ ချထားဖို့ အသင့်ရှိကြောင်း ပြောကြားခဲ့ပါတယ်။

Daily Telegraph သတင်းစာမှာတော့ ကီယာစတာမာရဲ့ ရေးသားဖော်ပြထားချက်ဟာ သူက ဖြစ်နိုင်ခြေကို ပေါ့ပေါ့တန်တန် မယူမှတ်ဘဲ ယူကရိန်းလုံခြုံရေးကို အာမခံပေးခြင်းဖြင့် ဗြိတိန်နဲ့ ဥရောပရဲ့လုံခြုံရေးကိုလည်း အားကောင်းစေမှာဖြစ်တယ်လို့ အကြောင်းပြချက်ပေးခဲ့တယ်လို့ ဆိုပါတယ်။

သူက ဥရောပနိုင်ငံတွေမှာ သူတို့ရဲ့ကာကွယ်ရေး အသုံးစရိတ်ကို တိုးမြှင့်ကာ NATO မှာ ပိုကြီးတဲ့ အခန်းကဏ္ဍက ပါဝင်ဖို့ တောင်းဆိုထားပေမဲ့ အမေရိကန်ရဲ့ ပံ့ပိုးကူညီမှုဟာ ငြိမ်းချမ်းရေး ရရှိဖို့ အာမခံချက်အတွက် အရေးပါနေဆဲဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ခိုင်မာသောသဘောတူညီချက်ရရှိဖို့ လာမည့်ရက်တွေအတွင်း ထရန့် နဲ့ အခြားသော G7 မဟာမိတ်တွေနဲ့ တွေ့ဆုံမှာဖြစ်ကြောင်း ဝန်ကြီးချုပ်စတာမာက ပြောကြားခဲ့ပါတယ်။

စတာမာဟာ တနင်းလာနေ့က ကျင်းပခဲ့တဲ့ ယူကရိန်းနဲ့ ပတ်သက်တဲ့ အရေးပေါ် ဥရောပထိပ်သီး အစည်းအဝေးမှာ တက်ရောက်တဲ့ ဥရောပခေါင်းဆောင်တွေထဲမှာ ပါဝင်ပြီး ထရန့်အစိုးရက ရုရှားနဲ့ လက်တွဲလုပ်ဆောင်ဖို့ တွန်းအားပေးမှုကြောင့် ဥရောပကို အထီးကျန် ဖြစ်စေတယ်လို့ စိုးရိမ်မှုတွေ တိုးပွားလာခဲ့ပါတယ်။

ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန် အပါအဝင် “ ဂျာမနီ၊ ဗြိတိန်၊ အီတလီ၊ ပိုလန်၊ စပိန်၊ နယ်သာလန်နဲ့ ဒိန်းမတ်၊ ဥရောပကောင်စီဥက္ကဋ္ဌ၊ ဥရောပကော်မရှင်ဥက္ကဋ္ဌနဲ့ နေတိုး အထွေထွေအတွင်းရေးမှူးချုပ်တို့နဲ့အတူ အလွတ်သဘောအစည်းအဝေးတစ်ရပ်ကို တနင်္လာနေ့မှာ ကျင်းပမှာဖြစ်ကြောင်း အီလက်ဆီ (Elysee) နန်းတော်က ပြောဆိုခဲ့ပါတယ်။

စနေနေ့က စတာမာဟာ ဥရောပအစည်းအဝေးကို “မျိုးဆက်တစ်ဆက်လျှင်တစ်ကြိမ်” လို့ ခေါ်ဆိုနိုင်တဲ့ အခိုက်အတန့်တခု ဖြစ်တယ်လို့ ပြောဆိုခဲ့ပြီး ယူကေဟာ အမေရိကန်နဲ့ ဥရောပကို အတူတကွ ထိန်းသိမ်းထားနိုင်ရေးအတွက် လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ဒေါင်းနင်းလမ်းရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ “မဟာမိတ်အဖွဲ့အတွင်း သဘောထားကွဲလွဲမှုတွေကြောင့် အပြင်ကရန်သူတွေကို မျက်ခြေပြတ် အာရုံပြောင်းလွှဲတာကို ခွင့်မပြုနိုင်ဘူး” လလို့ သူက ပြောခဲ့ပါတယ်။

ထရန့်က စေ့စပ်ညှိနှိုင်းမှုမှာ ဆော်ဒီတို့ အဓိကအခန်းကဏ္ဍက ပါဝင်နေတဲ့အကြောင်း ပွင့်ပွင့်လင်းလင်း ပြောဆိုခဲ့ပြီး အဲ့ဒီနိုင်ငံဟာ သူ့သမ္မတသက်တမ်းအတွင်း အမေရိကန် နိုင်ငံခြားရေးမူဝါဒရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။

ဆော်ဒီအိမ်ရှေ့စံမင်းသား မိုဟာမက်ဘင်ဆာလ်မန် (Mohammed bin Salman) ဟာ ရုရှားမှာ အဖမ်းခံထားရတဲ့ အမေရိကန်လူမျိုး မာ့ခ် ဖိုဂဲလ် (Marc Fogel) လွတ်မြောက်ရေးအတွက် ကူညီဆောင်ရွက်ပေးခဲ့တာ တစ်ပတ်သာ ရှိပါသေးတယ်။

၂၀၁၇ ခုနှစ်မှာ ထရန့်ရဲ့ ပထမဆုံးပြည်ပခရီးစဉ်ဟာ ဆော်ဒီအာရေဗျနိုင်ငံ ဖြစ်ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်၏ အီရန်စစ်ရေး – ၄၈ နာရီအကြာ- စစ်ဗျူဟာမြောက် အောင်မြင်မှုနှင့် အနာဂတ် အတွက် မရေရာသောဗျူဟာ

  • 2026 ခုနှစ်၊ မတ်လ 2 ရက်
  • 11 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၂ ရက် အရှေ့အလယ်ပိုင်းတွင် ယခုဖြစ်ပွားနေသည့် အကျပ်အတည်းမျိုးအတွင်း သမ္မတတစ်ဦးသည် ထောက်လှမ်းရေးနှင့်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ကူဝိတ်ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ အမေရိကန်စစ်ဘက်ဆိုင်ရာ လေယာဉ်အချို့ ပျက်ကျ

  • 2026 ခုနှစ်၊ မတ်လ 2 ရက်
  • 15 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၂ ရက် တိုက်လေယာဉ်များ ပျက်ကျခြင်း။ တနင်္လာနေ့တွင် အမေရိကန်စစ်ဘက်ဆိုင်ရာ လေယာဉ်
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်အပေါ် ထရန့်၏ တိုက်ခိုက်မှုတွင် တရုတ်နိုင်ငံသည် အကြီးမားဆုံး အရှုံးပေါ်မည့်သူ ဖြစ်လာနိုင်

  • 2026 ခုနှစ်၊ မတ်လ 2 ရက်
  • 15 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ၂ရက် နှစ်လမပြည့်မီသော အချိန်အတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ပေကျင်း၏ အရင်းနှီးဆုံး မဟာမိတ်နှစ်နိုင်ငံကို အရေးယူဆောင်ရွက်ခဲ့ပြီး ယင်းဖြစ်စဉ်တွင် တရုတ်၏ ရေနံထောက်ပံ့မှုကိုပါ ခြိမ်းခြောက်လျက်ရှိသည်။ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရိုကို ဇန်နဝါရီလတွင် အမေရိကန်က ဖမ်းဆီးခဲ့သည်။ ယခုအခါ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ပင်လယ်ကွေ့ဒေသရှိ အမေရိကန်၏ မဟာမိတ်များ အီရန်၏ တိုက်ခိုက်မှုဒဏ်ကို အပြင်းအထန် ခံစားနေရ

  • 2026 ခုနှစ်၊ မတ်လ 2 ရက်
  • 23 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ မတ်လ ၂ ရက် အဘူဒါဘီမြို့၏ ကြည်လင်နေသော ကောင်းကင်ယံတွင် သဲရောင်ခြယ် ဗီလာအိမ်များနှင့် ရေလောင်းထားသော ဥယျာဉ်များ၏ အထက်တွင် အဖြူရောင် အခိုးအငွေ့တန်းများ ရှည်လျားစွာ ဖြစ်ပေါ်နေသည်။ ၎င်းတို့သည်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သမ္မတ ထရန့် ဝါရှင်တန်သို့ ပြန်လည်ရောက်ရှိလာပြီဖြစ်ပြီး အီရန်နိုင်ငံနှင့် ပတ်သက်သည့် နောက်ဆုံးရသတင်းများကို ဖော်ပြပေးလိုက်ပါသည်။

  • 2026 ခုနှစ်၊ မတ်လ 2 ရက်
  • 21 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ (၂)ရက်နေ့ အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် သမ္မတ ဒေါ်နယ်ထရန့်သည် အိမ်ဖြူတော်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ အီရန်နှင့် ပတ်သက်၍ သတင်းထောက်များ၏ အော်ဟစ်မေးမြန်းမှုများကိုမူ ၎င်းက
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်၏ အဓိပတိခေါင်းဆောင် အမေရိကန်-အစ္စရေး တိုက်ခိုက်မှုအတွင်း သေဆုံး

  • 2026 ခုနှစ်၊ မတ်လ 1 ရက်
  • 51 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁ ရက် အမေရိကန်နှင့် အစ္စရေးတို့၏ အကြီးအကျယ် တိုက်ခိုက်မှုအပြီးတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အီရန်အစိုးရ အပြောင်းအလဲလုပ်ရန် တောင်းဆိုလိုက်ပြီး၊ ယင်းတိုက်ခိုက်မှုကြောင့် အီရန်ဘက်မှလည်း မကြုံစဖူး တုံ့ပြန်တိုက်ခိုက်မှုများ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်ကအီရန်ကိုစတိုက်ပြီ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 28 ရက်
  • 27 Views
၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ရက် လတ်တလောသတင်းများ – အီရန်နိုင်ငံအတွင်းသို့ အမေရိကန်က ‘အရှိန်အဟုန်ပြင်းပြီး ဆက်တိုက်’ တိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း ထရန့်ပြောကြားခဲ့။ စနေနေ့ နံနက်အစောပိုင်းတွင် သမ္မတ ဒေါ်နယ်ထရန့်က The Washington Post သတင်းဌာနသို့
နိုင်ငံတကာသတင်း ပါကစ္စတန် အာဖဂန်နစ္စတန်

ပါကစ္စတန်က ကဘူးလ်မြို့ကို ဗုံးကြဲတိုက်ခိုက်၊ အာဖဂန်နစ္စတန် တာလီဘန်အစိုးရနှင့် ‘ထိပ်တိုက်စစ်ပွဲ’ ဆင်နွှဲနေပြီဟု ဆို

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 27 ရက်
  • 27 Views
AFP– ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ရက် အာဖဂန်နစ္စတန်ရှိ ကဘူးလ် အပါအဝင် အဓိကမြို့ကြီးများကို ပါကစ္စတန်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် အစ္စလာမ္မာဘတ် (ပါကစ္စတန်အစိုးရ) က အာဖဂန်နစ္စတန် တာလီဘန် အစိုးရအပေါ် “ထိပ်တိုက်စစ်ပွဲ” (Open War)