နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 4 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း မြန်မာသတင်း

အင်းလေးဒေသကို ထိုးစစ်ဆင်လာတဲ့ PNO ပြည်သူ့စစ်စစ်ကြောင်း တိုက်ခိုက်ခံရ၊ စစ်ကောင်စီဘက်က (၅)ဦးသေပြီး (၄)ဦးဖမ်းခံရ

ဖေဖော်ဝါရီလ (၁၈)ရက်။

ဖေဖော်ဝါရီလ (၁၆)ရက်နေ့ နေ့လယ် (၂)နာရီခွဲအချိန်က ညောင်ရွှေမြို့၊ အင်းလေးဒေသရှိ ရေပူရွာအနီးကို ထိုးစစ်ဆင်လာတဲ့ PNO ပြည်သူ့စစ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ အင်းလေးပြည်သူ့ကာကွယ်ရေးတပ်(I PDF)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ အင်းလေးဒေသ ရေပူရွာကို PNO ပြည်သူ့စစ်က အင်အား (၁၀၀)ကျော်နဲ့ ထိုးစစ်ဆင်လာတာပါ။ အဲ့ဒီမှာ ကာကွယ်ရေးပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲ (၃)နာရီခွဲကြာ ဖြစ်ပွားခဲ့ပါတယ်” လို့ ဆိုပါတယ်။

ရေပူရွာကို PNO ရဲ့ (၁)နဲ့ တပ်ရင်း (၇)တို့ပူးပေါင်းကာ အင်အား (၁၀၀)ကျော်နဲ့ ထိုးစစ်ဆင်လာပြီး ကာကွယ်ရေးပူးပေါင်းတပ်တွေနဲ့ (၃)နာရီခွဲကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ပွဲထဲ PNO ပြည်သူ့စစ်ဘက်က (၅)ဦးသေဆုံးပြီး (၄)ဦးကို အရှင်ဖမ်းမိခဲ့သလို သေနတ် (၅)လက်၊ ကျည်ဘောက် (၉)ဘောက်နဲ့ ကျည်အချို့ သိမ်းဆည်းရမိခဲ့တယ်လို့ ပြောဆိုထားပါတယ်။

နောက်ပြီး တိုက်ပွဲမှာ အကြမ်းဖက်စစ်တပ်က လေယာဉ်နဲ့ (၃)ကြိမ်အပါအဝင် လက်နက်ကြီးနဲ့ အကြိမ် (၅၀)ခန့် ပစ်ကူပေးခဲ့ပေမယ့် ကာကွယ်ရေးတပ်တွေဘက်က အထိအခိုက်မရှိ ခုခံတိုက်ခိုက်နိုင်ခဲ့တယ်လို့ အသိပေးထားပါတယ်။

PNO ပြည်သူ့စစ်စစ်ကြောင်းကို  IPDF အမှတ် (၁၀၀၉)တပ်ရင်းနဲ့ မဟာမိတ်တပ်တွေဖြစ်တဲ့ ပျားစစ်ကြောင်း၊ ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ရင်း(၂) PK-PDF-2 အမှတ် (၁၀၀၆)တပ်ရင်းနဲ့အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်ကိုင်းမှာ ပေါ်တာလာဆွဲတဲ့ စစ်ကော်မရှင်တပ် တိုက်ခိုက်ခံရပြီး (၅)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 4 ရက်
  • 37 Views
ဖေဖော်ဝါရီလ (၃)ရက်။ မနေ့က မန္တလေး-မုံရွာ-ရွှေဘိုလမ်းမှာ ပေါ်တာဆွဲဖမ်းဆီးဖို့လာတဲ့ စစ်ကော်မရှင်တပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “
မြန်မာသတင်း

KNDF နဲ့ အင်းလေးPDF အပါအဝင် PDF (၂၄)ဦး အလင်းဝင်တယ်ဆိုပြီး စစ်ကော်မရှင်ထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 4 ရက်
  • 32 Views
အင်းလေးPDF တပ်ဖွဲ့ဝင်တဦးပါဝင်တယ်ဆိုတာ သတင်းအမှားလို့ဆို ဖေဖော်ဝါရီလ (၃)ရက်။ KNDF နဲ့ အင်းလေးPDF အပါအဝင် PDF တပ်ဖွဲ့ဝင် (၂၄)ဦး
မြန်မာသတင်း

နယ်မြေစိုးမိုးမှု စနစ်တကျတိုးချဲ့နေတယ်လို့ NUG ပြော

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 3 ရက်
  • 35 Views
ရန်ကုန်-မန္တလေးလမ်းဟောင်းတလျှောက် စစ်တပ်စခန်း (၁၄)ခု တိုက်ခိုက်ချေမှုန်းခဲ့တယ်လို့ဆို ဖေဖော်ဝါရီလ (၃)ရက်။ စစ်မျက်နှာအသီးသီးမှာ အကြမ်းဖက်စစ်အုပ်စုကို ထိုးနှက်တိုက်ခိုက်ပြီး နယ်မြေစိုးမိုးမှု စနစ်တကျ တိုးချဲ့နေတယ်လို့ NUG ဝန်ကြီးချုပ်ရုံးပြောခွင့်ရ ဦးနေဘုန်းလတ်က ဒီကနေ့ Press Briefing အစီအစဉ်မှာ ပြောဆိုခဲ့တယ်လို့
မြန်မာသတင်း

ရုရှားလုံခြုံရေးကောင်စီအတွင်းရေးမှူး ဦးဆောင်တဲ့အဖွဲ့ နေပြည်တော်ကိုရောက်နေ၊ 

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 3 ရက်
  • 32 Views
မင်းအောင်လှိုင် ထွက်မတွေ့နိုင်ဘဲ လူမြင်ကွင်းကပျောက်တာ (၁)ပတ်အထိရှိလာ ဖေဖော်ဝါရီလ (၃)ရက်။ မနေ့က ရုရှားနိုင်ငံရဲ့ လုံခြုံရေးကောင်စီအတွင်းရေးမှူး မစ္စတာ ဆာဂေးရွှိုင်းဂူ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ နေပြည်တော်ကို ရောက်ရှိလာခဲ့တယ်လို့ စစ်ကော်မရှင်ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ရုရှားနိုင်ငံရဲ့ လုံခြုံရေးကောင်စီအတွင်းရေးမှူး
မြန်မာသတင်း

ကိုယ်ပိုင်အခွင့်အရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို စစ်အုပ်စုဆီက လက်ဖြန့်တောင်းပြီး မရနိုင်ဘူးလို့ MSFC ထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 3 ရက်
  • 37 Views
ဖေဖော်ဝါရီလ (၂)ရက်။ မွန်အမျိုးသား‌တို့ရဲ့ ကိုယ်ပိုင်အခွင့်အရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို စစ်အုပ်စုဆီကနေ လက်ဖြန့်တောင်းလို့မရဘူးလို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ(MSFC)ရဲ့ ဒီကနေ့ မွန်အမျိုးသားနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ MSFC ရဲ့ ထုတ်ပြန်ချက်ထဲ သမိုင်းတလျှောက် ဗမာစစ်တပ်ဟာ လက်နက်အင်အားနဲ့ ပြည်သူတွေကို အနိုင်ယူခဲ့တာသာဖြစ်တယ်လို့
နိုင်ငံတကာသတင်း အမေရိကန်

ကလင်တန် ဇနီးမောင်နှံ အထူးစုံစမ်းစစ်ဆေးရေးအတွက် ကိုယ်တိုင်လာရောက် ထွက်ဆိုရန် သဘောတူညီ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 3 ရက်
  • 20 Views
CNN-၂၀၂၆ခုနှစ်၊ဖေဖော်ဝါရီလ ၃ရက် ဂျက်ဖရီအက်ပ်စတိန်း(Jeffrey Epstein) အမှု စုံစမ်းစစ်ဆေးရေးတွင် လွှတ်တော်အား မလေးစားမှုဖြင့် အရေးယူခံရမည့် ဘေးမှ ရှောင်ရှားရန် နောက်ဆုံးအချိန်တွင် ကမ်းလှမ်း လာခြင်းဖြစ် ဘီလ် ကလင်တန် နှင့် ဟီလာရီ ကလင်တန် တို့သည်
မြန်မာသတင်း

သရက်မြို့ရှိ စစ်တပ်ရဲ့ ကပစ(၁၂) ရော့ကတ် (၁၄)လုံးနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 2 ရက်
  • 39 Views
ဖေဖော်ဝါရီလ (၂)ရက်။ မနေ့က နံနက် (၄)နာရီခွဲအချိန်က သရက်မြို့ရှိ စစ်တပ်ရဲ့ ကပစ(၁၂)ကို လက်လုပ်ရော့ကတ် (၁၄)လုံးနဲ့ ပစ်ခတ်ခဲ့တယ်လို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အကြမ်းဖက်စစ်တပ်ရဲ့ (၁၂၀)မမ၊ (၆၀)မမနဲ့ (၄၀)မမ
မြန်မာသတင်း

တော်လှန်ရေး (၅)နှစ်တာထဲ အကြမ်းဖက်စစ်အုပ်စုဟာ ပိုပြီး စနစ်တကျနဲ့ ရက်စက်လာတယ်လို့ NUG ပြော

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 2 ရက်
  • 37 Views
ဖေဖော်ဝါရီလ (၂)ရက်။ နွေဦးတော်လှန်ရေး (၅)နှစ်တာထဲ အကြမ်းဖက်စစ်အုပ်စုဟာ ပိုပြီး စနစ်တကျနဲ့ ရက်စက်လာတယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နွေဦးတော်လှန်ရေး (၅)နှစ်တာထဲမှာ အကြမ်းဖက်စစ်အုပ်စုဟာ ပိုပြီး စနစ်တကျနဲ့ ရက်စက်လာတာကို